<?xml version="1.0" encoding="UTF-8"?>
<item xmlns="http://omeka.org/schemas/omeka-xml/v5" itemId="161" public="1" featured="0" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://omeka.org/schemas/omeka-xml/v5 http://omeka.org/schemas/omeka-xml/v5/omeka-xml-5-0.xsd" uri="https://moemaka.net/omeka2/items/show/161?output=omeka-xml" accessDate="2026-09-12T05:07:12+00:00">
  <fileContainer>
    <file fileId="165">
      <src>https://moemaka.net/omeka2/files/original/2663797e28e91c46d954623e52d0a68c.jpg</src>
      <authentication>93468cbe170541f030f6e36a95b534be</authentication>
    </file>
    <file fileId="166">
      <src>https://moemaka.net/omeka2/files/original/01cd24f338f710615d043bbdbf9e35ae.jpg</src>
      <authentication>96f62ffafbdc2f818f2cdf3c16fe3b1a</authentication>
    </file>
    <file fileId="167">
      <src>https://moemaka.net/omeka2/files/original/97b06340ee847a801c54e727949de7b7.jpg</src>
      <authentication>cba74f9373388e14630e25b412fb8546</authentication>
    </file>
    <file fileId="168">
      <src>https://moemaka.net/omeka2/files/original/fe8a115eed4ee80a41f43d7464a7fe69.jpg</src>
      <authentication>2dbc52b2e6d67e298101c1c99368f3f3</authentication>
    </file>
  </fileContainer>
  <collection collectionId="3">
    <elementSetContainer>
      <elementSet elementSetId="1">
        <name>Dublin Core</name>
        <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
        <elementContainer>
          <element elementId="50">
            <name>Title</name>
            <description>A name given to the resource</description>
            <elementTextContainer>
              <elementText elementTextId="23">
                <text>Burmese 100 Year People</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="49">
            <name>Subject</name>
            <description>The topic of the resource</description>
            <elementTextContainer>
              <elementText elementTextId="24">
                <text>20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
          <element elementId="41">
            <name>Description</name>
            <description>An account of the resource</description>
            <elementTextContainer>
              <elementText elementTextId="25">
                <text>Burmese 100 Year People - 20th Century Icons</text>
              </elementText>
            </elementTextContainer>
          </element>
        </elementContainer>
      </elementSet>
    </elementSetContainer>
  </collection>
  <itemType itemTypeId="12">
    <name>Person</name>
    <description>An individual.</description>
    <elementContainer>
      <element elementId="36">
        <name>Bibliography</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="827">
            <text>http://www.zaygwet.com/diary.php?id=281&#13;
&#13;
ဆရာစိန်ခင်မောင်ရီနှင့် ချားလ်စ်ကုရော့&#13;
စာဟောင်းတွေမှာ စာကောင်း တွေ ရှိသည်မဟုတ်ပါလော။ ကျွန် တော်သည် စာအုပ်များနှင့် ပေါင်းသင်းနေထိုင်ရာ စာအုပ်ပုံထဲမှ ချားလ်စ်ကုရော့၏ လမ်းပေါ်မှာ စာအုပ်ကို ဆွဲယူလိုက်မိသည်။ စာအုပ်ဟောင်းဟုလည်း မဆိုသာ။ ၁၉၉၂ ခုနှစ်ကမှ ရိုက်နှိပ်ထုတ်ဝေသော စာအုပ်ဖြစ် ၏။ ပုံနှိပ်သူထုတ်ဝေသူက အမေရိ ကန်သံရုံးဖြစ်၏။ တန်ဖိုးက အခမဲ့ လက်ဆောင်ဟူ၏။&#13;
&#13;
          အခမဲ့ဆိုလျှင် လူတွေက တန်ဖိုးမထားတတ်ကြပေ။ သို့သော် ထိုစာအုပ်ကို လွန်ခဲ့သော ၂ဝဝ၉ ခုနှစ်က  ကျိုက္ကဆံ ဘုရားပွဲပွဲစျေးတန်းစာအုပ် အဟောင်းပုံထဲက ကျပ် ၁၂ဝဝ ပေးပြီး ဝယ်ခဲ့ရလေသည်။ စာအုပ်သည်က တစ်ပြားမှ မလျှော့ပေ။ ဒီစာအုပ်က ရှားသွားပြီတဲ့။ စာအုပ်မျက်နှာ ဖုံးပန်းချီကလဲ မသားနား၊ ပန်းချီ ဆရာအမည်လဲမပါ။ အနီ၊ အနက် နှစ်ရောင်တည်းနှင့် ရေးထားသော ဘတ်စ်ကားတစ်စီးပုံဖြစ်၏။&#13;
&#13;
          ပြန်ဆိုသူ၏ အမည်ကို ကြည့် လိုက်တော့ ခင်မောင်စိန် ဘာသာပြန် သည်တဲ့။ သိလိုက်ပါပြီ။ ကြေးမုံ သတင်းစာ အယ်ဒီတာချုပ်ဟောင်း  ဆရာ စိန်ခင်မောင်ရီ ပါလား။ ထို အချိန်က စာရေးဆရာအများက သံ ရုံးစာအုပ်များကို ဘာသာမပြန်ချင် တတ်ကြပေ။ အများအထင်သေးမှာ စိုးကြသည်။ သို့သော် ဆရာဦးညိုမြ ကတော့ ညိုမြအမည်ရင်းနှင့်ပင် ရွှေလမ်း ငွေလမ်းဆိုသော အမည်ဖြင့်  ဘာသာပြန်ပေးခဲ့သည်။ စာအုပ်ကောင်းတစ်အုပ်ပင်။&#13;
&#13;
          ဆရာစိန်ခင်မောင်ရီကတော့ မဝံ့မရဲနှင့် ခင်မောင်စိန် အမည်ထိုးလိုက် သည်။ သို့သော် အင်္ဂလိပ်လို ရေးထား သော မိတ်ဆက်စာတစ်နေရာမှာတော့  စိန်ခင်မောင်ရီ ပါပဲ။ ဤစာအုပ် ဘာ သာပြန်ပြီး ဆရာစိန်ခင်မောင်ရီ ကွယ်လွန်သွားသည်။ ၁၉၉၂၊ မတ်လ တွင်ဖြစ်၏။ ဆရာကွယ်လွန်ပြီးမှ စာအုပ်ကို ပုံနှိပ်ခြင်းဖြစ်ရာ စိန်ခင် မောင်ရီသည် သတင်းစာဆရာ၊ စာရေး ဆရာ၊ ဘာသာပြန်ဆရာဖြစ်သည်။ ဤစာအုပ်ကို ပြန်ဆိုခြင်းဖြင့်  မြန်မာ နှင့်အမေရိကန် ပြည်သူတို့ချင်း နား လည်သိရှိမှု လမ်းခင်းပေးခြင်းဖြစ် သည်ဟုရေးထားပြီး စိန်ခင်မောင်ရီ  ၁၉၂၄-၁၉၉၂ ဟု အင်္ဂလိပ်ဘာသာ ဖြင့် ဖော်ပြထားသည်။ ဆရာ စိန် ခင်မောင်ရီကွယ်လွန်ပြီးနောက် မှ ဤ စာအုပ်ကို ထုတ်ဝေဖြန့်ချိနိုင်ခြင်း ဖြစ် သည်ဟု နားလည်ရပါသည်။&#13;
&#13;
          ကျွန်တော်ကတော့ ဤစာအုပ် အကြောင်း မပြောခင် ဆရာစိန်ခင် မောင်ရီအကြောင်း အနည်းငယ်ပြော လိုပါသည်။ ဆရာသည် ဤစာအုပ်  လမ်းပေါ်မှာ မဖြန့်ခင် အနာတဟန် စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာ ပြန်ဆုရရှိခဲ့သည်။ စစ်ကြီးပြီးစ ကျွန်း တစ်ကျွန်းပေါ်ရောက် ဂျပန်စစ်သား  တစ်စုအကြောင်းဟု ဆိုရပါမည်။&#13;
&#13;
          ဆရာသည် ကနဦးပုဂ္ဂလိက ကြေးမုံ သတင်းစာ၌ အယ်ဒီတာချုပ် ဖြစ်၏။ ထိုစဉ်က ကျွန်တော်က ဒေး ဒရဲ မြို့နယ် သတင်းထောက်၊ ထို့ နောက် ရန်ကုန်ရောက်ပါသည်။ ၁၉၆ဝ ပြည့်နှစ်မှာ ကြေးမုံသတင်း စာတိုက်သို့ ကျွန်တော်ရောက်သည်။  သတင်းထောက်လုပ်ချင်သော်လည်း နေရာမရှိပေ။ စာပြင်ဌာနမှာပဲ ခိုနား ပါဦးဟု ဆရာကပြောသဖြင့် စာပြင် ဌာနမှာ အလုပ်ဝင်ရသည်။ ၁၉၆၃ ခုနှစ်တွင် ဆရာနှင့် အတူ ကြေးမုံ မှ အယ်ဒီတာအဖွဲ့ဝင် ဦးစိုးနိုင်တို့ အထိန်းသိမ်းခံရသည်။ တော်လှန်ရေး ကောင်စီနှင့် တောတွင်းအဖွဲ့အစည်း များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက် ချိန်။ စာရေးဆရာ၊ သတင်းစာ ဆရာ တော်တော်များများထိန်းသိမ်းခံကြရ သည်။&#13;
&#13;
          ၁၉၆၄ ခု၊ သြဂုတ်လတွင် ကြေးမုံသတင်းစာ ပြည်သူပိုင်သိမ်း လိုက်ရာ ဆရာဇဝနအယ်ဒီတာချုပ်  ဖြစ်ပါသည်။ ကျွန်တော် အယ်ဒီတာ အဖွဲ့ အတွင်းရေးမှူးတာဝန်ယူရ သည်။ ၁၉၆၇ ခုနှစ်တွင် ဆရာစိန် ခင်မောင်ရီ ပြန်လွတ်လာသည်။ သို့ သော် ကြေးမုံသို့ မရောက်တော့။ ပြင်ပ စာနယ်ဇင်းလောကမှာပင် ကျင်လည် နေသည်။ အိုးဝေ ဂျာနယ်မှာ ထိုင် ပေးသည်။ ဖြူနီညိုပြာ အမည်ဖြင့်  မဂ္ဂဇင်းတစ်စောင်ကို အောင်မြင်စွာ  ထုတ်ဝေနိုင်ခဲ့သည်။ ကျွန်တော်သည် ဆရာ့လက်အောက်တွင် ကြေးမုံ သတင်းစာ၌ လေးနှစ်ခန့် လုပ်ခဲ့ရရာ  သူ့လက်ရာ အစွမ်းအစများကို ကောင်းစွာ မှတ်သားခဲ့ရသည်။&#13;
&#13;
          ဆရာက သတင်းတည်းဖြတ်ပုံ ကောင်းသည်။ သတင်းခေါင်းစဉ်ပေး ပုံ ခေတ်နှင့်အညီ လူဝင်ဆံ့အောင်  ပေး တတ်သည်။ သတင်းခေါင်းကို ဖတ် မိရုံနှင့် သတင်းကို ဆက်ဖတ်ချင် အောင် ဆွဲဆောင်မှုရှိသည်။ စာပြင် ဌာနသည် အယ်ဒီတာတို့၏ လက်ရာ စုံနှင့်တွေ့ကြုံရလေရာ သတင်းစာ ပညာကို လက်တွေ့လေ့လာရာ ဌာန ဖြစ်သည်။&#13;
&#13;
          ဆရာစိန်ခင်မောင်ရီသည် စာနယ်ဇင်းလောကတွင် ကျင်လည်  ရင်း လုံးချင်းစာအုပ်များ၊ ဝတ္ထုဆောင်း ပါးများ၊ ရုပ်ရှင်ဝေဖန်ရေး၊ ဘာသာ ပြန် စွယ်စုံရေးနိုင်သော စာရေး ဆရာ ကြီးဖြစ်သည်။ သူ့စာများကို စောင့် ဖတ်ကြရသည်။ နယ်စာပေ ဟော ပြောပွဲများကိုလည်းလိုက်သည်။ ပရိ သတ်ပွဲကျအောင် ဟောပြောနိုင်သည်။ အပေါင်းအသင်းစုံ၍ ယမကာကို လည်း မှီဝဲလာသည်။&#13;
&#13;
          ''ကျွန်တော်တို့က အကျင့် မကောင်းဘူးဗျ။ သတင်းစာတိုက်မှာ လုပ်တုန်းကလဲ သံရုံးဧည့်ခံပွဲတွေမှာ ဝီစကီ အကောင်းစားသောက်ခဲ့ရပြီး အစာပိတ်ဆိုပြီး ချက်အရက် ကလေး မော့ချင်သေးတာ။ ချက်အရက်ဆိုင် ပိတ်သွားပေမယ့် တံခါးခေါက် နှိုး ရတယ်''ဟု ပြောဖူးသည်။&#13;
&#13;
          ဆရာစိန်နှင့်ကျွန်တော် မကြာ ခဏ တွေ့နေရရာမှ ကျွန်တော် သတင်းထောက်ဖြစ်ပြီး ရုံးဝန်ထမ်း  ဆန်ဆန်တာဝန်တွေများလာသောအခါ အတွေ့ကျဲလာသည်။ သို့သော် သူ့ စာတွေကို မပြတ်ဆိုသလို ဖတ်နေရ သည်။ သို့သော် ၁၉၉ဝ ပြည့်နှစ်ကုန်  ပိုင်းလောက်တွင် လူချင်းပြန်ဆုံရပြန် သည်။&#13;
&#13;
          သူ့သားတော်မောင်က စာတို  ကလေးတစ်စောင် လာပေးသည်။ ဆရာစိန့်ထံမှဖြစ်၏။&#13;
&#13;
          ''ကိုမြတ်ဆွေ၊ သခင်အောင်ဖေ  က ဂျာနယ်တစ်စောင် ထုတ်မယ်တဲ့။  အဲဒါ ခင်ဗျားလဲပါရမယ်။ ဆက် ဆက်လာခဲ့ပါ''ဟု ချိန်းသောစာဖြစ် ၏။ ထိုအချိန်၌ ကျွန်တော် သတင်း က ပင်စင်ယူပြီးချိန်၊ အားအားရား ရားဖြစ်နေ၍ စာဖတ်လိုက်၊ ဗီဒီယို ကြည့်လိုက်နှင့် အချိန်ကုန်နေသည်။  ဆိုင်းသံကြားတော့ မငြင်းမိ။&#13;
&#13;
          ချိန်းသည့်နေ့ ရောက်အောင်သွား သည်။ သခင်အောင်ဖေ့အိမ်မှာ လူစုံ နေသည်။ ကြေးမုံ အယ်ဒီတာဟောင်း ဦးကိုကြီးလည်းပါသည်။ ဂျာနယ်ကို ဘယ်နေ့ ဘယ်ရက်ထွက်အောင် လုပ် ကြမည်ဟု ဆွေးနွေးပြီးပြန်ခဲ့ကြ သည်။&#13;
&#13;
          ဆရာစိန်အရင်နှင့်မတူ၊ နည်း နည်းကျန်းမာရေးကောင်းနေပုံရသည်။  ''ကျွန်တော်ဖြတ်လိုက်တယ်ဗျာ။ ဘယ်လိုဖြတ်သလဲဆိုတော့ ဘုန်း ကြီးဝတ်ပြီးကို ဖြတ်လိုက်ရတာ''ဟု ဆိုသည်။ ဆရာစိန် မသောက်တော့။  သို့သော် သူသည် ဆေးလိပ်ကို တော့ လက်ကမချ။ လှုပ်ရှားဟန်က တော့  သွက်သွက်လက်လက်ပါပဲ။&#13;
&#13;
          ဆရာစိန်က အယ်ဒီတာချုပ် အဖြစ် မကြာခဏ ဆွေးနွေးပွဲထိုင်ကြ ရသည်။ ဂျာနယ်နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ကြ၊ အကြံပြုကြနှင့်  အတော် အရှိန်ယူကြရသည်။ ဆရာ ဦးကြီးမောင် (ငွေဥဒေါင်း)က နာယ က၊ ဆရာစိန်ခင်မောင်ရီက အယ်ဒီ တာချုပ်၊ ဦးကိုကြီးကဒုတိယ အယ်ဒီ တာချုပ်၊ ကျွန်တော်က လက် ထောက် အယ်ဒီတာအဖြစ် တာဝန်ခွဲ ဝေပြီး သခင်အောင်ဖေက အဆိုတစ် ခုတင်ပြသည်။&#13;
&#13;
          ''ကိုစိန်ခင်မောင်ရီ၊ ကျုပ်တို့  အယ်ဒီတာအဖွဲ့ အလုပ်ချိန်ကန့်သတ် ရရင် မကောင်းဘူးလား။ နံနက် ၁ဝ နာရီက ညနေ ၅ နာရီ''&#13;
&#13;
          ဤတွင် သခင်အောင်ဖေကို စိန် ခင်မောင်ရီက ရုတ်တရက် ပြန်ပြော လိုက်သည်။&#13;
&#13;
          ''သခင်အောင်ဖေ ကျုပ်တို့က စာရေးကြီးတွေ မဟုတ်ဘူးဗျ''&#13;
&#13;
          ဆရာစိန်၏ အယ်ဒီတာ စိတ် ဓာတ်ကိုတွေ့လိုက်ရသည်။ ထိုအချိန် ကစပြီး သူတို့နှစ်ဦး သိပ်အစေးမကပ် ကြ။ တစ်နေ့တွင် အထက်ဘက်သို့  ဆရာစိန်သည် စာပေဟောပြောပွဲနှင့် လိုက်သွား၏။ သို့သော် ဟောပြော ပွဲခရီးက ရက်လွဲသွားပုံရသည်။ ဂျာနယ်ထွက်ချိန်အမီ ပြန်မရောက်ခဲ့။&#13;
&#13;
          သခင်အောင်ဖေကားသည်းမခံ နိုင်ဘဲ ဆရာစိန်ကို အလုပ်ဖြုတ် ကြောင်း စာပို့လိုက်လေသည်။ ထို့ နောက်တစ်နှစ်အကြာ ၁၉၉၂ ခုနှစ်၊ မတ်လ ၇ ရက်တွင် ဆရာစိန်သည် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွား လေသည်။ ထို့နောက်မိုးဂျာနယ် ထုတ်ဝေသူ သခင်အောင်ဖေလည်း  နှစ်အတန်ကြာ၌ လူကြီးရောဂါဖြင့်  ကွယ်လွန်သည်။ မရှိတော့ပြီဖြစ်သူ နှစ်ဦးအကြောင်း ဝေဖန်ရန် မသင့်ဟု ယုံကြည်မိသည်။ သို့သော် ဆရာစိန်  ကား ချို့ချို့တဲ့တဲ့ ကွယ်လွန်ရှာပုံရ သည်။ သူ့မှာ ဘာမှ အလုပ်မရှိ။ ငွေ ကြေးမရှိ။ ဇနီးသည်ကလည်း ကျန်း မာရေးမကောင်း။ ဆရာစိန်၏ နောက် ဆုံးခရီးကို အမှတ်တရ ပို့ဆောင်လိုက် ရသည်။&#13;
&#13;
          သူကွယ်လွန်ပြီးမှပင် သူ၏ ဘာသာပြန် လက်ရာ ချားလ်စ် ကုရော့ ၏ လမ်းပေါ်မှာ စာအုပ်ကြီးထွက်လာ  သည်။ သံရုံးထုတ် စာအုပ်အဖြစ် ထုံး စံအတိုင်း ဘယ်သူမှ ဂရုမစိုက်မိ။ ကျွန်တော်သည်ပင် သတိမထားမိ။ ပွဲစျေးတန်းအဟောင်းဆိုင်မှာ တွေ့၍ မြည်းစမ်းကြည့်ရာမှ စျေးမေးတော့ ၁၂ဝဝ တဲ့။ မေတ္တာလက်ဆောင် စာ အုပ် ၁၂ဝဝ ဖြစ်နေသည်။&#13;
&#13;
          ဤသည်ကပင် ဆရာ၏ လက် ရာ တန်ဖိုးတက်ခြင်းပင်ဖြစ်တော့ သည်။ ထိုစာအုပ်ကား စက္ကူအချော အကောင်းစားနှင့် စာမျက်နှာ ၄ဝဝ နီးပါးရှိသည်။&#13;
&#13;
          ကုရော့သည် သတင်းထောက် တစ်ဦးဖြစ်သည်။ သူသည် အမေရိ ကန်နိုင်ငံ အနှံ့အပြား ဖြစ်သလို ခရီး ထွက်ပြီး လူတန်းစား အသီးသီးနှင့် တွေ့ဆုံသည်။ မေးမြန်းသည်။ စပ်စု သည်။ ဤသည်ကို တစ်ပုဒ်ချင်းရေး သား ထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ မာတိကာတွင် တစ် ပုဒ်ချင်း ခေါင်းစဉ်ပေးထားသဖြင့် ကြိုက်ရာအပုဒ်ကို ရွေးဖတ်နိုင်သည်။&#13;
&#13;
          မထင်မှတ်ဖွယ် အာဇာနည် ခေါင်းစဉ်အောက်က စေတနာ ဆရာ ဝန်ကို အရင်ဆုံးဖတ်ကြည့်မိသည်။ မစ်ဇူးရီးပြည်နယ်၊ လင်းကင်းမြို့က လေးမှာ ဖြစ်၏။ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်ကလေးတစ်ခု၏ စျေး ချိုသော အနောက်ဘက်အခန်းတစ်ခု  ကို ဒေါက်တာ ရစ်ချဒ်တီနပ်ကားက ဆေးခန်းဖွင့်ထားသည်။ သူ့ဆေးခန်း မှာ မိုးမလင်းခင်ကပင် လူများပြည့်နေ သည်။ ဒေါက်တာနပ်ကားသည် ဆေးဖိုးသာယူသည်။ လူနာက မပေး နိုင်ဆိုလျှင်လည်း တစ်ပြားမှ ယူသူ မဟုတ်။&#13;
&#13;
          သန်းြ&lt;ွကယ်သူဌေးလောင်း ဆရာ ဝန်တွေနှင့် သာတွေ့ဖူးပြီး ခုလို ဆရာ ဝန်မတွေ့ဖူးပါဟု လူနာတွေက ဆို ကြသည်။ ဒေါက်တာနပ်ကားက ကျုပ်တော့ဟန်ကြီးပန်ကြိး လုပ်ပြီး သန်းြ&lt;ွကယ်သူဌေးမဖြစ်ချင်ဘူး။ ကျုပ် သက်တမ်းနဲ့ဆို ဖြစ်တာကြာပြီဟု ပြော သည်။ သူသည် လူနာအချို့ ပိုက်ဆံ မပေးနိုင်၍ အသား၊ငါး၊ ဟင်းသီး ဟင်းရွက်၊ မုန့်မျိုးစုံပေးလျှင်လည်း ဝမ်းသာစွာယူထားသည်။ သူ့ဆေးခန်း ပိတ်သောအခါ ဆေးခန်းမလာနိုင် သော လူနာများထံလိုက်ကြည့်ပြန် သည်။&#13;
&#13;
          ထိုဆောင်းပါးကို ဖတ်ရင်း ဒီ လိုဆရာဝန်မျိုး ရှားတယ်ဟု တွေးမိ ပြန်သည်။ တစ်ဆက်တည်းပင် ၁၉၆၇-၆၈ ခုနှစ်လောက်က ရွှေဂုံ တိုင်လမ်းတွင် ဆေးခန်းဖွင့်သွားသော ဆရာဝန် ဒေါက်တာတင်စိုးကို သတိ ရမိသည်။ ဒေါက်တာ တင်စိုးက သူ့ ဆေးခန်းတွင် စာရေးကပ်ထားသည်။ သင်ဝင်ငွေ ၃ဝဝ ရှိလျှင် ဆေးဖိုး သုံးကျပ်။ သင်ဝင်ငွေ ၂ဝဝ ကျပ်ရှိ လျှင် ဆေးဖိုးနှစ်ကျပ်။ သင်ဝင်ငွေ ၁ဝဝ ကျပ်ရှိလျှင် ဆေးဖိုးတစ်ကျပ် သာပေးပါ။ ဆေးဖိုးမပေးနိုင်၍ ဆေး ခန်းမလာဘဲ မနေပါနှင့် ဟု စာ ရေးကပ်ထားလေသည်။ ကျွန်တော့် သားအငယ် ြ&lt;ွကက်သားရောဂါဖြစ် ရာ ဒေါက်တာတင်စိုးနှင့်ကုသဖူး သည်။ အလွန်စိတ်ချမ်းသာ၍ ကျေး ဇူးတင်မဆုံးဖြစ်ရသည်။ ဒေါက်တာ တင်စိုး မော်လမြိုင်ပြောင်းသွားပြီး နောက်မတွေ့ရတော့သည်မှာ ကြာပါ ပြီ။&#13;
&#13;
          ကုရော့သည် ဘဲလ်မော့န်ဆို သော မြို့ကလေးသို့ ရောက်သည်။  ထိုမြို့ကလေးမှာ စက်ဘီးဆရာ တစ် ဦးနှင့်တွေ့သည်။ သူသည် စက်ဘီး အဟောင်းများကို စုသည်။ ရသမျှ  အချိန်ရှိသရွေ့ြ့ပင်နေသည်။ အချို့ လူ များသည် စက်ဘီးပျက်လျှင် မပြင် တော့ဘဲ အမှိုက်ပုံပစ်ကြသည်။ ငွေ ကြေးချမ်းသာသူများဖြစ်ကြသည်။ အများအားဖြင့် ဆင်းရဲသော ကလေး များ စက်ဘီးဝယ်မစီးနိုင်ကြ။ ဂျက်  သရိုမန်းငယ်စဉ်က စက်ဘီးဝယ် မစီး နိုင်ခဲ့။ သူ့လို စက်ဘီးဝယ်မစီးနိုင် သော ကလေးများကို များစွာ စာနာ ပြီး စက်ဘီးဟောင်းများပြင်၊ ကလေး များဆိုလျှင် အလကားပေးစီးသည်။  လူကြီးများကတော့ လက်မှတ်ထိုး ယူသွား။ သူ့ဆိုင်သည် စက်ဘီး အလုပ်ရုံဖြစ်တော့သည်။ သူကတော့ တစ်နေကုန် စက်ဘီးပြင်နေသည်။&#13;
&#13;
          ဒေါ်ငှက်ဆိုသော အမျိုးသမီး ကြီးတစ်ဦးရပ်ကွက်ထဲမှာ ရှိသည်။  သူက ချမ်းသာလှသူမဟုတ်။ တစ် ကိုယ်တည်းနေ၍ စားနိုင်ရုံသာရှိ သည်။ သို့သော် သူစားဖို့ ထက် ငှက် ကလေးများကို အစာဝယ်ကျွေးဖို့ အဓိ ကဖြစ်သည်။ သူ့အမည်ကို မခေါ်။ ငှက်တွေကို အကြောင်းပြု၍ ဒေါ် ငှက်ဟု ခေါ်ကြသည်။ သူတို့ဆီမှာ ငှက်များကို အစာကျွေးခွင့်မရှိ။ ဥပဒေ ရှိသည်။ သို့သော် ဒေါ်ငှက်ကတော့ ငှက်ကလေးများအားလုံးကို အစာ ကျွေးနေသည်။ သူ့ကိုတော့ ခွင့်ပြု ထားပုံရေးဖွဲ့ထားသည်။ သူသည် အဘွားကြီးဖြစ်သည်အထိ ငှက်များ ကို အစာကျွေးနေရာ တားဆီးမည့် သူမရှိတော့။ သူသွားလေရာ ခေါင်း ပေါ်မှာ ငှက်များကဝိုင်းရံလိုက်ကြ သည်။&#13;
&#13;
          ဘူဂေးရီးယားကို ကယ်တင်သူ ဟူသော စာတစ်ပုဒ်ကိုလည်း ဖတ်ဖြစ်သည်။ လူငယ်ကလေးတစ်ဦးသည် စွန့်စားပြီး ဘူဂေးရီးယား နိုင်ငံရောက်သွား၏။ သူက သတင်းထောက် ပေါက်စဖြစ်၏။ ဘူဂေးရီးယားကို တူရကီများ ကျူးကျော် တိုက်ခိုက်လာရာ သူက ဝိတိုရိယ ဘုရင်မကြီးထံရောက်အောင် သတင်းပို့သည်။ ခုခေတ်လို မီဒီယာဆက်သွယ်ရေးတွေ မကောင်းသေး။ အင်္ဂလိပ်တပ်များကူညီ၍ ကျူးကျော်သူများကို တိုက်ထုတ်နိုင်သဖြင့် ထိုလူငယ်သတင်းထောက်ကလေးမှာ ဘူဂေးရီးယားကို ကယ်တင်သူအဖြစ် ဂုဏ်ပြုခံရ၏။ ဖတ်စရာ ဆောင်းပါး ကောင်းတွေ ပြည့်နေသည်။ ဆရာ စိန်ခင်မောင်ရီ ဘာသာပြန်ကလည်း ရှင်းလင်းပြေပြစ်သည်။ လမ်းပေါ်က စိတ်ဝင်စားစရာ လူတွေအကြောင်း ဖတ်၍မငြီးနိုင်။ သံရုံးထုတ်စာအုပ် ဖြစ်နေ၍သာ။ သို့မဟုတ် ဆရာစိန် ၏လက်ရာသည် အမျိုးသား စာပေ ဆုပင် ရလောက်သည်ဟုထင် ပါ သည်။&#13;
&#13;
          ဆရာစိန် ကွယ်လွန်သည်မှာ နှစ် ၂ဝ ပြည့်ပါပြီ။ မထင်မရှား သူ၏ လက်ရာသန့် စာအုပ်တစ်အုပ်ကို တွေ့ရှိရ၍ အမှတ်တရ ဂုဏ်ပြု တင်ပြ လိုက်ရပါသည်။&#13;
&#13;
မြတ်ဆွေ&#13;
 &#13;
</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="31">
        <name>Birth Date</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="828">
            <text>1925 - 1992</text>
          </elementText>
        </elementTextContainer>
      </element>
      <element elementId="35">
        <name>Biographical Text</name>
        <description/>
        <elementTextContainer>
          <elementText elementTextId="829">
            <text>ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ဆောင်းပါးများ (သောင်းပြောင်းထွေလာ)</text>
          </elementText>
          <elementText elementTextId="18329">
            <text>မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်&#13;
&#13;
ပြောပြချင်တဲ့ ရုပ်ရှင်ဝေဖန်ရေးအကြောင်း&#13;
&#13;
ကိုညို(ကမာရွတ်)&#13;
&#13;
ယနေ့မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ခရီးရောက်ချိန်တွင် မြန်မာ့ရုပ်ရှင်ကား ရိုက်ကူးတင်ပြပုံနှင့် ဇာတ်ကား အရည်အသွေး၊ အဆင့်အတန်းတို့ ပြောင်းလဲတိုးတက် မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ခရီးအလွန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးအနေဖြင့် များစွာ ကြိုးပမ်းကြရဦးမည် ဖြစ်သည်။&#13;
မြန်မာ့ရုပ်ရှင်လောကတွင် သရဲကားခေတ်ကောင်း လျှင် သရဲကားရိုက်၊ ဟာသကား ခေတ်ကောင်းလျှင် ဟာသကား၊ မင်းသားတွေ မိန်းမလိုဝတ်ပြီး မိန်းမလျာပုံ လုပ်ကာ ခေတ်ကောင်းလျှင် ရှိသမျှမင်းသားအကုန် မိန်းမ လျာလိုရိုက်၊ ထို့ကြောင့် ရုပ်ရှင်ဖန်တီးမှု အတတ်ပညာနှင့် သရုပ်ဆောင်အရည်အသွေးတို့ လျော့နည်းလာခဲ့သည်။ ယင်းသို့ဖြင့် မြန်မာ့ရုပ်ရှင်အပေါ် ရုပ်ရှင်ချစ်သူပရိသတ် ကြီး၏ စိတ်ဝင်စားမှုလျော့ပါးခဲ့သည်။ ရုပ်ရှင်ဇာတ်ကား ကို အနုပညာမြောက်အောင် ရိုက်ကူးထုတ်လုပ်တင်ပြ သော တန်းမြင့်ဇာတ်ကားများရှိသော်လည်း ရုပ်ရှင် လောကကြီး၏ အသိအမှတ်မပြု၊ မျက်ကွယ်ပြုခံရသည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့ရသည်။&#13;
အဆိုပါအခြေအနေမှာ မြန်မာ့ရုပ်ရှင်လောကကြီးတွင် ရုပ်ရှင်ဝေဖန်ရေးကောင်း ကင်းမဲ့နေခြင်းကြောင့်ဟု ဆိုရမည်ဖြစ် သည်။ ထို့ကြောင့် ယခုဆောင်းပါးမှနေပြီး မြန်မာ့ရုပ်ရှင်လောကတွင် ပြောင်မြောက်သော ရုပ်ရှင် ဝေဖန်ရေးများ ရှိခဲ့သည်ကို မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်ခရီးအထိမ်းအမှတ်အဖြစ် တစေ့တစောင်းရေးသား တင်ပြရခြင်းဖြစ်ပါသည်။&#13;
ဤတွင် ရုပ်ရှင်ဝေဖန်ရေးအကြောင်းပြောရလျှင် “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါခင်ဗျား” ခေါင်းစဉ်ဖြင့် ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာမှစပြီး ကြေးမုံခင်မောင်ရီ အမည် ဖြင့် ရုပ်ရှင်ဝေဖန်ရေးကို တစိုက်မတ်မတ်ရေးခဲ့သည့် သတင်းစာဆရာ စိန်ခင်မောင်ရီအကြောင်းကို ချန်လှပ်၍ မရနိုင်ပါ။ သူ၏ ရုပ်ရှင်ဝေဖန်ရေးများက ထက်မြက် ထိရောက်သလို သတင်းခေါင်းတပ်ရာတွင်လည်း လက်သံ ပြောင်သည့်အတွက် ဆရာဇဝနက ခင်မောင်ရီ၏ရှေ့တွင် စိန်တပ်ပေးခဲ့ခြင်းဖြစ်သည်။ (ယနေ့ခေတ် မီဒီယာ သမားတချို့က စိန်ခင်မောင်ရီကို ဆိုင်းဆရာ ရွာစား လားဟု မေးခဲ့သည်ကို ကြားဖူးသည်)။&#13;
စိန်ခင်မောင်ရီ ကြေးမုံသတင်းစာတိုက် အယ်ဒီတာ ချုပ်တာဝန်ထမ်းဆောင်နေစဉ်က စာရေးဆရာ အသင်း အတွင်းရေးမှူးအနေဖြင့် အင်္ဂလန်နှင့် ရုရှားနိုင်ငံတို့သို့ သွားခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင်အဖြစ်လည်း ပါခဲ့ဖူးသည်။ ရုပ်ရှင်ဝေဖန်ရေး ဆရာစိန်ခင်မောင်ရီသည် ၁၉၈၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်(သုတ) ဆု)ကို “အနာတဟန်” အမည်ရှိ စာအုပ်နှင့် ချီးမြှင့်ခံရပါသည်။ စိန်ခင်မောင်ရီသည် ရုပ်ရှင် ဝေဖန်ရေးများ ရေးနေသော်လည်း “အမွန်က တစ်ဖက်၊ သူတို့က တစ်ဖက်” နှင့် “ ရွှေလက်ဖြင့် ခေါ်လဲမလာ” ရုပ်ရှင်ဇာတ်ညွှန်းတို့ကိုလည်း ရေးခဲ့ဖူးသည်။ ထို့အပြင် စောင်းသိန်းဖေဆိုခဲ့သည့် “ငွေညှို့ပင်” မြန်မာ့အသံ ဓာတ်ပြားရသီချင်းသည် စိန်ခင်မောင်ရီ၏လက်ရာ ဖြစ် သည်။ ပြဇာတ်တွင်လည်း “မြေပိုင်ရှင် ဦးကံကောင်း နဲ့သမီးများ” ပြဇာတ်သည် သူ့လက်ရာ ဖြစ်သည်။&#13;
သတင်းစာဆရာ၊ အမျိုးသားစာပေဆုရှင်၊ စာရေး ဆရာ၊ သီချင်း၊ ဇာတ်ညွှန်း၊ ပြဇာတ်ရေးဆရာ၊ ဘာသာပြန် ဆရာ စသည့်စွယ်စုံရ စိန်ခင်မောင်ရီသည် မဟေသီ မဂ္ဂဇင်းတွင် ရုပ်ရှင်ဝေဖန်ရေး ပင်တိုင်ရေးသားရင်း ၁၉၉၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။&#13;
ထို့ကြောင့် မြန်မာ့ရုပ်ရှင်လောကကြီး နှစ်(၁၀၀) ပြည့်မြောက်ခရီးတွင် သတင်းစာဆရာ၊ ရုပ်ရှင်ဝေဖန်ရေး ဆရာ စိန်ခင်မောင်ရီဆိုသော ပြယုဂ်သည် ပျောက်ပျက် မှေးမှိန်သွား၍ မရနိုင်ပါ။ ရုပ်ရှင်လောကကြီးအတွက် ထင်ရှားပေါ်လွင်သော ရုပ်ရှင်ဝေဖန်ရေးအကြောင်းအရာ တစ်ရပ် ဖြစ်နေသည်။&#13;
ဆရာစိန်ခင်မောင်ရီ ကြေးမုံသတင်းစာတွင် အယ်ဒီတာလုပ်ပြီး ရုပ်ရှင်ဝေဖန်ရေးများ ရေးနေချိန်က ကြေးမုံသတင်းစာတိုက်ပေါ်သို့ လူလေးငါးယောက် လောက်တက်လာပြီး ရန်ရှာခံရဖူးသည်။ သူတို့ ရုပ်ရှင် ဇာတ်ကားကို ဝေဖန်ရေး ရေးသဖြင့် မကျေနပ်သည့် အတွက် အုပ်စုဖွဲ့ပြီး ရန်လာရှာခြင်း ဖြစ်သည်။ ထို့အပြင် ချောင်းရိုက်မည်ဆိုပြီး နေအိမ်သို့လည်း ပစ်စာတွေ ရောက်ခဲ့သည်။&#13;
ဆရာစိန်ခင်မောင်ရီသည် နောက်ပိုင်းကာလများတွင် မဟေသီမဂ္ဂဇင်း၌ ပင်တိုင်ရုပ်ရှင်ဝေဖန်ရေး ရေးခဲ့သည်။ ထူးခြားချက်မှာ မြေနီကုန်းရှိ ရွှေမန်း၊ ရတနာပုံ၊ တပင် ရွှေထီး ရုပ်ရှင်ရုံများတွင်တင်သည့် မြန်မာရုပ်ရှင် ဇာတ်ကားသုံးကားကို တစ်နေ့တည်းကြည့်ပြီး တစ်ည လုံး ရုပ်ရှင်ဝေဖန်ရေး ထိုင်ရေးခဲ့ခြင်းပင်ဖြစ်သည်။ (ရုပ်ရှင် ရုံကြီးကြပ်ရေးမှူးများက စိန်ခင်မောင်ရီမှန်းသိသည့် အချိန်မှစပြီး ရုပ်ရှင်ရုံဝင်ခ သက်သာခဲ့သည်။)&#13;
ယင်းသို့ ကြည့်သည့်အခါ ရုပ်ရှင်ကြည့်ပရိသတ်၏ ပြောသံဆိုသံတို့ကို နားထောင်ပြီးမှ ဝေဖန်ရေး ရေးခဲ့ သည်ဟု သိရသည်။ သူ့ကို ရုပ်ရှင်လောကသားတချို့က စိန်ခေါ်ဖူးသည်။ ရုပ်ရှင်ဇာတ်ကား မရိုက်တတ်ဘဲ ဝေဖန် ရေး ရေးသည်ဟုဆိုခြင်းကို ဆရာစိန်ခင်မောင်ရီက ထမင်း စားဝိုင်းနှင့် ဥပမာပေး ချေပဖူးသည်။ ထမင်းစားသူသည် ထမင်းဝိုင်းမှာပါသည့် ဟင်းလျာတို့၏ အပေါ့၊ အငန်၊ အစပ်ရသာတို့ ပြောနိုင်ရန်အတွက် ဟင်းချက်တတ်ရန် မလိုဟူ၍ ပြန်တုံ့ပြန်ဖူးသည်ဟု သိရသည်။&#13;
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ခရီးအထိမ်းအမှတ် အဖြစ် တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးသည့် ရုပ်ရှင်ဝေဖန်ရေး ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုပ်ရှင်ဝေဖန်ရေးဆရာ စိန်ခင်မောင်ရီ၏ အကြောင်းအရာ တစ်စိတ်တစ်ဒေသကို အမှတ်တရပြန်လည်တင်ပြလိုက်ပါသည်။ ။&#13;
&#13;
ဩဂုတ်လ (၁၀) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ</text>
          </elementText>
        </elementTextContainer>
      </element>
    </elementContainer>
  </itemType>
  <elementSetContainer>
    <elementSet elementSetId="1">
      <name>Dublin Core</name>
      <description>The Dublin Core metadata element set is common to all Omeka records, including items, files, and collections. For more information see, http://dublincore.org/documents/dces/.</description>
      <elementContainer>
        <element elementId="50">
          <name>Title</name>
          <description>A name given to the resource</description>
          <elementTextContainer>
            <elementText elementTextId="825">
              <text>Sein Khin Maung Yi</text>
            </elementText>
          </elementTextContainer>
        </element>
        <element elementId="41">
          <name>Description</name>
          <description>An account of the resource</description>
          <elementTextContainer>
            <elementText elementTextId="826">
              <text>စိန်ခင်မောင်ရီ</text>
            </elementText>
          </elementTextContainer>
        </element>
      </elementContainer>
    </elementSet>
  </elementSetContainer>
  <tagContainer>
    <tag tagId="211">
      <name>Critic</name>
    </tag>
    <tag tagId="145">
      <name>Sein Khin Maung Yi</name>
    </tag>
    <tag tagId="197">
      <name>Writer</name>
    </tag>
    <tag tagId="146">
      <name>စိန္ခင္ေမာင္ရီ</name>
    </tag>
    <tag tagId="210">
      <name>စိန်ခင်မောင်ရီ</name>
    </tag>
  </tagContainer>
</item>
