မာတိကာ
Wednesday, 22 November 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Zaw Aung (Mone Yar) - Articles
User Rating: / 6
စာပဒေသာ - ဆောင်းပၝးစုံ
အမေရိကန်၊ စင်ကာပူဒေါ်လာနဲ့ မြန်မာကျပ်ရာဇ၀င်
ဇော်အောင် (မုံရွာ)
စက်တင်ဘာ ၂၃၊ ၂၀၁၁



၁၉၉၀ တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ ကျပ်
တိုက်ခန်းတစ်ခု ၃ သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃ သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ ကျပ်။

၂၀၀၇ သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၉၀၀ ကျပ်
တိုက်ခန်းတစ်ခု ၃၀၀ သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀ သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅ သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ ကျပ်။

အပြည့်အစုံသို့ ...
 
Irrawaddy Art Show visited by Suu
User Rating: / 2
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

မြစ်တစင်းရဲ့ပုံရိပ်ဧရာဝတီပြပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
တာရာဝေယံ၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
ယမန်နေ့ မနက်ခင်း ၉  နာရီခွဲက ရန်ကုန်မြို့၊ ယောမင်းကြီးလမ်း၊ ဂယ်လာရီ ၆၅ ပြခန်းမှာ ဖွင့်လှစ်ခဲ့ မြစ်တစင်းရဲ့ ပုံရိပ်ဧရာဝတီပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် နိုင်ငရေး၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ ဧရာဝတီချစ်သူများ အများအပြားတက်ရောက်ခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...
 
ku Mojo - Cartoon
User Rating: / 1
သောင်းပြောင်းထွေလာ - ကာတွန်း Box
အသစ်ကလေးမို့ပါဗျာ ...
ကာတွန်း - ကူမိုးကြိုး
စက်တင်ဘာ ၂၃၊ ၂၀၁၁

 
SUU with Q & A
User Rating: / 2
လူမှုရှုခင်း - စကားလက်ဆုံ
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁၊ စက်တင်ဘာ ၁၆ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်
စက်တင်ဘာ ၂၃၊ ၂၀၁၁


  • ကိုလူမင်း (ပြည်မြို့)
  • မေးခွန်း ။ ။ အမေစု မင်္ဂလာပါ။ ကျနော် ပြည်မြို့က ကိုလူမင်း ဖြစ်ပါတယ်။ ကျနော်မေးချင် တဲ့မေးခွန်းက ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းက အခုတလော ဒီလွှတ်တော်ထဲမှာ သူဖြေသွားတာက စာပေစိစစ်ရေးဟာ မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေသင့်တယ်။ ဖျက်သိမ်းပေး ဖို့လည်း အစိုးရမှာ အစီအစဉ်မရှိဘူးလို့ သူပြောသွားပါတယ်။ အဲဒါအနေနဲ့ပတ်သက်လို့ ကျနော်တို့မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးကို ဆက် လက်ပြီးတော့ထားရှိတာဟာ ပိုကောင်းမလား။ ဒါမှမဟုတ်လို့ရှိရင် စာပေစိစစ်ရေးကို ဖျက်သိမ်းပစ်လိုက်ပြီးတော့ သတင်းသမားတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်ပေးလိုက်ပြီးတော့မှ တစ်ခုခုတစ်စုံတရာ ပြဿနာဖြစ်လာလို့ရှိရင် ဥပဒေအကြောင်းအရ အရေးယူတာက ပိုကောင်းမလား။ အဲဒီနှစ်ခုကို အမေစု ဘယ်လို တွေးနေမိပါသလဲခင်ဗျာ။ အဲဒါလေး ကျနော်သိချင်ပါတယ်။

  • အဖြေ ။ ။ စာပေစိစစ်ရေးဆိုတာ ဒီမိုကရေစီအဆောက်အအုံ ခိုင်မာတဲ့နိုင်ငံတွေမှာ မရှိပါဘူး။ ဒါ့ကြောင့် တကယ်ပဲ ဒီမိုကရေစီ တည်ဆောက်ချင်တယ်ဆိုရင် စာပေစိစစ်ရေးအဖွဲ့ရယ်လို့ မရှိသင့်ပါဘူး။ နိုင်ငံရဲ့ဥပဒေတွေနဲ့ မကိုက်ညီတဲ့ရေးသားမှုတွေ၊ ဥပမာ-အသရေ ဖျက်မှု၊ လူမျိုး ဘာသာ မတူသူများအကြား လှုံ့ဆော်ရန်တိုက်မှု၊ အဲဒါတွေဆိုလို့ရှိရင်တော့ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြုံတုန်း ဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ထပ်ပြီးတော့ပြောချင်ပါတယ်။ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးရေးရှိတယ် ဆိုရင် မလိုအပ်တဲ့ကန့်သတ်ချုပ်ချယ်မှုတွေကို ဖယ်ရှားဖို့ကလည်း အထောက်အကူဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Aung Din - Irrawaddy, Burma & Faking Dragon
User Rating: / 4
မျက်မှောက်ရေးရာ - ခွဲခြမ်းစိတ်ဖြာ
 ဧရာဝတီ၊ မြန်မာပြည် နဲ့ လိမ်ညာနေတဲ့ နဂါးအနီ
အောင်ဒင်
စက်တင်ဘာ ၂၃၊ ၂၀၁၁
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊
အပြည့်အစုံသို့ ...
 
Tu Maung Nyo - The voice of People in the grip of Burmese Luttaw
User Rating: / 0
လူမှုရှုခင်း - မိုးမခထံ ပေးစာများ
လွှတ်တော်လက်ခုတ်ထဲက ပြည်သူ့အသံနဲ့ ဆန္ဒ
တူမောင်ညို၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
ရေဘေးဒုက္ခကြုံရတဲ့ပြည်သူနဲ့ ပြည်ထောင်စုဝန်ကြီး ဆက်ဆံပုံတစ်ခု
ဤပုံကိုကြည့်ပါ။ ပြည်သူတွေနဲ့ သူတို့တတွေ တစ်သားတည်း၊ ကြမ်းတစ်ပြေးတည်းမထိုင်ကြဘူး။
 ဒီတော့ ပြည်သူ့ ခံစားချက်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ သူတို့မသိတာ ဘာမျှမဆန်းပါဘူး။

“ပြည်သူ့အသံ- လွှတ်တော်အသံ”
“ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ”
“ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” 
ဆိုသည့် လွှတ်တော်ဆောင်ပုဒ် ကို မေးခွန်းထုတ်ရမယ်။

တကယ့်လက်တွေ့မှာတော့ပြောင်းပြန်ဖြစ်နေပါတယ်။

“လွှတ်တော်အသံ - ပြည်သူ့အသံ”
“လွှတ်တော်ဆန္ဒ - ပြည်သူ့ဆန္ဒ”
“လွှတ်တော်ဆုံးဖြတ်ချက် -   ပြည်သူများ က ဖော်ဆောင်ရွက်”
 
Burmese Monks in US, UK & Canada urged Burmese Presider to stop dam on Irrawaddy
User Rating: / 4
မျက်မှောက်ရေးရာ - သတင်းဖတ်စာ

ဧရာဝတီအရေး ပြည်ပရောက် မြန်မာသံဃာတော်များက သမ္မတကြီးထံ မေတ္တာရပ်ခံ
မိုးမခ၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
စက်တင်ဘာ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်သော အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်ရောက် ဆရာတော်၊ သံဃာတော်များ၏ မေတ္တာရပ်ခံစာတွင် အမေရိကန်ရှိ ၀ါရှင်တန်ဒီစီသံရုံးမှတဆင့် သမ္မတကြီး ဦးသိန်းစိန်အား ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ရပ်တန့်ရန်၊ ဖျက်သိမ်းပေးပါရန် ပန်ကြားတောင်းပန်ထားသည်ကို တွေ့ရသည်။ ဆရာတော်သံဃာတော်များ၏ မေတ္တာရပ်ခံ ပန်ကြားစာကို သည်နေရာမှာ ရယူနိုင်ပါသည်။
အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်ရောက် မြန်မာရဟန်းတော်၊ သံဃာတော်များ၏ မေတ္တာရပ်ခံစာတွင် မြန်မာပြည်သူတရပ်လုံး၏ စားဝတ်နေရေး၊ ပတ်ဝန်းကျင် ရေမြေသဘာဝနှင့် မိုးလေ၀သ မျှတထိန်းသိမ်းရေး နှင့် ပြည်ထောင်စု၏ အမွေအနှစ်ကို စောင့်ရှောက်ရေးတို့အတွက် လက်ရှိနိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က အလေးအနက်စဉ်းစားပြီး အများပြည်သူတရပ်လုံး၏ သဘောထားနှင့် ထပ်တူ ဧရာဝတီမြစ်ဆုံစီမံကိန်းများကို ရပ်တန့် ဖျက်သိမ်းပေးပါရန် ပန်ကြားကြောင်း ရေးသားထားသည်။
အပြည့်အစုံသို့ ...
 
Theitpan Chithu - Myat Lay
User Rating: / 2
လူမှုရှုခင်း - ရုပ်ပုံလွှာ
စွယ်စုံရအနုပညာရှင် ထပ်ဆင့်အကယ်ဒမီ မြတ်လေး
သိပ္ပံချစ်သူ
စက်တင်ဘာ ၂၂၊ ၂၀၁၁


ပန်းချီ - ညိုဝင်း

ကျနော်ငယ်စဉ်က မြတ်လေး၏ ‘ရေပွက်ပမာ’ ‘မလိခချစ်သူ’ ၊ ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ၊ ‘မြခြူသံ’၊ ‘ရွှေလက်ဖြင့်ခေါ်လည်းမလာ’၊ ‘ရင်ထဲမှာရွာသောမိုး’ ၊ စသည့်ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသည်။ ထိုအချိန်မှစ၍ မြတ်လေး၏ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာ ပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့သည်။ ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟုခေါ်ကြသည်။ ကျနော့်အထင် သူပါဝင်သောကားတိုင်း၌ အပြောကို လိုအပ်သည်ထက် ‘ကဲ’ လေ့ရှိသည်။

‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။

၁၉၈၅ ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ် ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း) ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာ သောကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယော ဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿန်ထဲတွင်နေ သုဿန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချိဝေဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ၀မ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိ ပါသည်။

အပြည့်အစုံသို့ ...
 
Cartoon: we and facebook
User Rating: / 1
သောင်းပြောင်းထွေလာ - ကာတွန်း Box
 ကာတွန်း "အောင်" - ဖေ့စ်ဘုတ်လောက
စက်တင်ဘာ ၂၂၊ ၂၀၁၁
 
Maung Yit - Hand Written Notes by the editor
User Rating: / 8
မျက်မှောက်ရေးရာ - သူတို့အာဘော်
အယ်ဒီတာ့လက်ရေး စက်တင်ဘာ ၂၂၊ ၂၀၁၁
မောင်ရစ်
မိုးမခက ဒီတပတ်မှာ စာတွေရေးစရာတွေ၊ အကြွေးတွေ ပိမြဲ ပိနေဆဲပါပဲ။ တယောက်တလက် ၀ိုင်းကူကြတာကို ကျေးဇူးတင်ကြောင်း စကားဆိုလိုက်ပါတယ်။ ရေးစရာ ကြုံရ ဆုံရတာလေးတွေကို မှတ်စုထုတ်ထားသမျှကို သည်နေရာကနေ ပရိသတ်ကြီးကို အသိပေးလိုက်တယ်ပဲ ဆိုကြပါစို့။
အပြည့်အစုံသို့ ...
 
Daw Suu on Skype
User Rating: / 3
မျက်မှောက်ရေးရာ - သတင်းဖတ်စာ

ဒေါ်အောင်ဆန်းစုကြည်က Skype မှတဆင့် အစည်းအဝေးတက်ရောက်
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၂၂၊ ၂၀၁၁

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် Skype အသုံးပြုပြီး နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များတက်ရောက်သည့် နယူးယောက်မြို့ အစည်းအဝေးတွင် တိုက်ရိုက် စကားပြောခဲ့သည်။
အပြည့်အစုံသို့ ...
 
Ku Mojo - Cartoon
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
တောင်းပွဲ .... တိုက်ပွဲ
ကာတွန်း - ကူမိုးကြိုး
စက်တင်ဘာ ၂၂၊ ၂၀၁၁

 
Maung Swan Yi - Poems
User Rating: / 1
စာပဒေသာ - ကဗျာ
သူငယ်ချင်း မောင်မိုးသူ
(မောင်မိုးသူ အသက် ၆၀ ပြည့် မွေးနေ့တုန်းက အပယ်ခံကဗျာ)
မောင်စွမ်းရည်
စက်တင်ဘာ ၂၂၊ ၂၀၁၁


သူ့မွေးနေ့
၆၀ ပြည့်မှာ
တေ့တေ့ဆိုင်ဆိုင်
မရှောင်နိုင်တဲ့ အမြှောင်ကြား
ဘွားကနဲ့ တွေ့ကြတယ်။

“ဟိတ် ... သူငယ်ချင်း
မင်းရဲ့မွေးနေ့ ဒီကနေ့လေ
မင်းမေ့နေရော့သလား
ဒို့များ ဘာစားရမလဲ” လို့
မိုးသူကို ငါကမေးတော့
မေးသူကို မိုးသူပြောပုံက
အရောတ၀င် အရေးတယူ
အလေးတမူနဲ့ ရှေးမူအတိုင်းပါပဲ
လူသာကိုင်းပြီး “ဘူဒါ” တပိုင်းပေမဲ့
အမူအရာက၊ ပျူပျူငှာငှာ မထိုင်းမမှိုင်း
သူဟာ သူပါပဲ၊ ပျူငှာမြဲ အတိုင်း။
အပြည့်အစုံသို့ ...
 
Zaw Hmine (Oakland) - They come in Peace
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်းဇော်မှိုင်း - ငြိမ်းဆိုမှ ငြိမ်း
စက်တင်ဘာ ၂၂၊ ၂၀၁၁
 
Irrawaddy Sorrow Press Show
User Rating: / 2
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း


  ဧရာဝတီကိုတော့ မလွမ်းချင်ပါ စာအုပ်မိတ်ဆက်ပွဲ မြင်ကွင်း
တာရာဝေယံ၊ မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၁
ဒီနေ့နေ့လယ် ၂ နာရီက ညနေ ၅ နာရီ အထိ ရွှေဂုံတိုင်မှာ ရှိတဲ့ တော်ဝင်နှင်းဆီ - သီရိခန်းမဆောင်မှာ "ဧရာဝတီကိုတော့ မလွမ်းချင်ပါ" စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ မိတ်ဆက်ပွဲကို ဧရာဝတီချစ်သူများ၊ အနုပညာရှင်များ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များနဲ့ စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
အပြည့်အစုံသို့ ...
 
Essay Competition Invites from Bay Burmese
User Rating: / 2
ရွာဆော်ကြီးပြက္ခဒိန် - ဖိတ်ကြားလွှာများ
ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲအထိမ်းအမှတ်
စာစီစာကုံး ဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်
မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၂၂၊ ၂၀၁၁
          ဒီတခေါက် လာမယ့် အောက်တိုဘာ ၈၊ ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေချစ်သူများနဲ့ BADA အဖွဲ့တို့ ၀ိုင်းဝန်းကျင်းပကြတဲ့ စာပေဟောပြောပွဲမှာ ထူးထူးခြားခြား မြန်မာကလေးငယ်များနဲ့ စာပေ၀ါသနာရှင်များအတွက် စာစီစာကုံးဆောင်းပါးဖိတ်ခေါ်ပွဲကို ထည့်သွင်းထားပါတယ်။ သူတို့ရဲ့ ဖိတ်စာက အောက်ပါအတိုင်းဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
D Let Myo - Personal Poems
User Rating: / 0
စာပဒေသာ - ကဗျာ
နင့်ကျည်ဆံက ငါ့ကိုတည့်တည့်မှန်တယ် နန်းခမ်းကူ
ဒီလက်မျိုး၊ စက်တင်ဘာ ၂၁၊ ၂၀၁၁
ပစ်ချလိုက်တဲ့သေနတ်က
ချိုမြိန်လိုက်လေကွယ်
ဘ၀ကိုပြန်တွေးကြည့်တော့ ၃၈နှစ်ရှိပြီ။
လွမ်းစရာကောင်းတဲ့ ညများ
ပျော်စရာကောင်းတဲ့ ညများ
ကောင်းကင်က ယုန်ဆန်ဖွတ်တဲ့ အဖိုးအို
မေမေရေ …
သား ဒီဘ၀ကြီးမှာနေလို့ကောင်းသေးရဲ့လား
ဧရာဝတီမြစ်ကြီးရေခမ်းနေပြီ
တိုင်းပြည်က မွဲပြာကြနေပြီ
လူတွေက ချွတ်ခြုံကြနေပြီ
ပျော်ပါးခွင့်ရှိသော ဘ၀များကတော့
ပျော်ပါးသောညများမှာ ပျော်ပါ ကိုကို။
မင်း အိုကေလား
မီးရောင်လင်းလက်သော ပါးရိုက်သံက
နားထဲကိုချိုသာစွာ စီးဝင်ပါရဲ့။
ဟေ့ …
ပြောဖို့မေ့သွားလို့
နန်းခမ်းကူပစ်တဲ့ကျည်ဆံက ကျနော့်ကို တည့်တည့် မှန်တယ်ဆရာ။
 
Than Win Hlaing - Article
User Rating: / 5
ပင်တိုင်ကဏ္ဍ - Than Win Hlaing

ဧရာဝတီကိုဖျက်ဆီးမည့် ကြပ်ပြေးနေပြည်တော်မှ ကျပ်မပြည့်သော အစိုးရသစ်ဝန်ကြီးများ

သန်းဝင်းလှိုင်
စက်တင်ဘာ ၂၁၊ ၂၀၁၁


တကယ်တော့ ဧရာဝတီဟာ ကျနော်တို့နိုင်ငံရဲ့ မိခင်မြစ်ကြီး၊ ကျနော်တို့နိုင်ငံရဲ့အလှတရား၊ ကျနော်တို့နိုင်ငံရဲ့ သဘာဝအမွေတစ်ခုပါ။ ဧရာဝတီရဲ့သမိုင်းကြောင်းဟာ လွန်ခဲ့သောနှစ်ပေါင်း (၄၅) သန်းကျော်ကတည်းကရှိခဲ့တယ်လို့ ဘူမိဗေဒပညာရှင်များက ခန့်မှန်းခဲ့ကြပါ တယ်။ မိခင်ဧရာဝတီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက် မြောက်လတ္တီကျု့ (၂၅) ဒီဂရီ (၄၅) မိနစ်၌ ရေခဲတောင်တန်းများ ကို မြစ်ဖျားခံ၍ မေခမလိခမြစ်နှစ်သွယ်ပေါင်းဆုံရာမှဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ဖွားဘက်တော် သဘာဝမြစ်ကြီးပါ။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 37 - 54 of 7952
 
Top! Top!