>
မိုးမခ
မေ ၂၈၊ ၂၀၀၈
လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီကို လက်ခံရန်၊ ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးရန် ပြည်ပရောက် မြန်မာပြည်သား ရဟန်းရှင်လူများကလည်း ယမန်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြသည်။ သိရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တို့တွင် ဖြစ်သည်။ (AP)
အဖွဲ့ချုပ်ရုံးအပြင်ဘက်တွင် အဖွဲ့ဝင်အချို့က စစ်အစိုးရကို ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတကာအကူအညီများ လေဘေးဒုက္ခသည်များထံ အမြန်ဆုံးရောက်ရှိရေး၊ ဒေါ်စုလွတ်မြောက်ရေး တို့ကို တောင်းဆိုခဲ့သည်။ ထို့နောက် ဒေါ်စု၏နေအိမ်ဘက်သို့ ချီတက်ကြသည်။ (AFP)
ဒေါ်စု၏အိမ်သို့ချည်းကပ်ရာလမ်းကို လုံခြုံရေးအထပ်ထပ် ပိတ်ထားသည်။ ယမန်နေ့က လုံခြုံရေး ပိုမိုတိုးမြှင့်ထားသည်။ နိုင်ငံရေးအခမ်းအနားပြုလုပ်နေသည့် အဖွဲ့ချုပ်ရုံးအနီးတွင်လည်း လုံထိန်းအင်အား အများအပြား ချထားသည်။ (Reuters)