<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2739" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2739?output=omeka-xml" accessDate="2026-09-09T05:03:06+00:00">
  <fileContainer>
    <file fileId="89">
      <src>https://moemaka.net/omeka2/files/original/0355bf8d6efda584faccc6445a790555.jpeg</src>
      <authentication>c7232fcda1686af0ab019a555b3fafd4</authentication>
    </file>
  </fileContainer>
  <collection collectionId="3">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="23">
                <text>Burmese 100 Year People</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="24">
                <text>20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="41">
            <name>Description</name>
            <description>An account of the resource</description>
            <elementTextContainer>
              <elementText elementTextId="25">
                <text>Burmese 100 Year People - 20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="12">
    <name>Person</name>
    <description>An individual.</description>
    <elementContainer>
      <element elementId="31">
        <name>Birth Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18192">
            <text>1898</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="33">
        <name>Death Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18193">
            <text>1947</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="34">
        <name>Occupation</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18194">
            <text>Politician</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="35">
        <name>Biographical Text</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18195">
            <text>https://en.wikipedia.org/wiki/U_Razak&#13;
&#13;
</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="36">
        <name>Bibliography</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18196">
            <text>၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဗန်းမော်စာပေတိုက်မှ ထုတ်ဝေသော ဆရာ ဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်မှ အခန်း (၁၀) ပါ ပါဠိနှင့် အင်္ဂလိပ်စာ စွယ်စုံတော်သည့် ဆရာကြီး ကို ဆရာဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ မိသားစုထံမှ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။&#13;
&#13;
ပါဠိနှင့် အင်္ဂလိပ်စာ စွယ်စုံတော်သည့် ဆရာကြီး&#13;
&#13;
ဝမ်းအိုဝမ်းကျော်ဝင်းမောင်&#13;
&#13;
ယမန်နေ့မှ အဆက်&#13;
&#13;
နဝမမြောက် ဂျီ-စီ-ဘီ-အေ နိုင်ငံရေးကွန်ဖရင့်မှာ ဆရာကြီးရဲ့ အင်္ဂလိပ်စာ အရေးအသားကောင်းပုံကို ဗဟိုအမျိုးသား အထက်တန်းကျောင်း ဆရာဟောင်း ဦးထွန်းမောင်က မန္တလေးဗဟိုရ်စည်သတင်းစာတွင် အောက်ပါ အတိုင်း ရေးသားဖော်ပြထားပါတယ်။&#13;
နဝမမြောက် ဂျီစီဘီအေကွန်ဖရင့် (တစ်မျိုးသားလုံး မြန်မာပြည် စည်းရုံးညီညွတ်သည့် အချိန် ၁၂၈၂ ခုနှစ်၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ် ရန် စိုင်းပြင်းသည့်အခါ နဝမမြောက် ဂျီစီဘီအေ၏ ဧည့်ခံကော်မတီ ဥက္ကဋ္ဌ ဒီပဲရင်း ဝန်ထောက်မင်း ဦးမြ၏ နှုတ်ခွန်းဆက် မိန့်ခွန်းစကားများကို ဦးဘဦး၊ ဦးဘဖေ၊ ရွှေဘို ဦးမောင်မောင်ကလေး၊ သူဌေးတန်း ဦးဘတင် (ဦးထွန်းရှိန်၏ညီ)၊ ဦးသူတော် (သမဝါယမ)နှင့် ဆရာကြီး ရာဇတ်ခေါ် ဘာဘူကြီးတို့ ခေါင်းချင်းရိုက် တိုင်ပင်ကြပြီး မြန်မာဘာသာဖြင့် လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း စာချောရေးသား စီကုံးရန် ဆရာကြီးအား တာဝန်ပေးလိုက်၏။ ထိုစဉ်အခါ အစိုးရမှာ ဧည့်ခံ ကော်မတီဥက္ကဋ္ဌ မိန့်ခွန်းစကားများကို ကြားသိရသောအခါမှစ၍ အင်္ဂလန် ပြည် အစိုးရ ကက်ဘိနက်အဖွဲ့ကပင် ကြက်သီးမွေးညင်း ထွက်တော့၏။ အဲဒီအချိန်က ပေါ်လာသော စကားတစ်လုံးသည်ကား အင်္ဂလိပ်လူမျိုးများ ကို မြန်မာများက ဓားပြဟု စတင်ခေါ်ကြလေ၏။&#13;
မြန်မာပြည် ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရလက်ထက် မန္တလေးအမတ် (ဗဟိုအမျိုးသားအထက်တန်းကျောင်း ဆရာဟောင်း) ဦးဘဖေသည် လွှတ်တော် အစည်းအဝေးတွင် နိုင်ငံခြားသို့ ပညာတော်သင် တစ်နှစ်လျှင် ၆ ယောက်မှ ၁၂ ယောက်ထိ စေလွှတ်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ဆရာကြီး ရာဇတ်အား၊ အင်္ဂလိပ်လို ပြင်ဆင်ပေးရန်ပြော၍ ဆရာကြီးက ၎င်းအဆိုနှင့်ပတ်သက်၍ အထောက်အထားအချက်အလက် ပြည့်စုံစွာဖြင့် တန်ဆာဆင်ပေးသော အဆိုလွှာကို ရေးသားပေး၏။ လွှတ်တော်အစည်းအဝေးတွင် အမတ် ဦးဘဖေက ထိုအဆိုကို ဖတ်ပြတင် သွင်းရာ ရန်ကုန်မြို့ထုတ် အင်္ဂလိပ်သတင်းစာ အစောင်စောင်တို့က ဦးဘဖေ၏ အဆိုလွှာကို ချီးကျူးထောပနာ သြဘာပေးကြကြောင်း ဖတ်ရှုရလေသည်။&#13;
အရေးကြီးသောစာများ အကြောင်းအရာများ မကြာခဏကိစ္စများ ပေါ်ပေါက်တိုင်း၊ အင်္ဂလိပ်ဘာသာဖြင့် ရေးပေးရသူကား၊ သူတစ်ပါး၏ အလုပ်လျှောက်လွှာမှစ၍ နိုင်ငံတော်ကိစ္စ အင်္ဂလိပ်ပါလီမန်ထံ ခေတ်ပညာ တတ်၊ ခေတ်ပညာရှိ စာဆိုတော် ဆရာကြီး ဦးရာဇတ်ပင် (နေရှင်နယ် ကန့်လန့်ကာ နောက်မှနေလျက် ရေးရရှာ၏) ဖြစ်တော့သည်။&#13;
အင်္ဂလိပ်စစ်တပ်တွေ မန္တလေးကို သိမ်းပြီးတဲ့နောက် မန္တလေးကို စစ်အုပ်ချုပ်ရေး (C.A.S. (B)) အစိုးရအုပ်ချုပ်ထားတယ်၊ စစ်အုပ်ချုပ်ရေး မှူးက ကာနယ်တစ်ယောက် ဖြစ်တယ်၊ စစ်မဖြစ်ခင်က ဒီကာနယ်ကြီး ဟာ အရေးပိုင် (အိုင်စီအက်စ်) တစ်ယောက်ပဲ၊ စစ်ဖြစ်လာတော့ စစ်ရာထူး ယူပြီး စစ်အုပ်ချုပ်ရေး ရာထူးရကာ နယ်ရာထူးအဆင့်နဲ့ တာဝန်ယူလာခဲ့ ရသူတဲ့။&#13;
စစ်အုပ်ချုပ်ရေးအတွင်းမှာပဲ ဆရာကြီးက ခေါင်းဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့ထားချိန်ဖြစ်တယ်၊ အိုင်စီအက်စ်တစ်ယောက်ဖြစ်ပြီး ဆက်ဆံရေးဟာ ပြေပြစ်မှု မရှိဘူး၊ ဆက်ဆံရေး ကြမ်းတမ်းတယ်ဆိုပြီး ဆရာကြီးက အထက်ကို စာရေးတင် တယ်၊ ဆရာကြီးရေးတဲ့ စာထဲမှာပါတဲ့ စာကြောင်းတစ်ကြောင်းက ‘‘The Crown and the pip got the better of I.C.S.” ဆိုပြီး ဖော်ပြတယ်၊ စစ်ရာထူး ပခုံးပေါ်က သရဖူနဲ့ ကြယ်ပွင့်တွေဟာ အလွန်သိမ်မွေ့တဲ့ အိုင်စီအက်စ် တစ်ယောက်ပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့အတွက် အိုင်စီအက်စ် တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စစ်သားတစ်ယောက်လို ကြမ်းတမ်းခက် ထရော်တယ်လို့ ရေးသားဖော်ပြလိုက်ပါသတဲ့။&#13;
အဲဒီလို ယဉ်ယဉ်လေး တွယ်ထည့်လိုက်ပြီး မကြာခင်ပဲ ကာနယ်ကြီးဟာ မန္တလေးက ပြောင်းရွှေ့သွားရပါတယ်၊ သူပြောင်းခါနီးမှာ မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ဖိတ်ပြီး နှုတ်ဆက်ပွဲ ကျင်းပတယ်၊ အင်္ဂလိပ်ကာနယ်ကြီးက ဆရာကြီးကို ဒီပါတီပွဲမှာ ဆက်ဆက်တက်ရောက် ဖို့ ဖိတ်ပေးပါလို့ ဆိုင်ရာကို အမိန့်ပေးတယ်၊ ဆရာကြီးလဲ ဖိတ်ကြားချက် အရ ပါတီပွဲသွားတက်ပါတယ်၊ ကာနယ်ကြီးက ကျေးဇူးတင်စကား ပြောရင်းက ဆရာကြီးရဲ့ ရေးသားချက်ကို ဟောဒီလို ပြန်လည်ရှင်းပြသွား ပါသတဲ့။&#13;
“ကျွန်ုပ်ဟာ အသွင်သဏ္ဌာန်မှာကတော့ စစ်သားတစ်ယောက်ပဲ။ ဒါပေမယ့် အတွင်းစိတ်မှာကတော့ အိုင်စီအက်စ်တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားအပြည့်ရှိပါတယ်၊ အဲဒါကြောင့် ကျုပ်အပေါ် အမြင်မှန်မှန်နဲ့ မြင်နိုင်ပါစေလို့ ပန်ကြားအပ်ပါတယ်” ဒီစကားတွေရဲ့ အဓိပ္ပာယ်ကို ဆရာကြီးနဲ့ ကာနယ်ကြီးတို့ နှစ်ဦးပဲ နားလည်ကြပါသတဲ့။&#13;
ဆရာကြီးရဲ့ ကလောင်ဟာ ဒီလောက်ထက်တယ်ဆိုတဲ့အကြောင်းကို မန္တလေး တယ်လီဖုန်းဆက်သွယ်ရေး အင်ဂျင်နီယာ ဦးသာဒွန်းက သူသိရှိ ချက် အဖြစ်မှန်အတိုင်း ကျမ်းပြုသူကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် တစ်ဆင့်ဖောက်သည်ချလိုက်ခြင်း ဖြစ်ပါတယ်။&#13;
ဆရာကြီးဟာ အင်္ဂလိပ်စာတတ်၊ အင်္ဂလိပ်တစ်ယောက်နဲ့ တန်းတူရည်တူ အင်္ဂလိပ်စာ တတ်မြောက်တာဟာ သိမ်မဆန်းဘူးလို့ ပြောတယ်တဲ့၊ သူပြောတာက “အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာ များများဖတ်ရ မယ်” တဲ့၊ အဲဒါ အပြောအတိုင်းလဲ သူဟာ ပိုက်ဆံရှိရင် အင်္ဂလိပ်စာအုပ် ဟောင်းတွေပဲ ဝယ်ဝယ်ဖတ်သတဲ့၊ သူ့ကျောင်းမှာရှိတဲ့ စာကြည့်တိုက်က စာအုပ်တွေဆိုရင်လဲ သူမဖတ်ဖူးတာ မရှိဘူး။&#13;
စာသင်ချိန် ကျောင်းလုပ်ငန်းချိန်မှလွဲရင် စာကြည့်တိုက်ရှိ စာအုပ်တွေ သူချည်းပဲ ဖတ်နေတယ်၊ စာဖတ်လောဘကြီးသူတဲ့၊ (Oxford Dictonary) ကြေသူ ဖြစ်ပါသေးသတဲ့။&#13;
ကျောင်းစာကြည့်တိုက်က စာအုပ်ငှားဖတ်တဲ့ ကျောင်းသားတွေ ဆိုရင်လဲ တစ်ခါတစ်ခါ သူက ခေါ်တွေ့ပြီး၊ သူတို့စာကြည့်တိုက်က ငှားရမ်းဖတ်တဲ့ စာအုပ်ကို တကယ်ဖတ်မဖတ် မေးခွန်းထုတ်မေးပြီး စစ်ဆေးလေ့ရှိတယ်။&#13;
စာအုပ်ကို အမြဲဖတ်တယ်၊ လမ်းလျှောက်ရင်လဲ စာအုပ်နဲ့ ဆေးပေါ့လိပ် ဟာ သူ့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းပဲ ဖြစ်နေတယ်။ အမြဲတမ်း စာဖတ် တော့လဲ ဒီလိုစာတော်လာတာ မဆန်းဘူးလို့ ဆိုရခြင်းပါ။&#13;
နွေရာသီကျောင်းပိတ်ချိန် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းမှာ ၁၉၃၇ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဒုတိယအကြိမ်မြောက် ညီလာခံသဘင်ကြီး ကျင်းပတယ်။ ကိုအောင်စန်း (ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုလှရွှေ အမ်ဘီဘီအက်စ် (ဗိုလ်လက်ျာညီ)၊ စစ်ကိုင်းကိုညွန့် (သံအမတ်ဟောင်း)၊ ဦးထွန်းအုံ (ရန်ကုန် မြူနီစပါယ် မင်းကြီးဟောင်း) ဗိုလ်ခင်မောင်ကလေး၊ ကိုသိန်းအောင် (အမ်အေဒေါ်အုံးရဲ့ မောင်) ရာရှစ် အစရှိတဲ့ ခေါင်းဆောင်များလဲ အစုံအညီ တက်ရောက်ကြပါ တယ်၊ ဒီညီလာခံမှ အိန္ဒိယခေါင်းဆောင် နေရူးနဲ့ အင်ဒီယာဂန္ဒီတို့ သားအဖ လည်း တက်ရောက်တယ်၊ ညီလာခံမှာ ကိုအောင်စန်းက အင်္ဂလိပ်လို မိန့်ခွန်းပြောဖို့ ဖြစ်တယ်၊ သူ့ မိန့်ခွန်းကို အင်္ဂလိပ်လိုရေးပြီး ဆရာကြီး ဦးရာဇတ်ကို တည်းဖြတ်ဖို့ ပေးတယ်။ ဆရာကြီးက တည်းဖြတ်ပေးရင်း ဆရာဦးထွန်းမောင်ကို “ဒီကောင်နေရာ ကျမယ်၊ အင်္ဂလိပ်စာ အရေး အသားလဲ ကောင်းတယ်၊ အယူအဆလဲ ကောင်းတယ်၊ ကြီးပွားဦးမှာပဲတဲ့” လို့ ကိုအောင်စန်းနဲ့ ပတ်သက်ပြီး ပြောပြလိုက်သတဲ့။ (ဒီတုန်းက ဆရာကြီးက ကျောင်းဆရာကြီး၊ ဗိုလ်ချုပ်အောင်ဆန်းက ကောလိပ် ကျောင်းသားပဲ၊ ကျောင်းဆရာဆိုတာက တပည့်တပန်းတွေကို ‘‘ဒီကောင် ဟိုကောင်”အဲဒီလို ခေါ်လေ့ခေါ်ထရှိလို့ ဦးထွန်းမောင်က ကျမ်းပြုသူကို ပြောပြလို့ သူ့အခေါ်အတိုင်းရေးသား ဖော်ပြချက်ကို ခွင့်လွှတ်ကြ ပါရန် (ကျမ်းပြုသူ)&#13;
ဒီလိုအင်္ဂလိပ်စာကို အင်္ဂလိပ်စာတတ်-အင်္ဂလိပ်တစ်ယောက်ထက် တော့ သူ့ပညာမသာတောင် တန်းတူလိုက်နေကြောင်း၊ ပြီးခဲ့တဲ့ ဆောင်းပါး များနဲ့ အဖြစ်အပျက်တွေက အကောင်းဆုံး သက်သေခံခဲ့ပါတယ်။&#13;
ဒီအထဲ အရပ်ထဲက ရုံးကနားနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဆရာကြီးထံ လာရောက် အကူအညီတောင်းကြပါတယ်၊ ဆရာကြီးကလဲ သူ့ပညာကို အခကြေးငွေနဲ့ တန်ရာတန်ဖိုးရမှ လုပ်မယ်လို့ နှုတ်ကလဲ ရေလာမြောင်းပေး မပြော၊ ဟန်အမူအရာကလဲ မပြောဘဲ ချက်ချင်း ကောက်ကာငင်ကာ လုပ်ပေးလေ့ ရှိတယ်။&#13;
အစိုးရဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေကို ပြည်သူ့ငွေနဲ့ ပြည်သူ့ ကိုယ်စား အစိုးရက ဝန်ထမ်းတွေကို လခကြီးငယ်ပေးပြီး ခန့်ထားပါတယ်၊ ဒါကို ဝန်ထမ်းတွေက သဘောမပေါက်ကြဘူး၊ ဟိုဖိုင် ဆွဲယူလှန်လှော သလိုလို၊ ဟိုဖိုင်ဒီဘက်စားပွဲထောင့် ရွှေ့၊ ဒီဘက်ဖိုင်ကို ဟိုဘက်စားပွဲ ရွှေ့လိုရွှေ့၊ ထပြီး ဗီရိုဖွင့်ပြီး လှန်လှော ရှာလိုရှာနဲ့ သူတို့ကိုယ်သူတို့ အလုပ်များအောင် လုပ်ပြနေတယ်၊ ဒီအတွင်းမှာ ပြည်သူက သူ့လုပ်ငန်း အောင်မြင်ရင် ပြီးရောဆိုပြီး ငွေစကလေးများ တဲ့တိုးစကားနဲ့ လာဘ် အဖြစ်၊ ခပ်ယဉ်ယဉ်ဆိုရင် ဆုကြေးအဖြစ် ချပေးမလားလို့ မျှော်လင့်ချက် နဲ့ အလုပ်များအောင် လုပ်နေတယ်၊ ဘယ်လိုမှ လာဘ်ပေးတာ မမြင်ရင် မနက်ဖြန်၊ နောက် မနက်ဖြန်၊ ဖြစ်နိုင်ရင် ပသီပုံပြင်လို တစ်ထောင့် တစ်ညနဲ့ ရက်ရွှေ့လိုက်ချင်မှာပဲ။&#13;
သူတို့ရဲ့ နည်းဗျူဟာကို ရိပ်မိလို့ သူတို့သည်းခြေကြိုက် ငွေစလေးများ ကို လာဘ်အဖြစ် ဆက်သလိုက်ရင်တော့ အပြုံးပေါင်း တစ်ထောင် မျက်နှာနဲ့ အလုပ်ကို ချက်ချင်းပဲ ဆောင်ရွက်ပေးလိုက်တတ်ကြတယ်။&#13;
ဝန်ထမ်းဆိုပေမယ့်လဲ ဝန်ထမ်းစိတ်ရှိသူကား အလွန်နည်းလှပါတယ်။&#13;
ဆရာကြီးကမူ သူ့အသက်သွေးချွေးနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကို ပြည်သူ့ အတွက် လှူဒါန်းထားပြီးတဲ့ လူမို့လားမသိ၊ ပြည်သူ့တာဝန်ကို အသပြာ ငွေတစ်စမှ မယူဘဲ တစ်ထိုင်တည်း လုပ်ကိုင်ပေးလိုက်တာချည်း ပါပဲတဲ့။&#13;
တစ်ခါတစ်ခါ မဲ့ပြုံးကလေးနဲ့ ဆရာဦးထွန်းမောင်ကို “ကိုထွန်းမောင်ရေ ကျုပ်ကတော့ လျှောက်လွှာစာရေး ဖြစ်မှန်းမသိ ဖြစ်နေပြီကော”လို့ ပြောပါသေးတယ်ဆိုပဲ။&#13;
လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ပြည်သူ့တာဝန် ကြီးငယ်မရွေး ဆောင်ရွက် ပေးတတ်လို့နဲ့ တူပါတယ်၊ ပြည်သူချစ်သော ဆရာကြီးအဖြစ်သို့ သူ့အား ပြည်သူတွေရဲ့ နှလုံးသည်းပွတ်ထဲမှာ ကမ္ပည်းထိုးထားကြပေသကိုး။&#13;
&#13;
ဤဆောင်းပါးကို အောက်ပါပုဂ္ဂိုလ်များ၏ ပြောပြချက်များမှ ကောက်နုတ်ပေါင်းစပ် ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။&#13;
(ကျမ်းပြုသူ)&#13;
ပုဂ္ဂိုလ်များ = ဆရာဦးထွန်းမောင်၊ ဗဟိုအမျိုးသားကျောင်းဆရာဟောင်း။&#13;
= ဦးချစ်ဆွေ၊ အပါးတော်မြဲ၊ မန္တလေး။&#13;
= ဦးဘကြူး၊ ဆရာကြီး ဦးရာဇတ်ရဲ့ ညီ၊ မန္တလေး။&#13;
= ဆရာဗိုလ်ခင်မောင်ကလေး၊ ဖဆပလဝန်ကြီးဟောင်း၊ ရန်ကုန်။&#13;
= ဒေါက်တာခင်မောင်ညွန့် (အမ်အေ၊ပီအိပ်ခ်ျဒီ) သမိုင်း ဌာနမှူး (သမိုင်းဌာန) ပညာရေးတက္ကသိုလ်၊ ရန်ကုန်။&#13;
= ဦးသာဒွန်း တယ်လီဖုန်းဆက်သွယ်ရေး အင်ဂျင်နီယာ၊ မန္တလေး</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18188">
              <text>U Razat</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18189">
              <text>Politician</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18190">
              <text>ဦးရာဇတ်</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="48">
          <name>Source</name>
          <description>A related resource from which the described resource is derived</description>
          <elementTextContainer>
            <elementText elementTextId="18191">
              <text>101 Kyaw Win Maung's Book</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="195">
      <name>Matyr</name>
    </tag>
  </tagContainer>
</item>
