<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="2734" public="1" featured="1" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/2734?output=omeka-xml" accessDate="2026-09-08T21:21:54+00:00">
  <fileContainer>
    <file fileId="77">
      <src>https://moemaka.net/omeka2/files/original/f322c500e1038fcdb8a4f70faf96e6b4.jpg</src>
      <authentication>bafff10834d932b0f7b57ef4a8518226</authentication>
    </file>
    <file fileId="78">
      <src>https://moemaka.net/omeka2/files/original/fc0418b2733cf6a5b2cf410c3cf3222c.jpg</src>
      <authentication>ea99d3a6ff3b0fab30b404158523f0d1</authentication>
    </file>
  </fileContainer>
  <collection collectionId="3">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="23">
                <text>Burmese 100 Year People</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="24">
                <text>20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="41">
            <name>Description</name>
            <description>An account of the resource</description>
            <elementTextContainer>
              <elementText elementTextId="25">
                <text>Burmese 100 Year People - 20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="12">
    <name>Person</name>
    <description>An individual.</description>
    <elementContainer>
      <element elementId="31">
        <name>Birth Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18140">
            <text>1919</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="33">
        <name>Death Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18141">
            <text>2012</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="35">
        <name>Biographical Text</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18142">
            <text>ငယ်ဘဝနှင့်ပညာရေး&#13;
၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သာယာဝတီမြို့နယ်၊သုံးဆယ်မြို့ ဆိုင်းစုကျေးရွာ၌ ဦးပန်း၊ ဒေါ်တင့် မိဘနှစ်ပါးမှ မွေးဖွားသည်။ အမည်ရင်းမှာ မောင်ရွှေ ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည့်အချိန်ကျမှ ဗိုလ်ကျော်ဇောဟူသော အမည်ကို ခံယူခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပြီး သုံးဆယ်မြို့အထက်တန်းကျောင်းတွင် အထက်တန်းအဆင့်အထိ ပညာသင်ယူခဲ့သည်။ သာယာဝတီမြို့တွင် တိုင်းရင်းမြန်မာ စာသင်ကျောင်းတွင် ကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။[၁]&#13;
&#13;
စစ်ပညာသင်ကြားခဲ့ရပုံ&#13;
Kyaw Zaw 03.jpg&#13;
ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် မြန်မာမျိုးချစ်လူငယ် ဒုတိယအသုတ်နှင့် အတူ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်တွင် ရန်ကုန်မှထွက်ခွာရာ ဧပြီလ ၂၈ ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ဦးစွာ ရောက်ရှိသည်။ ထိုမှ တိုကျိုမြို့သို့ သွားရောက်ကာ တိုကျိုမှ ဟိုင်နန်ကျွန်းသို့ မေလ ၁၀ ရက်တွင် ရောက်ရှိသည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ယူခဲ့ရသည်။ ဂျပန် စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တာနီငုချိ ရှင်အိချိ ဖြစ်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူကြသောအခါ ဗိုလ်ကျော်ဇော ဖြစ်လာသည်။&#13;
&#13;
&#13;
သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောနှင့်အတူ&#13;
ထမ်းဆောင်ခဲ့သောတာဝန်များ&#13;
ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် စစ်ကြောင်းနှင့် မော်လမြိုင် စစ်ကြောင်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေ ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[၂]&#13;
&#13;
၁၉၄၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ကျင်းပသော ဖက်ဆစ် တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော ဖဆပလ အစည်းအဝေးသို့တက်ရောက်သည်။ ထိုအစည်းအဝေးမှာ ဖက်ဆစ်ဂျပန်တို့အား တော်လှန် တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်သော အစည်းအဝေးဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗိုလ်ကျော်ဇောသည် တိုင်း (၄) ပဲခူး ရွှေကျင် သထုံတွင် တိုင်းမှူးအဖြစ် တာဝန်ယူကာ ဖက်ဆစ် ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ သီဟိုဠ်နိုင်ငံ ကန္ဒီမြို့သို့ သွားရောက်ရာတွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလတွင် ဘီဒီအေကို ဖျက်သိမ်းပြီး ဗမာ့တပ်မတော် အဖြစ် ပြန်လည် ဖွဲ့စည်းသောအခါ ဒုဗိုလ်အဖြစ် ပါဝင်တာဝန် ထမ်းဆောင်ခဲ့သည်။ ဗမာ့တပ်မတော်တွင် ၁၉၄၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ်လည်းကောင်း ၁၉၄၉ ခုနှစ်တွင် တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မြန်မာစစ်မစ်ရှင်အဖွဲ့ ဒုတိယခေါင်းဆောင်အဖြစ် အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ်၊ နော်ဝေ၊ ဆွီဒင်နှင့် ယူဂိုစလားဗီးယား နိုင်ငံများသို့ သွားရောက်ခဲ့သည်။&#13;
&#13;
အငြိမ်းစားဘဝသို့ရောက်ရှိပုံ&#13;
၁၉၅၃ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်ဖြူ ကျူးကျော်တပ် (ကူမင်တန်)များအား ဘုရင့်နောင် စစ်ဆင်ရေးဖြင့် လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင် စစ်ဆင်ရေးဖြင့်လည်းကောင်း တိုက်ခိုက် ချေမှုန်းခဲ့သည်။ ၁၉၅၅ ခုနှစ်တွင်ပင် စစ်ဘက် ချစ်ကြည်ရေး မိတ်ဆက်အဖွဲ့ အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဗိုလ်မှူးချုပ်အဆင့်အထိ တပ်မတော် တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပများနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ်တွင် တပ်မတော်မှ အငြိမ်းစားအပေးခံရသည်။ ဗိုလ်ချုပ်ကျော်ဇော်၏ နိုင်ငံရေးနောက်ခံမှာ လွတ်လပ်ရေးတိုက်ပွဲကာလမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယအကြိမ်မြောက် ဗကပ ကွန်ဂရက်တွင် ပါတီ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး လပိုင်းအတွင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်တွင် ဗကပများ တောခိုရာ၌ မလိုက်ပါဘဲ တပ်မတော်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သဖြင့် ဗကပ က ပါတီမှ ထုတ်ပယ် ပစ်ခဲ့သည်။&#13;
&#13;
၁၉၅၆ ခုနှစ်တွင် ဗမာ့တပ်မတော်မှ အောင်မာဃ စစ်ဆင်ရေးဆင်နွှဲနေချိန်တွင် ဗကပ ဌာနချုပ်သို့ ရဲဘော်ကြီးမြင့် နှင့် ဗိုလ်ကျော်ဇောတို့ ပေးပို့သော စစ်ဆင်ရေး ထိပ်တန်း လျှို့ဝှက်သတင်းများပါသည့် စာရွက်စာတမ်းများကို ဖမ်းဆီးရမိခဲ့သည်။ ထိုကိစ္စကြောင့် ၁၉၅၇ ခုနှစ် မတ်လတွင် တပ်မတော်မှ အငြိမ်းစားအပေးခံခဲ့ရခြင်း ဖြစ်သည်။&#13;
&#13;
&#13;
စစ်ကော်မရှင်တာဝန်&#13;
၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲတွင် ရန်ုကုန်မြို့ ကြည့်မြင်တိုင် တောင်ပိုင်း မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံခဲ့သေးသော်လည်း ရှုံးနိမ့်သွားခဲ့သည်။&#13;
&#13;
၁၉၇၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လျှို့ဝှက် ထွက်ခွာသွားပြီး ထိုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံရောက် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပနှင့် ပူးပေါင်းခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင်ပင် ဗကပ ဗဟိုဌာနချုပ်၌ စစ်ဘက်အကြံပေးနှင့် စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုနောက်တွင် ဗကပ ဗဟိုစစ်ဦးစီးဌာန၊ ဗဟိုစစ်ကော်မရှင်တွင် ပထမ၊ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။ ယနေ့တိုင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်လျက် ရှိသည်။&#13;
&#13;
&#13;
ပြုစုထုတ်ဝေခဲ့သောစာအုပ်များ&#13;
ဗိုလ်ချုပ်ကျော်ဇောသည် စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့ရာ ၁၉၅၇ ခုနှစ်တွင် “ပြည်တွင်း ငြိမ်းချမ်းရေးသဘောထားနှင့် လက်ရွေးစင် မိန့်ခွန်းများ”၊ ၁၉၅၉ ခုနှစ်တွင် “ဖက်ဆစ်တော်လှန်ရေး”၊ ၁၉၅၉ ခုနှစ်တွင်“ရွေးကောက်ပွဲ ရှင်းတမ်း”၊ ၁၉၆၀ ပြည့်နှစ်တွင် “ဖက်ဆစ်တော်လှန်ရေး၊ ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး”၊ ၁၉၆၁ ခုနှစ်တွင် “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” စသည့် စာအုပ်များ ရေးသားပြုစု ထုတ်ဝေခဲ့သည်။&#13;
&#13;
၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံအခြေစိုက် ဓူဝံစာပေမှ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ISBN 978-0-9788396-4-2 ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်ကျော်ဇော ပြုစုခဲ့သည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရှားပါးဓာတ်ပုံများ၊ မှတ်တမ်းကဗျာများ၊ အခြား ဗဟုသုတဖြစ်ဖွယ်ရာ ကဏ္ဍများဖြင့် ဝေဝေဆာဆာ ထုတ်ဝေခဲ့သည်။&#13;
&#13;
စစ်သည်တော်ဆု&#13;
စစ်သည်တော်တစ်ဦးအဖြစ် ဆုတံဆိပ်များရရှိခဲ့ရာတွင် ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယား သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (ပထမအဆင့်) ဆုတံဆိပ်ကို လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုများအတွက် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) ဆုတံဆိပ်ကိုလည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။&#13;
&#13;
ရည်ညွှန်းကိုးကား&#13;
 တပ်မတော်သားများ ပြည်သူကို ရန်သူလို သဘော မထားရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း | ဒီရေ သတင်းများ&#13;
 Freedom, Peace &amp; Justice: ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း&#13;
တက္ကသိုလ်များ သမိုင်းသုတေသနဌာနထုတ် ကျော်ငြိမ်း ပြုစုသော “ရဲဘော်သုံးကျိပ်“။ ၁၉၉၈ ။</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="36">
        <name>Bibliography</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="18143">
            <text>https://www.moemaka.com/2019/11/blog-post_49.html&#13;
&#13;
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%87%E1%80%B1%E1%80%AC%E1%81%8A_%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="18135">
              <text>Bo Kyaw Zaw</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="49">
          <name>Subject</name>
          <description>The topic of the resource</description>
          <elementTextContainer>
            <elementText elementTextId="18136">
              <text>Writer</text>
            </elementText>
            <elementText elementTextId="18137">
              <text>Politician</text>
            </elementText>
            <elementText elementTextId="18138">
              <text>Member of BCP</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="18139">
              <text>ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိတ်)</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="190">
      <name>Bo Kyaw Zaw</name>
    </tag>
    <tag tagId="189">
      <name>ဗိုလ်ချုပ်ကျော်ဇော</name>
    </tag>
  </tagContainer>
</item>
