Kyaw Hein

Dublin Core

Title

Subject

Description

ကျော်ဟိန်း

Person Item Type Metadata

Birth Date

Birthplace

Death Date

2020 July 11

Occupation

Biographical Text

ဦးကိတ္တိသာရ၊ သက်တော် ( ၇၃) နှစ် ကွယ်လွန်
ဩစတေးလျ၊ ကင်မ်ဘာရာ
ယနေ့ ဇူလိုင် ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ်၌ ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့တွင် သီတင်းသုံးလျက်ရှိသော ဦးကိတ္တိသာရ (သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း)သည် ပျံလွန်တော်မူသွားပြီဖြစ်ပါသည်။ နောက် ၃ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၁၄ သည် ဆရာတော် ၏ ၇၃ နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။

(BBC News)
ဦးဇင်းကိတ္တိသာရ သက်တော် ၇၃ နှစ်တွင် ပျံလွန်တော်မူ ၊ ဒွေးကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင်

ဦးဇင်း ကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားကြောင်း ဦးဇင်းရဲ့ တူတော်စပ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ သားညီက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဒါ့အပြင် နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူကလည်း ဦးဇင်းပျံလွန်တော်မူသွားကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
ဦးဇင်း ကိတ္တိသာရဟာ ၂၀၁၀ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးတဲ့နောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံက ထွက်ခွာပြီး သမီးဖြစ်သူရှိတဲ့ ကင်မ်ဘာရာမြို့ကို ကြွရောက်သီတင်းသုံးခဲ့တာ ဖြစ်ပါတယ်။
ဦးဇင်း ကိတ္တိသာရ ကွယ်လွန်တဲ့ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ ဆရာတော်ရဲ့ တူတော်စပ်တဲ့ ရုပ်ရှင်မင်းသားသရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
နောက်ဆက်တွဲ ထပ်မံသိရတာရှိရင်လည်း ဘီဘီစီမြန်မာပိုင်းက ဆက်လက်တင်ဆက်ပေးပါမယ်။

Bibliography

Some Links - https://www.facebook.com/Hellonewsmm/videos/731499974291721/?q=kyaw%20hein&epa=SEARCH_BOX
https://www.facebook.com/elevenbroadcasting/videos/879281535893286/UzpfSTExNDgwMzY2ODU1NzI2NTozMjEwNjkwNTM1NjM1MjE0/

Citation

“Kyaw Hein,” MoeMaKa Online Library Archives, accessed October 9, 2025, https://moemaka.net/omeka2/items/show/2738.