Dr Myint Naing
Dublin Core
Title
Description
ဒေါက်တာမြင့်နိုင်
Person Item Type Metadata
Occupation
Biographical Text
ဆရာဟာ ၁၅နှစ်ကျော်ထောင်ဝင်စာမရှိဘဲ
၂၅နှစ်နီးပါး ထောင်တွင်းဒဏ်ရာတွေရခဲ့ပြီး
၂၀၀၄ခုနှစ် ဖေဖော်ဝါရီလမှာပြန်လွတ်လာ
ချိန် ဇနီးနဲ့သားတွေကသူ့ကိုစွန့်ခွာသွားခဲ့လို့
အိမ်ထောင်ပြိုကွဲခဲ့ရပါတယ်
ဆရာဝန်၊ ထောင်ထွက်နိုင်ငံရေးသမား၊ ထီလက်မှတ် ရောင်းသူ၊ ကလေးဆေးရုံရှေ့က ပူဖောင်းရောင်းသူအဖြစ်မှသည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အထိဖြစ်လာခဲ့သူ ဒေါက်တာမြင့်နိုင်ဟာ ရွှေဘိုမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှ ယှဉ်ပြိုင်ရန် NLDပါတီသို့ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ထားကြောင်း သိရပါတယ်။
ဆရာဟာ ၁၉၉၀ရွေးကောက်ပွဲမှာ ကန့်ဘလူမြို့နယ်က ရွေးချယ်ခံရပြီး စစ်အစိုးရ၏ စင်ပြိုင်အစိုးရဖွဲ့စည်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်(၂၅)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ရွှေဘိုထောင်၊ စစ်ထောက်လှမ်းရေးတွေရဲ့ ငရဲခန်းဖြစ်တဲ့ ရေကြည်အိုင်နှင့် အင်းစိန်ထောင်တို့မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ ထောင်တွင်းတိုက်ပွဲတွေ ဆင်နွဲ၊ ဘဝတူ နိုင်ငံရေးသမားတွေကို ကာကွယ်ခဲ့လို့ ထပ်တိုး ထောင်ဒဏ်(၅)နှစ်နဲ့ စစ်ခွေးတိုက် အပို့ခံခဲ့ရပါတယ်။
ဆရာဟာ (၁၅)နှစ်ကျော် ထောင်ဝင်စာမရှိပဲ (၂၅)နှစ်နီးပါး ထောင်တွင်းဒဏ်ရာတွေ ရခဲ့ပြီး ၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လွတ်လာချိန်ဇနီးနဲ့ သားတွေက သူ့ကိုစွန့်ခွာသွားခဲ့လို့ အိမ်ထောင်ပြိုကွဲခဲ့ရပါတယ်။
ထောင်တွင်းရခဲ့တဲ့ဒဏ်ရာတွေနဲ့ တစ်ကိုယ်လုံးဖောရောင်လာပြီး နှလုံးအဆို့ရှင် ပိတ်ခဲ့လို့ ၂၀၁၄ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ငွေကျပ်သိန်း(၇၀)နဲ့ ခွဲစိတ်ကုသပေးခဲ့ပါတယ်။
ဆရာဟာ NLDပါတီမှနေ၍ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတဲ့ သုံးထပ်ကွမ်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။
၂၀၂၀ ရွှေဘိုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ်၂မှာဆက်လက်ယှဥ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်းပါ
Min Ko Ko

Collection
Citation
“Dr Myint Naing,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2770.