မာတိကာ
Wednesday, 22 November 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Ni Lwin Thwe - Peace Poem Print E-mail
User Rating: / 0
PoorBest 
Tuesday, 27 September 2011

ငြိမ်းချမ်းရေး

နီလွင်သွေး(ဒဿနိက)

စက်တင်ဘာ ၂၇၊ ၂၀၁၁

ငြိမ်းချမ်းရေးဆိုတာ

လက်တဖက်ထဲနဲ့လက်ခုပ်တီးသလိုမျိုး

မဟုတ်ဘူး ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက

သူမသေခင် ငြိမ်းချမ်းရေး ရသွားတာမြင်ချင်တယ်တဲ့

ဆရာဒဂုံတာရာလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုလုပ်ရမယ်လို့ ပြောပြီ ။

လူထုခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု

ပြည်သူ့အကျိုးစီးပွါးကို ရှေးရှု့မျှော်မှန်း

ငြိမ်းချမ်းရေးခရီးရှည်လမ်းကို

ခက်ခက်ခဲခဲဖြတ်သန်းလို့ ။

ငြိမ်းချမ်းရေးဆိုတာ

အပေါ်ယံ လိမ်ညာဟန်ဆောင်လို့မရ

ထင်သာမြင်သာတဲ့ လုပ်ရပ်တွေကို

လက်တွေ့လုပ်ပြရမယ့် အလုပ်ဖြစ်တယ် ။

ငြိမ်းရေးစကားပြောနေချိန်မှာ

စစ်ဆင်ရေးနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ

တိုင်းရင်းသားဒေသတွေမှာ လုပ်နေတုန်း 

ငြိမ်းချမ်းရေးစကားပြောနေချိန်မှာ

ဖမ်းဆီးထောင်ချမှုတွေ လုပ်နေတုန်း ။

ငြိမ်းချမ်းရေးစကားပြောနေချိန်မှာ

လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတုန်း ။

စစ်နဲ့ငြိမ်းချမ်းရေးဟာ

ညီမျှခြင်းတခုရဲ့ လားရာလား

ဒီလိုဆိုရင်

ငြိမ်းချမ်းရေးဆိုတာ

တိုက်ပွဲထဲကသာ ပေါ်ထွက်လာတာလား ။

ငြိမ်းချမ်းရေးဆိုတာ

ဧရာဝတီရဲ့ ငိုကြွေးသံမဟုတ်ဘူး

သံလွင်မြစ်ရဲ့ စစ်မောင်းသံညံနေတာ မဟုတ်ဘူး

ခေါင်းလောင်းသံတွေမှာ မြားဆိပ်သင့်နေတာ မဟုတ်ဘူး

အုန်းမောင်းသံမှာသွေးစတွေ စွန်းထင်းနေတာ မဟုတ်ဘူး

နိုင်ငံပျောက်နေတဲ့ကလေးငယ်တွေရှိနေတာ မဟုတ်ဘူး

နိုင်ငံရှိလျှက်ပြန်စရာအိမ်မရှိတဲ့လူတွေရှိနေတာ မဟုတ်ဘူး ။

ငြိမ်းချမ်းရေးဆိုတာ …

လွတ်လပ်ရေးရဲ့ အခြေခံအုပ်မြစ်

တယောက်လက်ကို တယောက်တင်းတင်းဆုပ်ထား

နိင်ငံတ၀ှမ်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေညံစေ

သာသနာအလံ

ဒေါင်းအလံနဲ့

ပြည်သူ့အသံ

သံလွင်ခက်

ချိုးငှက်ဖြူ

လူသားမေတ္တာ

ကမ္ဘာတည်မယ့် သစ္စာတရား

တို့ရဲ့ လက်တွေမြဲမြံထား ။      

ဆရာကြီးဒဂုန်တာရာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများရဲ့

ငြိမ်းချမ်းရေးလှုပ်ရှားမှုကိုလေးစားဦးညွှတ်လျှက် နိုင်ငံတကာငြိမ်းချမ်းရေးနေ့အမှတ်တရ။  ၉ ၊ ၁၈ ၊ ၂၀၁၁

တနင်္ဂနွေနေ့။

 

 

 

 

 

 

 

 
< Prev   Next >
 
Top! Top!