မာတိကာ arrow ၈၈ အရေးတော်ပုံ
Wednesday, 18 January 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
၈၈ အရေးတော်ပုံ
Maung Maung One - 23 year ago 8888 (Part 6) Print E-mail
User Rating: / 2
၈၈ အရေးတော်ပုံ
Monday, 05 September 2011

ရင်ထဲက ရှစ်ဆယ့်ရှစ် (နိဂုံးပိုင်း)

မောင်မောင်ဝမ်း

စက်တင်ဘာ ၆၊ ၂၀၁၁

အဲဒီလို ကြေညာလိုက်တာနဲ့ တပြိုင်နက်ထဲ … ရပ်ကွက်အသီးသီးက လူထုက သူတို့နယ်မြေတွေကို လုံခြုံရေးအဖွဲ့တွေဖွဲ့ … သက်ဆိုင်ရာ ပါတီ၊ ကောင်စီတွေ၊ ရဲတွေ၊ မိသားစုဝင်တွေကို လုံးဝကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး … အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ သူတို့မှာ ဈေးဝယ်စားစရာ ဘာမှမရှိတော့ဘူး … အဲဒီကြေညာချက်ကို လက်ကမ်းစာစောင်တွေနဲ့ပါ ဝေတော့ … စာရိုက်တဲ့သူက ၂/၈၈ မှာ မျဉ်းစောင်းက ပါမလာဘူး … လူထုက ဘယ်လို ကောက်ချက်ဆွဲကြသလဲ ဆိုတော့ .. အစိုးရက ပိုဒ်မ ၁၄၄ ထုတ်တာ လူထုက မလိုက်နာဘူး .. ကျောင်းသားတွေက ကြေညာချက် ၂၈၈ ထုတ်တာ .. အကုန်လိုက်နာကြတယ်ဆို .. ပြောဆိုနေကြတာ .. ကျနော်တို့တောင် သူတို့ပြောမှ သဘောပေါက်တယ်။

အပြည့်အစုံသို့ ...
 
Maung Maung One - 23 year ago 8888 (Part 5) Print E-mail
User Rating: / 3
၈၈ အရေးတော်ပုံ
Monday, 22 August 2011

ရင်ထဲက ရှစ်ဆယ့်ရှစ် - အပိုင်း (၅)

မောင်မောင်ဝမ်း

သြဂုတ် ၂၃၊ ၂၀၁၁


သြဂုတ်လ ၉ ရက်၊ ၁၉၈၈

ဒီနေ့လည်း မနေ့က ရှစ်လေးလုံးလိုပဲ .. လူထုဆန္ဒပြပွဲနဲ့ စီတန်းလှည့်လည်တာကို မြို့မြောက်ဘက်ကနေထွက်ပြီး တောင်ဘက်က ပြန်ဝင်လာခဲ့တယ်… ထူးခြားတာက .. ပစ်တာ ခတ်တာ လုံးဝ မရှိခဲ့ဘူး .. မြို့လူထုက ပိုရဲတင်းလာတယ် … သောက်ရေတွေအိုးတွေကို အိမ်တွေရှေ့မှာ တန်းစီချထားတာမျိုး၊ သပိတ်တပ်ဦးကို ပန်းကုံးတွေစွပ်တာမျိုးတွေ လုပ်ကြတယ် … သတင်းတွေထဲမှာလည်း တနိုင်ငံလုံးလောက် လူထုအုံကြွမှုတွေ စနေကြပြီ … တမြို့ပြီးတမြို့ ဆန္ဒပြပွဲတွေ အကြောင်း အသံလွှင့်ဌာနတွေကတဆင့် သိနေရတယ် … တကယ်တော့ … လူထုဟာ ဘယ်ဟာ မတရားဘူး၊ ဘယ်ဟာ တရားတယ်ဆိုတာကို သိကြပါတယ် .. အကြောက်တရားတွေဖြစ်အောင် ခြောက်လှန့်ဖိနှိပ်ထားလို့သာ မလွန်ဆန်နိုင်ဖြစ်နေကြတာပါ .. လွတ်လပ်ခွင့်နဲ့ ထိုးဖောက်ခွင့် တစုံတရာလည်း ရောက်လာရော .. လူထုရဲ့ဆန္ဒတွေ၊ သဘောထားတွေက သိသာတယ် …။

အပြည့်အစုံသို့ ...
 
Maung Maung One - 23 year ago 8888 (Part 4) Print E-mail
User Rating: / 2
၈၈ အရေးတော်ပုံ
Wednesday, 17 August 2011

ရင်ထဲက ရှစ်ဆယ့်ရှစ် - အပိုင်း (၄)

မောင်မောင်ဝမ်း

သြဂုတ် ၁၈၊ ၂၀၁၁


ကျနော် အဲဒီ့တညလုံး ကောင်းကောင်းမအိပ်ခဲ့ရဘူး .. အားလုံးကလည်း အကွဲကွဲအပြားပြား ဖြစ်ကုန်ကြပြီ။ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်း မသိ။ သပိတ်စခန်းထဲမှာရှိနေတဲ့ လူဦးရေ ကြည့်လိုက်တော့ အယောက် ၂၀ တောင် ကောင်းကောင်းမပြည့်ချင်ဘူး။ တော်တော်လေး ထိတ်လန့်ပြီး စိုးရိမ်နေမိတာ အမှန်ပဲ … ဘယ်အချိန်များ ငါတို့ကိုဝိုင်းပြီး ဖမ်းမလဲပေါ့ …။

အပြည့်အစုံသို့ ...
 
Maung Maung One - 23 year ago 8888 (Part 3) Print E-mail
User Rating: / 2
၈၈ အရေးတော်ပုံ
Wednesday, 17 August 2011

ရင်ထဲက ရှစ်ဆယ့်ရှစ် - အပိုင်း (၃)

မောင်မောင်ဝမ်း

သြဂုတ် ၁၈၊ ၂၀၁၁


 

 “၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ .. ရှစ်လေးလုံး အရေးတော်ပုံဆိုတာ … တပါတီ အာဏာရှင်စနစ်ကနေ .. ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်ဖို့ .. တောင်းဆိုခဲ့ကြတဲ့ .. လူထုတော်လှန်ရေးကြီး ဖြစ်တယ် .. မင်းမဲ့စရိုက်တွေနဲ့ ပရမ်းပတာဖြစ်ပျက်ခဲ့တဲ့ .. ဆူပူအရေးအခင်း မဟုတ်”

------------------------------------------------------------

 

အပြည့်အစုံသို့ ...
 
Tun Wai - Poem Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Monday, 08 August 2011

၂၃ နှစ် ရှစ်လေးလုံးသွေးကြွေးများ
ထွန်းဝေ

သြဂုတ် ၉၊ ၂၀၁၁

ရာသီစက်ဝန်း  ဖြစ်ရပ်မျိုးစုံ  အဖုံဖုံကို
မောင်ကျောင်းသားတို့ ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့၏။
ကျောက်စာပေစာ ပရပိုက်က
ဗမာ့သမိုင်းမှာ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားနိုင်လေပြီ။

အပြည့်အစုံသို့ ...
 
atn- poem Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Sunday, 07 August 2011

ဖောင်ဖျက်ကြစို့ .... အင်ဒရီယာ

atn

သြဂုတ် ၈၊ ၂၀၁၁



အဲသည့် အရိပ်ကလေးကနေ ထွက်လာတော့

ဘယ်လိုမှကို နှုတ်မဆက်မိဘူး...

(အမေရယ်... ရင်တွေပူပြီး ကျန်နေခဲ့မယ်ဆိုတာလည်းသိတယ်...)

(ဘာမှ မတတ်နိုင်ဘူး... ဟာ...

ငါ ... လုပ်စရာရှိတာတော့ လုပ်ရမှာပဲ...)

အပြည့်အစုံသို့ ...
 
Bermua - cartoon Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Sunday, 07 August 2011

တချိန်ကျောင်းသား ... ခုကျောင်းသား (၂၃ နှစ်မြောက် ၈၈၈၈ အမှတ်တရ)

ကာတွန်း - ဘီရုမာ
သြဂုတ် ၈၊ ၂၀၁၁

 

 
Ashin Kaung - Poem Print E-mail
User Rating: / 1
၈၈ အရေးတော်ပုံ
Sunday, 07 August 2011

အဆုံးနိဒါန်း

အရှင်ကောင်း (ရွှေဝါရောင်)

သြဂုတ် ၈၊ ၂၀၀၁


တို့အရေး……….

တို့အရေး………….

တို့အရေး……………..

ဟစ်ကြွေးအုံကြွ

ကျောင်းသားနဲ့ သံဃာအစ

ဝန်ထမ်းနဲ့ လယ်သမားအလယ်

ဒုက္ခိတနဲ့ အိမ်ခြေ ယာခြေမဲ့အဆုံး

ပေါင်းရုံးဟစ်ကြွေး

တို့အရေး………..

အပြည့်အစုံသို့ ...
 
Daung Ni - 8888 Poem Print E-mail
User Rating: / 1
၈၈ အရေးတော်ပုံ
Friday, 05 August 2011

ဘဝ ၈၈ ဂါရဝ

ဒေါင်းနီ

သြဂုတ် ၆၊ ၂၀၁၁


 အိပ်မက်ဒီရေတွေ တရွေ့ရွေ့ အောင်မြင်စွာ ခွဲခွာ

ဒေါသရင်ကျိုးအင်းတွေသာ တခုပြီးတခု ဖြစ်တည်

ဆန္ဒမိုးမခတောမှာ ပဉ္စမံမြွေတွေ မြူးကခုန်နေကြ၊

အပြည့်အစုံသို့ ...
 
Ni Lwin Thwe (Dathanika) - 8888 Poem Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Friday, 05 August 2011
(၈. ၈. ၈၈) ရှစ်လေးလုံး

နီလွင်သွေး (ဒဿနိက)

သြဂုတ် ၆၊ ၂၀၁၁


ခေါင်းလောင်းသံတွေ

တိတ်ဆိတ်နေခဲ့တယ်။

 

ဧရာဝတီလည်း

မျက်ရည်တွေနဲ့ စီးဆင်းခဲ့။

အပြည့်အစုံသို့ ...
 
Saung Luu _ 8888 Poem Print E-mail
User Rating: / 2
၈၈ အရေးတော်ပုံ
Friday, 05 August 2011

ထားပါတော့ … ကျဆုံးလေပြီးသော ရာဇဝင်ထဲမှာသာ ထားလိုက်ပါတော့ …

ဆောင်းလူ

သြဂုတ် ၆၊ ၂၀၁၁

 


ထားပါတော့ ..

ဘဝမှာ ကိုယ့်ဘာသာ စိတ်နာနေရတာနဲ့

လုပ်သင့်တာ မဖြစ်ခဲ့ရဘူး …။ 

 

ထားပါတော့ …

တောကြောင်တွေ လက်ခမောင်းခတ်ပွဲမှာ

မြှားပစ်သူမုဆိုး ကျွန်တော်မျိုး ဘယ်နည်းနဲ့မှ မဖြစ်လိုဘူး။

အပြည့်အစုံသို့ ...
 
Htoo Aung _ shot in the back ghost story the ghost with open wound in the back how? Print E-mail
User Rating: / 6
၈၈ အရေးတော်ပုံ
Friday, 05 August 2011
ကျောပေါက်ကြီး

ထူးအောင်

သြဂုတ် ၆၊ ၂၀၁၁

 

(၁)

          ကျနော် ခပ်ငယ်ငယ် သတ္တမတန်း ကျောင်းသားလောက်ကဖြစ်မည် ထင်ပါသည်။ တနေ့သော ညနေကျောင်းဆင်းချိန်၊ ကျနော်တို့သူငယ်ချင်း သုံးလေးယောက်အုပ်စုသည် အခြားသူများနှင့်ရောနှော၍ စကားတပြောပြောဖြင့် ကျောင်းခန်းတွင်းမှ ထွက်လာခဲ့ကြသည်။ မှတ်မှတ်ရရ ကျောင်းဝင်းအပြင်ကိုပင် မရောက်သေး။ မိုးကလေးက တဖွဲဖွဲကျနေသည်။ ဘယ်ကနေ စကားဆက်သွားသည် မသိ၊ သူငယ်ချင်းတယောက်က ကောင်မလေးတယောက် သူရဲခြောက်ခံရပုံကို ပြောပြတော့သည်။

          “အခုလို ကျောင်းဆင်းချိန်ပေါ့၊ ကျောင်းသူလေးတယောက်ဟာ ကျောင်းနဲ့ ခပ်လှမ်းလှမ်းရောက်မှ ကျောင်းခန်းထဲမှာ ကွန်ပါဗူးကျန်ခဲ့တာကို သတိရတယ်။ ဒီတော့ သူ့အဖော်တွေကို လမ်းမှာပဲစောင့်ခိုင်းပြီး သူက ချက်ခြင်း လှည့်ပြန်ယူတယ်။ သူတို့ကျောင်းကလည်း ဒို့ ကျောင်းလိုပဲ နှစ်ထပ်ကျောင်းကြီး တဲ့။ ကောင်မလေးအခန်းက အပေါ်ထပ်မှာ။ ကျောင်းဆင်းတာ မကြာသေးတော့ ကျောင်းဝင်းတံခါးမကြီးလည်း မပိတ်သေးဘူး။ ဒါပေမယ့် ကျောင်းဝင်းထဲမှာ လူက ရှင်းနေပြီ။ ဆရာ၊ ဆရာမတွေတောင် ပြန်ကုန်ပြီ။ သူ အောက်ထပ် လှေကားရင်းနားရောက်တော့ ကျောင်းသန့်ရှင်းရေးက ခပ်ရွယ်ရွယ် ဦးလေးတယောက်ကို တံမြက်စည်း လှဲမလို့ ပြင်နေတာ တွေ့ရတယ်။ ဒါနဲ့ သူလည်း အဲဒီ ဦးလေးကို ကွန်ပါဗူးကျန်ခဲ့လို့ ပြန်တက်ယူမယ့်အကြောင်း ပြောပြောဆိုဆိုနဲ့ပဲ လှေကားကို ခပ်သွက်သွက်တက်ခဲ့တယ်။

အပြည့်အစုံသို့ ...
 
8. 8. 88 - Daung Ma Lay (Mandalay) Print E-mail
User Rating: / 1
၈၈ အရေးတော်ပုံ
Friday, 05 August 2011

မမေ့အပ်တဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်

ဒေါင်းမလေး (မန္တလေး)
သြဂုတ် ၆၊ ၂၀၁၁



ဒီနှစ် ဒီလ
မေ့မနေနဲ့ သူငယ်ချင်း
ဒီလ ဒီရက်
စစ်ဘီလူး အာဏာရူးတွေရဲ့
ရဟန်း၊ သံဃာ၊ ကျောင်းသူ၊ ကျောင်းသား
အသက်သွေးချွေး ပေးဆပ်ကြတဲ့သူတွေထဲမှာ
မင်းသူငယ်ချင်းလဲပါ ...
ဒို့သူငယ်ချင်းလဲပါ ...
အပြည့်အစုံသို့ ...
 
Nay Thwin - 20 years Print E-mail
User Rating: / 2
၈၈ အရေးတော်ပုံ
Friday, 05 August 2011

အနှစ် နှစ်ဆယ်

နေသွင်
သြဂုတ်လ ၅၊ ၂၀၁၁



နှစ်ပေါင်းနှစ်ဆယ်ဟာ
သွေးဝနေတဲ့ မျှော့
သားကောင်မြိုထားတဲ့ မြွေ
သို့မဟုတ်
အ၀လွန်ရောဂါသည် .... ။

အပြည့်အစုံသို့ ...
 
Nyo Htet (Lan Thit Oo) - Poem Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Friday, 05 August 2011

ရှစ်လေးလုံး အထိမ်းအမှတ်ကဗျာ

ညိုထက် (လမ်းသစ်ဦး)
သြဂုတ် ၅၊ ၂၀၁၁


ပုံကို ဒီနေရာ ကယူပါတယ်။

ဟော့ဒီကဗျာကို
“ရှစ်လေးလုံး အထိမ်းအမှတ်ကဗျာ” လို့ အမည်ပေးထားတယ်

တကယ်တော့
ကဗျာပါ အကြောင်းအရာတွေက
ရှစ်လေးလုံးနဲ့ သိပ်ဆိုင်လှမယ် မဟုတ်ဘူး။
အပြည့်အစုံသို့ ...
 
Aung Way - 88 River Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Thursday, 04 August 2011
ငှက်ဝင်စားမြစ်

အောင်ဝေး

သြဂုတ် ၅၊ ၂၀၁၁

အို …

ရှစ်ဆယ့်ရှစ်

မြစ်ဆိုတာ ဆန်တက်နေရင် ဘယ်တော့မှ မသေ

အရေးတော်ပုံ အောင်ပါစေ

အတောင်ပံ

တူ

တဲ့

ငှက်

တွေ

ကမ္ဘာမကျေ

ပျံသန်းပေဦး ဖုန်းမော်ရေ ။

 
88 Generation Students' Poem - Students Write 8888 Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Thursday, 04 August 2011
ကျောင်းသားလက်ရေး
၈၈ မျိုးဆက်ကျောင်းသားများ
သြဂုတ် ၅၊ ၂၀၁၁
ရှစ်ရက် ရှစ်လ ရှစ်ဆက်ရှစ်
သမိုင်းစာမျက်နှာအသစ်မှာ
ကျောင်းသားစိတ်နဲ့ ရေးထွင်းခဲ့တဲ့ ကျောက်စာ
စစ်မီးတွေ ငြိမ်းပါ
အမှောင်ထုကို လင်းပါ
လွတ်မြောက်ရေးဆိုတာ
ငါတို့လက်နဲ့
ငါတို့ကိုယ်တိုင် ခပ်ယူရမယ့်အရာ

သြဂုတ် ၈၊ ၂၀၁၁
 
August Songs - Kamar Pale Print E-mail
User Rating: / 1
၈၈ အရေးတော်ပုံ
Wednesday, 03 August 2011
သြဂတ်စ် … သီချင်း
ကမာပုလဲ
သြဂုတ် ၄၊ ၂၀၁၁


မိုးစက်များ

၂၃ နှစ် အလွမ်းနဲ့
အသစ်တဖန်
ပြန်လည်ရှင်သန်လာခဲ့ပေါ့ …။

 

အပြည့်အစုံသို့ ...
 
Result of 8888 Revolution - Maung Swan Yi Print E-mail
User Rating: / 2
၈၈ အရေးတော်ပုံ
Wednesday, 03 August 2011
ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ရလဒ်
မောင်စွမ်းရည်
(ဗွီအိုအေ သက်ကြီးစကားအစီအစဉ်)

သြဂုတ် ၄၊ ၂၀၁၁

 

ဒီနေ့ ကျနော်ပြောချင်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးက ရလိုက်တဲ့ ရလဒ်နဲ့ သင်ခန်းစာတွေအကြောင်းပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာဖြင့် ကျနော်တို့သက်တမ်းမှာဖြင့် အကြီးမားဆုံးအရေးတော်ပုံကြီးပါပဲ။ ကျနော့်ရဲ့အသက်က (၇၀) ကျော်ပါပြီ။ ကျနော်ငယ်စဉ်က ကြားဖူးတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ ပထမလွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ အကြီးမားဆုံး ပြည်သူ့အရေးတော်ပုံကြီးဖြစ်သလို၊ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလဲ မျက်မှောက်ခေတ် ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာ အကြီးမားဆုံး အရေးတော်ပုံကြီးပါပဲ။ ပါဝင်ဆင်နွှဲကြတဲ့ ရဟန်းရှင်လူတွေဟာလဲ အရေးတော်ပုံကြီးရဲ့ တကယ့်ပြည်သူ့သူရဲကောင်းတွေပါပဲ။ ဒီအရေးတော်ပုံကြီးမှာ သံဃာတော်တွေနဲ့ ကျောင်းသားတွေအပြင် တောင်သူလယ်သမား စတဲ့ လူထုလူတန်းစား အမျိုးမျိုးနဲ့ မျက်မမြင် ဒုက္ခိတတွေတောင် လမ်းမပေါ်ကို ထွက်ခဲ့ကြတာဆိုတော့ လှည်းနေလှေအောင် မြင်းဇောင်းမကျန် ပါကြလေရဲ့လို့ ပြောနိုင်တာမျိုးမို့ အလွန့်ကို ထူးခြားကြီးကျယ်လှပေတယ်လို့ မုချ မော်ကွန်းထိုးနိုင်ပါတယ်။

အပြည့်အစုံသို့ ...
 
D Let Myo - Poem Print E-mail
User Rating: / 0
၈၈ အရေးတော်ပုံ
Sunday, 31 July 2011

ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ ၂၃ နှစ် ရှိခဲ့ပြီ

ဒီလက်မျိုး

သြဂုတ် ၁၊ ၂၀၁၁


အဲဒီနေ့က ဆူးလေဘုရားတ၀ိုက်မှာ

ဒေါင်းအလံတွေ စစိုက်ကြတဲ့နေ့ပေါ့။

နုနယ်ပျိုမြစ်တဲ့ အဖြူအစိမ်းအသစ်လေးတွေကအစ

ရဲရဲဝင့်ဝင့်နဲ့

သမိုင်းအသစ်တခုကို ဖွင့်လှစ်လိုက်တဲ့နေ့လဲဖြစ်တယ်။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 Next > End >>

Results 1 - 20 of 90
 
Top! Top!