Skip to main content
MoeMaKa Online Library Archives

Myself - မောင်ရစ်

Myanmar Wikipedia က မောင်ရစ်

မောင်ရစ်၏ဘဝစာမျက်နှာ

မောင်ရစ်သည်ရန်ကုန်စက်မူတက္ကသိုလ်တွင်ပညာသင်ကြားရင်းနှင့်ပင်ကာတွန်းဘောက်စ်၌အတောအသင့်နာမည်ရနေသောကာတွန်းသမားတစ်ယောက်ဖြစ်ခဲ့သည်။ BEဘွဲ့ကိုရရှိပြီးနောက်တွင် အပြင်ကွန်ပြူတာသင်တန်းများတွင် ကွန်ပြူတာအတတ်ပညာကို လေ့လာလိုက်စားခဲ့ကာ သူငယ်ချင်းများနှင့် ကိုယ်ပိုင်ကွန်ပြူတာဆိုင် ဖွင့်နိုင်ခဲ့သည်။ မောင်ရစ်သည်ကွန်ပြူတာကျွမ်းကျင်သူတစ်ယောက်အဖြစ်၎င်း၊ ကာတွန်းဆရာတစ်ယောက်အဖြစ်၎င်း၊ စာရေးဆရာတစ်ယောက်အဖြစ်၎င်းရပ်တည်နေထိုင်လျက်ရှိပါသည်။

စာပေဘဝ

မောင်ရစ်သည်ရန်ကုန်စက်မူတက္ကသိုလ်တွင်ပညာသင်ကြားနေရင်းဖြင့် ကာတွန်းဘောက်စ်တွင် ကာတွန်းများအများအပြားရေးဆွဲခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍အတွေးအမြင်မဂ္ဂဇင်းတွင် "စာဖတ်တာ"ဟူသော ဆောင်းပါးဖြင့် စာပေလောကထဲသို့ ဝင်လာခဲ့သည်။ ထို့နောက်အတွေးအမြင်တွင်ပင်ကလေးအတွေး၊ ဘဝ၏ရည်မှန်းချက်၊ ပုံပြင်များ၊ စာနယ်ဇင်း၊ ခါးသီးတဲ့အမှန်၊ နည်းပညာတော်လှန်ရေး၊ ပေမှီထောင့်မှီ၊ ကျွန်တော်တို့ရဲ့ဘဘကြီး၊ အင်တာနက်ထဲမှာ မောင်ရစ်ကိုထားရစ်ခဲ့ အစရှိသဖြင့်ဆောင်းပါးများစွာ ရေးသားခဲ့သည်။

ကာတွန်းမောင်ရစ်အမည်ဖြင့်ဖခင်ဖြစ်သူ၏သင်္ချာ "ဆောင်ပါးများနှင့် Working People Daily သတင်းစာများ (၁၉၈၇-၈၈)တွင်ဖခင်ဖြစ်သူ၏ ဆောင်းပါးများအတွက် ကာတွန်းတိုများ များစွာရေးဆွဲခဲ့သည်။

ထို့ပြင်အင်္ဂလိပ်စာသင်ခန်းစာကာတွန်းများဖြစ်သော "ရွှေမိနှင့်အင်္ဂလိပ်စာ" ကာတွန်းတစ်မျက်နှာများကို လစဉ် မင်္ဂလာမောင်မယ် မဂ္ဂဇင်းတွင် ၁၉၉၆-ခုနှစ်လောက်အထိ ရေးသားခဲ့သည်။

၁၉၉၂ခုနှစ်တွင်ပညာရေးဗျူရိုအတွက်အသုံးလုံးစာအုပ်များဖြစ်သော"လက်ဖျန့်တောင်းရန်မလိုပါ။"

"ဒေါ်လှတင့်တာဝန်ကျေပါသည်""စာအုပ်အငှားဆိုင်ကလေး"အစရှိသောသရုပ်ဖော်ပန်းချီများဖြင့်ရေး သားသရုပ်ဖော်ခဲ့သည်။

ဖခင်ဖြစ်သူဒေါက်တာခင်မောင်ဝင်းရေးသားခဲ့သော"အခြေခံသင်္ချာသစ်" စာအုပ်တွင် အတွင်းသရုပ်ဖော်ပုံများကို ၁၉၉၁(လောကသစ်စာပေ) တွင်ရေးဆွဲပေးခဲ့သည်။ ထို့အပြင်အဖွားဖြစ်သူရေးသားခဲ့သော "Gift of laungter"

အင်္ဂလိပ်စာအုပ် ၁၉၉၅ခုနှစ်(ပါရမီစာပေ)အတွက်အတွင်းအပြင်မျက်နှာဖုံးပုံများကိုရေးဆွဲပေးခဲ့သည်။

ညီမဖြစ်သူ ဂျူနီယာဝင်း ၏သိပ္ပံဆောင်းပါးတစ်ချိူ့အတွက်ကာတွန်းပုံများနှင့် English for All မဂ္ဂဇင်းကဗျာ တချိူ့အတွက် ကာတွန်းပုံတချို့ ရေးဆွဲပေးနေဆဲဖြစ်သည်။

ယခုအချိန်ထိ မောင်ရစ်အမည်ဖြင့် ဆောင်းပါးများ၊ ကာတွန်းများရေးဆွဲ နေဆဲဖြစ်ပါသည်။

မိုးမခ မောင်ရစ်သည်၊ စင်ကာပူနိုင်ငံတွင် ကွန်ပြူတာအလုပ်အကိုင်လုပ်ကိုင်ရာမှ အမေရိကန်နိုင်ငံတွင် ပညာသွားရောက်သင်ကြားခဲ့သည်။ မဟာဘွဲ့ကိုရရှိပြီးနောက် ဆန်ဖရန်စစ်စကိုစတိတ်ယူနီဗာစတီ တွင်စာကြည့်တိုက်မှူးအလုပ်လုပ်ကိုင်လျှက်ရှိသည်။ မိုးမခရေဒီယို အင်တာနက်အစီအစဉျကို အသံလှှင့်ဝါသနာရှင် မြန်မာများနှင့် စတင်ခဲ့ပြီး၊ မိုးမခမီဒီယာအဖြစ် မြန်မာ့အရေးစာပေ၊သတင်းများကို အင်တာနက် moemaka.com မှတဆင့် ထုတ်လှှင့်ရတွင် တာဝန်ခံဖြစ်သည်။ ၂၀၀၉တွင် အမေရိကန်သမ်မတ အိုဘားမားက အိမ်ဖြူတော်သို့ ဖိတ်ခေါ်တွေ့ဆုံရာတွင် တိုက်ပုံ၊ပုဆိုး၊လွယ်အိတ်ဖြင့် တက်ရောက်ခဲ့သော မြန်မာဘလောက်ကာတစ်ဦးဖြစ်သည်။