မာတိကာ
Wednesday, 22 November 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Burma Democracy and Burmese People
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်း စောငို - ကမ္ဘာ့ ဒီမိုကရေစီနေ့
စက်တင်ဘာ ၁၆၊ ၂၀၁၁
 
Kan Tun Thit - Articles
User Rating: / 1
လူမှုရှုခင်း - ရေခြားမြေခြားမြန်မာများ
သံသရာပွဲလယ်တင့်စေသော
ကံထွန်းသစ်
စက်တင်ဘာ ၁၆၊ ၂၀၁၁


ဒီနှစ်ကျရောက်သော သူ့မွေးနေ့မှာ သူငါမပြုသည့်မွေးနေ့ကုသိုလ်တစ်ခုပြုလုပ်ပြီုးမွေးနေ့ လက်ဆောင်ဆုထူး တောင်းသူတစ်ဦးနဲ့ မနေ့ညက ကြုံရသည်။

ဘာလိုလိုနှင့် သူတောင် ဒီအသက်အရွယ်ရောက်ပြီကော၊ ကိုယ့်ထက်လေးနှစ်ခန့်ကြီးသူပဲ။ ခုလို ကိုးကွယ်သူနှင့် ကိုးကွယ်ခံဘ၀၏အစကို ပြန်လည် စမြုံ့ပြန်မိသည်။ ကိုယ်အမေရိကားကိုရောက်တော့ အစစအရာရာ လောကစိမ်း၊ သူတို့မြို့က ဓမ္မကလပ်စ်မှာ တရားပွဲမမည် စာပေဟောပြောပွဲမကျဟေြာေ ပာပြီးေ နာက် အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့ကို ခရီးဆက်ခဲ့သည်။ ရောက်မဆိုက်ပင် ပေါ့တလန် သီရိ မင်္ဂလာကျောင်းဆရာတော်က “လူကို အခုမှတွေ့ဖူးပေမယ့် သတင်းကေ တာ့ ရောက်နေပါပြီ” တဲ့။ ကိုယ့်ကို အသိအမှတ်ပြုထားသောအဦးဆုံး ထောက်ခံချက်။ “သဒ္ဓေယျဝစသာ” ယုံကြည်လောက်သောစကားရှိသူဆိုသော ရှေးစာပေစကားလေးကို ဆင်ခြင်မိသည်။ ၀ိသာခါတို့ အနာထပိဏ်တို့ကို မြင်ယောင်လိုက်မိသည်။ သူ့ထောက်ခံချက်နှင့်ပင် ၃၈ ဖြာ “မင်္ဂလာမြင်ကွင်း”ကို ဟောဖြစ်ခဲ့ရသည်ဆိုပါစို့။

သို့နှင့်ပင် ဝက်စကွန်စင် မီးဝါးကီးမြို့လေးမှာ အခြေချဖြစ်ခဲ့တော့သည်။ အခြေမြဲဖို့ ပံ့ပိုးသူ ၀ိုင်းဝန်းသူတွေထဲမှာ သူလည်း အုပ်တစ်ချပ်မက ပါဝင်ခဲ့သည်။ ပေါ့တလန်ဆရာတော် ဦးသိရိန်မှ တဆင့်လှူဒါန်းဖွယ်တို့ကို ဆက်ကပ်လေ့ရှိသလို၊ သိလိုရာရာ မေးခွန်းငယ်တို့ကိုလည်း မေးမြန်းလေ့ရှိသည်။ နောင် ဦးသိရိန်ထံမှ ကိုယ့်ဖုန်းနံပတ်ကိုရရှိကာ အခါအခွင့်သင့်သလို ဖုန်းဆက်တတ်သည်။ “တုန်ခါပီတိ” စသော ကိုယ့်စာပေများကို မေတ္တာဥယျာဉ်ဝက်ဆိုဒ်မှဖတ်ဖြစ်သောအခါ စာရေးသူနှင့် စာဖတ်သူ ဖြစ်ခဲ့ရပြန်သည်။

အပြည့်အစုံသို့ ...
 
Maung Yit - How to put the differences a side
User Rating: / 5
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်းမောင်ရစ် - မတူတဲ့သူတွေနဲ့ အတူတွဲလုပ်နည်း
စက်တင်ဘာ ၁၆၊ ၂၀၁၁
 
Burmese Helping Burmese Funds Monthly Reports
User Rating: / 0
မိုးမခ စုတုပြု - မြန်မာပြည်ဒီမိုကရေစီရေး ရန်ပုံငွေ
မိုးမခမိတ်ဆွေများ နိုင်ငံရေးအကျဉ်းသားကူညီမှု ၅ သိန်း ၈ သောင်းနဲ့
မြန်မာပြည်သားချင်း ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေ US$ ၅၀၀ စက်တင်ဘာလမှာ လှူ
မိုးမခ၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
မိုးမခမီဒီယာနဲ့ မိုးမခမိတ်ဆွေများရဲ့ မြန်မာ့ဒီမိုကရေစီရေး ကိုယ်ထူကိုယ်ထကူညီမှု ရန်ပုံငွေလှုပ်ရှားမှုရဲ့ စက်တင်ဘာလ အလှူငွေတွေကတော့ အထက်ပါအတိုင်းဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အယ်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်မှုလုပ်ငန်းမှတဆင့် နိုင်ငံရေးအကျဉ်းသား ၅၄ ဦး အတွက် တလလျင် ကျပ်ငွေ ၁ သောင်းစီ၊ (သီးခြားအလှူရှင် ၂ ဦးက ထပ်ဆောင်းငွေ ၃ သောင်းနဲ့ ၁ သောင်းဖြင့်) ကျပ် ၅ သိန်း ၈ သောင်း လှူပါတယ်။ (ငွေဈေးကတော့ တဒေါ်လာ ကျပ် ၇၂၀ ဖြစ်ပါတယ်)
မိုးမခရဲ့ လစဉ်ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေကတော့ မြန်မာပြည်တွင်းက သက်ကြီးနိုင်ငံရေးသမား၊ အကျဉ်းကျ စာနယ်ဇင်းသမား၊ သပိတ်မှောက် စာပေပညာရှင်များ၊ အကျဉ်းကျသံဃာတော်နဲ့ သက်ဆိုင်ရာမိသားစုများထံ ကောက်ခံရရှိသမျှနဲ့ အမေရိကန်ဒေါ်လာ ၅၀၀ ကို လှူဒါန်းခဲ့ပါတယ်။ မိုးမခက ကောက်ခံရရှိငွေများကတော့ အများပြည်သူရဲ့ ထည့်ဝင်ငွေဖြစ်ပါတယ်။ လက်ခံရရှိသမျှကို မိုးမခက အများကောင်းမှုအဖြစ် လက်ခံဖြတ်ပိုင်းပေးပို့ပြီး ဖြစ်ပါတယ်။
 
Interview with U Eithara - Saffron 4 Years On
User Rating: / 2
မိုးမခ အထူးအစီအစဉ် - ၂၀၀၇ သံဃာ့အရေးတော်ပုံ
ဦးဣဿရိယ နဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ် မေးခွန်းများ
ကချင်လေး၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
၂၀၀၇ ရွှေဝါရောင် သံဃာတော်လှန်းရေး နှစ်ပြည့် အထိမ်အမှတ်အနေဖြင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်လူပ်ရှားခဲ့သူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ နိုင်ငံခြားရေးတာဝန်ခံ ဦးဇင်း ဦးဣဿရိယ နှင့် တွေဆုံးမေးမြန်ထားပါသည်။

မေး။ ။ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာရခြင်းရဲ့ အဓိက အချက်တွေက ဘာတွေပါလဲ။
ဖြေ။ ။ ဦးဇင်တို့ ရွှေဝါရောင်တော်လှန်ရေးက ချက်ပေါ့နော် ပထမ တစ်ချက်က ပခုက္ကူ က သံဃာ အပါး ၅၀၀ကျော် က မြန်မာနိုင်ငံမှာ ကုန်ဈေးနူန်းတွေလဲ အစမတန်း ကြီးမားပြီးတော့ လူတွေက ကြာလေကြာလေ ပိုပိုပြီး ဆင်းရဲ မွမ်းကြပ်မူတွေက များလာတယ်။ လူတွေရဲ့ စားဝတ်နေရေး ပြေလည်ပါစေဆိုပြီးတော့ သံဃာတော်တွေက မေတ္တာပို့လမ်းလျောက်ပွဲတွေလုပ်တယ်
အပြည့်အစုံသို့ ...
 
Burmese Internet opens its blocked sites again
User Rating: / 1
မျက်မှောက်ရေးရာ - သတင်းဖတ်စာ

မြန်မာအင်တာနက် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေပြန်

ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁

 မြန်မာဆက်သွယ်ရေး၏ MPT အင်တာနက်ဝန်ဆောင်မှုက ၎င်းပိတ်ဆို့ထားသော ပြည်ပ၀က်ဆိုက်များကို ပြန်လည် ဖွင့်ပေးထားပြန်ကြောင်း ပြည်တွင်းအင်တာနက်နှင့် ဖေ့ဘွတ်သုံးစွဲသူများက ပြောကြားလိုက်သည်။ စက်တင်ဘာ ၁၂က စတင်ပြီး ယခင်ပိတ်ထားသော Blogspot, YouTube ဒိုမိန်းများ၊ ပြည်ပသတင်းဌာနများ၏ အင်တာနက်စာမျက်နှာများမှာ အတားအဆီးကျော်ခွာစရာမလို ပွင့်နေကြောင်း စာဖတ်သူအချို့က သတင်းပေးလာသည်ကို တွေ့ရသည်။

 “မဇ္ဖျိမ ၊ ဧရာဝတီနှင့် အခြား စီအင်အင်တို့လို သတင်းဝက်ဆိုဒ်မျိုးတွေ ပွင့်နေတယ်။ ကျနော်လဲ ညနေကမှ ဖေ့စ်ဘွတ်တက်ကြည့်တော့ သူငယ်ချင်းတယောက် တင်ထားတာ တွေ့လို့ ဖွင့်ကြည့်တာ။ ” ဟု ရန်ကုန်မြို့မှ မြန်မာ့ ဆက်သွယ်ရေး MPT အွန်လိုင်းသုံးစွဲသူ တစ်ဥိးက ပြောပြသည်။

အပြည့်အစုံသို့ ...
 
Speculation of Political Prisoners Release spreading among families
User Rating: / 1
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်တော့မည်ဟု မိသားစုများအကြား သတင်းထွက်
ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့) စစ်အစိုးရအာဏာသိမ်းနှစ်ပတ်လည် နီးလာသည်နှင့်အမျှ နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်လာမည်ဆိုတဲ့ သတင်းများ ၎င်းမိသားစုများအသိုင်းအ၀ိုင်းတွင် ပေါ်ပေါက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မည်ဟု သတင်းများမှာ လွန်ခဲ့သောနှစ်ရက်ခန့်က စတင်ပေါ်ပေါက်ခဲ့ပြီး စစ်အစိုးရအာဏာလွှဲ လက်ရှိကြံဖွံ့အစိုးရ ဆင်နွှဲနေသည့် ဒီမိုကရေစီနေ့ ၁၅ ရက်နေ့နှင့် အာဏာသိမ်းနှစ်ပတ်လည် မတိုင်မီ ၁၈ ရက် အတွင်း ထူးခြားမည်ဟု သတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။
အပြည့်အစုံသို့ ...
 
Cartoon Gyaw Dee - Can't wait to sell
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box


ကာတွန်းဂျော်ဒီး - ရောင်းမှာဘဲ
စက်တင်ဘာ ၁၅၊ ၂၀၁၁
 
Nyein Wai - Articles
User Rating: / 0
မျက်မှောက်ရေးရာ - သူတို့အာဘော်
ရွာခရိုးက ရွှေချိုးကူသံ
ငြိမ်းဝေ
စက်တင်ဘာ ၁၅၊ ၂၀၁၁


အခုတလော ငြိမ်းချမ်းရေးအကြောင်းပြောတဲ့အသံတွေ တော်တော်လေးကြားလာရတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးစကားသံနဲ့ ဝေးနေ ခဲ့တော့ ငြိမ်းချမ်းရေး လို့ဆိုလိုက်တာနဲ့ လူတွေ လန်းလန်းဆန်းဆန်း ဖြစ်သွားစေတယ်။

ငြိမ်းချမ်းရေးနဲ့ အချိန်အကြာကြီး ကင်းကွာခဲ့တော့ အခု ငြိမ်းချမ်းရေးလေသံကြားတယ်ဆိုရင်ပဲ ငြိမ်းချမ်းရေးဟာ ချိုနဲ့လားလို့ ပြောသူကပြော၊ ငြိမ်း ချမ်းရေးတောင်း ဆိုလှုပ်ရှားမှုဆိုတာ မတရားတဲ့အုပ်စိုးသူကို အလျှော့ပေးတဲ့နည်းလို့ ပြောသူကပြော၊ တခါ ငြိမ်းချမ်းရေးတောင်းဆိုလှုပ် ရှားတဲ့နည်း ဟာ တော်လှန်ရေးကိုစွန့်ခွာသွားတာ စသည်ဖြင့် … ပြောတဲ့သူက ပြောလာကြတာလည်း ကြားရပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးနဲ့ ပြုပြင်ရေး မတူဘူးဆို တာ သိဖို့လိုသလို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ပြုပြင်ရေးကိုလည်း ခွဲပြီးမြင်ဖို့ လိုအပ်တယ်။

တခုတော့ ရှိပါတယ်။ ငြိမ်းချမ်းရေးအမြင် တယောက်နဲ့ တယောက် မတူတာဟာကောင်းပါတယ်။ လူတွေ ဘက်ပေါင်းစုံစဉ်းစားလို့ ရတာ ပေါ့။ ဘယ်အတွေးအခေါ်မဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ ပြောပါစေ။ လိုအပ်တဲ့အခါ အများသဘောတူတဲ့လမ်းကို ကျနော်တို့ လျှောက်ဖို့ပဲ လိုတာပါ။ ကျနော်တို့က ဒီလိုတွေ ဟိုလိုတွေပြောနေပေမယ့် လူထုကလည်း သူနဲ့သင့်တော်တဲ့အယူအဆကို ရွေးမှာပဲ။ သူနဲ့မသင့်တော်ဘူးထင်တဲ့ အယူအဆဆိုရင် မြောင်းထဲ လွှင့်ပစ်လိုက်မှာပဲ။ လူထုဟာ ခြောက်တိုင်းမကြောက်တဲ့ အချိန်အခါမျိုး ရှိသလို မြှောက်တိုင်းလည်း လိုက်မလုပ်တတ်တာ ကျနော်တို့သိရမယ်။ ခြောက်တဲ့မြှောက်တဲ့လူရဲ့အခြေအနေနဲ့ ခြောက်လုံး မြှောက်လုံး တွေရဲ့ အတိမ်အနက်ကို လူထုက သိတယ်။ လူထုက ဘဝနဲ့ ရင်းပြီး ဒါတွေ ကို နောကျေနေပြီ။ ဒါကြောင့်မို့ အုပ်စိုးသူ ခြောက်တိုင်းမကြောက်တဲ့ အဖြစ်အပျက်တွေ မြှောက်ပေးတိုင်း လိုက်မလုပ်တဲ့အဖြစ်အပျက်တွေ ကျနော်တို့ လက်တွေ့ပဲမဟုတ်လား။ ဒါကြောင့်မို့ လူထုကို အကြံပြုတဲ့အခါ ကျနော်တို့ကိုယ်တိုင်က လက်တွေ့ကျဖို့ လိုအပ်တယ်။

အပြည့်အစုံသို့ ...
 
Suu talk on Change Possible in Burma on World's Democracy Day
User Rating: / 4
မျက်မှောက်ရေးရာ - သတင်းဖတ်စာ

ကမ္ဘာဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
မိုးမခ၊ (ဓာတ်ပုံနဲ့ အသံ - အင်န်အယ်ဒီပြန်ကြားရေး) စက်တင်ဘာ ၁၅၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျရောက်တဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့အခမ်းအနားကို ရန်ကုန်မြို့၊ အင်န်အယ်ဒီဌာနချူပ်မှာ နံနက်ခင်းက ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီနေ့တွေ၊ ဒီမိုကရေစီစိတ်ဓာတ်တွေကို နေ့စဉ် ကိုယ်တိုင် မွေးမြူ ကျင့်ကြံနေကြဖို့ပဲ လိုတယ်လို့ ဒေါ်စုကပြောလိုက်ပါတယ်။
အပြည့်အစုံသို့ ...
 
Free Burma from China's Colonialim
User Rating: / 8
မျက်မှောက်ရေးရာ - သူတို့အာဘော်

“ဧရာဝတီတော်လှန်ရေး၊ ဧရာဝတီကယ်ဆယ်ရေး …
တရုတ်ပြည်ပ ကျူးကျော်မှုက မြန်မာတမျိုးသားလုံး ဆန့်ကျင်ကန့်ကွက်ကြ”
ကိုမိုက်ခဲစိန်။ မိုးမခ၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
ပြည်ပက မြန်မာတွေ တရုတ်သံရုံးတွေမှာ ကန့်ကွက်ဆန္ဒြ့ပကြမယ်ဆိုရင် …
လာမယ့် စက်တင်ဘာ ၁၉ ၊ တနင်္လာနေ့၊ နေခင်း ၁၂ နာရီလောက်မှာ၊ ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာတွေက ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ကြမယ်။ မြန်မာပြည်တွင်း ၈၈ မျိုးဆက်တွေရဲ့ တိုက်တွန်းချက်အပြင် ပြည်တွင်းက ပညာရှင်၊ စာနယ်ဇင်းသမား၊ မြန်မာပြည်ချစ်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟတ်နေတယ်လို့ ဆိုပါတယ်။ 
အပြည့်အစုံသို့ ...
 
Quotes on Irrawaddy river
User Rating: / 6
သောင်းပြောင်းထွေလာ - စာကိုးစကားကိုး
ဧရာဝတီမြစ်အတွက် ဘယ်သူတွေ ဘာပြောခဲ့သလဲ
စက်တင်ဘာ ၁၅၊ ၂၀၁၁

(ဧရာဝတီမြစ်အရေး မီဒီယာမှာ ပြောဆိုခဲ့တာတွေကို ရက်စွဲအလိုက် ဖော်ပြလိုက်ပါတယ်။)

ဧရာဝတီမြစ်ကြီး ပျောက်သွားမှာကိုတော့ ကျွန်တော်တို့က ကြောက်တယ်။
ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့ကို စိတ်ရွှင်စေတဲ့ မြစ်ကြီးပဲ။ အဲဒီမြစ်ကြီး နောင်ရှိပါတော့မလားပေါ့။

ကျွန်တော်ငယ်ငယ်တုန်းက မြစ်ကြီးနားမြို့ရောက်တာပေါ့။ ကျွန်တော် ဆရာဝန်ပေါက်စဘ၀က အဲဒီဧရာဝတီမြစ်ဘေးမှာ ညနေစောင်းဆိုရင်လေ ကျေးတွေပျံတယ်၊ ညနေစောင်းနော်။
အပြည့်အစုံသို့ ...
 
News & Media
User Rating: / 4
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
ဧရာဝတီကို မလွမ်းချင်ပါ ဆောင်းပါးများနှင့် ရသစာစုများစာအုပ်ထုတ်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
မိုးယံမခ


စီစဉ်သူ ဒေ၀ီသန့်ဇင်ရဲ့ စိမ်းရောင်စိုစာပေ၊ အမှတ် ၁၅၉ (က) ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံစာပေတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၃၇၄၇၁၄၊ မှ စာအုပ်အမှတ် (၅) အဖြစ်ထုတ်ဝေတဲ့ ဧရာဝတီကို မလွမ်းချင်ပါ ဆောင်းပါးများနဲ့ ရသစာစုများစာအုပ်ကို ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်အသီးသီးမှာ ယခုရက်ပိုင်းအတွင်း ဖြန့်ဝေရောင်းချခဲ့ကြောင်း သတင်းရရှိပါတယ်။ အဲဒီစာအုပ်ကို အမှာစာရေးပေးသူက ဦးအုန်း၊ ညွှန်ကြားရေးမှူး (သစ်တော - ငြိမ်း) ဒုတိယဥက္ကဌ၊ ဖရီးဒါအသင်း၊ ကမ္ဘာမြေချစ်သူ၊ ဇွန်လ ၂၀၁၁၊ တင်ပြပေးထားတဲ့အချက်တွေထဲမှာ ....

“ကနေ့ ရေ၀အောင်ပေးနေတဲ့ မြစ်ကြီးဧရာဝတီကို မနက်ဖြန် မခန်းခြောက်ရအောင် ပြည်သူအများ ၀ိုင်းဝန်းကယ်တင်ကြပါစိုး” လို့ လှုံ့ဆော်တိုက်တွန်းရေးသားထားတာကို တွေ့ရပါတယ်။ ဒီစာအုပ်မှာ ဧရာဝတီဖြစ်ကြီးကို ချစ်တဲ့စိတ်နဲ့ ထိန်းသိမ်းဖို့လိုအပ်တာတွေ၊ မြစ်ဆုံမှာ ဆည်ဆောက်လို့ ဧရာဝတီတိမ်ကောပျောက်ကွယ်သွားမှာတွေကို ပညရှင်အသီးသီးရဲ့ ရှုဒေါင့်အမျိုးမျိုးက တင်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ စာအုပ်တန်ဖိုးကို ၅၀၀၀ ကျပ်အဖြစ်သတ်မှတ်ထားပါတယ်။ စာအုပ်ကိုစိတ်ဝင်တစား ၀ယ်ယူအားပေးကြသူများပြားတယ်လို့ သိရပါတယ်။

အပြည့်အစုံသို့ ...
 
Ku Mojo - Cartoon
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
သပွတ်အူ လွှတ်တော်
ကာတွန်း - ကူမိုးကြိုး (စက်တင်ဘာ ၁၅၊ ၂၀၁၁)

 
News & Media
User Rating: / 1
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
သခင်အုန်းမြင့် ကွယ်လွန်းခြင်း (၁) နှစ်ပြည့်ကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
တာရာဝေယံ


တိုးတက်ရေး သတင်းစာနဲ့ ကျော်လင်းစာပေကို ထုတ်ဝေတည်ထောင်ခဲ့သူ သခင်အုန်းမြင့် (၁၉၈၀- ၂၀၁၀) ကို ရည်စူးပြီး ကျန်ရစ်သူမိသားစုများက ကွယ်လွန်ခြင်း တနှစ်ပြည့် နှစ်လည်ဆွမ်းကျွေးအလှူဒါနကို ပြုလုပ်မှာဖြစ်ပါတယ်။

ဆွမ်းကျွေးကို ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၇ ရက် စနေနေ့ နံနက် (၉) နာရီမှ (၁၂) နာရီထိ ရန်ကုန်မြိုက သုခ၀တီလမ်း အမှတ် ၃(ဘီ) နေအိမ်မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

သခင်အုန်းမြင့်ဟာ တို့ဗမာအစည်းအရုံးဝင်တဦးဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေမှာ ရှေ့တန်းက ပါဝင်ခဲ့သူဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Interview with Artist Htein Lin - The Art & The Freedom
User Rating: / 6
မျက်မှောက်ရေးရာ - အင်တာဗျူး
 
လွတ်မြောက်တဲ့ အနုပညာ
ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ
မိုးမခ၊ စက်တင်ဘာ ၁၄၊ ၂၀၁၁
လွန်ခဲ့တဲ့ ရက်သတ္တပတ်က အင်္ဂလန်မှာ ခေတ္တနေထိုင်သူ ပန်းချီထိန်လင်း မိသားစုခရီးစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်တယ်။ တော်လှန်ရေးမိတ်ဆွေများ၊ စာပေအနုပညာမိတ်ဆွေများ ရှိရာ ဖို့ဝိန်းမြို့မှာ မိတ်ဆုံစကားပြောဆိုကြတယ်လို့ ဆိုတယ်။  သူတို့ရဲ့ နောက်ဆုံး လမ်းတထောက်က ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့အနီး …။ မိုးမခက ပန်းချီထိန်လင်းနဲ့ တွေ့ဆုံဖို့ ကြိုးစားပေးမယ့် အဆင်မပြေတာကြောင့် ဖုံးဆက်ပြီးတော့ စကားလက်ဆုံ ပြောမကုန်လုပ်ခဲ့ရတယ်။ သူနဲ့ ပြောခဲ့တဲ့ စကားဝိုင်းတွေထဲက ပထမဆုံး ပြောဖြစ်တာက အချုပ်အနှောင် အတားအဆီးတွေကြားထဲက အနုပညာရှင်တဦးအဖြစ် ရပ်တည်ခဲ့သူ ယခု ပြင်ပမှာ အချုပ်အနှောင်မဲ့ အတားအဆီးမဲ့ အနုပညာတွေ ဖန်တီးနေသူတဦးဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းက စတယ်။ အဲသည်မှာ စကားတွေ ပြောဖြစ်တယ်။
အပြည့်အစုံသို့ ...
 
Min Thu Nya - Saffron Revolution 4 Years On
User Rating: / 1
မိုးမခ အထူးအစီအစဉ် - ၂၀၀၇ သံဃာ့အရေးတော်ပုံ

ရွှေဝါရောင်တော်လှန်ရေးနှင့် အကျဉ်းကျသာသနာ့အာဇာနည်များ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ဘလောက်ကကူးယူဖော်ပြပါတယ်
စက်တင်ဘာ ၁၅၊ ၂၀၁၁
ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့်ပြီလို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်လိုက်လဲဆိုရင် အော် ငါနဲ့အတူတူသွား      အတူတူစား အတူတူအစည်းအဝေးပွဲထိုင် အတူတူ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွေ ဆင်နွဲခဲ့ကြတဲ့သူငယ်ချင်းရဟန်းသံဃာတွေ  ကြံ့ဖွတ်စစ်  အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက်ခံ အကျဉ်းကျခံနေရတာ (၄) နှစ်ကြီးများတောင်ရှိသွားပါပြီလားလို့ ပြေးမြင်မိပါတယ်။
အပြည့်အစုံသို့ ...
 
Cartoon Berum - The Country without The River
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်းဘီရုမာ - ဧရာဝတီမပါတဲ့ ကြံ့ဖွတ်ပြည်
စက်တင်ဘာ ၁၅၊ ၂၀၁၁
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 91 - 108 of 7952
 
Top! Top!