မာတိကာ
Tuesday, 28 March 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
U Win Tin ; Ready for Change ?
User Rating: / 3
မျက်မှောက်ရေးရာ - အင်တာဗျူး

အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၁

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ မှာ ကမ္ဘာဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောလိုက်တယ်။ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှုတွေလည်း လက်ခံပြုလုပ်နေဆဲဖြစ်တယ်။ ထူးခြားတဲ့ တွေ့ဆုံမှုဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉  ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာလည်း ၁ လ ကျော်ခဲ့ပြီ ဖြစ်တယ်။ အဲသည်အတောအတွင်းမှာ လူထုပရိသတ်အတွင်းမှာ မြန်မာပြည်နိုင်ငံရေးနဲ့ အထွေထွေ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဂယက်တွေ၊ လှုပ်ရှားမှုတွေ မျိုးစုံလည်း မြင်ရ ကြားနေရပြီ ဖြစ်တယ်။ အတွေးအမြင် အမျိုးမျိုး ဝေဖန်မှုအမျိုးမျိုး တုန့်ပြန်မှု အမျိုးမျိုးတွေ ဖြစ်ပေါ်နေချိန်မှာ ဆရာဦးဝင်းတင်ကို မေးဖြစ်တဲ့ မေးခွန်းက အပြောင်းအလဲတွေဖြစ်ဖို့အတွက် အခြေအနေတွေ ရှိနေပြီလား၊ အပြင်အဆင်တွေ မြင်နေရပြီလား ဆိုတာဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Burma arrests anti-dam activist in rare protest ‎
User Rating: / 0
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
 မြစ်ဆုံဆည်စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူတဦး ရန်ကုန်တွင် အဖမ်းခံရ
AFP
သတင်းဌာန
စက်တင်ဘာ ၂၁၊ ၂၀၁၁

အငြင်းပွားဖွယ်ဖြစ်နေသော တရုတ်ရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင် ဆန္ဒပြသူ အမျိုးသားတဦးကို အင်္ဂါနေ့တွင် ထိန်းသိမ်းလိုက်ကြောင်း အရာရှိတဦးက ပြောသည်။
 
"သူ့အသက်က ၄၆ နှစ်၊  နေ့လယ်ပိုင်းတုန်းက တရုတ်ယဉ်ကျေးမှုဌာနရုံးနားမှာ တကိုယ်တော် ဆန္ဒပြဖို့ လုပ်နေတုန်း ဖမ်းလိုက်တာပါ" ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတဦးက ပြောသည်။

ယဉ်ကျေးမှုဌာနသည် ရန်ကုန်မြို့ တရုတ် သံရုံး၏  အစိတ်အပိုင်းတခု ဖြစ်သည်။

ဆန္ဒပြသူက ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ရန် တောင်းဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ဟု သိရသည်။ မြစ်ဆုံစီမံကိန်းမှ ရမည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ပို့မည် ဖြစ်သည်။

(AFP သတင်းတပုဒ်ကို မိုးမခက ကောက်နှုတ်ပြီး ဘာသာပြန်သည်)

 
TheGeek - The World Without Steve Jobs
User Rating: / 7
သောင်းပြောင်းထွေလာ - လောကဓာတ်ခန်း
စတိဂျော့မရှိတဲ့ ကမ္ဘာ
လောကဓာတ်ခန်းသာဂိ၊ စက်တင်ဘာ ၂၂၊ ၂၀၁၁
ကွန်ပျူတာလောကရဲ့ ဘုရားတဆူ၊ ဂူတလုံးဖြစ်တဲ့ တီထွင်ဖန်တီးရှင် အက်ပဲကွန်ပျူတာရဲ့ ဘခင်ကြီး စတိဂျော့က ပန်ကရိယပ်ကင်ဆာကြောင့် ကုမ္မဏီက အနားယူတော့မယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာ ပထမပတ်က ကြေညာလိုက်တယ်။ ဈေးကွက်ထဲက ပရိသတ်ကြီးဟာ အုပ်အော်သောင်းနင်းနဲ့ ကမ္ဘာပျက်မတတ်ဖြစ်သွားတယ်။ သူသေမှာကို စိုးရိမ်ပူပန်တာမဟုတ်ဘူး။ သူတို့တွေရဲ့ အက်ပဲကွန်ပျူတာတွေ၊ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်လိုက်ဖ်တွေနဲ့ ထူထောင်ထားတဲ့ နေ့စဉ် လူမှု နည်းပညာဘ၀ကြီး အမှောင်တိုက်ဖုံးတော့မှာကို ပူလို့ လူးလှိမ့်နေကြတာဖြစ်တယ်။ သူမရှိတော့ရင် အက်ပဲကုမ္မဏီကြီးဟာ အနာဂတ်လူမှုနည်းပညာဘ၀တွေကို ဦးဆောင်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့တွေရဲ့ တအိုင်အိုင်ဖြစ်နေတဲ့ ဘ၀တွေ နိဋ္ဌိတံတော့မယ်လို့ စိုးရိမ်ကြတာဖြစ်တယ်။
အပြည့်အစုံသို့ ...
 
Nyein Wai - Kyaut Phyar Incident
User Rating: / 2
လူမှုရှုခင်း - ခေတ်ပြိုင်အတွေ့အကြုံ
ကျနော့်ရင်ထဲ ပူနွေးနေဆဲ ကျောက်ဖြာရွာ
ငြိမ်းဝေ
စက်တင်ဘာ ၂၁၊ ၂၀၁၁
(၁)
၁၉၉၄ ခု၊ မတ်လ၊ ၁၃ ရက်။
ကျနော်တို့ ပုန်းအောင်းနေသည့် တောင်ကုန်းကလေးပေါ်ကတဆင့် ကိုက်(၃၀၀) ခန့်အကွာ အောက်ဘက်တွင် ကားလမ်းကို လှမ်းမြင်နေရသည်။ ကျောက်ဖြာရွာအဝင်ထိပ်က သစ်ပင်တောအုပ်ကလေး ကိုလည်း မြင်နေရ၏။
မနက် ၁၀ နာရီထိုးသည့်တိုင် ကားလမ်းပေါ်တွင် မည်သူမျှ ဖြတ်သန်းသွားလာသည်ကို မတွေ့ရ။ ကျနော်တို့က မနက် ၈ နာရီကတည်းက တောင်ကုန်းပေါ်ရောက်နေခဲ့ကြပြီး ကားလမ်းတလျှောက် တံမျက်စည်းလှည်းကြမည့် `ကျောက်ဖြာရွာ´သားများကို လာပြီး စေါင့်ကြည့်နေကြခြင်း ဖြစ်သည်။ ပတ်ဝန်း ကျင်တခုလုံး ကျေးငှက်သံများကိုသာ ကြားနေရသည်။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - Unconditional Release of all PP
User Rating: / 2
မျက်မှောက်ရေးရာ - သူတို့အာဘော်
အာမခံချက် မလိုဘူး၊ ချွင်းချက်မရှိလွှတ်ပေးရမယ်
တူမောင်ညို
စက်တင်ဘာ ၂၁၊ ၂၀၁၁
            အခုတလောကြားနေရတဲ့သတင်းတစ်ခုပေါ့။ “နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်မယ်’’
သတင်းက ဒီမှာတင်ရပ်မနေပါဘူး။
“လွှတ်ပေးလိုက်မယ့်နိုင်ငံရေးအကျဉ်းသားတွေ ဆူဆူပူပူမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် က အာမခံရမယ်’’  ဆိုတဲ့ အစိုးရရဲ့အာဘော်ဖန်တီးချက်ကနောက်ဆက်တွဲ ပါလာတယ်။
စိတ်ထဲ ဖြောင်းကနဲပေါ်လာတဲ့ မေးခွန်းက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးစဉ်က ဒေါ်အောင်ဆန်းစုကြည် သဘောတူ ညီချက်နဲ့ဖမ်းတာလား။
ဒါဟာ ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ရေးကို လက်မခံတာဘဲ။ငြင်းပယ်တာပဲ။ ဈေးဆစ်တာပဲဖြစ်တယ်။
 ထောင်ကနေ လွှတ်လာတဲ့အခါ မိမိစိတ်ဝင်စားရာနယ်ပယ်မှာ (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ပညာရေး၊ သဘာဝပတ်ဝန်းကျင် အရေးစသဖြင့်) လွတ်လပ်စွာပါဝင်လှုပ်ရှားမှုကို ကြိုတင်ပိတ်ပင် ကန့်သတ်ထားချက်လည်း ဖြစ်တယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် က အာမခံချက်ပေးရမှာလဲ။
အပြည့်အစုံသို့ ...
 
talking about Facebook and Gmail
User Rating: / 2
သောင်းပြောင်းထွေလာ - လောကဓာတ်ခန်း



ဒါဖတ်ပြီးမှ Facebook နဲ့ Gmail သုံးပါ

စီထောင်း

စက်တင်ဘာ ၂၀၊ ၂၀၁၁

မေးရဖြေရတဲ့ Facebook
Facebook သုံးရတာ တခါတရံ အဆင်မပြေလှပါ။ မေးခွန်းတွေ အဖြေတွေ ဖြည့်ရပါတယ်။
ဖြစ်တတ်တာက password မှားနှိပ်မိတဲ့အခါမျိုးပေါ့။ မြို့ပြောင်း နိုင်ငံပြောင်းတဲ့အခါမျိုးမှာလည်း ကြုံရတတ်တယ်လို့ အတွေ့အကြုံရှိသူတို့က ဆိုပါတယ်။
အပြည့်အစုံသို့ ...
 
ku Mojo - Cartoon
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
ဖားတပိုင်း ... ငါးတပိုင်းတဲ့ ...လား ..
ကာတွန်း - ကူမိုးကြိုး
စက်တင်ဘာ ၂၀၊ ၂၀၁၁

 
Ant Maung - Poem
User Rating: / 0
စာပဒေသာ - ကဗျာ
အကြောင်းအရင်းကို ရှင်းကြ
အံမောင် (ရန်ကုန်)
စက်တင်ဘာ ၂၀၊ ၂၀၁၁


မနက်လင်းမှာ
အသံမိုးရွာ
စားစရာတလုပ်
ဝတ်စရာ တစုတ်အတွက်
မိဘမြကြုတ် သက်ရည်
ကုမ္မာရီ မိန်းကလေးများ
တစ်ရပ် တစ်ကျေးသွား
တစ်ရေ တစ်မြေသွား
မတရားအလုပ်တွေ လုပ်ရ
မတရား အဖိနှိပ်တွေခံရ
ခန္ဓာကိုယ် ပျက်ရ
ဘ၀ ပျက်ရ
တချို့ အသက်ပျက်ရ
ကြားရမသက်သာ။
အပြည့်အစုံသို့ ...
 
Aung San Pin Lon library
User Rating: / 0
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း


အောင်ဆန်းပင်လုံစာဖတ်ခန်း ရန်ကုန် သင်္ဃန်းကျွန်းတွင် ဖွင့်လှစ်မည်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၀၊ ၂၀၁၁

စာဖတ်ခန်း ဖွင့်ပွဲ ဖိတ်စာ

ရန်ကုန်မြို့တော်တွင် ရက်ပိုင်းအတွင်း ဖွင့်လှစ်မည့် စာဖတ်ခန်း အမည်ကို အောင်ဆန်းပင်လုံ ဟု ပေးထားသည်။
ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မတက်ရောက်မည်ကို မသိရသေးပေ။

 
Burmese man in love triangle stabbed
User Rating: / 4
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
မလေးရှားရောက် မြန်မာတဦး ဓားထိုးခံရ
thestar.com.my
စက်တင်ဘာ ၂၀၊ ၂၀၁၁

တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ Relau မြို့ ရန်ပွဲတခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦး၏ ဓားချက် ၄ ချက် ထိသွားသော မြန်မာပြည်သားတဦးသည် ဆေးရုံသို့ ရောက်သွားသည်။
အမျိုးသမီးတဦးအတွက် ရန်ဖြစ်ကြခြင်း ဖြစ်သည်။

နှစ်ယောက်စလုံး အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး အင်ဒိုနီးရှားအမျိုးသမီးတဦးအတွက် ကတောက်ကဆ ဖြစ်ကြသည်ဟု သိရသည်။
အပြည့်အစုံသို့ ...
 
Saung Yun La - Home Comming Poem
User Rating: / 0
စာပဒေသာ - ကဗျာ
နောင်အနှစ်၂၀အကြာ အိမ်အပြန်ခရီးတရက်မှာ
ဆောင်းယွန်းလ
စက်တင်ဘာ ၂၀၊ ၂၀၁၁

အရောင်လွင့်အနားဖွာ ဂျင်းဘောင်းဘီတထည်လို ကောင်းကင်နဲ့
အရင်လိုမဟုတ်တော့တဲ့ ဝေလီဝေလင်းမနက်ခင်းတခုက
အရင်လိုလက်ဖက်ရည်တခွက်နဲ့ ဧည့်ခံဖို့ကိုလည်း ပျက်ကွက်ခဲ့လေပြီ။

ချွေးတဒီးဒီးကျအောင် ဈေးစကားပြောနေကြတဲ့ လမ်းမတွေပေါ်မှာ
ရွေ့လျားမှုမှန်သမျှဟာ သုတ်သီးသုတ်ပျာနဲ့
ခေတ်နဲ့လိုက်လျောညီထွေ ရာသီဥတုတွေကလည်း သုတ်သီးသုတ်ပျာနဲ့
လှုပ်ရှားနေတဲ့လူတွေကိုကြည့်ရင်း ရင်ထဲမှာ မြစ်တစင်းခမ်းခြောက်သွားခဲ့ရတယ်။
အပြည့်အစုံသို့ ...
 
Singers' donation go to NLD school
User Rating: / 1
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

NLD စာသင်ကျောင်းကလေးများကို အနဂ္ဂ၊ သံသာဝင်းတို့ ကူညီလှူဒါန်း
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၀၊ ၂၀၁၁

 (အမည်းရောင်အိတ် လွယ်ထားသော အမျိုးသမီးမှာ အနဂ္ဂ၏ မိခင် စတီရီယိုခေတ်ဦး အဆိုတော် နေနေလှိုင်းဇင် ဖြစ်ဖွယ်ရှိသည်)
အပြည့်အစုံသို့ ...
 
dams on irrawaddy and U Thein Sein government
User Rating: / 1
မျက်မှောက်ရေးရာ - သူတို့အာဘော်

ဧရာဝတီအရေးနဲ့ ဒီမိုကရေစီ စမ်းသပ်မှု
နိုင်လင်းအောင်
စက်တင်ဘာ ၂၀၊ ၂၀၁၁
 သြဂုတ် ၂၂ ရက်နေ့က တွေ့ရတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - getty images)

အပြည့်အစုံသို့ ...
 
Burmese Protest in front of Chinese Consulate in SF
User Rating: / 4
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

 ဆန်ဖရန်ဘေးဧရိယာမြန်မာအရေးလှုပ်ရှားသူများ တရုတ်ကောင်စစ်ဝန်ရုံးကို ဆန္ဒပြ

မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၂၀၊ ၂၀၁၁

ယမန်နေ့ နေ့ခင်းက ဆန်ဖရန်စစ္စကိုဘေးဧရိယာနေ မြန်မာ့အရေးလှုပ်ရှားသူများ စုဝေးကြပြီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲ ကျင်းပခဲ့သည်။ လူဦးရေ ၅၀ ခန့်တက်ရောက်ပြီး မြန်မာပြည်၏ သဘာ၀၀န်းကျင်၊ တိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ မြန်မာတပြည်လုံး၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ထိခိုက်ပျက်စီးစေသည့် တရုတ်ရေကာတာများ ဆောက်လုပ်နေမှုကို ရပ်တန့်ရန် ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အပြည့်အစုံသို့ ...
 
Maung Ko Oo - Prepare first before taking on China
User Rating: / 10
မျက်မှောက်ရေးရာ - သူတို့အာဘော်
ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ
မောင်ကိုဦး
စက်တင်ဘာ ၁၉၊ ၂၀၁၁
ဧရာဝတီ ပြသနာဟာ တစစ ကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ အမျိုးသားရေး ပြန်လည်နိုးကြားလာပြီ လို့တောင် ပြောလို့ရတဲ့ အခြေ အနေ ဖြစ်လာပါတယ်။ ကောင်းသောလက္ခဏာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ကြီးမားတဲ့ ရလဒ် လို့လည်း ကောက်ချက်ချနိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ တနွယ်ငင် တစင်ပါ ဆိုသလို နောက်ထပ် နိုးကြားဆောင်ရွက်လာမယ့် အမျိုးသားရေး လှုပ်ရှားမှုကြီးကတော့ “တရုတ် ကျူးကျော်မှု” ဖြစ်လာမယ့်အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပ ရန်စွယ်ကို စေ့ငုကြည့်ရင် ဆွေမျိုးယောင်ဆောင်နေတဲ့ ပေါက်ဖေါ် ဟာ အဓိကပဲဖြစ်ပါတယ်။ တရုတ်ဟာ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက အကွက်ကျကျ ချယ်လှယ် ကိုလိုနီပြုနေတာကို စနစ်တကျ လေ့လာလေလေ ပိုပြီး ထင်ထင်ရှားရှား မြင်သာလေလေပဲဖြစ်ပါတယ်။ ခေါင်းမြီးခြုံပြီး သိုသိုသိပ်သိပ်တလမ်း၊ သိသိသာသာတဖုံ၊ ရောရောယောင်ယောင်တသွယ်၊ မလိမ့်တပတ် တနည်း၊ စော်စော်ကားကား တမျိုး ပြုချင်သလိုပြု နုချင်သလို နု နေတာ အထင်အရှားဖြစ်ပါ တယ်။
အပြည့်အစုံသို့ ...
 
MoeMaKa Radio - 18th Sept 2011
User Rating: / 2
မိုးမခ ရေဒီယို - Radio Program
စက်တင်ဘာ ၁၈၊ ၂၀၁၁ - မိုးမခရေဒီယို

လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံသည် - မောင်မောင်လတ်

သတင်းတိုထွာ၊ သီချင်းပဒေသာ၊ မောင်ရစ်ကာတွန်း

ဧရာဝတီတော်လှန်ရေး - အောင်ဒင်၊ မိုးမခ

ဧရာဝတီ သာသနာ - သူ့လူကာရိုလိုင်းနား၊ Burma Today

အမှတ် (၁) စက်မှုဝန်ကြီး ဦးဇော်မင်း ရုပ်ပုံလွှာ - ဦးအောင်လင်းထွတ်၊ မိုးသီးဇွန်

အမှန်တရားဆန်းစစ်ချက်ပုံပြင်-နန္ဒာသိန်းဇံ

သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသား ထူးထူးဟန် လိမ်လည်ခြင်းအပေါ် Dr မြင့်ချို သုံးသပ်ချက်

မာမာအေးနဲ့ အင်တာဗျူး - သတင်းဦး၊ သီချင်းထူး

အထူးကဏ္ဍ -ရွှေပြည်တော်မျှော်တိုင်းဝေး ရှင်းတမ်း

(ပခန်းမင်းသားကြီး၊ အောင်မြေသာဇံပတ်ပျိုး၊ ဇေယျရဲ့မြန်မာ့ရယ်သံ၊ဦးပန်တျာ မွေးရပ်မြေအလွမ်း)

စီစဉ်သူများ -  ဦးပန်တျာ၊ မေရီ

 

 
treasure of my life, poems from my heart - 31
User Rating: / 3
ပင်တိုင်ကဏ္ဍ - တင်မိုး
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၁)
တင်မိုး
စက်တင်ဘာ ၁၉၊ ၂၀၁၁

 "---တပြည်လုံးအတွက် အခက်ဝေေ၀နဲ့ ရတက်ပွေနေသမျှ ရင်ထဲကလှိုင်းသံကာရန်တွေ ထုဆစ်ပြီး ဗျိုးဟစ်သလို ဟစ်လိုက်ချင်ပါတယ်။ ခံစားမှုတွေ ပေါက်ကွဲတဲ့အခါကိုး---"
အပြည့်အစုံသို့ ...
 
Cartoon Win Pe : emergency
User Rating: / 0
ဝင်းဖေ - ကာတွန်ူး

ကာတွန်း ၀င်းဖေ - အရေးပေါ်
စက်တင်ဘာ ၁၉၊ ၂၀၁၁

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121



 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 55 - 72 of 7952
 
Top! Top!