Dr Tin Mar Aung

Dublin Core

Description

ဒေါက်တာ တင်မာအောင်

Person Item Type Metadata

Biographical Text

(Facebook posts)
ဒေါက်တာ တင်မာအောင်
ဒေါက်တာ တင်မာအောင်က တောင်ကုတ်ကနေ ဝင်ပြိုင်မယ်။ ALD ရဲ့ အမတ် အဖြစ် ဝင်ပြိုင်မယ်။

သူ့ ပြိုင်ဘက်က NLD က ဝန်ကြီးဟောင်း ဦးမင်းအောင်တဲ့

ဒေါက်တာ တင်မာအောင် က ပညာတတ် ရခိုင်အမျိုးသမီး တစ်ယောက် ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာ ရှိ အဖြစ် အချိန်ကြာကြာ တာဝန်ယူခဲ့ဖူးတယ်။

၂၀၁၅ ရွေးကောက်ပွဲ အလွန် ကာလ မှာ..​ေတာ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာ ရှိ အဖြစ်က အနားယူပြီး..... ရခိုင် လူမှုရေး လုပ်ငန်းတွေကို လုပ်တယ်။

သူတစိုက်မတ်မတ် လုပ်နေတာကတော့ ရခိုင်ပြည်နယ် ရှေးဟောင်း အမွေ အနှစ်များ ထိမ်းသိမ်းရေး နဲ့ ပတ်သက်ပြီး မြောက်ဦးကို ဗဟိုပြုပြီး လုပ်နေတယ်။ ကမ္ဘာ့ အမွေ အနှစ်စရင်းဝင်ဖို့....ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း အ နေနဲ့ လုပ်ဆောင်နေတယ်။

(Myanmar Times News)
An ethnic Rakhine, Daw Tin Mar Aung hails from a prominent political family, the daughter of U Saw Mya Aung, former chair of the Committee Representing the People’s Parliament. She is personal assistant to Daw Aung San Suu Kyi,

(Myanmar WIKI)
ဒေါက်တာတင်မာအောင် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်ပြီး ဥက္ကဋ္ဌရုံးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ဒေါက်တာတင်မာအောင်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရုံးအဖွဲ့မှူးတာဝန်မှ အနားယူခဲ့သည်။[၁]

Bibliography


ကျွန်မဒေါက်တာတင်မာအောင်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုုပ် (Arakan League For Democracy- ALD) ကို ကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် တွင်စစ်အာဏာရှင်များ၏ မတရားမှုဖိနှိပ်မှုခံရမှုများ အောက်တွင်ပြည်သူများ အသက်ဆုံးရံှုးမှုဖြစ်သည်အထိတိုက်ပွဲဝင်နေကြသည်ကိုမြင်တွေ့ခဲ့ရပြီးဖခင်ဖြစ်သူမကွယ်လွန်မီက ဒီမိုကရေစီတိုက်ပွဲဝင်နေကြသူများကိုဝန်းရံပေးရန်တောင်းဆိုမှုရှိခဲ့ပါသည်။ ဒီမိုကရေစီတိုက်ပွဲ ဝင်နေသူ ဒေါ်အောင်ဆန်းစုကြည်မှ သူမအားအနီးကပ်ကူညီပေးပါရန်တောင်းဆိုမှုကြောင့်(၄)နှစ် ကျော်ခန့်မျှကို ငွေကြေး၊အခွင့်အရေးခံစားမှုတစ်စုံတစ်ရာမယူခဲ့ဘဲ မေတ္တာစေတနာ သက်သက် ဖြင့်ကူညီဝန်းရံပေးခဲ့ပါသည်။ ထို့နောက်၂၀၁၆ခုနှစ်နှစ်စပိုင်းတွင်မိမိတို့ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရန်လုပ်ဆောင်ချိန်တန်ပြီဆိုသည့်ဆုံဖြတ်ချက်ချပြီးလူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုတစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး၊၂၀၂၀ခုနှစ်ရောက်သည့်အခါ အထွေထွေရွေးကောက်ပွဲတွင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ပါသည်။

ကျွန်မ၏လုပ်ဆောင်ချက် များအနေဖြင့်-

၁။ ၂၀၁၆ ခုနှစ် ခုနှစ် သြဂုတ် မှ ၂၀၁၇ ခုနှစ် ဇန္နဝါရီလအထိရခိုင်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရာတွင် ပညာရှင်အဆင့်အဖြစ် အစိုးရ၏ ပညာရေး၊ကျန်းမာရေးနှင့်အခြားလုပ်ငန်း ကော်မီတီများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း။

၂။ ၂၀၁၇ ခုနှစ်မှယနေ့အထိ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဝင်ရောက်ရေးလုပ်ဆောင်ရာတွင် ပညာပေးရေးကော်မီတီဥက္ကဌအဖြစ်ပါဝင်ဆောင်ရွက်ခြင်း။

၃။ ၂၀၁၄ ခုနှစ် မှ ယနေ့အထိ ဒေါက်တာစောမြအောင်ဖေါင်ဒေးရှင်း(ပညာရေး၊ကျန်းမာရေး၊ လူမှူရေး၊ကယ်ဆယ်ရေးလုပ်ဆောင်သည့်အဖွဲ့) တွင်အတွင်းရေးမှူးအဖြစ် ဆောင်ရွက် နေခြင်း။

၄။ ရခိုင်သဟာယအသင်း(ရန်ကုန်) တွင်ပညာရေးကော်မီတီ ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ် မှ ၂၀၁၈ ခုနှစ် အထိလည်းကောင်း၊ ရခိုင်သဟာယအသင်းဥက္ကဌအဖြစ် ၂၀၁၉ ခုနှစ်ဇန္နဝါရီ မှ ယနေ့အထိလည်း ကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

အထက်ပါလုပ်ငန်းများကိုလုပ်ဆောင်နေသော်လည်း ရခိုင်ပြည်နယ်ပြည်သူများ၏ ဆင်းရဲ တွင်းမှာနက်သည်ထက်နက်လာပြီး တရားမျှတမှုပပျောက်ကာ ပြည်သူများခံစားနေရသော ဒုက္ခများကိုမြင်တွေ့ရ ပြီး လွှတ်တော်ပြင်ပမှလုပ်ဆောင်နေရမှုများသည် ထိရောက်မှု အားနည်း သည်ကိုတွေ့ရှိလာသည့်အတွက် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

မိမိ၏အတွေ့အကြုံများနှင့်ကျွမ်းကျင်မှုများကို လွှတ်တော်မှတဆင့် ရခိုင်ပြည်သူများအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှလုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ချက်ချပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုုပ် ALD ပါတီသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

ALDပါတီကို ကိုယ်စားပြုရွေးချယ်ခဲ့ရခြင်းမှာ မိမိ၏ဖခင်ကိုယ်တိုင် ၁၉၈၈ ခုနှစ်ကစတင်ထူထောင် ခဲ့သောပါတီဖြစ်ခြင်း။

ပါတီ၏မှုဝါဒဖြစ်သောတိုင်းရင်းသားများတန်းတူရေး၊ ကိုယ်ပိုင်ပြဌါန်းခွင့်နှင့်မိမိကံကြမ္မာ မိမိဖန်တီး နိုင်ရေးအစရှိသောမှုဝါဒများကိုယုံကြည်သက်ဝင်ခြင်းကြောင့် ALD ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ရွေးချယ်ခံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

မိမိအနေဖြင့်ရခိုင်ပြည်နှင့်ရခိုင်ပြည်သူအကျိုးအတွက်ဆိုလျှင်မည်သည့်နေရာဒေသမှပင်မဆိုပါ ဝင်ယှဉ်ပြိုင်သွားမည်ဟုခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်အမှတ် (၂) မဲဆန္ဒနယ်မြေမှ ကျွန်မဒေါက်တာတင်မာအောင်သည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ပါသည်။

Tags

Citation

“Dr Tin Mar Aung,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2743.