Daw Hninn Hninn Hmwe

117598272_3048179295310436_6493791293861802248_o.jpg

Dublin Core

Subject

Description

ဒေါ်နှင်းနှင်းမွှေး၊ ၂၀၂၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊

Person Item Type Metadata

Biographical Text

ဒေါ်နှင်းနှင်းမွှေး၏ ကိုယ်ရေးအကျဉ်း

- အဘဦးကျော်မင်းနှင့် အမိ ဒေါ်စောကြည်တို့က ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့၊
- ဖခင်ဖြစ်သူမှာ BIA (ဗမာ့လွတ်လပ်ရေးတပ်မတော်)၊ ပြည်သူ့ရဲဘော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (ပုဇွန်တောင်မြို့နယ်)တို့တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သဖြင့် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများနှင့် ငယ်စဉ်ကပင် ရင်းနှီးခွင့်ရရှိခဲ့၊
- ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ်(ပင်မ)၊ အဝေးသင်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့(သမိုင်း အထူးပြု)ကို ရရှိခဲ့၊
- ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးတွင် သာကေတမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့၊
- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သာကေတမြို့နယ်စည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသည့် ၁၉၈၈-၈၉ ခုနှစ်ကာလများတွင်း စစ်ထောက်လှမ်းရေးများ၏ မကြာခဏ ရှာဖွေဖမ်းဆီး ချုပ်နှောင်ခြင်းကိုခံခဲ့ရ၊
- သာကေတမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ ဆန္ဒပြမှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟုဆိုကာ ၁၂၊ ၈၊ ၈၉ တွင် စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးခြင်းကို ခံရပြီး အရေးပေါ်အက်ဥပဒေ ၅(ည)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်းကို ခံခဲ့ရ၊
- ၂၅၊ ၉၊ ၉၀ တွင် အနိုင်ရပါတီအာဏာအပ်ရေး ထောင်တွင်းဆန္ဒပြမှုကြောင့် အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ရိုက်နှက်ပြောင်းရွှေ့ခြင်းခံရ၊
- ၄၊ ၂၊ ၁၉၉၂ တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး ဗကသများအဖွဲ့ချုပ် ပြန်လည်ပေါ်ထွန်းရေးကော်မတီတွင် ပါ၀င်ဆောင်ရွက်ခဲ့ခြင်းကြောင့် စစ်ထောက်လှမ်းရေးများက လိုက်လံဖမ်းဆီးသဖြင့် ၀ရမ်းပြေးဘ၀ဖြင့် ရှောင်တိမ်းနေထိုင်ခဲ့ရ၊
- ၁၀၊ ၁၊၉၇ တွင် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းကိုခံရပြီး မတရားအသင်းအက်ဥပဒေ ၁၇/ ၁ အရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ၊
- ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးတွင် နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့်အတူ ပါဝင်လှုပ်ရှားခဲ့၊
- ၂၀၀၈ ခုနှစ်၊ မေလ၊ နာဂစ်မုန်တိုင်းဘေးသင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့၊
- ၂၀၁၀ မှ ၂၀၁၄ အတွင်း သပြေညိုပညာကူညီထောက်ပံ့မှုအဖွဲ့ကို ဖွဲ့စည်းပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၀ ခန့်ကို ထောက်ပံ့လှူဒါန်းခဲ့၊
- ၂၀၁၂ ခုနှစ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများစာရင်းကို ဦးဆောင်ပြုစုခဲ့၊ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှု ( White Campaign)တွင် ပါ၀င်ခဲ့၊
- ၂၀၁၂ ၊ ဇူလိုင် ၁ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စုစည်းရေးကော်မတီကို မြန်မာနိုင်ငံအနှံ့မှ ပါတီရဲဘော် ၂၀ ဦးနှင့်အတူ စတင်ဖွဲ့စည်းပြီး ပါတီစည်းရုံးရေးလုပ်ငန်းများကို ဒေသအနှံ့သွားရောက် ဆောင်ရွက်ခဲ့၊
- ၂၀၁၂ တွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER (National Network for Education Reform) ကို အခြားသော ပညာရေးဆောင်ရွက်သူများနှင့်အတူ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့၊
- ၂၀၁၃၊ သြဂုတ်လတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်မှုကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကြပြီး ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီတွင် အတွင်းရေးမှူး(၂) အဖြစ် တာဝန်ပေးအပ်ခြင်းခံရ၊
- ၂၀၁၄ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ကျောင်းသားလှုပ်ရှားမှုတွင် NNER နှင့်အတူ ပါဝင်ပြီး ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ လေးပွင့်ဆိုင်ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့၊
- ၂၀၁၄ မှစတင်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တွင် ပါဝင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့၊
- ၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် လက်ပံတန်း၌ တားဆီးပိတ်ဆို့ခံထားရသော ကျောင်းသားများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းမပြုရန် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာကို အခြားသော လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့်အတူ ရေးသားပေးပို့ခဲ့၊ ဧရာဝတီသပိတ်စစ်ကြောင်း၊ လက်ပံတန်းသပိတ်စစ်ကြောင်းတို့ရှ ကျောင်းသားများကိုလည်း သွားရောက်တွေ့ဆုံ အားပေးဝန်းရံခဲ့၊
-၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခဲ့၊
- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တွဲဖက်အထွေထွေအတွင်းရးမှူး(၁)အဖြစ် ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာအစည်းအ‌‌‌‌ဝေး(၂၀၁၈)တွင် တာ၀န်ပေးအပ်ခြင်းခံရ

Citation

“Daw Hninn Hninn Hmwe,” MoeMaKa Online Library Archives, accessed May 19, 2024, http://moemaka.net/omeka2/items/show/2777.