မာတိကာ arrow မျက်မှောက်ရေးရာ
Tuesday, 28 March 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
မျက်မှောက်ရေးရာ
I'm not a son-in-law of General Than Shwe: Tay Za Print E-mail
User Rating: / 1
ဓာတ်ပုံသတင်း
Wednesday, 28 September 2011

ဗိုလ်ချုပ်သန်းရွှေ၏သားမက်ဟုပြောခြင်းမှာ ကောလာဟလဟု ဦးတေဇ ရှင်းလင်း
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၉၊ ၂၀၁၁ "ကျနော်က ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက် မဟုတ်ပါဘူး။ ကျနော် လက်နက်ကုန်ကူးတဲ့လူလည်း မဟုတ်ပါဘူး" ဟု လုပ်ငန်းရှင်ကြီး ဦးတေဇက ပြောဆိုကြောင်း forbes မဂဇင်း ဆောင်းပါးတစောင်တွင် ယမန်နေ့က ဖော်ပြထားသည်။
"ဒါကြောင့် မြန်မာပြည်သားတွေ မချမ်းသာတာ။ ဘယ်သူပဲ တိုးတက်လာသည်ဖြစ်ပါစေ၊ အရမ်း မနာလို ဖြစ်ကြတယ်။ နည်းမျိုးစုံ တိုက်ခိုက်ပြီး ကောလာဟလတွေ ထုတ်တော့တာပဲ" ဟုလည်း ပြောဆိုကြောင်း ဆောင်းပါးတနေရာတွင် ဖော်ပြထားသည်။

http://www.forbes.com/global/2011/1010/feature-people-burma-showy-crony-capitalism-luxury-za-montlake.html တွင် အင်္ဂလိပ်ဘာသာ ဆောင်းပါးကို ဖတ်နိုင်သည်
 
U Linn - Saffron Price Print E-mail
User Rating: / 1
ခွဲခြမ်းစိတ်ဖြာ
Wednesday, 28 September 2011

ရွှေဝါရောင်တော်လှန်ရေးအတွက် ပေးဆပ်ခြင်းရဲ့ ရလဒ်

ဦးလင်း(ကပ္ပိယကြီး)

စက်တင်ဘာ ၂၉၊ ၂၀၁၁

ရင်ထဲမှာအစ်နေဆဲ…။ ပစ်ခတ်တဲ့ သေနတ်သံတွေနဲ့ အတူရွတ်ဖတ်နေတဲ့ မေတ္တာသံတွေက လျှံနေဆဲ…။ ပြည့်အန်နေတဲ့ မျက်ရည်တွေကြားမှာတော့ နီစွေးစွေးသွေးကွက်ကြီးနဲ့ ပရမ်းပတာ ဖိနပ်တွေက ရွှေ့လို့မရ ဖယ်လို့မရနဲ့..။ လေးနှစ်ကြာခဲ့ပြီဆိုပေမဲ့ ပြေးလွှားနေကြတဲ့ သင်္ကန်းဗလာနဲ့ ပုံရိပ်တွေက ခန္တီစပါရမီတွေကို နှောက်ယှက်နေဆဲပါပဲ…။

အော် ရွှေဝါရောင်ပန်း မေတ္တာလွှမ်းသော်လည်း နွမ်းကြွေခဲ့ရပေပြီ။ အဘယ်ကြောင့်များ--ရွှေဝါရောင်ပန်း လန်းဆန်းသော်လည်း လက်ကမ်းကြိုသူ မဲ့ခဲ့ရသလဲ…။ ဒီညမှာလဲ ကျနော် တွေးနေဆဲပါ။

အပြည့်အစုံသို့ ...
 
review on insider's writing Print E-mail
User Rating: / 1
သူတို့အာဘော်
Wednesday, 28 September 2011



အစိုးရ ထဲ ၂ ပိုင်းကွဲနေ၊ ပိတ်ဆို့မှုကြောင့် တရုတ်အစိုးရကို ပိုမို မှီခိုရမည်ဟုဆို
မာစတာစီဒို
စက်တင်ဘာ ၂၈၊ ၂၀၁၁

 အကျဉ်းသားလွှတ်ပေးမည်၊ ဒဏ်ခတ်မှု ရပ်ပါ ဟု ယမန်နေ့ ပြောနေသာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ - Getty Images)

အပြည့်အစုံသို့ ...
 
irrawaddy sticker Print E-mail
User Rating: / 0
ဓာတ်ပုံသတင်း
Wednesday, 28 September 2011
ဧရာဝတီ စတစ်ကာနှင့် မော်တော်ကား
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၈၊ ၂၀၁၁

 Facebook တွင် တွေ့ရသော ရန်ကုန်မှ ကားတစီးတွင် ဧရာဝတီကိုချစ်ပါ - save the irrawaddy စာတန်းများ ကပ်ထားသည်
 

 

အပြည့်အစုံသို့ ...
 
NLD turns 23 with Suu's Speech Print E-mail
User Rating: / 1
ဓာတ်ပုံသတင်း
Tuesday, 27 September 2011
အင်န်အယ်ဒီ ၂၃ နှစ်မြောက် မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေးအတွက် အမှာစကားပြော
တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁
ယမန်နေ့ နံနက် ၁၁ နာရီက စတင်တဲ့ အင်န်အယ်ဒီ ၂၃ နှစ် မြောက် အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရုံးချူပ်မှာ ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့က အမှာစကားပြောကြားခဲ့ကြပြီး အင်န်အယ်ဒီပါတီ ၂၃ နှစ်တာကာလ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို စပ်ဆိုသော တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါတယ်။
အပြည့်အစုံသို့ ...
 
Dagon Taryar asks for Peace & Irrawaddy Print E-mail
User Rating: / 3
သတင်းဖတ်စာ
Tuesday, 27 September 2011
ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ထုတ်ပြန်
တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁
          "ထလော့ မြစ်မင်းဧရာ" အစချီထားတဲ့ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ကြောင်း ကြားသိရပါတယ်။
          ထိုပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးသည် လူတို့၏ ပယောဂများကြောင့် အမျိုးမျိုးပျက်စီးနေရာမှ မြစ်ဆုံရေကာတာတည်ဆောက်ရေးလုပ်ငန်း၏ အန္တရာယ်ကို ပညာရှင်များ၊ ပြည်သူများက ကန့်ကွက်နေသည်ကို ကြားရသောအခါ ထိုကိစ္စသည် မြန်မာ့အလှ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘ၀ကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသငြိမ်းချမ်းရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း၊ ဧရာဝတီမြစ်ဆုံရေတွေ စီးပါစေ၊ ကျည်ဆံတွေ မစီးပါစေနှင့် …" ဟု ဖော်ပြထားကြောင်း ဖတ်ရှုရပါတယ်။
အပြည့်အစုံသို့ ...
 
Burma promises prisoner amnesty ‎ Print E-mail
User Rating: / 1
သတင်းဖတ်စာ
Tuesday, 27 September 2011

အကျဉ်းသားများထပ်လွှတ်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို

AFP သတင်းဌာန

စက်တင်ဘာ ၂၈၊ ၂၀၁၁

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အကျဉ်းသားများကိုထပ်လွှတ်ပေးဦးမည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်၊ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိကို ရှင်းလင်းခြင်း မရှိပါ။

အရပ်သားအစိုးရ အာဏာရပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဦးဆုံး ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရန်လည်း ပန်ကြားလိုက်သည်။ 

နိုင်ငံတကာတွင် မျက်နှာကောင်း ရစေရန်အတွက် ဆက်လက် ပြောကြားသည်မှာ - စစ်တပ်ကထောက်ခံသည့် သမ္မတဦးသိန်းစိန်ထုတ်ပြန်သော ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသည်။

အပြည့်အစုံသို့ ...
 
Myo Myint Maung - Irrawaddy Forward Print E-mail
User Rating: / 4
သူတို့အာဘော်
Monday, 26 September 2011
ရှေ့တဆင့်တိုးကြရတော့မည့် ဧရာဝတီအရေး
မျိုးမြင့်မောင်
စက်တင်ဘာ ၂၇၊ ၂၀၁၁
သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်သူများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသိပညာရှင်၊ အတတ်ပညာရှင်များ၊ စာပေအနုပညာရှင်များ စသည့် ဧရာဝတီကိုချစ်မြတ်နိုးသူများ၊ ဧရာဝတီ၏ ပစ္စုပ္ပန်နဲ့အနာဂတ်အရေး ရတက်မအေးကြသူများက စတင် ဆော်သြလိုက်သော “ဧရာဝတီအရေး” သည် အဆင့်တစ်ခုသို့ ဆိုက်ရောက်ခဲ့ပါပြီဖြစ်ပါသည်။ ရှေ့သို့ဆက်ကြရဦးမည်။ ရှေ့တဆင့် တိုး ကြရတော့မည်။ ရပ်တန့်နေ၍ မရတော့ပါ။
အပြည့်အစုံသို့ ...
 
Burmese in Rangoon marked 4th Anniversary of Saffron Revolution Print E-mail
User Rating: / 2
သတင်းဆောင်းပါး
Monday, 26 September 2011
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ လှုပ်ရှားမှုများ
တာရာဝေယံ၊ စက်တင်ဘာ ၂၇၊ ၂၀၁၁
ယမန်နေ့ စက်တင်ဘာ ၂၆ မနက်ပိုင်းက ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုအလှူဒါနများနဲ့ ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်၊ မိခင်ဧရာဝတီကို ကာကွယ်စောင့်ရှောက်ကြသူများ ကွယ်ယက်နဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နေကြသူများက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...
 
Saffron Anniversary Protesters Arrested Print E-mail
User Rating: / 3
သတင်းဖတ်စာ
Monday, 26 September 2011
ရွှေဝါရောင်နှစ်ပတ်လည် ၀တ်ပြုဆုတောင်းပွဲ ဦးဆောင်သူ အချို့ဖမ်းဆီးခံရ
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ (ည ၁နာရီ)
၎နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ အချို့ကို ညပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။  ဆူးလေ ဘုရားတွင် ၀တ်ပြုသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့သော အင်္ဂါ ၀တ်ပြုဆုတောင်းသူများ အဖွဲ့မှ  ဒေါ်နော်အုန်းလှနှင့် တွံတေးမှ မစန္ဒာတို့ကို အာဏာပိုင်များက ယနေ့ ညတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
“ မစန္ဒာကို သူ့နေအိမ်မှာပဲ ညဘက်လာခေါ်သွားတယ်လို့သိရတယ်“ဟု နီးစပ်သူတစ်ဥိးက ပြောပြသည်။
ဆုတောင်းပွဲတွင် ပါဝင်သူများအနက် မစန္ဒာနှင့် ဒေါ်နော်အုန်းလှ တို့ကိုသာ ခေါ်ဆောင်သွားသည် ဟု လည်း ယနေ့ည သန်းခေါင်ချိန်အထိ ရရှိသည့် သတင်းများအရ သိရသည်။
အပြည့်အစုံသို့ ...
 
demonstration at Rangoon Print E-mail
User Rating: / 1
သတင်းဖတ်စာ
Monday, 26 September 2011

 
 
 
ရွှေဝါရောင် လေးနှစ်ပြည့်နေ့ ဆန္ဒပြပွဲ ငြိမ်းချမ်းစွာပြီးဆုံး
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ ၂၀၁၁
  ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဆုတောင်းပွဲ နှင့် လွတ်လပ်စွာ သတင်းယူနေသူများ (ဓာတ်ပုံများ - မိုးမခ)
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 3662
 
Top! Top!