Skip to main content
MoeMaKa Online Library Archives

My Father - Dr Khin Maung Win (Math)

Dr Khin Maung Win (Math)

Math Series by Dr Khin Maung Win (Math)

His Math Series in Publication

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) (၁၉၄၀-)
ဒေါက်တာခင်မောင်ဝင်းသည် အဘဦးခင်မောင်လတ်၊ အမိဒေါ်ခင်မျိုးချစ်တို့မှ ၁၉၄၀ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်၌ ဖွားမြင်သည်။
၁၉၅၆ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဝဂ္ဂီကျောင်းမှ ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်တက်ခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် သင်္ချာအထွေထွေဂုဏ်ထူး BA (General ) ဘွဲ့ကို ရရှိသည်။
၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှမဟာဝိဇ္ဇာ(သင်္ချာ)MA (Maths) ကို
ရရှိခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ဒေါ်ခင်ညွန့်ရီ (ခေါ်) တက္ကသိုလ်ရွှေရီဝင်းနှင့် အိမ်ထောင်ကျပြီး သားနှင့်သမီး အမွှာမောင်နှမ မောင်ရစ် နှင့် ဂျူနီယာဝင်းတို့ကိုရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပညာတော်သင်သွားပြီး ၁၉၇၀ ပြည့်နှစ်တွင် ကွန်းတက္ကသိုလ် (Caen) မှ ဒေါက်တာဘွဲ့ (Ph.D) ကိုရရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်(ရန်ကုန်) ပုသိမ်ဒီဂရီကောလိပ် (ယခု တက္ကသိုလ်)၊ တက္ကသိုလ်စာပေးစာယူသင်တန်းဌာန (ယခုအဝေးသင်တက္ကသိုလ်) တို့တွင်အမှုထမ်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ သင်္ချာပါမောက္ခရာထူးမှ အနားယူခဲ့သည်။
အမှတ် ၅၀၅/၈၊ ပြည်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တွင် နေထိုင် လျက်ရှိပါသည်။