U Kyi Maung

Dublin Core

Title

Description

ဦးကြည်မောင်

Person Item Type Metadata

Birth Date

Biographical Text

အုပ်ချုပ်ပိုင်ခွင့်နှင့် ဂန္ဓီခန်းမ မိန့်ခွန်း

Bibliography

http://en.wikipedia.org/wiki/Kyi_Maung
ဦးကြည်မောင် (သို့မဟုတ်) ..စာအုပ်ကြော်ငြာ
ဖျောက်ဖျက်ထားသည့်ကြားမှ ထင်ရှားနေဆဲ သမိုင်းစာမျက်နှာတစ်ရွက်

စာရေးသူ - ဦးကြည်မောင်နှင့် ကလောင်စုံ
စာပေအမျိုးအစား - စာပေါင်းချုပ်နှင့် နိုင်ငံရေးအတ္ထုပ္ပတ္တိ
တန်ဖိုး - (၁၀၀၀၀) ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ

=====================================

ဦးကြည်မောင်ဆိုတာ သာမာန် လူပုဂ္ဂိုလ်တစ်ယောက် ထက်ပိုမိုပြီး ဒီမိုကရေစီရဲ့ အခြားသော အမည်နာမ တစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့က ခံယူပါတယ်။ ဒီနာမည်ကို အာဏာရှင် လက်ဟောင်း/လက်သစ်တွေက ကြောက်လန့်တကြားနဲ့ ဖျောက်ဖျက်ဖို့ အမြဲလိုလို ကြိုးစားလေ့ရှိကြပေမဲ့ သူ့နာမည်သာ သမိုင်းစာမျက်နှာပေါ် ထင်ကျန်ရစ်စမြဲ။ သူဟာ ကာနယ်ကြည်မောင် အနေနဲ့လည်း ထင်ရှားပြီး မြန်မာစစ်ဗိုလ်များထဲမှာ ရှားရှားပါးပါး ပညာတတ်စစ်ဗိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ နိုင်ငံရေးဖြတ်သန်းမှုကို လေ့လာကြည့်မယ် ဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်း ကိုလှရွှေတို့နှင့် တွဲဖက်၍ သမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၃၀၀ပြည့် အရေးတော်ပုံရဲ့ အလံကိုင် ကျောင်းသား ခေါင်းဆောင်၊ သီရိပျံချီဘွဲ့ရှင်၊ လွတ်လပ်ရေးမော်ကွန်းဝင် နိုင်ငံဂုဏ်ရည် ဒုတိယအဆင့်၊ တော်လှန်ရေး ကောင်စီဝင်၊ အာဏာရှင် ဦးနေဝင်း၏ နိုင်ငံရေးအကျဉ်းသား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူ Founder အဖွဲ့ဝင်၊ နောက်- - - ဒီ/ချုပ် ကို ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိအောင် အဓိက ဦးဆောင်မှုပေးခဲ့သော ဒုဥက္ကဋ္ဌဟောင်း . . စသဖြင့် တွေ့မြင်နိုင်ပါတယ်။ နိုင်ငံရေး၌သာမက စာပေ ဂီတ ရုပ်ရှင် ပြဇာတ် စတဲ့ အနုပညာလုပ်ငန်း များမှာပါ မွေ့လျော်သူလည်း ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဦးကြည်မောင်၏ စာပေါင်းချုပ်နဲ့ နိုင်ငံရေး အထ္ထုပ္ပတ္တိ အဖြစ် ရည်ညွှန်း ဖော်ပြထားတာ တွေ့ရပါမယ်။ ဦးကြည်မောင် ရေးသားထုတ်ဝေ ပြီးသမျှ စာများ စာတမ်းများ ဘာသာပြန်လက်ရာများ အင်တာဗျူးများ အပြင် သမိုင်းဝင် ဂန္ဒီခန်းမ မိန့် ခွန်းအထိ ပါဝင်ပါတယ်။

ဘာကြောင့် ၁၉၉၀ ခုနှစ်တုန်းက ဂန္ဒီခန်းမမှာ ဒီ/ချုပ် အမတ်တွေဟာ စင်ပြိုင် မကြေညာခဲ့တာလဲ။ ဦးကြည်မောင် က ဗိုလ်ခင်ညွန့်နဲ့ စစ်အုပ်စုကို နူရင်ဘတ်ခုံရုံး နဲ့ခြိမ်းခြောက် ပြောဆိုခဲ့တာကြောင့် အနိုင်ရ ဒီချုပ် ပါတီကို နဝတ က အာဏာ မလွှဲပေးခဲ့ဘူးဆိုတဲ့ အချက်ဟာ တကယ် အမှန်ပဲလား။ နဝတအစိုးရ ရဲ့ အကြောင်းပြချက် သက်သက်လား။

အဲဒီ နျုရင်ဘတ်ခုံရုံး ပြဿနာရဲ့ မူလ အခြေခံအကြောင်းအရာ ဖြစ်တဲ့ Asia Week မဂ္ဂဇင်းမှာဖော်ပြခဲ့သော ဒေါမနစ်ဖူလ်ဒါရဲ့ "We Play Fair" အင်တာဗျူး အပြည့်အစုံကို ဖတ်ရှုရမဲ့ အပြင်၊ ဒါနဲ့ပတ်သက်လို့ ကာယကံရှင်ကိုယ်တိုင် အကျယ် ရေးသားချက်များကိုပါ ဒီစာအုပ်ထဲမှာ အဖြေ ထုတ်ပေးထားပါတယ်။

ဒီစာအုပ်မှာ သခင်တင်မြ၊ မာမာအေး၊ ဟံသာဝတီဦးဝင်းတင်၊ ဒဂုန်တာရာ၊ တင်မောင်ဝင်း၊ ဖျာပုံတင့်ဆွေ၊ သူရဦးတင်ဦး၊ ဒဂုန်ကြည်စိုး၊ ဦးခင်မောင်ဆွေ၊ တင်မောင်ဦး၊ ကိုဝ၊ ဦးထွေးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်... (စသူတို့ရဲ့) ဦးကြည်မောင်အကြောင်း အမှတ်တရ ရေးသား ပြောကြားချက်များ ဒေါမနစ်ဖူလ်ဒါ၊ အဲလန်ကလီမင့်တို့နဲ့ အင်တာဗျူးများ အပြင်... ကိုတာနဲ့ နေထွန်းနိုင်တို့ရဲ့ ဦးကြည်မောင်အပေါ် လေ့လာသုံးသပ်ချက်များ ကိုလည်း ပြည့်စုံစွာ ထည့်သွင်း ဖော်ပြထားပါတယ်။

(အွန်လိုင်းကနေ မှာယူလိုသူများ အနေနဲ့ #RoadsOfYangon Page Message Box သို့ စာအုပ်လက်ခံမဲ့ လူအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များကို ပေးပို့ပေးရမှာ ဖြစ်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ Delivery ပို့ခ တစ်အုပ် ကို ၇၀၀ ကျပ် ဖြစ်ပြီး၊ ၂ အုပ်နဲ့ အထက်ဆို ဘယ်နှစ်အုပ်ပဲ မှာ မှာ ပို့ခ ၁၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဖုန်းနံပတ် 09971739227 သို့လည်း တိုက်ရိုက် ဆက်သွယ်မှာယူနိုင်ပါတယ်။)

Tharapa Message Bot Order Link -
m.me/794045060787128?ref=item_3977

အရောင်ရဆုံးစာအုပ်များ -
m.me/794045060787128?ref=View%20Catalogue

ဦးကြည်မောင် (စစ်ဗိုလ်ဟောင်း NLD ပါတီ) ကို Good Myanmar အဖြစ် လေးစားစွာ မှတ်တမ်းတင်ပါတယ်။
TSP (Politic)
22-8-2020

Citation

“U Kyi Maung,” MoeMaKa Online Library Archives, accessed November 4, 2025, https://moemaka.net/omeka2/items/show/125.