မာတိကာ
Wednesday, 26 July 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Cartoon Tin Ko Ko Oo - USDP Govt’s Peace
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်း တင်ကိုကိုဦး - ကြံ့ဖွံ့အစိုးရရဲ့ ငြိမ်းချမ်းရေးဆိုတာ …

စက်တင်ဘာ ၉၊ ၂၀၁၁

 
Daung Nwge Swe - Theit pan chit thu
User Rating: / 0
လူမှုရှုခင်း - ရုပ်ပုံလွှာ

ဒေါင်းနွယ်ဆွေ (သို့မဟုတ်) နောက်ဆုံးထွက်သက်အထိ ကဗျာများရေးဖွဲ့သွားသောစာဆိုရှင်

သိပ္ပံချစ်သူ
စက်တင်ဘာ ၉၊ ၂၀၁၁



၁၉၇၇ ခုနှစ်။

ကြာခဲ့ပြီ နှစ်ပေါင်း ၃၄ နှစ်တိုင်ခဲ့ပြီ။

ထိုစဉ်က ကျနော်သည် စာပေမြတ်နိုးစိတ်အမြစ်တွယ်ရာမှ စာမပီသေးသော စာတိုပေစကလေးများကို စာနယ်ဇင်းအချို့၌ရေးဖွဲ့စပြုနေ သောအချိန်ဖြစ်သည်။ ရန်ကင်း ၁၂ လုံးတန်းရှိ ဆရာနန်းညွန့်ဆွေနှင့် ဆရာမဒေါ်လှကြည် (ကြည်ဦး) တို့ဆီသွားတိုင်းအပြန်တွင် ဆရာ ဒေါင်းထံသို့ဝင်လေ့ရှိသည်။ တခါတရံ ဆရာနှင့်အတူလက်ဖက်ရည်ဆိုင်ထိုင်ကာ စာအကြောင်းပေအကြောင်းပြောလေ့ရှိသည်။ ထိုစဉ် ကာရန်မဲ့ကဗျာကို ဝေဖန်မှုအမျိုးမျိုးပြုနေသော အချိန်လည်းဖြစ်သည်။ ကာရန်မဲ့ကဗျာသည် အစဉ်အလာ ကာရန်ယူရေးစပ်သီကုံးသော ကဗျာမဟုတ်ဘဲ အခြားကဗျားပစ္စည်းများဖြင့် ရေးစပ်သောကဗျာမျိုးဖြစ်သည်။ တချို့က နာရီကို သုံးစွဲရေးစပ်သည်ဟုဆို၏။ တချို့ကာရန်မဲ့ ဆိုစေကာမူ ကာရန်လုံးဝမပါမဟုတ်။ ပါသင့်သလောက်ပါသည်။ အစဉ်အလာကာရန်ပုံစံကို ကျောက်ထွက်လာခြင်းဖြစ်သည်ဟုဆို၏။ ဆရာတက္ကသိုလ်မင်းမော်က ကာရန်ရှိတဲ့စာကို ကဗျာလို့ခေါ်နေမှတော့ ကာရန်မရှိတဲ့စာကို ဘာဖြစ်လို့ကဗျာလို့ခေါ်နေတော့မှာလဲ။ တခြားနာမည်တခုခုပေးလိုက်လည်းရမှာပဲ။ ကဗျာဆိုတဲ့နာမည် မတပ်ရတော့ဘာဖြစ်ရမှာလဲဟုဆိုသည်။ ဆရာဒဂုန်တာရာကမူ “ကာရန်မဲ့ကဗျာ လို့ခေါ်တဲ့သူက ဘယ်လိုအဓိပ္ပါယ်နဲ့ခေါ်သလဲတော့မသိဘူး။ ကာရန်တော့မမဲ့ဘူး။ ကာရန်တွေပါနေတယ်။ ကာရန်ပါပုံပါနည်းကတော့ ရှေး ဟန်အတိုင်းတော့မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် ကာရန်တွေယူချင်သလိုယူထားတာတွေ့ရတယ်” ဟုဆိုသည်။ ထိုကြောင့် ကာရန်မဲ့ ကဗျာအကြောင်း ဆရာကိုမေးကြည့်ရာ ဆရာက -

အပြည့်အစုံသို့ ...
 
Suu's Messege from Messenger Journal
User Rating: / 1
မိုးမခ အထူးအစီအစဉ် - ဒေါ်အောင်ဆန်းစုကြည်
ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်
The Messenger, September 5th 2011 Edition
စက်တင်ဘာ ၂၀၁၁ လဆန်းက ထုတ်ဝေခဲ့တဲ့  The Messenger ဂျာနယ်မှာ ဖေါ်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်အင်တာဗျူးမှာအောက်ပါအတိုင်းဖြစ်သည်။  မွန်း ဒီပါ ဖေ့စ်ဘွတ် က ကူးယူပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
အပြည့်အစုံသို့ ...
 
3 Year Anniversary of Yadanagonyi - SF Bay Area Dhamma Classes
User Rating: / 1
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၉၊ ၂၀၁၁
စက်တင်ဘာ ၄၊ တနင်္ဂနွေနေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်တွင် ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်းအဖွဲ့၏ ၃ နှစ်ပြည့် အထိမ်းအမှတ်ကုသိုလ်ပွဲ ကျင်းပခဲ့သည်။ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအနက် ဖရီးမောင့်မှ ကျောင်း ၂ ကျောင်း၊ ဟေးဝဒ်မှ ကျောင်း ၁ ကျောင်း၊ ဒေးလီးစီးတီးမှ ကျောင်း ၁ ကျောင်း၊ ဟတ်ဖ်မွန်းဘေးက ကျောင်း ၁ ကျောင်း၊ ဥက္ကလံမြို့ က ကျောင်း ၁ ကျောင်း စုစုပေါင်း ကျောင်း ၆ ကျောင်း တို့ထံက သံဃာတော် ၁၂ ပါးကျော် တက်ရောက်ချီးမြှင့် သြ၀ါဒပေးကြသည်ကို တွေ့ရသည်။
အပြည့်အစုံသို့ ...
 
Saung Luu - Poem
User Rating: / 0
စာပဒေသာ - ကဗျာ

ကျွန်သေတွေနေတဲ့ မြို့

ဆောင်းလူ
စက်တင်ဘာ ၈၊ ၂၀၁၁


တိမ်တွေခမျာမှာ
ထင်ရာမြင်ရာ … ရောယောင်ပြီး ခလုတ်တိုက်ချလိုက်တာ
ကမ္ဘာတခြမ်းလုံး ဖူးယောင်သွားသတဲ့ ..။

ငြိမ်းချမ်းရေးစကားများ
တဖောဖော တသောသောနဲ့ ခရားထဲကပြုတ်ကျ
ဝတ်လစ်စလစ် အခင်းအကျင်းအောက်မှာ
မညှာမတာ ညှီနံ့လှိုင်လှိုင်ပေး
သံချေးရောင်တောက်ပလွန်းသော ငါးမျှားချိတ်တွေနဲ့
ကုန်းတတန် ရေတတန်နဲ့
နယ်သစ် ပယ်သစ်ရှာဖို့ တက်ကြွနေလေရဲ့ …။
အပြည့်အစုံသို့ ...
 
Daw Yin Yin Myint
User Rating: / 1
ပင်တိုင်ကဏ္ဍ - Maung Swan Yi


သတ္တိရှိတဲ့ ဆရာမလေး ဒေါ်ရင်ရင်မြင့်
မောင်စွမ်းရည်
စက်တင်ဘာ ၈၊ ၂၀၁၁
၂၀၀၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်စွဲဖြင့် http://www.burmanet.org/burmese/?p=1136 တွင် ဖော်ပြထားသော ဆောင်းပါးကို ကူးယူ ဖော်ပြသည်
အပြည့်အစုံသို့ ...
 
alleged taliban ties
User Rating: / 1
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
မြန်မာပြည်မှာ တာလီဘန် အချိတ်အဆက် ရှိနေပြီလား
မိုးမခအထောက်တော် အမှတ် ၀၀၁
စက်တင်ဘာ ၈၊ ၂၀၁၁

မြန်မာထောက်လှမ်းရေးအစီရင်ခံစာ ဟူသော ၀ီကီလိခ် ပေါက်ကြားစာတစောင်တွင် ARNO သူပုန် ၅ ဦးက ဘင်လာဒင်နှင့် တွေ့ဆုံခဲ့သည်ဟု ဖော်ပြထား၏
အပြည့်အစုံသို့ ...
 
Ashin Nyarnikar bi won tha - Article
User Rating: / 2
စာပဒေသာ - အတွေးအမြင်
အမျှ ဘာကြောင့်ယူရတယ်
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၈၊ ၂၀၁၁

 

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊

ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊

အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်/

ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊

ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ် လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့ တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ် သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့ တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။ မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။

အပြည့်အစုံသို့ ...
 
Htoo Han made up criminal past to shame UN ICC on Burma
User Rating: / 3
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
ထူးဟန်နဲ့ မွန်းတို့က စစ်တပ်၏ပါးကွက်သားများအဖြစ် လုပ်ကြံဖန်တီးပြီး
ယူအန်၏ အိုင်စီစီလုပ်ငန်းစဉ် အားနည်းချက်ကို ထင်ရှားအောင် သက်သေပြခြင်းဖြစ်
မိုးမခအထောက်တော် ၀၀၈၊ စက်တင်ဘာ ၈၊ ၂၀၁၁
လွန်ခဲ့တဲ့ ဇူလိုင်က မြန်မာပြည်က နိုင်ငံရေးဒုက္ခသည်၊ သြစတြေးလျနိုင်ငံသား ထူးထူးဟန်နဲ့ အပေါင်းအပါ ၂ ဦးက သူတို့တတွေက မြန်မာစစ်အာဏာရှင်ရဲ့ ပါးကွက်သားတွေဖြစ်တယ်၊ မြန်မာ့ဒီမိုကရေစီဘက်တော်သားတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုပြီး ကုလရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ အစစ်ဆေးခံလိုကြောင်း တင်ပြခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...
 
Tin Moe - How to prose poem book - published in ebook by moemaka
User Rating: / 4
မိုးမခ အကြောင်း - MoeMaKa Basic Facts

ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ်
မိုးမခအီးဘုတ်စာစဉ် ၂၁ အဖြစ်ထွက်ပြီ
မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၁
မြန်မာပြည် မဆလတပါတီအာဏာရှင်လက်ထက်မှာ ကျောင်းသုံးစာအုပ်အဖြစ် ရေးသားပြင်ဆင် ပုံနှိပိပြီးခါမှ ထုတ်ဝေဖြန့်ချိခြင်း မပြုလုပ်ဘဲ ဖျက်သိမ်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာဘာသာရပ်မှာ သင်ကြားဖို့ ၁၉၈၅ ခုနှစ်က ရည်ရွယ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အာဏာရှင်တွေရဲ့ ကမောက်ကမတိုင်းပြည်အုပ်ချူပ်မှုအောက်မှာ ပျောက်ဆုံးသွားတဲ့ စာပေနဲ့ ပညာရေး ရတနာသိုက်တခု ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
News & Media
User Rating: / 0
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်မြန်မာစာသင်တန်းဆင်းပွဲ

မိုးမခ
စက်တင်ဘာ ၈၊ ၂၀၁၁

နယူးယောက်ပြည်နယ်အထက်ပိုင်း၊ ယူတီကာမြို့၊ သန္တိသုခကျောင်းတိုက်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့် မြန်မာစာသင်တန်းဆင်းပွဲကိုစက်တင်ဘာ ၄ ရက်နေ့တွင်ကျင်းပရာ မြန်မာပြည်မှကြွရောက်လာ သော ဓမ္မဘေရီဆရာတော်အရှင်ဝိရိယကြွရောက်၍တရား မ္မများချီးမြှင့်ပေးခဲ့ပါသည်။

နေလည် (၁) နာရီအချိန်တွင် အခမ်းအနားစတင်ကျင်းပရာ သင်တန်းသားသင်တန်းသူကလေးငယ်လေးများမှ ဗုဒ္ဓဘာသာယဉ်ကျေးမှု မြန်မာကဗျာများရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ကလေးငယ်များအားသင်တန်း ဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် လှူဘွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခြင်းများပြုလုပ် ကာ အခမ်းအနား ကိုနေ့လည် (၃) နာရီအချိန်တွင် ရုပ်သိမ်းကြောင်းသတင်းရရှိပါသည်။
အပြည့်အစုံသို့ ...
 
Maung Yit - Home Coming Cartoon for Burma
User Rating: / 3
သောင်းပြောင်းထွေလာ - ကာတွန်း Box
ကာတွန်းမောင်ရစ် - ငါပြန်လာဘီ ကာတွန်း
သူ ပျံလာဘီ၊ မြန်မာပြည်
ဧရာဝတီကို ကယ်ဆယ်ဖို့ ရေပုံးကိုယ်စီ ပါလာသည်
(စက်တင်ဘာ ၈၊ ၂၀၁၁)
 
May Hnin Lei Mon - Collectvie Progress in Burma
User Rating: / 1
သောင်းပြောင်းထွေလာ - သရော်စာ

အိနြ္ဒိယပစ္စယော - အများကြီးတိုးတက်သွားပြီ

မေနှင်းလဲ့မွန် ၊ စက်တင်ဘာ ၈၊ ၂၀၁၁

ဓမ္မဘေရီဆရာတော်သည် ဆန်ဖရန်စစ္စကိုဘေး ဧရိယာတွင် လူတိုင်းအတွက်ပဋ္ဌာန်း သင်တန်းပို့ချနေသည်မှာ အိနြ္ဒိယပစ္စည်းအကြောင်း ရှင်းပြသောနေ့က ဖြစ်လေသည်။ အိနြ္ဒိယပစ္စည်းသည် အဓိပတိပစ္စည်းကဲ့သို့ အကုန်လုံးကိုအစိုးရခြင်းမဟုတ်ပဲ ဆိုင်ရာဆိုင်ရာ အပိုင်းလိုက်သာ အစိုးရခြင်းဖြစ်ကြောင်း။ အပိုင်းလိုက် အစိုးရခြင်းကို ဥပမာ ဥပမေယျများ ထုတ်ပြလေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီညီလာခံများကျင်းပစဉ် အခါတုန်းကဖြစ်သည်။

ပါတီညီလာခံသို့ တက်ရောက်ရန်အတွက် ချင်းပြည်နယ်မှ ကိုယ်စားလှယ်တဦးသည် မန္တလေး-ရန်ကုန်ရထားကို စီးနင်းလိုက်ပါလာသည်။ ၄င်းကိုယ်စားလှယ်အနီးတွင် ကဗျာဆရာတင်မိုးနှင့် စာရေးဆရာမောင်ထင်တို့သည်လည်း စီးနင်းလိုက်ပါလာကြရာ စကားစမြည်ပြောဖြစ်ကြလေသည်။

အပြည့်အစုံသို့ ...
 
Burmese Volunteer Social Service Support Group News Last Month
User Rating: / 1
လူမှုရှုခင်း - VolunteerMyanmar

လက်လှမ်းမီသမျှ စေတနာ့ဝန်ထမ်းမြန်မာတို့ရဲ့ သတင်းများ

မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၁

အပြည့်အစုံသို့ ...
 
DKBA to merge with KNU, likely
User Rating: / 1
မျက်မှောက်ရေးရာ - သတင်းဖတ်စာ

KNU လက်အောက် သို့ DKBA ပြန်လည် ပူးပေါင်းရန် အလားအလာရှိနေ

ဟံသာ၊ စက်တင်ဘာ ၈၊ ၂၀၁၁

နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရန် အစီအစဉ်ကို လက်မခံဘဲ   မြန်မာအစိုးရကို ခုခံ တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA က ၎င်းတို့ အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး-KNU လက်အောက်သို့ အထူးတပ်အနေဖြင့် ပူးပေါင်းသွားရန် အလားအလာ ရှိကြောင်း ပြောကြားလိုက်သည်။

အပြည့်အစုံသို့ ...
 
Messenger Journal purnised for Suu's photo
User Rating: / 2
မျက်မှောက်ရေးရာ - သတင်းဖတ်စာ

ဒေါ်စုဓါတ်ပုံ ဆိုက်ကြီး၍ မက်ဆင်ဂျာဂျာနယ်အား ကန့်သတ်ပြစ်ဒဏ်ခတ်

စက်တင်ဘာ ၈၊ ၂၀၁၁

ခင်နှင်းလွင် ၊ ရန်ကုန်

ယခုပတ် တနင်္ဂနွေနေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏  ဓါတ်ပုံအား ခွင့်ပြုသည့် အရွယ်အစားထက် ချဲ့ပြီး ဖေါ်ပြခဲ့ခြင်း နှင့် အင်တာဗျူးစာမူအား အတွင်းစာမျက်နှာတွင် ဖေါ်ပြရမည့် အစား မျက်နှာဖုံးသဖွယ် ဖေါ်ပြခဲ့ခြင်းတို့အတွက် စာပေစိစစ်ရေးမှ ကန့်သတ်ပြစ်ဒဏ် ပေးလိုက်ကြောင်း ယနေ့နံနက်တွင် အကြောင်းကြားခဲ့သည်။

အပြည့်အစုံသို့ ...
 
Burmese baby born in Bangkok Taxi
User Rating: / 4
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
ယာဉ်ကြောပိတ်မှုများသည့်ဘန်ကောက်တွင် မြန်မာတဦး ကားပေါ်တွင် ကလေးမွေး
မိုးမခအထောက်တော် အမှတ် ၀၁၂
စက်တင်ဘာ ၈၊ ၂၀၁၁
 
 တနင်္လာနေ့က ဘန်ကောက်ရဲများ အရေးပေါ် သားဖွားမှုတွင် အစွမ်းပြနေပုံ (မန်နေဂျာအွန်လိုင်း ဓာတ်ပုံ)
 
အပြည့်အစုံသို့ ...
 
Pan Tha Ku Shin Nge - Fighting fire with both fire & water
User Rating: / 6
မျက်မှောက်ရေးရာ - သူတို့အာဘော်
လှံကိုင် ခွေးခေါ်နည်း

ပံသုကူရှင်ငယ် (ဥတ္တရ ဒီပ)

စက်တင်ဘာ ၇၊ ၂၀၁၁

 

မြန်မာ့နိုင်ငံရေးအခြေအနေကို ၈၈ ကနေ လက်ရှိအနေထားအထိ ကိုယ်ပိုင်ကောက်ကြောင်း ဆွဲကြည့်မိတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် ‘ဖွတ်ကျောပြာစု ခရုဆံကျွတ်’ ဘဝရောက်ကြရတဲ့ ပြည်သူတွေဟာ သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားပြီးနောက် အုံကြွတော်လှန်ခဲ့ကြတယ်။ ဖိနှိပ်မှုတွေကို တဖြည်ဖြည်း အံတု ရုန်းကြွခဲ့ကြတယ်။ ကိုဖုန်းမော်တို့လို့ ပညာတတ်လူငယ်လေးတွေရဲ့ အသက်တွေကို စတေးခံပြီး စီးဆင်းလာတဲ့ တော်လှန်ရေးစီးကြောင်းကြီးဟာ တစတစ အားကောင်းလာခဲ့တာ အာဏာရှင်တွေ ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ရတာ တိုင်းသိ ပြည်သိ ကမ္ဘာသိ။

အဲဒီ တော်လှန်ရေးလှိုင်းကြီးကြောင့် မဆလ အစိုးရနဲ့ အာဏာရှင်တွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဦးမောင်မောင်တို့ ဆက်တိုက် ပြုတ်ကျသွားခဲ့ရတယ်။ ဒါပေမယ့် အဲဒီအခါကစပြီး ‘ပြည်သူ့တပ်မတော်’ ဆိုတဲ့ စစ်တပ်ကြီးဟာလည်း အာဏာရှင်တွေရဲ့လက်ပါးစေအဖြစ် ဘဝပြောင်းသွားတော့တာပါပဲ။ သူတို့ သစ္စာခံတဲ့ အာဏာရှင် အဟောင်းအသစ်တွေကိုကာကွယ်ဖို့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် အာဏာသိမ်းပေးခဲ့ကြတော့တယ်လေ။ ပြည်သူတွေ သေကြေခဲ့ကြရတာများ မနည်းမနော၊ စစ်အစိုးရ အပြောက တစ်ရာ့ငါးဆယ်ကျော်၊ ကမ္ဘာမီဒီယာတွေအပြောက သုံးထောင် မက။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 163 - 180 of 7952
 
Top! Top!