မာတိကာ arrow မျက်မှောက်ရေးရာ arrow ခွဲခြမ်းစိတ်ဖြာ
Friday, 26 May 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
ခွဲခြမ်းစိတ်ဖြာ


U Linn - Saffron Price Print E-mail
User Rating: / 1
Wednesday, 28 September 2011

ရွှေဝါရောင်တော်လှန်ရေးအတွက် ပေးဆပ်ခြင်းရဲ့ ရလဒ်

ဦးလင်း(ကပ္ပိယကြီး)

စက်တင်ဘာ ၂၉၊ ၂၀၁၁

ရင်ထဲမှာအစ်နေဆဲ…။ ပစ်ခတ်တဲ့ သေနတ်သံတွေနဲ့ အတူရွတ်ဖတ်နေတဲ့ မေတ္တာသံတွေက လျှံနေဆဲ…။ ပြည့်အန်နေတဲ့ မျက်ရည်တွေကြားမှာတော့ နီစွေးစွေးသွေးကွက်ကြီးနဲ့ ပရမ်းပတာ ဖိနပ်တွေက ရွှေ့လို့မရ ဖယ်လို့မရနဲ့..။ လေးနှစ်ကြာခဲ့ပြီဆိုပေမဲ့ ပြေးလွှားနေကြတဲ့ သင်္ကန်းဗလာနဲ့ ပုံရိပ်တွေက ခန္တီစပါရမီတွေကို နှောက်ယှက်နေဆဲပါပဲ…။

အော် ရွှေဝါရောင်ပန်း မေတ္တာလွှမ်းသော်လည်း နွမ်းကြွေခဲ့ရပေပြီ။ အဘယ်ကြောင့်များ--ရွှေဝါရောင်ပန်း လန်းဆန်းသော်လည်း လက်ကမ်းကြိုသူ မဲ့ခဲ့ရသလဲ…။ ဒီညမှာလဲ ကျနော် တွေးနေဆဲပါ။

အပြည့်အစုံသို့ ...
 
Aung Din - Irrawaddy, Burma & Faking Dragon Print E-mail
User Rating: / 4
Thursday, 22 September 2011
 ဧရာဝတီ၊ မြန်မာပြည် နဲ့ လိမ်ညာနေတဲ့ နဂါးအနီ
အောင်ဒင်
စက်တင်ဘာ ၂၃၊ ၂၀၁၁
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊
အပြည့်အစုံသို့ ...
 
Maung Yit - In solidarity with Burmese Community Print E-mail
User Rating: / 10
Wednesday, 31 August 2011
မြန်မာတိုင်းရင်းသား ကွန်မြူနီတီနဲ့ စိတ်ဝမ်းမကွဲ အတူလက်တွဲကြဖို့
မောင်ရစ်၊ စက်တင်ဘာ ၁၊ ၂၀၁၁
တပါတီ အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေနဲ့ အလိုတော်ရိတွေ၊ ထောက်လှမ်းရေးတွေ၊ တန်ပြန်ထောက်လှမ်းရေးတွေ၊ အပေါင်းအပါတွေက အတိုက်အခံတွေ၊ သာမန်ပြည်သူတွေကို သွေးခွဲအုပ်ချူပ်တယ်၊ အကြောက်တရား၊ သံသယတွေ၊ သတင်းမှားတွေ သွတ်သွင်းထားတယ်။ မျှော်လင့်ချက်အလွဲတွေ၊ ကောလဟာလတွေကို အမြဲ ဖြန့်ချိလေ့ရှိတယ်။ အခြေခံ လူထု လူတန်းစားတွေဟာ အမြဲတစေမှာ တစုနဲ့ တစု တဦးနဲ့ တဦး မတူကွဲပြားတဲ့ အမြင်တွေ အထင်တွေနဲ့ နီးနီးစပ်စပ် မနေဖြစ်ကြဘဲ ခပ်ခွာခွာ သီးသန့်နေထိုင်ကြတဲ့ အလေ့က အရိုးစွဲနေတော့တာပဲ။
အပြည့်အစုံသို့ ...
 
Shwe Pyi Soe - Suu is not that stupid Print E-mail
User Rating: / 8
Tuesday, 30 August 2011
ဒေါ်စု မညံ့ပါ
ရွှေပြည်စိုး၊ သြဂုတ် ၃၁၊ ၂၀၁၁
ဒီတလော ဒေါ်အောင်ဆန်းစုကြည် နဲ့  ကြံ့ဖွတ်အစိုးရ တို့  “နိုင်ငံရေးစကားဝိုင်း”  ထဲ ရောက်နေကြတာ အားလုံးအသိပါ။
            ဒီလို “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်လာဖို့အကြောင်းက လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ တိုင်းရင်းသားလူမျိုးစုအရေး … စတဲ့ အကျပ်အတည်းတွေ တွေ့နေရာကနေ လျော့ပါးလွတ်မြောက်အောင် “ဟန်ဆောင်စကားဝိုင်း”  ဖွဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်လောက်ပါတယ်။
            ဒီအာဏာရှင်တွေဟာ နိုင်ငံမှာ အကျပ်အတည်းတွေ့တိုင်း ဒီလိုလုပ်လေ့ရှိတယ်ဆိုတာလည်း အားလုံးသိပြီး လောက်ပါပြီ။ ပြီးရင်  အရင်အတိုင်း လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်တာပါပဲ။ အထင်ရှားဆုံးကတော့ ၂၀၀၃ ခုနှစ်၊ မေလ - ၃၀ ရက် ည  ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့အဖွဲ့ကို လုပ်ကြံတာဖြစ်တယ်။ ဒေါ်စု၊ ဦးတင်ဦး တို့ အသက်မသေခဲ့ပေမယ့် အကျယ်ချုပ်ချထားခြင်း ခံလိုက်ရပါတယ်။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - What is Suu's official party according to USDP Regime? Print E-mail
User Rating: / 8
Friday, 26 August 2011
 ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ပါတီ ဆိုတာ ဘယ်ပါတီကိုပြောတာလဲ
တူမောင်ညို
သြဂုတ် ၂၇၊ ၂၀၁၁
၂၆ သြဂုတ်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈ မှာဖေါ်ပြထားတဲ့ “မစ္စတာ သောမတ်အိုဟေးကွင်တားနား သတင်း” ကိုပဲအဓိကမူတည်ပြီးပြောမှာပါ။
အပြည့်အစုံသို့ ...
 
Thitsar Ni - Article Print E-mail
User Rating: / 3
Friday, 26 August 2011

နိုင်ငံရေးဘ၀ ခြေလှမ်းသစ်မျှော်လင့်ချက်

သစ္စာနီ

သြဂုတ် ၂၆၊ ၂၀၁၁


 

၁။ ကြွေပန်းအိုးကို ၀က်ဝံလက်ဖြင့်ကိုင်မည်လော

 ယနေ့မြန်မာနိုင်ငံ၏ အပြက်ထင် အပေါ်လွင်ဆုံး ရာဇ၀င်ရေးလမ်းကြောင်းသည် အမျိုးသားဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးဖြစ်ကြောင်း မည်သူမှအငြင်းပွားစရာမရှိ။ ပန်းတိုင်နှင့်အကွာအဝေးကိစ္စတွင်မူ၊ ဤအရေးနှင့်ပက်သက်ငြိတွယ်သူအားလုံး အားလုံး၏….

 
(က) နိုင်ငံရေးသဘောတရား တတ်သိကျေမွန်မှု

(ခ) ရိုးသားသည့်စိတ်စေတနာ အရင်းခံမှန်ကန်မှု

(ဂ) အမြစ်တွယ်နေသော လှေနံဓားထစ်အယူအဆများနှင့် သံသယများကို အပြိုင်အဆိုင်စွန့်ပစ်နိုင်မှု

(ဃ) အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု

(င) နိုင်ငံရေး အမြှော်အမြင်ကြီးမားမှု

(စ) အပြန်အလှန် အရေးထားလေးစားမှု

အပြည့်အစုံသို့ ...
 
Than Win Hlaing - Article Print E-mail
User Rating: / 5
Thursday, 25 August 2011

သမ္မတဦးသိန်းစိန် အာဆီယံအလှည့်ကျဥက္ကဌဖြစ်ထိုက်ရဲ့လား

သန်းဝင်းလှိုင်
သြဂုတ် ၂၅၊ ၂၀၁၁


သရုပ်ဖော်ပုံအား ဤနေရာမှ ယူပါသည်။

(၁၈) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ၂၀၁၁ နှစ် မေလ (၈) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဂျကာတာကွန်ဗင်း ရှင်းစင်တာမှာ ကျင်းပပြီးစီးသွားပါပြီခင်ဗျား။ တကယ်တော့ အင်ဒိုနီးရှားနိုင်ငံဟာ၂၀၁၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ယခုနှစ်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲများဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက၂၀၁၄ နှစ်မှာ အလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်ချင်တဲ့ကိစ္စကို ဆုံးဖြတ်ချက်မချမှတ်နိုင်ဘဲ အာဆီယံ ခေါင်းဆောင်များက ဆက်လက်စဉ်းစားဆုံးဖြတ် သွားမယ်လို့ပဲထည့် သွင်းပြောကြားသွားပါတယ်။

အပြည့်အစုံသို့ ...
 
Peace Proposal in vein - signle by Regime by Tu Maung Nyo Print E-mail
User Rating: / 4
Tuesday, 09 August 2011

ငြိမ်းချမ်းရေးအဆိုနဲ့လှုပ်ရှားမှု မှန်သမျှ ပယ်ချခံရမည့် ရှေ့တော်ပြေးနိမိတ်

တူမောင်ညို

သြဂုတ် ၁၀၊ ၂၀၁၁

          “အိတ်ဖွင့်ပေးစာ” ချင်း တိုးတိုက်မိကြလေသလော။ “ငြိမ်းချမ်းရေး လိုလားသူများအတွက်”ဆိုပြီး ရည်ညွန်းထားသည့် “လွှတ်တော် ကိုယ်စားလှယ်များ၏ အိတ်ဖွင့်ပေးစာ” (သြဂုတ် ၈ရက်) နေ့စွဲဖြင့်ထွက်လာသည်။
အပြည့်အစုံသို့ ...
 
Peace & Politics - Danger to the country - Tu Maung Nyo Print E-mail
User Rating: / 1
Monday, 08 August 2011

ငြိမ်းချမ်းရေး နှင့် နိုင်ငံရေး သည် အန္တရာယ်လော

တူမောင်ညို

သြဂုတ် ၉၊ ၂၀၁၁

            ဦးကျော်ဆန်းနဲ့ ဦးအောင်ကြည်။ နှစ်ယောက်စလုံး စစ်တပ်ကလာသူတွေဖြစ်တယ်။

ဦးကျော်ဆန်းက (ဗိုလ်မှူးချုပ်)၊ ဦးအောင်ကြည်က (ဗိုလ်ချုပ်)။ လိုအပ်ချက်တွေရှိလာတဲ့အခါ ဦးကျော်ဆန်း (နအဖ) ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင်။ ဦးအောင်ကြည် က ဆက်ဆံရေးဝန်ကြီး(ဆက်သား) ဖြစ်လာတယ်။ဒါက (နအဖ) စစ် အစိုးရလက်ထက်မှာဖြစ်ပါတယ်။

          သမ္မတဦးသိန်းစိန်အစိုးရ မှာလည်း ၂ ယောက်စလုံးဟာ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ။ ဝန်ကြီးဌာန ၂ ခုစီကို တွဲကိုင် ထားကြရတာခြင်းလည်းတူပြန်တယ်။ ဦးအောင်ကြည်က “ဆက်သား” ဖြစ်မြဲဖြစ်ဆဲ။

သူတို့ချင်းမတူတာ ဘာလဲ။

အပြည့်အစုံသို့ ...
 
APK - Discussion Print E-mail
User Rating: / 4
Saturday, 30 July 2011
ပြည်သူ့ခေတ်ဂျာနယ် (၁) နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် ကာတွန်းဆရာအော်ပီကျယ်၏ ဆွေးနွေးချက်
အော်ပီကျယ်ဖေ့ဘွတ်ခ်မှ ရယူပါသည်။ ဇူလိုင် ၃၁၊ ၂၀၁၁
 အရင်တပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ …” လို့ စကားစ လိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင် ... ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့်ကို နောက်နေတယ်ထင်ပြီး စကားဆက် မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလား တွေးပြီး စကား မဆက်ရဲတော့ဘူး။ ကျွန်တော်တို့က စာပေသမားတွေဆိုတော့ စတုတ္ထမဏ္ဍိုင်နဲ့ စာပေလွတ်လပ်ခွင့်အကြောင်း အရပ်ထဲမှာလည်း အမေးခံခဲ့ရတယ်။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - Shaky Future of NLD & Beyond Print E-mail
User Rating: / 2
Saturday, 16 July 2011
ရတက်မအေးရတဲ့ NLD အရေး
တူမောင်ညို
ဇူလိုင် ၁၇၊ ၂၀၁၁
ကျနော့်မိတ်ဆွေကို ကျနော်က NLD ရပ်တည်ရေး၊ ဝန်းရံရေး၊ ကုလသမဂ္ဂတင်ပြရေး၊ မှတ်ပုံတင်ရေးစတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့အမြင်၊ သူ့သဘောထားတွေမေးမြန်းခဲ့ပါတယ်။ သူဖြေဆိုခဲ့တာတွေကို စာဖတ်သူမိတ်ဆွေများလည်း ပါဝင်ဆွေးနွေးနိုင်ဖို့ဝေငှလိုက်ပါတယ်။
 
(ကျနော်) NLD ရပ်တည်ရေးနဲ့ပတ်သက်ပြီး ခင်ဗျားအမြင်ပြောပါဦးဗျ။
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 106
 
Top! Top!