Political Coalition in 88 Movement

Dublin Core

Subject

Description

၈၈ အရေးအခင်းတုန်းက မဟာမိတ်များ

Date

Text Item Type Metadata

Text


၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် မှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူ့အရေးတော်ပုံသပိတ်စခန်း များအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် နှိမ်နင်းပြီး နောက် စစ်အစိုးရအနေနဲ့ မလွဲမရှောင်သာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတာကို ဝန်ခံပြောရပြီးနောက်

စစ်အာဏာရှင်စစ်တပ်ရဲ့ဖြိုခွဲခံ အရေးတော်ပုံသပိတ်ပေါင်းစုံကနေ တူရာအစုအဖွဲ့တွေနဲ့ ပါတီတွေ အသင်းအဖွဲ့တွေ ထူထောင်ခဲ့ကြ စစ်အုပ်ချူ ပ်ရေးအောက်မှာ ပြန်လည် စုစည်းခဲ့ကြတယ်

သပိတ်ကာလအတွင်းက တတ်သိ ပညာရှင်များ မျိူ းချစ်ရဲဘော်ဟောင်းများနဲ့ အခြားပါဝင်ခဲ့ သူတွေဟာ အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်(NLD)အနေ နဲ့ရပ်တည်ခဲ့ကြသလို
သပိတ်မှောက် ကျောင်းသားများ စုစည်းပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အဖြစ် ပြန့်ကျဲနေတဲ့ ကျောင်းသားလူငယ်တွေကိုပြန်စုစည်းပြီး ထူထောင်ခဲ့
၁၉၈၈ ပြည်သူ့ဒီမိုကရေစီတိုက်ပွဲမှာ သပိတ်စခန်း အသီးသီးမှာ ဦးဆောင်ခဲ့ကြတဲ့ ရန်ကုန် မန္တလေးက သပိတ်စခန်းများကိုကိုယ်စားပြုခဲ့ကြတဲ့ သူများက စုစည်းတည်ထောင်ကြတဲ့ အမျိူ းသားနိူင်ငံ ရေးတပ်ပေါင်းစု(မနတ) တို့ဟာ စစ်အာဏာရှင်တွေ ဓားမိုးအုပ်ချူ ပ်နေတဲ့ စစ်အုပ်ချူ ပ်ရေးကာလမှာ မပြီးဆုံးသေးတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အတွက် အတူလက်တွဲပြီး စစ်အစိုးရ နိူင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့(နဝတ)ကို ဆန့်ကျင်ခဲ့ကြပြီး အင်အားကြီးပါတီဖြစ်တဲ့ အမျိူ းသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် က အမျိူ းသားနိူင်ငံရေးတပ်ပေါင်းစု(မနတ)ဟာ မောင်နှပါတီအဖြစ်လည်းကောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)ကိုလည်း ရင်ခွင်ပိုက်ပါတီ အနေနဲ့ မိသားစုဆန်ဆန် တပ်ပေါင်းစုဆန်ဆန် စစ်အာဏာရှင်ကို ရင်ဆိုင်ဆန့်ကျင်ခဲ့ကြတဲ့ မဟာမိတ် ဆက်ဆံရေး ဘုံရန်သူ စစ်အာဏာရှင်စနစ်ဖျက်သိမ်း ရေးလုပ်ခဲ့ကြတဲ့ ရွှေရောင်ကာလ တော်လှန်ရေးဟာ ဒီနိူင်ငံမှာဖြစ်ပေါ်ခဲ့ဘူးတယ်.....။

(၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း တိုက်ပွဲဝင် တိုင်းရင်းသားများ.....)

Citation

“Political Coalition in 88 Movement,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2746.