မာတိကာ arrow မိုးမခ အကြောင်း
Wednesday, 18 January 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
မိုးမခ အကြောင်း
Tin Moe - How to prose poem book - published in ebook by moemaka Print E-mail
User Rating: / 4
Wednesday, 07 September 2011

ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ်
မိုးမခအီးဘုတ်စာစဉ် ၂၁ အဖြစ်ထွက်ပြီ
မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၁
မြန်မာပြည် မဆလတပါတီအာဏာရှင်လက်ထက်မှာ ကျောင်းသုံးစာအုပ်အဖြစ် ရေးသားပြင်ဆင် ပုံနှိပိပြီးခါမှ ထုတ်ဝေဖြန့်ချိခြင်း မပြုလုပ်ဘဲ ဖျက်သိမ်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာဘာသာရပ်မှာ သင်ကြားဖို့ ၁၉၈၅ ခုနှစ်က ရည်ရွယ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အာဏာရှင်တွေရဲ့ ကမောက်ကမတိုင်းပြည်အုပ်ချူပ်မှုအောက်မှာ ပျောက်ဆုံးသွားတဲ့ စာပေနဲ့ ပညာရေး ရတနာသိုက်တခု ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Suu 66 - MoeMaKa Special Limitted Book Edition Print E-mail
User Rating: / 2
Thursday, 21 July 2011
မိုးမခ၏ စု ၆၆ အမှတ်တရစာအုပ်ထွက်ပြီ၊ စာမူရှင်များနဲ့ ၀ိုင်းတော်သားတွေ ဆက်သွယ်ပါ
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၂၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့ မြန်မာအနုပညာရှင်တွေရဲ့ စာပေအနုလက်ရာတွေနဲ့ မိုးမခက လွန်ခဲ့တဲ့ ဇွန်လက အွန်လိုင်းမှာ နေ့စဉ် တင်ဆက်ခဲ့တယ်။ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ မှာ အင်တာနက်အီးမေးတွေကတဆင့် အီးဘုတ်အုပ် ထုတ်လုပ်ဖြန့်ချိခဲ့တယ်။ ယခု ကတိပေးထားတဲ့အတိုင်း စာမူရှင်တွေနဲ့ ၀ိုင်းတော်သားတွေကို ကျေးဇူးလက်ဆောင်ပေးဖို့ အထူးပုံနှိပ်စာအုပ် ထွက်လာပါပြီ။
အပြည့်အစုံသို့ ...
 
Q & A for MoeMaKa Charity Drive for Burma Print E-mail
User Rating: / 9
Wednesday, 20 July 2011
မိုးမခက အများပြည်သူရဲ့ အလှူငွေကိစ္စ၊ မေးခွန်းနဲ့ အဖြေများ
မိုးမခ၊ ဇူလိုင် ၂၁၊ ၂၀၁၁
ဒီလမှာတော့ အောက်ပါ အများပြည်သူထံက မေးမြန်းနေကျ အမေးများကို အားလုံးသိရှိစေဖို့ ဖြေကြားလိုက်ပါတယ်။
ရန်ပုံငွေကိစ္စ မေးခွန်းနဲ့ အဖြေများ
၁။ ပိုက်ဆံတွေ ဘယ်လိုလွှဲတာလဲ။
အမေရိကန်နဲ့ ပြည်ပရောက်နေတဲ့ မြန်မာများက ပြည်တွင်းရှိ ကိုယ့်မိသားစု၊ မိတ်ဆွေများထံ ငွေကြေး အကူအညီ အလှူဒါနလုပ်နေကျတဲ့ပုံစံအတိုင်းပဲ ကျနော်တို့ ငွေလွှဲတာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
SUU 66 - ebook honoring Suu with 66 artists and friends of MoeMaKa Print E-mail
User Rating: / 1
Sunday, 19 June 2011

စု ၆၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေအနုပညာမိတ်ဆွေ ၆၆ ဦးနဲ့ မိုးမခရဲ့ အမှတ်တရ စာစုလက်ဆောင် ထွက်ရှိ
မိုးမခ၊ ဇွန် ၂၀၊ ၂၀၁၁
ဇွန်လ ၁၉  ရက်၊ ၂၀၁၁ မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကို ရည်စူးဂုဏ်ပြုတဲ့ စာပေလက်ဆောင်အဖြစ် မိုးမခစာနယ်ဇင်းနဲ့  စာပေအနုပညာမိတ်ဆွေ ၆၆ ဦးရဲ့ အမှတ်တရစာစု အီးဘုတ် ထွက်ရှိပြီ ဖြစ်ပါတယ်။
ကာတွန်း ၄၊ စာစု ၈၊ ကဗျာ ၁၈၊ ဆောင်းပါး ၁၀၊ ဒီဇိုင်း ၆၊ သရုပ်ဖော် ၆ နဲ့ သီချင်း ၃ ခု ပါဝင်ပြီး မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအားဖြည့်ကြတာဖြစ်ပါတယ်။ သည်လိုအနုပညာတင်ဆက်မှုဟာ အဝေးတနေရာစီမှာ ပြန့်ကျဲရောက်ရှိနေကြတဲ့ အနုပညာ၊ စာပေမိတ်ဆွေတွေရဲ့ ကိုယ်ထူကိုယ်ထ စုစည်းပြီး တယောက်တလက် ဖော်ဆောင်တဲ့ အနုပညာလှုပ်ရှားမှု အမှတ်တရဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အပြည့်အစုံသို့ ...
 
Maung Maung One - Suu 66 e-Book is now online Print E-mail
User Rating: / 2
Saturday, 18 June 2011

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု စာစု
မောင်မောင်ဝမ်းရဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ”
အမှတ်တရ အီးဘုတ် မိုးမခစာနယ်ဇင်းအဖွဲ့က တင်ဆက်
မိုးမခ၊ ဇွန် ၁၉၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုများကို မိမိကိုယ်တိုင် ကြုံသိခဲ့သမျှဖြင့် အခြေခံပြီး ထုတ်ဖော်ရေးသားထားတဲ့ အင်တာနက်ပေါ်က စာရေးဆရာတဦးဖြစ်သူ မောင်မောင်ဝမ်း၏ ဆောင်းပါးများကို မိုးမခမီဒီယာက စုစည်းပြီး စု ၆၆ မွေးနေ့အမှတ်တရအဖြစ် အီးဘုတ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။
အပြည့်အစုံသို့ ...
 
MoeMaKa to publish e-book honoring Suu 66 Print E-mail
User Rating: / 1
Friday, 17 June 2011
Suu 66 - ဒေါ်အောင်ဆန်းစုကြည် ၆၆နှစ်ပြည့် မွေးနေ့ အမှတ်တရစာများ အီးဘုတ်အမီထုတ်မည်
မိုးမခ၊ ဇွန် ၁၈၊ ၂၀၁၁
လာမယ့် ဇွန် ၁၉၊ ၂၀၁၁ မှာ ကျရောက်မယ့်၊ မြန်မာပြည်တွင်းသာမက ပြည်ပက နိုင်ငံတကာမိသားစုများအားလုံး မွေးနေ့ရှင်နဲ့ အတူ တခဲနက် ကျင်းပကြမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးမခက တင်ဆက်နေတဲ့ အမှတ်တရစာတွေကို အီးဘုတ်အဖြစ် စုစည်းပြီး မွေးနေ့အမီ အွန်လိုင်းနဲ့ အီးမေးတွေကဆင့် ဖြန့်ချိမယ် ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
MoeMaKa Invitation contributtion for DASSK 66 Art & Literature Presentation Print E-mail
User Rating: / 2
Wednesday, 01 June 2011
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ စာပေ အနုပညာနဲ့ လက်ဆောင်ပေးနိုင်ဖို့
မိုးမခ၀ိုင်းတော်သားများနဲ့ မိုးမခမိတ်ဆွေများကို ဖိတ်ခေါ်ပါတယ်
မိုးမခ။ ဇွန် ၂၊ ၂၀၁၁
လာမယ့် ဇွန် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ၆၆ နှစ်ပြည့်မယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးကတည်းက အကျယ်ချူပ် အကျဉ်းခံထားခဲ့ရသူ တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်ရဲ့အပြင်ဖက် ပရိသတ်၊ လူထုနဲ့ အတူ ပထမဦးဆုံး အတူတကွ ကျင်းပရမယ့် မွေးနေ့ပွဲလည်း ဖြစ်တယ်။
အပြည့်အစုံသို့ ...
 
Friends of MoeMaKa raised 540,000 Kyats to honor 50 Burmese political prisoners from NLD support net Print E-mail
User Rating: / 5
Friday, 04 March 2011

မိုးမခမိတ်ဆွေများက မတ်လတွင် အင်န်အယ်ဒီနှင့်အတူ နိုင်ငံရေးအကျဉ်းသား ၅၀ ကူညီမှု ကျပ်ငွေ ၅ သိန်း ၄ သောင်း ရည်စူး လှူဒါန်း

မိုးမခ

မတ် ၄၊ ၂၀၁၁

မိုးမခမီဒီယာက ၂၀၁၁ ဖေဖော်ဝါရီလမှာ မိုးမခမိတ်ဆွေများဆုအဖြစ် အင်န်အယ်ဒီပါတီ ကူညီမှုပေးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ရည်စူးလှူဒါန်းမှု ကျပ်ငွေ ၈ သိန်း လေးသောင်း ၅ ထောင်ဖိုး ဆောင်ရွက်နိုင်ခဲ့တယ်။ ဆက်လက်ပြီးတော့လည်း အများကောင်းမှုဖြင့် တတ်စွမ်းသမျှ ထောက်ခံမှုပြသတဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ကို ရည်စူးလှူဒါန်းတဲ့ လစဉ်ကူညီမှုကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒီမတ်လအတွက် လက်ခံရရှိသမျှနဲ့ ၀ိုင်းဝန်းကြသမျှ တဦးပုဂ္ဂလအလှူရှင်နဲ့ စုပေါင်းအလှူရှင်များဖြင့် ကျပ်ငွေ ၅ သိန်း ၄ သောင်း ရရှိတယ်လို့ အသိပေး ပြန်ကြားလိုပါတယ်။

အပြည့်အစုံသို့ ...
 
Friends of MoeMaKa will pledge to continue the support of NLD works towards Political Prisoners Print E-mail
User Rating: / 5
Thursday, 24 February 2011
၂၀၁၁ ခုနှစ် မိုးမခမိတ်ဆွေများဆုအဖြစ်  အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ဂုဏ်ပြု
မဲပေါက်သည့် နို်င်ငံရေးအကျဉ်းသား ၅၀ ကိုလည်း လစဉ် အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲမည်
မိုးမခ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
၂၀၁၁ နှစ်သစ်တွင် မိုးမခစာနယ်ဇင်းအဖွဲ့က အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့က ကုညီအားပေးနေသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးအား မိုးမခမိတ်ဆွေများဆု ဖြင့် ဂုဏ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့်အတိုင်းလည်း မိုးမခရန်ပုံငွေထဲမှ ဒေါ်လာငွေ ၆၀၀ ကျော်ကို မိုးမခ၀ိုင်းတော်သားများ အလှူအဖြစ် မတည်ခဲ့ပြီး အများပြည်သူအလှူကိုလည်း လက်ခံခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ထောင် တန်ဖိုးဖြင့် ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြလိုက်ပါသည်။
အပြည့်အစုံသို့ ...
 
Friends of MoeMaKa Media 2011 Award goes to 600 Political Prisoners Print E-mail
User Rating: / 6
Sunday, 30 January 2011
၂၀၁၁ အတွက် မိုးမခမိတ်ဆွေများ ဆု = အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀
မိုးမခ
ဇန်န၀ါရီ ၃၀၊ ၂၀၁၁
၂၀၁၁ ခုနှစ် နှစ်သစ် မိုးမခမိတ်ဆွေများ (မိုးမခချစ်သူများ) ဆု ထုတ်ပြန်ဖို့ စဉ်းစားနေခဲ့ကြပါတယ်။ ၂၀၁၁ နှစ်သစ်မှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်မှုပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် နဲ့ ဦးတင်ဦးတို့နဲ့ တကွသော အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှုတွေကို အခြေခံပြီးတော့ သင့်တော်မည့် လှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Burmese Helping Burma Fund by MoeMaKa raised & donated US$ 31176.88 for Burma Print E-mail
User Rating: / 3
Sunday, 19 December 2010

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ် - ၂၀၁၀ နှစ် အလှူငွေ အမေရိကန်ဒေါ်လာ ၃,၁၁၇၆.၈၈ ဖြင့် စာရင်းချုပ်

မိုးမခ

ဒီဇင်ဘာ ၂၀၊ ၂၀၁၀

         ၂၀၁၀ ခုနှစ် နှစ်ချုပ် စာရင်းအရ တနှစ်ပတ်လုံး မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက စုစုပေါင်း အလှူငွေ ပမာဏ ယူအက်စ်ဒေါ်လာ ၃ သောင်း၊ ၁ ထောင်၊ ၁ ရာ၊ ၇၆ ဒေါ်လာနဲ့ ၈၈ ဆင့်ကို အများပြည်သူ၏ အလှူငွေအဖြစ် ထူထောင် ကူညီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

       ၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။  ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာဝန်ထမ်း အလုပ်တခု အဖြစ် - Burmese Helping Burmese - မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။ 

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 Next > End >>

Results 1 - 11 of 46
 
Top! Top!