မာတိကာ arrow လူမှုရှုခင်း
Friday, 26 May 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
လူမှုရှုခင်း
May Lay Lwin - Save Irrawaddy Print E-mail
User Rating: / 2
မိုးမခထံ ပေးစာများ
Wednesday, 28 September 2011
 
ဧရာဝတီ မြစ်ဆုံဆည် ဆက်မဖြစ်တည်ရ

မေလေးလွင်၊ စက်တင်ဘာ ၂၉၊ ၂၀၁၁

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းတာဝန်ရှိလူကြီးမင်းများထံသို့ …

ကျမက တိုင်းတပါးရောက်နေတဲ့ မြန်မာပြည်သူဖြစ်ပါတယ်။ ဘာမှ မတတ်တာမို့ တတ်တာ သိတာလေးနဲ့ပဲ ပန်ကြားပါတယ်။ မြန်မာပြည်သူ ဖြစ်တဲ့အားလျော်စွာနဲ့ မြစ်ဧရာအကြောင်း တစေ့တစောင်းမက ကြားနေခဲ့ သိနေခဲ့ရတာကိုပဲ ဆန္ဒပြုပါတယ်။ ဒီလိုပြောလို့ ငါတို့သာ သိတာမို့ပါ ဆိုရင်တော့ ကျမတို့ သုံးလူ့လောကမှာ မြတ်စွာဘုရားရှင်သာလျှင် အတုမရှိ အနှိုင်းမဲ့ အလုံးစုံ သိတော်မူသော အရှင် ဖြစ်တယ်ဆိုတာ အရင် ပြောပါရစေ။ ငါသာလျှင် အသိဆုံးဆိုရင်ဖြင့် ဘုရားရှင်နဲ့ ကိုယ့်ကို နှိုင်းယှဉ်နေမိတာမျိုး ဖြစ်သွားနိင်တာမို့ ဒီလို နှိုင်းယှဉ်မိရင်ဖြင့် အပယ်ရောက်မယ့်အရေးကို တင်ကြို သတိပေးပါရစေ။ ဘယ်သူမှ အသိဆုံး မရှိပါဘူး။ ကိုယ်တွေအသိဆုံးဆိုရင် ဒါ ကိုယ်ကျိုးတခုတည်း ဖြစ်မှာပါပဲ။
အပြည့်အစုံသို့ ...
 
ှSuu with Q & A Print E-mail
User Rating: / 3
စကားလက်ဆုံ
Monday, 26 September 2011
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၃ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်


မမွှေးသူဇာကျော်ထွန်း (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ ဟုတ်ကဲ့ ကျမ အမေရိကား မင်နီဇိုးတားမှာနေတဲ့ မမွှေးပါ။ အန်တီစုကို နည်းနည်းမေးချင်လို့ပါ။ ဘောလုံးပွဲ ဟိုတလောက သွားပြီးတော့ကြည့်ရှုတာဟာ အဲဒီအားကစားပွဲကို နှစ်သက်လို့ပါလား။ ဒါမှမဟုတ်ရင် တခြားရည်ရွယ်ချက်များ၊ တစ်ခုခုများရှိပါသလားလို့ သိချင်လို့ပါ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ၊ ထောင်ထဲမှာရှိနေသော ကျောင်းသူကျောင်းသားများအားလုံး ကျန်းမာပါစေလို့ အမြဲတမ်းဆုတောင်းပေးပါတယ်။

  • အဖြေ။ ။အန်တီက ဘောလုံးပွဲဝါသနာပါတယ်ဆိုတာထက် မြန်မာနိုင်ငံ အားကစားအခြေအနေ၊ အထူးသဖြင့် လူငယ်အားကစားသမား တွေရဲ့အခြေအနေကိုသိချင်တဲ့ အဓိကရည်ရွယ်ချက်နဲ့ ဘောလုံးပွဲ သွားကြည့်တာဖြစ်ပါတယ်။

..... .....

အပြည့်အစုံသို့ ...
 
SUU with Q & A Print E-mail
User Rating: / 2
စကားလက်ဆုံ
Thursday, 22 September 2011
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁၊ စက်တင်ဘာ ၁၆ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်
စက်တင်ဘာ ၂၃၊ ၂၀၁၁


  • ကိုလူမင်း (ပြည်မြို့)
  • မေးခွန်း ။ ။ အမေစု မင်္ဂလာပါ။ ကျနော် ပြည်မြို့က ကိုလူမင်း ဖြစ်ပါတယ်။ ကျနော်မေးချင် တဲ့မေးခွန်းက ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းက အခုတလော ဒီလွှတ်တော်ထဲမှာ သူဖြေသွားတာက စာပေစိစစ်ရေးဟာ မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေသင့်တယ်။ ဖျက်သိမ်းပေး ဖို့လည်း အစိုးရမှာ အစီအစဉ်မရှိဘူးလို့ သူပြောသွားပါတယ်။ အဲဒါအနေနဲ့ပတ်သက်လို့ ကျနော်တို့မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးကို ဆက် လက်ပြီးတော့ထားရှိတာဟာ ပိုကောင်းမလား။ ဒါမှမဟုတ်လို့ရှိရင် စာပေစိစစ်ရေးကို ဖျက်သိမ်းပစ်လိုက်ပြီးတော့ သတင်းသမားတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်ပေးလိုက်ပြီးတော့မှ တစ်ခုခုတစ်စုံတရာ ပြဿနာဖြစ်လာလို့ရှိရင် ဥပဒေအကြောင်းအရ အရေးယူတာက ပိုကောင်းမလား။ အဲဒီနှစ်ခုကို အမေစု ဘယ်လို တွေးနေမိပါသလဲခင်ဗျာ။ အဲဒါလေး ကျနော်သိချင်ပါတယ်။

  • အဖြေ ။ ။ စာပေစိစစ်ရေးဆိုတာ ဒီမိုကရေစီအဆောက်အအုံ ခိုင်မာတဲ့နိုင်ငံတွေမှာ မရှိပါဘူး။ ဒါ့ကြောင့် တကယ်ပဲ ဒီမိုကရေစီ တည်ဆောက်ချင်တယ်ဆိုရင် စာပေစိစစ်ရေးအဖွဲ့ရယ်လို့ မရှိသင့်ပါဘူး။ နိုင်ငံရဲ့ဥပဒေတွေနဲ့ မကိုက်ညီတဲ့ရေးသားမှုတွေ၊ ဥပမာ-အသရေ ဖျက်မှု၊ လူမျိုး ဘာသာ မတူသူများအကြား လှုံ့ဆော်ရန်တိုက်မှု၊ အဲဒါတွေဆိုလို့ရှိရင်တော့ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြုံတုန်း ဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ထပ်ပြီးတော့ပြောချင်ပါတယ်။ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးရေးရှိတယ် ဆိုရင် မလိုအပ်တဲ့ကန့်သတ်ချုပ်ချယ်မှုတွေကို ဖယ်ရှားဖို့ကလည်း အထောက်အကူဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - The voice of People in the grip of Burmese Luttaw Print E-mail
User Rating: / 0
မိုးမခထံ ပေးစာများ
Thursday, 22 September 2011
လွှတ်တော်လက်ခုတ်ထဲက ပြည်သူ့အသံနဲ့ ဆန္ဒ
တူမောင်ညို၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
ရေဘေးဒုက္ခကြုံရတဲ့ပြည်သူနဲ့ ပြည်ထောင်စုဝန်ကြီး ဆက်ဆံပုံတစ်ခု
ဤပုံကိုကြည့်ပါ။ ပြည်သူတွေနဲ့ သူတို့တတွေ တစ်သားတည်း၊ ကြမ်းတစ်ပြေးတည်းမထိုင်ကြဘူး။
 ဒီတော့ ပြည်သူ့ ခံစားချက်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ သူတို့မသိတာ ဘာမျှမဆန်းပါဘူး။

“ပြည်သူ့အသံ- လွှတ်တော်အသံ”
“ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ”
“ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” 
ဆိုသည့် လွှတ်တော်ဆောင်ပုဒ် ကို မေးခွန်းထုတ်ရမယ်။

တကယ့်လက်တွေ့မှာတော့ပြောင်းပြန်ဖြစ်နေပါတယ်။

“လွှတ်တော်အသံ - ပြည်သူ့အသံ”
“လွှတ်တော်ဆန္ဒ - ပြည်သူ့ဆန္ဒ”
“လွှတ်တော်ဆုံးဖြတ်ချက် -   ပြည်သူများ က ဖော်ဆောင်ရွက်”
 
Theitpan Chithu - Myat Lay Print E-mail
User Rating: / 2
ရုပ်ပုံလွှာ
Thursday, 22 September 2011
စွယ်စုံရအနုပညာရှင် ထပ်ဆင့်အကယ်ဒမီ မြတ်လေး
သိပ္ပံချစ်သူ
စက်တင်ဘာ ၂၂၊ ၂၀၁၁


ပန်းချီ - ညိုဝင်း

ကျနော်ငယ်စဉ်က မြတ်လေး၏ ‘ရေပွက်ပမာ’ ‘မလိခချစ်သူ’ ၊ ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ၊ ‘မြခြူသံ’၊ ‘ရွှေလက်ဖြင့်ခေါ်လည်းမလာ’၊ ‘ရင်ထဲမှာရွာသောမိုး’ ၊ စသည့်ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသည်။ ထိုအချိန်မှစ၍ မြတ်လေး၏ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာ ပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့သည်။ ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟုခေါ်ကြသည်။ ကျနော့်အထင် သူပါဝင်သောကားတိုင်း၌ အပြောကို လိုအပ်သည်ထက် ‘ကဲ’ လေ့ရှိသည်။

‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။

၁၉၈၅ ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ် ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း) ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာ သောကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယော ဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿန်ထဲတွင်နေ သုဿန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချိဝေဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ၀မ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိ ပါသည်။

အပြည့်အစုံသို့ ...
 
Nyein Wai - Kyaut Phyar Incident Print E-mail
User Rating: / 2
ခေတ်ပြိုင်အတွေ့အကြုံ
Tuesday, 20 September 2011
ကျနော့်ရင်ထဲ ပူနွေးနေဆဲ ကျောက်ဖြာရွာ
ငြိမ်းဝေ
စက်တင်ဘာ ၂၁၊ ၂၀၁၁
(၁)
၁၉၉၄ ခု၊ မတ်လ၊ ၁၃ ရက်။
ကျနော်တို့ ပုန်းအောင်းနေသည့် တောင်ကုန်းကလေးပေါ်ကတဆင့် ကိုက်(၃၀၀) ခန့်အကွာ အောက်ဘက်တွင် ကားလမ်းကို လှမ်းမြင်နေရသည်။ ကျောက်ဖြာရွာအဝင်ထိပ်က သစ်ပင်တောအုပ်ကလေး ကိုလည်း မြင်နေရ၏။
မနက် ၁၀ နာရီထိုးသည့်တိုင် ကားလမ်းပေါ်တွင် မည်သူမျှ ဖြတ်သန်းသွားလာသည်ကို မတွေ့ရ။ ကျနော်တို့က မနက် ၈ နာရီကတည်းက တောင်ကုန်းပေါ်ရောက်နေခဲ့ကြပြီး ကားလမ်းတလျှောက် တံမျက်စည်းလှည်းကြမည့် `ကျောက်ဖြာရွာ´သားများကို လာပြီး စေါင့်ကြည့်နေကြခြင်း ဖြစ်သည်။ ပတ်ဝန်း ကျင်တခုလုံး ကျေးငှက်သံများကိုသာ ကြားနေရသည်။
အပြည့်အစုံသို့ ...
 
Ashin Nyarnikar bi won tha - Article Print E-mail
User Rating: / 2
ရေခြားမြေခြားမြန်မာများ
Saturday, 17 September 2011
ကုသိုလ်သည် ဘယ်မှာလဲ
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၁၈၊ ၂၀၁၁



ရွာဦးကျောင်းက ခေါင်းလောင်းသံ ကဗျာလေးနဲ့ပတ်သက်ကြီး ခေါင်းလောင်းသံ ငါတို့ကြားဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်၊ အမျှ ဘာကြောင့် ယူရတယ်ဆိုပြီး စာတစ်ပုဒ်၊ စာနှစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ပထမဆောင်းပါးကို ဖတ်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ဆောင်းပါးထဲမှာ ငယ်စဉ်က ကစ္စည်းသဒ္ဒါကြီးစာအုပ်ထဲမှာ သင်ယူခဲ့ဘူးတဲ့ “ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။ သတဉ္စ ဓမ္မောန ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ” ဆိုတဲ့ဂါထာလေးအကြောင်းကို ထည့်ပြောလျင် ပိုပြည့်စုံမယ်။ တပည့်တော်တော့ မြန်မာပြည်ရောက်ရင် တရားဟောဖို့ တရားတစ်ပုဒ်ရပြီဆိုပြီး လောလောဆယ် နယူယောက်မှာရောက်နေတဲ့ ဓမ္မဘေရီဆရာတော်က အကြံပြုစကားနဲ့ မုဒိတာ စကား မိန့်ကြားပါတယ်။

ဆရာတော်အမိန့်ရှိတဲ့ ပါဠိဂါထာလေးက ဓမ္မပဒ ဇရာဝဂ်မှာလာတဲ့ ဂါထာလေး။ ဒီဂါထာလေးက သံဃာတော် များရဲ့ ပါဠိစာပေသင်ကြားရေးမှာ အခြေခံဖြစ်တဲ့ ကစ္စည်းသဒ္ဒါကြီးကျမ်းထဲမှာ ပါဠိပြယုဂ်တစ်ခုအဖြစ် ထည့်သွင်းထားတာ။ ကစ္စည်းသဒ္ဒါကျမ်းက မြန်မာပြည်စာသင်သား အားလုံးနဲ့ မကင်းနိုင်တဲ့ကျမ်းမို့ ဒီဂါထာလေးကိုလည်း စာသင်သားအားလုံး ငယ်စဉ်ကတည်းက အလွတ်ရနေကြတာ။

အပြည့်အစုံသို့ ...
 
Irrawaddy dams are explosive devices Print E-mail
User Rating: / 5
မိုးမခထံ ပေးစာများ
Saturday, 17 September 2011

""လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံး ထောင်ထားသလို လုပ်ထားတာ"
ကချင်ခေါင်းဆောင် ပြောပြသည့် မြစ်ဆုံရေကာတာ စီမံကိန်း အကြောင်း
စက်တင်ဘာ ၁၇၊ ၂၀၁၁

သမ္မတအကြံပေးအရာရှိတဦးဖြစ်သူ ဦးမြင့်က စာနယ်ဇင်းဌာန တချို့ကို စက်တင်ဘာ ၁၆ တွင် ပေးပို့သည်။

 ၂ဝ၁ဝ ဇူလိုင် ၂၂ နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် တွေ့ရသည့် ဦးမြင့်၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်
အပြည့်အစုံသို့ ...
 
Ashin Pyinnar Nanda - Prisoner Monk - 5 Print E-mail
User Rating: / 1
ခေတ်ပြိုင်အတွေ့အကြုံ
Friday, 16 September 2011
အညတရအကျဉ်းသားရဟန်းတော်များ (၅) ဆရာတော်ဦးအဂ္ဂဓမ္မ
အရှင်ပညာနန္ဒ
စက်တင်ဘာ ၁၆၊ ၂၀၁၁


ထားဝယ်သံဝဲ၀ဲနဲ့ စကားပြောတတ်တဲ့ ထားဝယ်ဆရာတော် ဦးအဂ္ဂဓမ္မကို၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ကာလီဖိုနီးယားပြည်နယ်က မြို့လေးတမြို့ မှာ စတင် ဆုံဆည်းခဲ့တာပါ။


တွေ့ဆုံခဲ့ရတဲ့အကြောင်းကတော့ ရွှေဝါရောင်တ်ာလှန်ရေးကာလမှာ န၀တစစ်အစိုးရက ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက်ရိုက်နှက်ဖမ်းဆီးထောင် ချခဲ့တာေ တွကြောင့် ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရသလို ဘုန်းကြီးကျောင်းအတော်များများလည်း ချိတ်ပိတ်ခံ ခဲ့ရပါတယ်။ ဒီကိစ္စတွေကိုအခြေခံပြီး မစိုးရိမ်ဆရာတော်ကြီးနဲ ပီနန်ဆရာတော်ကြီးတို့နှစ်ပါးဦးဆောင်ပြီး သာသနာ့ဥသျှောင်အပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ ချုပ်ကိုဖွဲ့ ဘို့ ဆွေးနွေး တိုင်ပင်စဉ်က နှစ်ရက် သုံးရက်ခန့် အတူနေခဲ့ရလို့ ပိုပြီးရင်းနှီးခဲ့ပါတယ်။


ဦးအဂ္ဂဓမ္မနှင့်အတူ သာသနာ့ဥသျှောင်မှာအတူအလုပ်လုပ်ရင်း ထောင်ထွက်ဆရာတော်တပါးဖြစ်ကြောင်းသိလာခဲ့ရတာပါ။ စိတ်ဝင်တစားရှိ လှတာမို့ သူ့အကြောင်းကိုမေးမြန်းလျောက်ထားကြည့်တော့ တပည့်တော် ရှစ်လေးလုံးအရေးအခင်းဖြစ်တော့ မေဒိနီကျောင်းမှာ စာချ ဘုန်းကြီးဖြစ်နေပြီဘုရား။

အပြည့်အစုံသို့ ...
 
Kan Tun Thit - Articles Print E-mail
User Rating: / 1
ရေခြားမြေခြားမြန်မာများ
Thursday, 15 September 2011
သံသရာပွဲလယ်တင့်စေသော
ကံထွန်းသစ်
စက်တင်ဘာ ၁၆၊ ၂၀၁၁


ဒီနှစ်ကျရောက်သော သူ့မွေးနေ့မှာ သူငါမပြုသည့်မွေးနေ့ကုသိုလ်တစ်ခုပြုလုပ်ပြီုးမွေးနေ့ လက်ဆောင်ဆုထူး တောင်းသူတစ်ဦးနဲ့ မနေ့ညက ကြုံရသည်။

ဘာလိုလိုနှင့် သူတောင် ဒီအသက်အရွယ်ရောက်ပြီကော၊ ကိုယ့်ထက်လေးနှစ်ခန့်ကြီးသူပဲ။ ခုလို ကိုးကွယ်သူနှင့် ကိုးကွယ်ခံဘ၀၏အစကို ပြန်လည် စမြုံ့ပြန်မိသည်။ ကိုယ်အမေရိကားကိုရောက်တော့ အစစအရာရာ လောကစိမ်း၊ သူတို့မြို့က ဓမ္မကလပ်စ်မှာ တရားပွဲမမည် စာပေဟောပြောပွဲမကျဟေြာေ ပာပြီးေ နာက် အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့ကို ခရီးဆက်ခဲ့သည်။ ရောက်မဆိုက်ပင် ပေါ့တလန် သီရိ မင်္ဂလာကျောင်းဆရာတော်က “လူကို အခုမှတွေ့ဖူးပေမယ့် သတင်းကေ တာ့ ရောက်နေပါပြီ” တဲ့။ ကိုယ့်ကို အသိအမှတ်ပြုထားသောအဦးဆုံး ထောက်ခံချက်။ “သဒ္ဓေယျဝစသာ” ယုံကြည်လောက်သောစကားရှိသူဆိုသော ရှေးစာပေစကားလေးကို ဆင်ခြင်မိသည်။ ၀ိသာခါတို့ အနာထပိဏ်တို့ကို မြင်ယောင်လိုက်မိသည်။ သူ့ထောက်ခံချက်နှင့်ပင် ၃၈ ဖြာ “မင်္ဂလာမြင်ကွင်း”ကို ဟောဖြစ်ခဲ့ရသည်ဆိုပါစို့။

သို့နှင့်ပင် ဝက်စကွန်စင် မီးဝါးကီးမြို့လေးမှာ အခြေချဖြစ်ခဲ့တော့သည်။ အခြေမြဲဖို့ ပံ့ပိုးသူ ၀ိုင်းဝန်းသူတွေထဲမှာ သူလည်း အုပ်တစ်ချပ်မက ပါဝင်ခဲ့သည်။ ပေါ့တလန်ဆရာတော် ဦးသိရိန်မှ တဆင့်လှူဒါန်းဖွယ်တို့ကို ဆက်ကပ်လေ့ရှိသလို၊ သိလိုရာရာ မေးခွန်းငယ်တို့ကိုလည်း မေးမြန်းလေ့ရှိသည်။ နောင် ဦးသိရိန်ထံမှ ကိုယ့်ဖုန်းနံပတ်ကိုရရှိကာ အခါအခွင့်သင့်သလို ဖုန်းဆက်တတ်သည်။ “တုန်ခါပီတိ” စသော ကိုယ့်စာပေများကို မေတ္တာဥယျာဉ်ဝက်ဆိုဒ်မှဖတ်ဖြစ်သောအခါ စာရေးသူနှင့် စာဖတ်သူ ဖြစ်ခဲ့ရပြန်သည်။

အပြည့်အစုံသို့ ...
 
SUU with Q & A Print E-mail
User Rating: / 1
စကားလက်ဆုံ
Tuesday, 13 September 2011
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
စက်တင်ဘာ ၉ ရက်၊ ၂၀၁၁၊ အာရ်အက်ဖေအသံလွှင့်အစီအစဉ်


◊ မချိုဇင်လတ် (ဗြိတိန်နိုင်ငံ)

◊ မေးခွန်း ။ ။ မင်္ဂလာပါ အန်တီဒေါ်အောင်ဆန်းစုကြည်ရှင့်။ ကျမကတော့ မချိုဇင်လတ်ဖြစ်ပါတယ်ရှင်။ အန်တီရှင့် ကျမတို့မြန်မာပြည်ဟာ အင်အားကြီး တရုတ်ပြည်နှင့်နယ်နိမိတ်ခြင်း ဆက်စပ်နေပြီး ထိုတရုတ်ပြည်ရဲ့လွှမ်းမိုးခြင်းဟာလည်း အတော်လေးများပြားလှပါတယ်။ စစ်အစိုးရအဆက်ဆက် ကလည်း တရုတ်ပြည်ရဲ့ မြန်မာပြည်မှာစီးပွားရေးကိုလိုနီဟာ ကြောက်ခမန်းလိလိပင်ဖြစ်ပါတယ်။ စစ်အစိုးရဟာ မြန်မာပြည်ပိုင်ကျွန်းတချို့ကို တရုတ်စစ်တပ်ရဲ့ ရေတပ် ကင်းစခန်းဆောက်ခွင့်ပေးထားတယ်လို့ သတင်းများ ထွက်ပေါ်လာသလို မြန်မာ ပြည်ရဲ့နယ်စပ်အနီးမှာ တရုတ်စစ်တပ်ရဲ့စစ်စခန်းများဆောက်မယ်ဆိုတဲ့ သတင်းများ လည်းထွက်ပေါ်နေပါတယ်။ တခါ မြန်မာပြည် ရခိုင် ဒေသမှ သဘာဝဓာတ်ငွေ့ကိုပိုက်လိုင်းနှင့် တရုတ်ပြည်ကို တင်ပို့ဖို့လည်းရှိပါတယ်။ ဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ လုံခြုံရေးကိုအကြောင်း ပြပြီး တရုတ်စစ်တပ်က အချိန်မရွေးဝင်ရောက်လာနိုင်ပါတယ်။ ဒီလို တရုတ်ပြည်ရဲ့စီးပွားရေး၊ စစ်ရေးကျွန်ပြုလာနိုင်တဲ့အန္တရာယ်တွေကို ဘယ်လိုမျိုးတားဆီးလို့ရမလဲဆိုတာ ပြောပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 536
 
Top! Top!