ရဲတင့် (ဘာသာပြန်) မိန်းမ။ Woman Question by Marx, Engels, Lenin, Stalin

73342409_1430378013795553_2050785409973092352_n.jpg
72951071_1430377967128891_4885102236331409408_n.jpg
73346480_1430377913795563_7469183990168027136_n.jpg
75419033_1430377870462234_4464296012277612544_n.jpg

Dublin Core

Description

ဒီရက်ပိုင်းထဲမှာ စာအုပ်တအုပ်ကို ပြန်ကြည့်ချင်လို့ မိတ်ဆွေတချို့ဆီ စုံစမ်းနေတာ၊ခုမနက်မှာ ငှားလို့ ရလိုက်ပါပြီ။ ရဲတင့် မြန်မာပြန်ခဲ့တဲ့ "မိန်းမ " ဆိုတာပါ။
အရင်တုန်းကတော့ ကိုယ်ပိုင်အနေနဲ့ရှိခဲ့ဖူးတယ်။နောက်ပိုင်း
ကာလမှာ ဘဝက ကစဉ့်ကလျားဖြစ်တော့ ဒီစာအုပ်လည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ရတာတွေထဲမှာ ပါသွားခဲ့။
ပြန်ထုတ်ကြတဲ့စာအုပ်တွေထဲမှာ ဒီစာအုပ်ကို ပြန်ထုတ်တာ မတွေ့ရသေး။ထုတ်ရင်လည်း အရင်းမရတဲ့အပြင် ရှုံးမှာကို သိနေကြလို့ ထင်ပါရဲ့။
ဘာသာရပ်တခုခုကို လေ့လာနေသူတွေအတွက်တော့ နှိုင်း ယှဉ်လေ့လာဖို့ အထောက်အပံ့ကောင်းကောင်း ပေးနိုင်လိမ့်မယ် ထင်ပါရဲ့။မူရင်းရေးသူတွေရဲ့နာမည်‌ကို မြင်ပြီး "အမလေး၊ ကွန်မြူနစ်ကြီးတွေ တော့" လို့ ကြောက်လန့်စိတ်နဲ့
မဖတ်ရဲရင်တော့ မတတ်နိုင်။
Academic study လုပ်တဲ့အခါမှာ ဆက်စပ် ပတ်သက်နေ
တဲ့ data's တွေအားလုံကို သိဖို့လုပ်ရတယ် ဆိုတာကိုး။
စာအုပ်ကိုငှားတဲ့ အောင်စည်နေမျိုးနဲ့ ယူထားပေးတဲ့ ညီပုချေ
တို့ကို ကျေးဇူးတင်ရပါကြောင်း။
(နောင်ကျော်၊ စာရေးဆရာ၊ အောက်တိုဘာ ၂၆၊ ၂၀၁၉)

Creator

Naung Kyaw

Date

Type

Citation

Naung Kyaw, “ရဲတင့် (ဘာသာပြန်) မိန်းမ။ Woman Question by Marx, Engels, Lenin, Stalin,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2346.