မာတိကာ
Wednesday, 28 June 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Than Win Hlain - Maung Su Shin
User Rating: / 1
ပင်တိုင်ကဏ္ဍ - Than Win Hlaing

မောင်ဆုရှင် (သို့မဟုတ်) စာပေပန်းမြိုင်လယ်မှ ဥယျာဉ်မှူး

သန်းဝင်းလှိုင်

စက်တင်ဘာ ၁၂၊ ၂၀၁၁

 ဆရာမောင်ဆုရှင်ကို လူချင်းစသိသည်ကား ၁၉၇၃ ခုနှစ်လောက်ကဖြစ်သည်။ ယခုပြန်တွက်လျှင်လျှင် ၃၈ နှစ် သို့ တိုင်ခဲ့ပြီဖြစ်သည်။ စတင် သိကျွမ်းခဲ့သည့်နေရာကား မြန်မာ့အသံအဆောက်အဦအတွင်းရှိ စတူဒီယိုခန်းမ ၌ ဖြစ်သည်။

ကျနော်သည် အထက (၂) လှိုင်မြို့နယ်မှ အထက်တန်းကျောင်းသားများကိုယ်စား မြန်မာ့အသံမှ စီစဉ်တင် ဆက်ခဲ့သော ‘သုတပဟေဠိ’ ရေဒီယိုအသံလွင့်ကဏ္ဍ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ကျနော်နှင့်အတူ ရန်ကုန်တိုင်းအတွင်းရှိ အခြားကျောင်းသားကျောင်းသူ (၄) ဦးလည်း ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ကျနော်တို့ အားလုံး ဆရာမောင်ဆုရှင်လစဉ်ရေးသားခဲ့သော ‘ဒို့ကျောင်းသား’ စာစောင်မှ ‘သိပ္ပံလောက’ ကဏ္ဍကို ဆရာမောင်ဆုရှင်ကိုယ်တိုင်မေးမြန်းသည့် သုတပဟေဠိအဖြေညှိကြသည့် အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ဆရာ့ကို ခင်မင်ရင်းနှီးသွားခဲ့သည်။ ဆရာသည် ထိုစဉ်ကစာပေဗိမာန်၌ စာတည်းအဖြစ် အမှုထမ်းနေသည်။ အားလပ်သည့်အချိန်တိုင်း ဆရာ့ထံဝင်ရောက်လည်ပတ်ရင်း စာပေဗဟုသုတများ ဆည်းပူးခွင့်ရခဲ့သည်။ ဆရာသည် စာပေဗိမာန်အပေါ်ဆုံးအထပ်ရှိ ၀န်ထမ်း အိမ်ယာ၌ပင် နေသည်။ လူချင်းဆုံတိုင်း စာပေဗိမာန်ထုတ်စာအုပ်အသစ်များနှင့် ဆရာဖတ်ပြီးသည့် စာအုပ်အဟောင်း ကောင်း နိုး ရာရာများကို လက်ဆောင်အဖြစ် ပေးလေ့ရှိသည်။ ဆရာနှင့် နွယ်ငင်ဆက်စပ်၍ ဆရာမိသားစုနှင့်ပါ ရင်းနှီးခင်မင်သွားသည်။

အပြည့်အစုံသို့ ...
 
Letters from Michigan 85
User Rating: / 0
ပင်တိုင်ကဏ္ဍ - အောင်ဝေး
မစ်ရှီဂန်ကပေးတဲ့စာ(၈၅)
အောင်ဝေး
စက်တင်ဘာ ၁၂၊ ၂၀၁၁


၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးရဲ့အဦးအစနေ့ရက်တွေက အတွေ့အကြုံတချို့ကို တင်ပြထားပါတယ်
 
 
အပြည့်အစုံသို့ ...
 
11th Sept 2011 - MoeMaKa Radio
User Rating: / 0
မိုးမခ ရေဒီယို - Radio Program
စက်တင်ဘာ ၁၁၊ ၂၀၁၁ - မိုးမခရေဒီယို

ငြမ်းရဲ့ကျေးဇူး မမေ့ရဘူး - ဦးသုခ၊ မြန်မာပြည်သိန်းတန်

သတင်းတိုထွာ၊ သီချင်းပဒေသာ

ဒေါ်စုရဲ့ အပန်းဖြေနေ့ရက်များ - ပြည်တွင်းဆောင်းပါး

မြန်မာပြည်မိန်းကလေးများနှင့် တရုတ်နိုင်ငံလိုအပ်ချက် (ဘားမားတူဒေး)

တရုတ်သေဋ္ဌေးများနှင့် တရုတ်သီးနှံများ သတိထား - ကွန်ပြူတာဦးအောင်ဇော်

ဆူရှီပိုင် ဦးဖိလစ်မောင် သတင်းနဲ့ အင်တာဗျူး - ဗီအိုအေ

အိုဘားမားသဘောထားနဲ့ စက်တင်ဘာအရေးအခင်းများ - မောင်ရစ်၊ မိုးမခ

သီးလေးသီးသတင်းနဲ့ သီးလေးသီးသီချင်း

ချွတ်ချော်တဲ့ လွှတ်တော် - သီးလေးသီး၊ ဘီဘီစီ

အထူးကဏ္ဍ - အစိုးရလူ့အခွင့်အရေးကော်မရှင်အဖွဲ့အပေါ် Burma Office ဒါရိုက်တာ ဒေါက်တာမြင့်ချိုသဘောထား

စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်

 
Yan Win (Taung Da Gar) - Craving to taung thaman
User Rating: / 6
သမိုင်းနှင့်အစဉ်အလာ - မြန်မာ့ရိုးရာနဲ့ ယဉ်ကျေးမှု
မြို့မငြိမ်း ၏ တောင်သမန်သို့ တမ်းချင်း

ရန်ဝင်း (တောင်တံခါး)

စက်တင်ဘာ ၁၂၊ ၂၀၁၁


 “တောင်သမန်

ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ

ညင်းလေယဉ် ပြေပြေ”

တောင်သမန်

မြို့မငြိမ်း (၁၉ဝ၉-၁၉၅၅)

ဂီတစာဆိုကြီး ဆရာမြို့မငြိမ်း ရေးဖွဲ့တဲ့ ‘တောင်သမန်’ သီချင်းကို  အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးက မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ခရစ်နှစ် ၁၉၄၉ ခုနှစ် ပြည်ထောင်စု သင်္ကြန်ပွဲကြီးမှာ တီးမှုတ်ခဲ့တယ်။

မန္တလေးမြို့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့ အမရပူရမြို့ မြို့ခံဇာတိ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးကလည်း ပါဝင် ဆင်နွှဲခဲ့တယ်။ အဲဒီ သင်္ကြန်ယာဉ်ကြီးပေါ်က တီးဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တီးလုံးကို ကြားလိုက်ကြရတဲ့အခါ အနောက်တိုင်းဖြစ် လေမှုတ်တူရိယာတွေနဲ့ အနောက်တိုင်းက တေးသွားကို တီးမှုတ်လာတယ်လို့ မှန်းဆကြရတယ်။

အပြည့်အစုံသို့ ...
 
Cartoon Saw Ngo – USDP Govt
User Rating: / 0
မိုးမခ၀ိုင်းတော်သားများ - Saw Ngo
ကာတွန်းစောငို - ပြုပြင်ပြောင်းလဲနေတယ် …

စက်တင်ဘာ ၁၂၊ ၂၀၁၁

 
Kyaw Thu – FFSS.YGN & Mr.Derek Mitchell
User Rating: / 0
ပင်တိုင်ကဏ္ဍ - Kyaw Thu
Mr.Derek Mitchell နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

ကျော်သူ

စက်တင်ဘာ ၁၂၊ ၂၀၁၁

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့်အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် ၈း၃၀ နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။

အပြည့်အစုံသို့ ...
 
ku Mojo - Cartoon
User Rating: / 0
သောင်းပြောင်းထွေလာ - ကာတွန်း Box

အပြောင်းအလဲကတော့ မဂွတ်ဘဲနဲ့ ဂေါက်နေသလားလို့

ကာတွန်း - ကူမိုးကြိုး
စက်တင်ဘာ ၁၂၊ ၂၀၁၁


 
Kamar Pale - Poem
User Rating: / 0
စာပဒေသာ - ကဗျာ

သမိုင်းသစ်ရေး ... စက်တင်ဘာ
ကမာပုလဲ
စက်တင်ဘာ ၁၂၊ ၂၀၁၁


စက်တင်ဘာဟာ ... အိပ်မက်မဟုတ်ဘူး
စက်တင်ဘာဟာ ... တကယ့်အဖြစ်အပျက်ဖြစ်တယ်။

စက်တင်ဘာဟာ ... စိတ်ကူးယဉ်တောလား မဟုတ်ဘူး
စက်တင်ဘာဟာ ... လက်တွေ့ဘ၀တွေရဲ့ တိုက်ပွဲစစ်စစ်ဖြစ်တယ်။

စက်တင်ဘာဟာ ... ခါတော်မီ ပန်းခင်း မဟုတ်ဘူး
စက်တင်ဘာဟာ ... ကန္တာရ မြို့ပျက်ကြီးထဲ
ရာဇ၀င်ကို ခြောက်ခြားတုန်လှုပ်စေမယ့်
ဒူးမထောက် လက်မမြောက် နှင်းဆီခင်းတွေ ဖြစ်တယ်။
အပြည့်အစုံသို့ ...
 
great irrawaddy
User Rating: / 1
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း


မဟာဧရာဝတီအစီအစဉ်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၂၊ ၂၀၁၁




အပြည့်အစုံသို့ ...
 
Save The Irrawaddy
User Rating: / 5
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

'Save The Irrawaddy' ဟောပြောပွဲ ရန်ကုန်မြို့၌ ကျင်းပ
weeklyeleven.com
စက်တင်ဘာ ၁၂၊ ၂၀၁၁


ဓာတ်ပုံများ - facebook
အပြည့်အစုံသို့ ...
 
"21st century latest jewelry show" in Burma
User Rating: / 2
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
ရန်ကုန်က ကျောက်မျက်ဖက်ရှင်ပြပွဲ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၂၊ ၂၀၁၁

 စနေနေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော "21st century latest jewelry show" ကျောက်မျက်ဖက်ရှင်ပြပွဲတွင် မြန်မာဒီဇိုင်းပညာရှင်တို့၏ ဖန်တီးမှုများကို တွေ့ရသည် (ဓာတ်ပုံများ - AP)

အပြည့်အစုံသို့ ...
 
US 9/11 turns 10 year today
User Rating: / 1
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
နိုင်းအလဲဗင်း - အမေရိကန်ပြည် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း ၁၀နှစ်ပြည့်
ဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၂၊ ၂၀၁၁ (Day Life Photo)
 နယူးယောက်၊ ဝေါထရိတ်စင်တာတွင် ကျဆုံးခဲ့သူများအတွက် အမှတ်တရရင်ပြင်
အပြည့်အစုံသို့ ...
 
US delegation visits Phyu Phyu Thin Shelter
User Rating: / 0
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
US  အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်  အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၁၁၊ ၂၀၁၁
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒဆိုင်ရာညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်သည် ယနေ့နံနက် ၁၀ နာရီက တောင်ဒဂုံမြို့နယ်ရှိ အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာ သို့သွားရောက်ခဲ့သည်။ 
အပြည့်အစုံသို့ ...
 
Mar Mar Aye - 393
User Rating: / 1
ပင်တိုင်ကဏ္ဍ - Mar Mar Aye
“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၃)
၁၉၇၄ နဲ့ စင်တင်ဂီတ
မာမာအေး
စက်တင်ဘာ ၁၁၊ ၂၀၁၁

photo: kyi may kaung

အပြည့်အစုံသို့ ...
 
stamps in ASEAN region
User Rating: / 3
လူမှုရှုခင်း - ဆောင်းပါးစုံ

အာဆီယံအဖွဲ့ တံဆိပ်ခေါင်းများ
ဦးအုန်းကျော်
စက်တင်ဘာ ၂၀၁၁


“ဦးလေးရေ ... ဦးလေး”
“သြော် ... ငါ့တူပါလား၊ ဘာများတုန်းကွ၊ ရေးကြီးသုတ်ပြာနဲ့။ ဘာတွေများ အရေးကြီးလာပြန်တာတုန်း။”
“လွှတ်တော်မှာ ... လျှို့ဝှက်မဲပေးတဲ့ ခလုတ်တွေ ပျက်နေလို့ မတ်တပ်ရပ်ပြီး ဗြောင် ထောက်ခံတာ၊ ကန့်ကွက်တာတွေ လုပ်နေသတဲ့ ဦးလေးရေ...”
အပြည့်အစုံသို့ ...
 
SUU with Q & A
User Rating: / 1
လူမှုရှုခင်း - စကားလက်ဆုံ

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁ စက်တင်ဘာ ၂၊ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်
စက်တင်ဘာ ၁၁၊ ၂၀၁၁

◊ မလွင်မာအေး (အမေရိကန်နိုင်ငံ)

◊ မေးခွန်း ။ ။ မင်္ဂလာပါ အမေစုရှင့်။ ကျမနာမည် လွင်မာအေးလို့ခေါ်ပါတယ်။ ယခု ကျမ အမေရိကမှာနေ ပါတယ်ရှင့်။ အခု ဦးမင်းကိုနိုင်အပါအဝင် ၈၈-ကျောင်းသားေ ခါင်းဆောင် နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပေးဘဲ အခုလိုပြည်ပရောက်နေသူတွေကို ပြန်ခေါ်ဖို့လုပ်တာ လက်ခံစရာ မရှိပါဘူးရှင့်။ မြန်မာပြည်တွင်း မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးသမားများ၊ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ ယခုအစိုးရသစ် တွေ့ဆုံဆွေး နွေးပြီး သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာအဖြေတစ် ခုရရှိမှသာ ကျမတို့ အိမ်ပြန်ရဲမှာဖြစ်ပါတယ်ရှင့်။ အဲဒါကြောင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်မှုအတွက် အမေစု တစ်ခုခုကြိုးစားပေးပါရှင့်။

အဖြေ ။ ။ အမေတစ်ယောက်တည်းတင်မက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေတာ ဆယ်စုနှ စ် နှစ်ခုကြာ လာပါပြီ။ ဆက်ပြီးတော့လည်း ထိရောက်နိုင်မယ့်နည်းတွေ စဉ်းစားပြီးကြိုးစားသွားမှာပါ။ အမေတို့ နိုင်ငံမှာ ပြဿနာတွေကို တစ်ခုခြင်းခွဲပြီးကြည့် လို့မရပါဘူး။ ဆက်စပ်မှုတွေကိုလည်း ထည့်ပြီးတော့၊ တွက်ပြီးတော့ အကောင်းဆုံးအဖြေကို တစ်စိုက်မတ်မတ် ရှာရပါတယ်။ မလွယ်ပေမယ့် လုပ်သင့်တဲ့အလုပ်ဆိုတော့ လုပ်ရကျိုးနပ်ပါတယ်။

အပြည့်အစုံသို့ ...
 
ku Mojo - Cartoon
User Rating: / 2
သောင်းပြောင်းထွေလာ - ကာတွန်း Box
ချိုင်း ... နား ... မိတ်
ကာတွန်း - ကူမိုးကြိုး
စက်တင်ဘာ ၁၁၊ ၂၀၁၁

 
female headman in Burma
User Rating: / 0
စာပဒေသာ - ၀တ္ထူတို

အမိုးသူကြီး
ခိုင်မာကျော်ဇော
စက်တင်ဘာ ၂၀၁၁


ခိုင်မာကျော်ဇော၏ အကောင်းဆုံးလက်ရာများထဲတွင် ပါဝင်သည်


“---အိမ်တိုင်ရာရောက် ကိုယ်တိုင်လာပြီးတော့ ခိုင်းတယ်။ ရောက်တဲ့နေရာကနေ သေနတ်ဖောက်ပြီးတော့လည်း ခိုင်းတယ်။ ခေါ်တော့သာ အမိုး (အမေ) တဲ့၊ တမျိုးနဲ့တမျိုး မရိုးအောင်ကို ခိုင်းတတ်ကြပါပေတယ်---”
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 127 - 144 of 7952
 
Top! Top!