မာတိကာ
Tuesday, 28 March 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Burma promises prisoner amnesty ‎ Print E-mail
User Rating: / 1
PoorBest 
Tuesday, 27 September 2011

အကျဉ်းသားများထပ်လွှတ်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို

AFP သတင်းဌာန

စက်တင်ဘာ ၂၈၊ ၂၀၁၁

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အကျဉ်းသားများကိုထပ်လွှတ်ပေးဦးမည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်၊ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိကို ရှင်းလင်းခြင်း မရှိပါ။

အရပ်သားအစိုးရ အာဏာရပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဦးဆုံး ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရန်လည်း ပန်ကြားလိုက်သည်။ 

နိုင်ငံတကာတွင် မျက်နှာကောင်း ရစေရန်အတွက် ဆက်လက် ပြောကြားသည်မှာ - စစ်တပ်ကထောက်ခံသည့် သမ္မတဦးသိန်းစိန်ထုတ်ပြန်သော ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လအတွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တချို့နှင့် စေ့စပ်ဆွေးနွေးမှု၊ ယခုလအတွင်း လူ့အခွင့်အရေးကော်မရှင် စတင်၍ လုပ်ငန်းဆောင်ရွက်မှုတို့ကိုလည်း အလေးပေး ပြောသွားသည်။

"အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်နေသည့် သမ္မတက အနာဂတ်သင့်လျော်သည့်အချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များကို ထုတ်ပြန်သွားမည်" ဟု ၀န်ကြီးက ပြောသည်။

သမ္မတက "အပြုသဘောဆောင်သော" အပြောင်းအလဲများကို လိုလားကြောင်း ယုံကြည်သည်ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ဖြစ်သည်။

စစ်အာဏာရှင်အုပ်စုက မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲကာလအထိ ဖြစ်သည်။

အစိုးရအများအပြားက အပြောင်းအလဲနှင့် ပတ်သက်သည့် အထောက်အထားသစ်များကို မြင်တွေ့လိုသည်ဟု ပြောနေကြပြီး လူ့အခွင့်အရေးအဖွဲ့တို့ကလည်း မြန်မာအစိုးရ၏ ပြောဆိုချက်ကို သံသယ၀င်နေကြသည်။  (AFP သတင်းတပုဒ်ကို မိုးမခက ကောက်နှုတ်ပြန်ဆိုသည်)

 
< Prev   Next >
 
Top! Top!