မာတိကာ arrow စာပဒေသာ arrow ဆောင်းပါးစုံ
Friday, 22 September 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
ဆောင်းပါးစုံ
Nyein Wai - Articles Print E-mail
User Rating: / 1
ဆောင်းပၝးစုံ
Thursday, 29 September 2011
“ကင်ဆာရိုဝီဝါ” လို မဖြစ်ရအောင် သတိပြုကြ
ငြိမ်းဝေ
စက်တင်ဘာ ၃၀၊ ၂၀၁၁


ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်မှုကို ကန့်ကွက်ကြတဲ့တချိန်ထဲမှာ လက်ရှိကြံ့ဖွံ့အစိုးရ တာဝန်ရှိဝန်ကြီးတပါးက ရေကာတာ တည်ဆောက်မှု ကန့်ကွက်ကြသူတွေအပေါ် ရည်ညွှန်းပြောဆိုတဲ့စကားကိုကြားတော့ ကျနော် တော်တော်လေး စိတ်ပူလာမိပါတယ်။ အား လုံးသိကြတဲ့အတိုင်း အဲဒီပုဂ္ဂိုလ်သုံးနှုန်းပြောဆိုသွားတဲ့စကားက တိုင်းပြည်တခုရဲ့ တာဝန်ရှိလူကြီးတဦးပြောတဲ့လေသံမျိုး အသုံးအနှုန်းမျိုး မဟုတ်ဘူးဆိုတာ။ သူ ဒီလို ဘာပြုလို့ပြောလိုက်တာလည်း။ သူ ဒီလောက်အထိ နိမ့်နိမ့်ကျကျ ပက်ပက်စက်စက်ပြောထွက်ရဲတာ ဘာ့ ကြောင့်လည်း။ ဒီအချက်ကိုတွေးမိတဲ့အခါ အထက်ကပြောခဲ့သလိုပဲ ကျနော် တော်တော်လေးစိတ်ပူလာရတယ်ဆိုပါတော့။

မြစ်ဆုံရေကာတာတည်ဆောက်နေတာဟာ ကျနော်တို့ရဲ့ သွေးချင်းများစံပျော်ရာ ကချင်ပြည်နယ်ထဲမှာပါ။ အခု အဲဒီရေကာတာတည် ဆောက်မှုဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်စေတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်သလို ဖြစ်လိမ့်မယ်ဆိုပြီး အချက် နဲ့ အလက်နဲ့ ကိုးကားတင်ပြကန့်ကွက်ကြတာက တပိုင်း၊ ဒေသခံလူမျိုးစုတွေရဲ့ သဘောဆန္ဒကို ယူသင့်တယ်ဆိုတဲ့အပိုင်းက တပိုင်း။ ဒီလို အပိုင်းလိုက်စဉ်းစားတဲ့အခါ ဟိုးလွန်ခဲ့တဲ့ (၁၅) နှစ်လောက်က အာဖရိကတိုက်၊ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ အခုဖြစ် နေတဲ့ပြဿနာမျိုးပဲ ဖြစ်ပွားခဲ့တာ သွားပြီးတွေးမိပါတယ်။

အပြည့်အစုံသို့ ...
 
Kan Tun Thit - Mississipi & Irrawaddy Print E-mail
User Rating: / 5
ဆောင်းပၝးစုံ
Monday, 26 September 2011
မစ္စစ္စပီနှင့် ဧရာဝတီ
ကံထွန်းသစ်
စက်တင်ဘာ ၂၆၊ ၂၀၁၁


လူအပြည့်နှင့် နှစ်ထပ်သင်္ဘောကြီးသည် ရေလွှာကို တွန်းကာ ရွေ့ရွေ့သွားနေသည်၊ အောက်ထပ်တွင် လူတွေပြည့်နေသကဲ့သို့ အပေါ်ထပ် မှာလည်း ထိုင်ခုံမလပ်၊ မတ်တတ်ရပ်သူ အချို့၊ လှေကားမှာထိုင်သူ အ၀က်၊ ကိုယ်ကတော့ အချို့နှင့်အတူ သင်္ဘောဦးလက်ရန်းကိုကိုင်၍ ရပ်ရင်း လိုက်ပါလာခဲ့သည်။ ဓာတ်ပုံရိုက်သူက ရိုက်၊ ကမ်းနှစ်ဖက်ကို ငေးသူကငေးနှင့် အားလုံးကတော့ မစ္စစ္စပီမြစ်၏ အလှကိုခံစားရန် ခရီးသွားသူတွေချည်းသာ။

ငယ်စဉ်က စာပေထဲမှာရင်းနှီးခဲ့သော ကမ္ဘာကျော်မြစ်၊ အခုတော့ သူ့ကျောပေါ် ကိုယ်တိုင်ရောက်ရှိနေပါပေါ့လား။ အများနည်းတူ ကမ်းနှစ် ဖက်ကိုမျှော်မိတော့ ယာဖက်တွင် စိန်ပေါလ်မြို့၏တိုက်တာအဆောက်အအုံများ၊ အစီအရီ ခမ်းနားတင့်တယ်စွာဖြင့် မြစ်ကိုမိုးလျက်၊ ၀ဲဘက် တွင်မူ သဘာဝပေါက်ပင်တို့ဖြင့် စိမ်းညို့နေသော တောအုပ်။

အမေရိကန်တွေ မြတ်နိုးဂုဏ်ယူကြသည့်မြစ်၊ ပြည်နယ်တော်တော်များများကို ဖြတ်သန်းစီးဆင်းသွားသော မြစ်မကြီး၊ သူဖြတ်သန်းရာ မင်နီးဆိုးတားပြည်နယ်သို့ရောက်ခိုက်၊ ကိုဝင်းဗိုလ်+မသန်းသန်းအေး မိသားစုတို့က လိုက်ပါပို့ဆောင်ကြသည့် ဒေသန္တရခရီး၊ ကိုယ် တို့နှယ်ပင်၊ အနယ်နယ်အရပ်ရပ်မှ ဧည်သည်တွေကလည်း မနည်း။ ခုလို Summer ရာသီတိုင်း စည်းကားမြဲတဲ့၊ မစ္စစ္စပီ၏အလှကို ခံစားရန် အေးအေးလူလူသင်္ဘောစီးလျက် မြစ်ကြောင်းစုန်ဆန်မြဲ၊ အသွားအပြန် တစ်နာရီလေးဆယ်ခန့်ခရီးကို တစ်ဦးလျှင် ဒေါ်လာ နှစ်ဆယ်သည် သူတို့အတွက် ၀န်မဟုတ်။ ထိုနှုန်းထားနှင့် လူဦးရေ ခေါက်ရေတို့ကို မြှောက်ပွားကြည့်နေမိသည်။ ပြီး သဘာဝကို ထိန်းလည်းထိန်းသိမ်း၊ ခိုင်းလည်းခိုင်းစားတတ်တဲ့လူတွေပါကလားဟု အံ့သြလိုက်မိသည်။

အပြည့်အစုံသို့ ...
 
Zaw Aung (Mone Yar) - Articles Print E-mail
User Rating: / 6
ဆောင်းပၝးစုံ
Friday, 23 September 2011
အမေရိကန်၊ စင်ကာပူဒေါ်လာနဲ့ မြန်မာကျပ်ရာဇ၀င်
ဇော်အောင် (မုံရွာ)
စက်တင်ဘာ ၂၃၊ ၂၀၁၁



၁၉၉၀ တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ ကျပ်
တိုက်ခန်းတစ်ခု ၃ သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃ သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ ကျပ်။

၂၀၀၇ သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၉၀၀ ကျပ်
တိုက်ခန်းတစ်ခု ၃၀၀ သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀ သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅ သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ ကျပ်။

အပြည့်အစုံသို့ ...
 
Theitpan Chit Thu - Bahadur Shah Zafar Print E-mail
User Rating: / 2
ဆောင်းပၝးစုံ
Monday, 05 September 2011

အိန္ဒိယနန်းကျဘုရင် ဗဟာဒူးရှားဇဖားရ်
သိပံ္ပချစ်သူ
စက်တင်ဘာ ၅၊ ၂၀၁၁


      ကျနော် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း (ယခင် ဇဖားရ်ရှားလမ်း)ရှိ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပါတော်မူခဲ့သော နောက်ဆုံး မဂိုဧကရာဇ် ဗဟာဒူးရှားဇဖားရ်၏ သင်္ချိုင်းဂူဗိမာန်သို့ သွားရောက်လေ့လာ ကြည့်ရှုမိသည်။

တချိန်က ရွှေနန်းတော်၌ မင်းစည်းစိမ်ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ မဂိုဧကရာဇ်သည် ရေခြားမြေခြား မြန်မာနိုင်ငံ၌ ရန်သူ၏လက်တွင်းတွင် နတ်ရွာစံခဲ့ပုံကို တွေးမိရင်း ကျွန်ုပ်တို့၏ မြန်မာ ဘုရင်သီပေါမင်းတရား အိန္ဒိယပြည်ရတနာဂီရိအရပ်၌ ဆင်းရဲချို့တဲ့စွာ နတ်ရွာစံခဲ့ရပုံကို ပြန်လည်ယှဉ်တွဲ အတွေးပွားနေမိပါတော့သည်။

ဤပါတော်မူ ဘုရင်နှစ်ပါး၏ဘ၀ကံကြမ္မာမှာ တနည်းတဖုံ ဆင်တူယိုးမှားတူညီနေပေ၏။ အိန္ဒိယပြည် ဒေလီမြို့တော်၌ အိန္ဒိယပြည့်ရှင် မဂိုဘုရင်အား အင်္ဂလိပ်တို့ကဖမ်းဆီး၍ ဇာတိနေပြည်တော်နှင့်ဝေးသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့လိုက်သည်။ အကျဉ်းစံ နန်းကျဘုရင်တပါးအဖြစ် နေထိုင်ရင်း ရန်ကုန်မြို့ဒဂုံအရပ်၌ နတ်ရွာစံခဲ့ရလေသည်။

အပြည့်အစုံသို့ ...
 
Shwe Zee Gwet - Black & White Print E-mail
User Rating: / 3
ဆောင်းပၝးစုံ
Wednesday, 20 July 2011
အဖြူ နဲ့ အမဲ

ရွှေဇီးကွက်

ဇူလိုင် ၂၁၊ ၂၀၁၁

 

(သင်္ကြန်အတက်နေ့ ဈာပနပို့ပြီးကတည်းက ဒီဆောင်းပါးကိုရေးချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့်လည်း ကျမလက်က စာရေးလို့မရ ဖြစ်နေတဲ့အတွက် မရေးဖြစ်ခဲ့ပါ။ ခုလက်ပြန်ကောင်းပြီး စာရေးမယ်လို့ စိတ်ကူးမိချိန်မှာလည်း ဒီအကြောင်းအရာတွေသာ စိတ်ထဲပြန်ပေါ်လာတဲ့အတွက် သင်္ကြန်ကာလနဲ့ မကိုက်ညီပေမယ့်လည်း ရေးဖြစ်လိုက်တာပါ။)

ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ၊ ဒိုးဒိုးဒေါက်ဒေါက်၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ဆ-ဆရာကြီး၊ ပြီးပါပြီ၊ စတာတွေဟာ ကျမတို့ငယ်စဉ် ၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ နှစ်ဦးများဆီက ကျရောက်ခဲ့တဲ့ သင်္ကြန်ပွဲတော်တွေမှာ ကျမတို့ မက်မက်မောမော နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုအားပေးခဲ့ရတဲ့ သင်္ကြန်အလှပြကားတွေရဲ့ အမည်နာမတွေပါ။ အဲဒီတုန်းက သင်္ကြန်ပွဲတော်တွေနဲ့ ခုခေတ် သင်္ကြန်ပွဲတော်တွေရဲ့ သွင်ပြင်လက္ခဏာ၊ အနှစ်သာရ၊ အဓိပ္ပာယ်သက်ရောက်မှုတွေဟာ လုံးလုံးလျားလျား ကွဲပြားခြားနားသွားခဲ့ပါပြီ။

အပြည့်အစုံသို့ ...
 
Monks Prisoner Print E-mail
User Rating: / 1
ဆောင်းပၝးစုံ
Sunday, 17 July 2011

အညတရအကျဉ်းသား ရဟန်းတော်များ (၁) – “အရှင်စန္ဒောဘာသ”

အရှင်ပညာနန္ဒ

ဇူလိုင် ၁၇၊ ၂၀၁၁


အချိန်က ၁၉၉၃ သြဂုတ်လ မနက် (၁၂) နာရီခန့်။ ရွှေတိဂုံဘုရား ပြည်သူ့ဥယျာဉ်အတွင်းမှာရှိတဲ့ သစ်လုံးစားတော်ဆက်။

‘'သင်္ကန်းဝတ်တွေတယောက်မှ မလှုပ်နဲ့။ ခုခံဘို့လည်း မကြိုးစားနဲ့။ ခုခံရင်အားလုံးကို ပစ်သတ်ပစ်မယ်’’

အထက်ပါစကားကိုပြောဆိုရင်း စားသောက်ဆိုင်အတွင်းမှာရှိတဲ့ ရဟန်း (၃) ပါးကို သေနတ်တွေနဲ့ ချိန်ပြီး လက်လိမ်ချိုးသူကချိုး၊ လည်ပင်းညှစ်သူက ညှစ်၊ လက်ထိပ်ခတ်သူ ခတ်နဲ့ န၀တထောက် လှမ်းရေး (၉) ယောက်က ဘုန်းကြီးတွေကိုဖမ်းလည်း ဖမ်း၊ အမိန့်လည်းပေးရင်း ဟိန်းဟောက်နေတဲ့ အသံတွေပါ။

တပည့်တော်တို့ အဲဒီနေ့က ရဟန်းပျိုသမဂ္ဂက အစည်းအဝေးဖိတ်လို့ စားသောက်ဆိုင်မှာဆွမ်းစားရင်း အစည်း လုပ်နေတုန်း အဖမ်းခံရတာဘဲ။ အတော်ရုပ်ပျက် ဆင်းပျက်ကြီးကို အဖမ်းခံရတာပါဘုရား။

အပြည့်အစုံသို့ ...
 
Maung Maung One – Broken flowers under the storm Print E-mail
User Rating: / 1
ဆောင်းပၝးစုံ
Monday, 11 July 2011
တွယ်ရာမဲ့ပန်းတို့၏ မုန်တိုင်းချက်များ

မောင်မောင်ဝမ်း

ဇူလိုင် ၁၂၊ ၂၀၁၁


ဟင်္သာတမြို့မှာဖြစ်ပွားခဲ့တဲ့ ၉ နှစ်သား ကလေးငယ်တယောက်အပေါ် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်တဲ့သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်ကတဆင့် ဖတ်လိုက်ရတဲ့အခါ ကျနော် အရမ်း တုန်လှုပ်သွားမိတယ်။ ကလေးငယ်အတွက် အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီလို အိပ်မက်ဆိုးတွေကို ကျနော် တခါက ကြုံခဲ့ဖူးပါတယ်။  စစ်အာဏာရှင်များရဲ့ ထောက်လှမ်းရေး စစ်ကြောရေးစခန်းထဲမှာပါ။ ဒါပေမယ့် အခုခံလိုက်ရတဲ့ ကလေးငယ်လောက် မခံခဲ့ရပါဘူး။ လူတယောက်က လူတယောက်ကို အနိုင်ကျင့်ဗိုလ်ကျပြီး ရက်စက်ခဲ့လို့ နာကျဉ်းခဲ့ရတဲ့ ပုံရိပ်ဆိုးတွေကို ကျနော် ကိုယ်ချင်းစာမိပါတယ် …။ အခု ကလေးငယ်က ၉ နှစ်သားလေး … … စဉ်းစားကြည့်ပေါ့ဗျာ …။

အပြည့်အစုံသို့ ...
 
Maung Maung One - Only fool are bully Print E-mail
User Rating: / 6
ဆောင်းပၝးစုံ
Saturday, 02 July 2011
လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ်

မောင်မောင်ဝမ်း

ဇူလိုင် ၃၊ ၂၀၁၁


ငယ်ငယ်တုန်းက အဖြစ်လေးတခု သွားသတိရတယ်။ ကျနော်တို့ရပ်ကွက်ထဲက ကိုဖိုးလုံး ဆိုတာ တော်တော် နာမည်ကြီးတယ်။ အကောင်း ကြီးတာတော့မဟုတ်ဘူး၊ ဆိုးတာ မိုက်ရိုင်းရမ်းကားတာ။ လူသတ်မှုဖြစ်ပြီး ထောင်ကပြန်လွတ်လာတော့ မိုက်ရိုင်းရမ်းကားတာ ပိုဆိုးလာတယ်။ သူနဲ့ တော်ရုံလူတွေက မယှဉ်ကြဘူး၊ ရှောင်ကြတယ်။ သူ အရက်ဖိုးတောင်းရင်လည်း တချို့သူတွေက ကြောက်ကြတော့ ပေးကြတယ်။ ဒါကို သူ့ကို သဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကို ကြောက်နေတာကို သူက ပီတိဖြစ်နေတာ။

အပြည့်အစုံသို့ ...
 
Kan Tun Thit - From Yaw-Hi-Ni to Michigan Print E-mail
User Rating: / 1
ဆောင်းပၝးစုံ
Sunday, 26 June 2011

ရောဟိနီမြစ်ကမ်းမှသည် မစ်ရှိဂန်ကမ်းခြေဆီထိ
ကံထွန်းသစ်
ဇွန် ၂၆၊ ၂၀၁၁


“ရေတပေါက်အတွက်နှင့် အဘယ်ကြောင့် တန်ဖိုးကြီးသောသွေးကို ပြုန်တီးပစ်လိုကြသနည်း အချင်းတို့”

လို့ ဗုဒ္ဓရှင်တော် ဟောညွှန်ဆုံးမလေမှ သာကီယ ဆွေတော်မျိုးတော်တွေရဲ့ ဓားရောင် လှံရောင် တပြောင်ပြောင်နဲ့ ရောဟိနီမြစ်ကမ်းက ရေလုပွဲပြီး ငြိမ်းအေးသွားခဲ့တဲ့အကြောင်းကို ကြည်းကြည်းနူးနူး ပြန်တွေးနေမိတာကတော့ ဝက်စကွန်စင်ပြည်နယ်ရဲ့ ကိုယ်နေထိုင်ရာ မီဝေါကီးမြို့က အတာသင်္ကြန်ပွဲတော် ကျင်းပတဲ့နေ့ကပေါ့။

အမိမြေမှာလို ပိတောက်တွေလှိုင်တဲ့ ခါတန်ခူးမှာ မကျင်းပနိုင်ဘဲ၊ စနိုးစဲရာ စပရင်းရာသီ မေလထဲမှာ ကျင်းပရတာကလွဲလို့ တကယ့်မြန်မာရိုးရာသင်္ကြန်ပွဲလေးပါပဲ။ ဇာတိမြေကိုလွမ်းသူတွေ အလွမ်းဖြေကြတဲ့ပွဲမို့ ထင့်၊ ဆင်နွှဲလာသူတွေကဖြင့် ခန်းမတခုလုံး ဖိတ်လျှံသွားတဲ့အထိ။

အပြည့်အစုံသို့ ...
 
Shwe Zee Gwet’s Article Print E-mail
User Rating: / 1
ဆောင်းပၝးစုံ
Tuesday, 21 June 2011
မောဟတခုကို ဖယ်ခွာလိုက်နိုင်ခြင်း

ရွှေဇီးကွက်

ဇွန် ၂၂၊ ၂၀၁၁


ဗုဒ္ဓဘာသာမိဘနှစ်ပါးမှ ပေါက်ဖွားဆင်းသက်လာသူပီပီ ကံကံ၏အကျိုးကို ငယ်ငယ်လေးကတည်းက ကျွန်မ ယုံကြည်လက်ခံခဲ့ပါတယ်။

အဘိဓမ္မာသင်တန်းတွေကို တက်ရောက်ခဲ့တဲ့နောက်မှာ ကံရယ်လို့ဖြစ်လာမယ့် စေတနာ၊ သင်္ခါရတို့ရဲ့အကြောင်းတွေ၊ ကံရဲ့အကျိုးပေးပုံတွေ၊ ကမ္မနိယာမတွေကို ပိုပြီး အသေးစိတ် နားလည်လာခဲ့ပါတယ်။

အပြည့်အစုံသို့ ...
 
Maung Maung One – Recognize Print E-mail
User Rating: / 7
ဆောင်းပၝးစုံ
Tuesday, 07 June 2011
အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ်

မောင်မောင်ဝမ်း

ဇွန် ၈၊ ၂၀၁၁

အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ် …

(ဆရာတော် ဦးဇောတိက)

ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရ တက်လာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတရပ်အဖြစ် ရှုမြင်တယ်ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့ပဲတက်လာလာ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့ အစိုးရဖြစ်လာတာပဲ (ပြည်သူတွေက မဲပေးလိုက်တာကိုး) ဒါကို ဒေါ်စု သဘောပေါက်တယ်၊ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ... အစိုးရတရပ်တော့ ဖြစ်လာပြီ။ ဒေါ်စုဘက်က ရိုးသားတယ်၊ အရှိတရားကို အရှိတရားအဖြစ် မြင်လိုက်တယ် … ဒါဟာ စိတ်သတ္တိတမျိုးပါ။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 Next > End >>

Results 1 - 11 of 83
 
Top! Top!