မာတိကာ arrow ဒေါ်အောင်ဆန်းစုကြည်
Friday, 26 May 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
ဒေါ်အောင်ဆန်းစုကြည်
Suu's Messege from Messenger Journal Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Thursday, 08 September 2011
ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်
The Messenger, September 5th 2011 Edition
စက်တင်ဘာ ၂၀၁၁ လဆန်းက ထုတ်ဝေခဲ့တဲ့  The Messenger ဂျာနယ်မှာ ဖေါ်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်အင်တာဗျူးမှာအောက်ပါအတိုင်းဖြစ်သည်။  မွန်း ဒီပါ ဖေ့စ်ဘွတ် က ကူးယူပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
အပြည့်အစုံသို့ ...
 
Holiday (1) Print E-mail
User Rating: / 4
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 06 September 2011

အပန်းဖြေနားရက်များ (၁)
အောင်ဆန်းစုကြည်
စက်တင်ဘာ ၇၊ ၂၀၁၁

 ap photo
အပြည့်အစုံသို့ ...
 
Suu & Q&A Print E-mail
User Rating: / 0
ဒေါ်အောင်ဆန်းစုကြည်
Monday, 18 July 2011
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဇူလိုင် ၁၅၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

အပြည့်အစုံသို့ ...
 
June 24th, 2011, Q & A with Suu Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Monday, 27 June 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဇွန် ၂၄၊ ၂၀၁၁

အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်



● မေးသူ ။  ။ မရွှေဝါ (ရန်ကုန်မြို့)

● မေးခွန်း ။ ။ မင်္ဂလာပါ။သမီးသိချင်တာကတော့ မြန်မာနိုင်ငံမှာက နိုင်ငံခြားငွေကို တရားဝင်ကိုင် ဆောင်ခွင့် မရှိဘူး။ သာမန်ပြည်သူတွေလည်း တရားဝင် ကိုင်ဆောင်ခွင့်မရှိဘူး။ သမီးတို့ဆီမှာ ဒီနိုင်ငံခြားငွေ ဒေါ်လာတွေ ဘာတွေရလာခဲ့ရင် ပွဲစားတွေကနေပြီးတော့တဆင့်ထားပြီး ဗမာငွေနဲ့လဲရပါ တယ်။ အဲ့ဒီခါကြတော့ ပွဲစားတွေက သူတို့ခေါင်းပုံအမြတ်ထုတ်မှုကို သမီးတို့ခံရတယ်။ သူတို့ပေးချင်တဲ့ ပမာဏကိုပေးပြီးတော့လဲတော့ သမီးတို့မှာဆုံးရှုံးမှု အများကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာကော ပြည်သူတွေအနေနဲ့ နိုင်ငံခြားငွေကို ဘယ်လို ကိုင်ဆောင်ဖို့ အခွင့်အရေးရှိတယ်ဆိုတာသိချင်ပါ တယ်။

 

● အဖြေ ။  ။နိုင်ငံခြားငွေကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေဟာ တနိုင်ငံနဲ့တနိုင်ငံ မတူပါဘူး။ လွတ်လပ်တဲ့ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ ငွေမာတွေကို လွတ်လွတ်လပ်လပ် လဲလှယ်နိုင်ပါတယ်။

အပြည့်အစုံသို့ ...
 
6th June, Q & A With Suu Print E-mail
User Rating: / 2
ဒေါ်အောင်ဆန်းစုကြည်
Monday, 06 June 2011
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
RFA
ဇွန် ၆၊ ၂၀၁၁
 ဓာတ်ပုံအား Enigma Images မှ ယူပါသည်။
 
● မေးသူ ။ ။ မသက်သက်ဦး (ထိုင်းနိုင်ငံ)
● မေးခွန်း ။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရှင့်။ သမီးက ထိုင်းနိုင်ငံက မသက်သက်ဦး ဖြစ်ပါတယ်။ အခုမြန် မာပြည်အစိုးရဟာ ဒီမိုကရေစီအစိုးရအသစ် ဖြစ်နေပါပြီလို့ ကြေညာထားတယ်ပေါ့နော်။ အဲတော့ အရင်အစိုးရ လက် ထက်မှာပေါ့နော်။ ဒီပဲယင်းနဲ့ ပတ်သက်တဲ့ လုပ်ကြံသတ်ဖြတ်မှု ကြီးကြီးမားမားကိုပေါ့နော်။ ပြုမူခဲ့တဲ့ ကိစ္စတွေကိုပေါ့နော်။ အမှုမှန်တွေကို ဖော်ထုတ်ဖို့ အတွက်ကိုပေါ့နော်။ ဘာ့ကြောင့် ကြန့်ကြာနေရတာလဲလို့ ကမ္ဘာ မှာပေါ့နော်။ ဒီလိုလူမျိုးစုသတ်ဖြတ်တဲ့ အတုံးအရုံးသတ်ဖြတ်တဲ့ အမှုအခင်းတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် မှာ အခုဆိုရင် အဲဒီနိုင်ငံရဲ့ ခါင်းဆောင်ကြီးတွေကို သူတို့ဖမ်းပြီးတော့ အရေးယူနေတာတွေကို အခုကြားနေရပြီ ရှင့်။ ကျမတို့ နိုင်ငံရဲ့ လက်ရှိအစိုးသစ်ကကျတော့ ဘာမှ မလုပ်ပဲနဲ့ ဘယ်လို လုပ်ပြီးတော့ ငြိမ်နေကြတာ လဲေ ပါ့ေ နာ်။ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျမယူဆပါတယ်ရှင်။ အမေ အဲဒါလေးကို ကျေးဇူးပြု ပြီး ဖြေ ကြားပေးပါရှင့်။
အပြည့်အစုံသို့ ...
 
2011, May 27th - Q & A With Suu Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Sunday, 29 May 2011

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်

မေ ၂၇၊ ၂၀၁၁
အာရ်အက်ဖ်အေအသံလွှင့်အစီအစဉ်


● မေးသူ ။ ။ ဒေါ်နီလာစိန် (ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု)

● မေးခွန်း ။ ။ ဟလို ... ဒေါ်အောင်ဆန်းစုကြည်... ကျမ နီလာစိန်ပါ။ အမေရိကန်နိုင်ငံ၊ လောအိန်ဂျလိမြို့ အခြေစိုက် ရတနာပုံနေပြည်တော် သတင်းစာက သတင်းထောက်ပါရှင်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်။ ကျမ မေးချင်တဲ့မေးခွန်းလေးကတော့ မြန်မာနိုင်ငံရဲ့တရားဝင်အမည်ကို လွတ်လပ်ရေးရတဲ့အချိန်ကစပြီး Union of Burma ဆိုပြီးတော့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂမှာ အင်္ဂလိပ်လို ခေါ်ဝေါ်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခု စစ်အစိုးရက မြန်မာဆိုပြီးတော့ နာမည်ကိုပြောင်းခဲ့ပါတယ်။ ဒီနေ့အထိ Burma ဆိုပြီးခေါ်ဆိုနေတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သာမန်လူတွေရော ရုံးဌာနတွေမှာ Burma လို့ပြောမှ ပိုပြီးသိတဲ့လူတွေ ပိုများပါတယ်ရှင်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့တရားဝင် အမည်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အင်္ဂလိပ်လို မြန်မာ ဒါမှမဟုတ်လို့ရှိရင် Burma လို့ သုံးတာ ဘယ်ဟာက ပိုပြီးတော့ သင့်တော်မယ်ဆိုတာကို ဖြေကြားပေးစေလိုပါတယ်ရှင်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ဆက်လက်ပြီးတော့ လှုပ်ရှားနိုင်ပါစေလို့ ကျမတို့ ဆုတောင်းပါတယ်ရှင်။

အပြည့်အစုံသို့ ...
 
Suu & Question - RFA - May 20th 2011 Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 24 May 2011
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

မေ ၂၀၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်


● မေးသူ ။ ။ ကိုထိန်လင်း၊ (Burma Democratic Concern အဖွဲ့ဝင် - လန်ဒန်)။
● မေးခွန်း ။ ။ မင်္ဂလာပါ အန်တီ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ။ မြန်မာပြည်မှာ သိသာတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရဲ့လက္ခဏာအဖြစ် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို အားလုံးလိုလားကြပါ တယ်။ ကျနော်တို့ (Burma Democratic Concern) မှလည်း အန်တီတို့ရဲ့ သြဝါဒ အောက် မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို လုပ်ဆောင်နေ ပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပဲ တနှစ်ပဲ လျှော့လိုက်ပါတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ် သက်ပြီး အန်တီ့ရဲ့သဘောထားကို သိချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါ တယ်ခင်ဗျာ။

အပြည့်အစုံသို့ ...
 
Respect and Follow the People's Desire - Suu told at the interview Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Friday, 20 May 2011
အများပြည်သူ၏ ဆန္ဒကို လူနည်းစုက လေးစားလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်က ပြော
အာရ်အက်အေအစီအစဉ်ကောက်နုတ်ချက်
မိုးမခ၊ မေ ၂၁၊ ၂၀၁၁
" လွတ်မဲ့ အကျဉ်းသား ၁ သောင်းကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၄၀ တောင် မပြည့်ဘူးလို့  ကြားရပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ အခုအထိ အသေအချာလွတ်လာတဲ့ ၂၀၉၆ ယောက်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားက ၉ ယောက်ထဲ ပါတယ်လို့  သိရပါတယ်။  ဒါဟာ အန်တီတို့ လိုချင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်လဲ မဟုတ်ပါဘူး။ ဒါကြောင့် အခုအစိုးရသစ်က တကယ်ဘဲ ဒီမိုကရေစီလိုလားမှု ရှိမရှိဆိုတာကလဲ စဉ်းစားစရာဖြစ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ တိုးပြီးတော့ လုပ်ပေးစေချင်ပါတယ်။ "
အပြည့်အစုံသို့ ...
 
Letter from Burma -# 4 Print E-mail
User Rating: / 4
ဒေါ်အောင်ဆန်းစုကြည်
Thursday, 19 May 2011

Letter from Burma: A Few Poems

မြန်မာပြည်မှပေးစာ - ကဗျာအလင်္ကာတချို့

ဒေါ်အောင်ဆန်းစုကြည် (ဘာသာပြန် - ဇာဝါရီ)

မေ ၁၉၊ ၂၀၁၁
ဂျပန်သတင်းစာ မိုင်နီချီ (Mainichi Newspaper) ကို ဧပြီလနောက်ဆုံးပတ်အတွင်း ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည် မှပေး စာကဏ္ဍ စတုတ္ထမြောက်ဆောင်းပါး ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိုးမခစာချစ် သူများအတွက် ဆီလျော်သလို မြန်မာဘာ သာ ပြန် ဆိုပေးလိုက်ပါတယ်။ ရပ်ရေးရွာရေး၊ ပြည်သူ့ဂုဏ်ရည်ဆု ရန်ပုံငွေပွဲများ၊ ကိုယ်ရေးကိုယ်တာအလုပ်ကိစ္စများကြောင့် ချက်ချင်းဘာသာ မပြန်ဆိုနိုင်ခဲ့ပါ။ မိုးမခစာချစ်သူများ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

● ● ●

အပြည့်အစုံသို့ ...
 
Suu on Burmese Media bias Print E-mail
User Rating: / 0
ဒေါ်အောင်ဆန်းစုကြည်
Monday, 16 May 2011
မေလ ၁၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော သတင်းစာလွတ်လပ်ခွင့်အကြောင်း
အသံဖိုင်ကောက်နုတ်ချက်
မိုးမခ၊ မေ ၁၇၊ ၂၀၁၁
မြန်မာနိုင်ငံမှာ သတင်းသမားတွေ အနေနဲ့ ဘက်မလိုက်ဘဲ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုပဲ ပြည်သူတွေကို တင်ပြနိုင်ဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ တနင်္လာနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ ဖွင့်လှစ်တဲ့ သတင်းစာပညာသင်တန်း အပတ်စဉ် ၁ ဖွင့်ပွဲ နှုတ်ခွန်းဆက် အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို သည်မှာ နားဆင်ပါ။ http://moemaka.net/displayimage.php?pid=2376
 
Suu & Question - RFA Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Sunday, 15 May 2011

လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်

မေ ၁၃၊ ၂၀၁၁၊ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

မေးသူ။ ။ ဦးခင်မြင့်၊ (ပြည်တွင်း NLD အဖွဲ့ဝင်)

♦ မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည် မင်္ဂလာပါခင်ဗျာ။ ကျနော်က NLD စတင် ဖွဲ့စည်းစဉ်ထဲကနေပြီးတော့ ကနေ့ထက်တိုင် အဖွဲ့ဝင်အဖြစ် ရပ်တည်နေတဲ့သူပါ။ NLD ရဲ့ ရှေ့လုပ်ငန်းစဉ် တွေကိုလည်း ခိုင်မာ စွာ ထောက်ခံပါတယ်။ အခု ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာကို ဗမာ အစိုးရသစ်က ယူဖို့ ကြိုးစားေ နတာဟာ ကျနော့အနေနဲ့ကတော့ ပြည်သူလူထုတောင်းဆိုထားတဲ့ ဒီအမျိုးသားနိုင်ငံရေး ရင်ကြား စေ့မှုကို ဘာ တခုမှ မပြနိုင်ပဲနဲ့ တောင်းဆိုနေတဲ့အတွက် စောလွန်းတယ်လို့ ကျနော် ယူဆပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့သဘောထားကို သိချင်ပါတယ်ခင်ဗျာ။ ကျန်းမာ ချမ်းသာပါစေ။

အပြည့်အစုံသို့ ...
 
Suu will be touring the country Print E-mail
User Rating: / 2
ဒေါ်အောင်ဆန်းစုကြည်
Thursday, 12 May 2011

ဒေါ်အောင်ဆန်းစုကြည်  နယ်ခရီးစဉ်တွေ မကြာခင်စတင်မည်

အာရ်အက်အေရေဒီယို ကောက်နုတ်ချက်

မိုးမခ၊ မေ ၁၃၊ ၂၀၀၁

  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်လ အနည်းငယ်အတွင်း ရန်ကုန်တိုင်း ပြင်ပကို စည်းရုံးရေး ခရီးစဉ်တွေ စတင်တော့မှာဖြစ်ကြောင်း  ပြောဆိုလိုက်ပါတယ်။

“ဒီတခါ အကျယ်ချုပ်ကလွတ်ပြီးတဲ့အချိန်မှာ အရင်အချိန်တွေကထက် အလွန်ကို ပိုပြီးတော့များပြားလှတဲ့ အလုပ်တာဝန် တွေနဲ့ပဲ ပိနေပါတယ်၊ ရုံးနဲ့အိမ်နဲ့ အလုပ်နဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ပဲ ရန်ကုန်တွင်းမှာ သွားလာနေရတာ အချိန်ပြည့်ပါပဲ။ လအနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီးတော့လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် …”

အပြည့်အစုံသို့ ...
 
May 6th 2011, Q & A With Su Print E-mail
User Rating: / 2
ဒေါ်အောင်ဆန်းစုကြည်
Sunday, 08 May 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

မတ် ၆၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်



● မေးသူ ။ ။ မဝေနှင်းပွင့်သုန် (ကိုမြအေးသမီး - လန်ဒန်မြန်မာ့အရေးဆောင်ရွက်သူ)

● မေးခွန်း ။ ။ သမီးအနေနဲ့ အမေစုကိုမေးချင်တာက အခုဆိုလို့ရှိရင် သမီးတို့ ဒီကွန်ဖရင့်တွေ၊ မီတင်တွေကိုသွားပြီးတော့ စကားပြောတဲ့ဟာတွေ ရှိတယ်။ ပြောတဲ့အခါကြလို့ရှိရင် သူတို့အနေနဲ့ ဒီဗြိတိန်နိုင်ငံက လူမျိုးတွေအနေနဲ့ အစိုးရဘက်ကနေ လုပ်သင့်တဲ့ဟာတွေ လုပ်နိုင်တဲ့ဟာတွေ အများကြီးရှိတယ်ပေါ့ နော်။ အဲဒါတွေ သူတို့ ဘာလုပ်သင့်သလဲ ဆိုပြီးတော့ မေးတယ်ရှင့်။ ကျမတို့ အခုလောလောဆယ် ဒီနိုင်ငံမှာလှုပ်ရှားမှု အဓိကလုပ်နေတာကတော့ ဒီစုံစမ်းစစ်ဆေးရေးဖွဲ့ဖို့ဆိုတဲ့ ကမ်းပိန်းပေါ့နော်။ Enquiries ကို အဓိကလုပ်နေတယ်။ ဒါပေမယ့် ကျမအနေနဲ့သိချင်တာက ဒီထက် ပိုပြီးတော့ ဘာလုပ်သင့်သလဲ။ ဒီနိုင်ငံအစိုးရကို ပါဝင်လှုပ်ရှားဆောင်ရွက်လာအောင် ဘာတွေ လိုအပ်နေလဲဆိုတာကို သိချင်တယ်ရှင့်။ ပြီးတော့ ဒီကုလသမဂ္ဂရဲ့နေရာကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ဘက်ကနေပြီးတော့ ဘာမှ တိတိကျကျ သေချာလုပ်တယ်ဆိုတာကို မရှိသေးဘူး။ စတိတ်မန့်ထုတ်တာထက် စာရင်ပေါ့နော်။ သူတို့ကို ပိုပြီးတော့ လက်တွေ့ပါပြီးတော့ ပါဝင်လှုပ်ရှား ဆောင်ရွက်လာဖို့အတွက် သမီးတို့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမေထင်သလဲ မသိဘူးရှင့် အဲဒါကို သမီး အဓိကထားပြီးတော့ မေးချင်တာပါရှင့်။

အပြည့်အစုံသို့ ...
 
Suu urged all Burmese to join Signature Campaign to free Burma Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Thursday, 05 May 2011
 ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးတောင်းဆိုရေး  အားလုံးပါဝင်ဖို့ 
ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်
အာရ်အက်ဖ်အေ ရေဒီယိုကောက်နုတ်ချက်
မိုးမခ၊ မေ ၆၊ ၂၀၁၁
လက်ရှိ ဒီမိုကရေစီကွန်ယက်ထဲက အဖွဲ့ အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ထံ လက်မှတ်ထိုးတောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သောကြာနေ့မှာ နှိုးဆော်လိုက်ပါတယ်။
  “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး ပြည်ပကိုရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူနိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကိုတောင်းဆိုထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု အောင်မြင်ရေးအတွက် ၀ိုင်းပြီးကူညီပေးစေချင်ပါတယ်-“
အပြည့်အစုံသို့ ...
 
April 29th 2011 - Q & A with Suu Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Monday, 02 May 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဧပြီ ၂၉၊ ၂၀၁၁ ရက်နေ့ အာရ်အက်ဖ်အေ အစီအစဉ်



● မေးသူ ။ ။ သန်းဝင်းလှိုင် (ထိုင်းနိုင်ငံရောက် စာရေးဆရာ)
● မေးခွန်း ။ ။ အမ နေကောင်းပါသလားခင်ဗျား။ ကျနော်ပထမဦးဆုံးမေးချင်တာကတော့ ၂၀၀၃ မေလ ဒီပဲယင်း မှာပေါ့နော် ... လူတစုပေါ့၊ အဲဒီလူတွေရဲ့ မတရားရိုက်နှက် လုပ်ကြံသတ်ဖြတ်တဲ့ ဒီပဲယင်းအရေးအခင်းကြီးမှာ အမ ဘယ်လိုလွတ်မြောက်သွားသလဲ ... ကျနော် သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

● ဖြေ ။ ။ ဆရာသန်းဝင်းလှိုင် ပေးတဲ့စာအုပ်တွေကိုရကြောင်း အခုမှပဲ ပြောဖို့အခွင့်အခါကြုံလို့ ပြောပါ ရစေ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပဲယင်းတုန်းကကိစ္စကို အသေးစိပ်ပြောဖို့ဆိုလို့ရှိရင်တော့ အစီအစဉ်တခု သတ်သတ်ကို လုပ်မှာပါ။ အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့လူတွေက လမ်းကို ပိတ်ဆို့တားဆီးဖို့ ကြိုးစားနေတဲ့အထဲကနေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Daw Suu finally mentioned SPDC failed to keep the promise of dialogue Print E-mail
User Rating: / 11
ဒေါ်အောင်ဆန်းစုကြည်
Thursday, 28 April 2011

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု
ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ
ဧပြီ ၂၉၊ ၂၀၁၁ - အာရ်အက်ဖ်အေရေဒီယို ကောက်နုတ်ချက်
၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပထမဦးဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။
အပြည့်အစုံသို့ ...
 
April 22nd 2011 - Q & A with Suu Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 26 April 2011

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေအစီအစဉ်"

ဧပြီ ၂၂၊ ၂၀၁၁ အာရ်အက်ဖ်အေ အစီအစဉ်

ယခုရက်ပိုင်းအတွင်းက ဒီမိုကရေစီလိုလားသူများ အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပန်ကြားလွှာရေးသားရာမှာ ပြည်ပရောက် မြန်မာ  နိုင်ငံသူ နိုင်ငံသားတွေ အထူးသဖြင့် ဒုက္ခသည်တွေ မိမိတို့ နေရပ်ကို လုံခြုံအေးချမ်းစွာ ပြန်လာစေနိုင်မယ့် အခြေနေတွေ ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆို ထားပါတယ်ဘုရား။ ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်း ထောက်ခံလက်မှတ်ထိုးရေး လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ ပါဝင်နေပါတယ်ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း လက်မှတ်ထိုး ပြီးပါပြီဘုရား။ ဒါက တော့ အနာဂတ်အတွက်ပါ။ ယခု လောလောဆယ်မှာတော့ တပည့်တော်မတို့ ဒီမိုကရေစီ ကွန်ယက်ထဲမှာ နိုင်ငံခြားရောက် မြန်မာတွေ ပါဝင်ပြီး ဒုက္ခသည်တွေကို တတ်အားသရွေ့ ကူညီဖို့ရာ ဆောင်ရွက်နေပါ တယ်ဘုရား။

အပြည့်အစုံသို့ ...
 
Questions for Aung San Suu Kyi - RFA Program - April 15th 2011 Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 20 April 2011

 လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ

ဧပြီ ၁၅၊ ၂၀၁၁ RFA အစီအစဉ်

 မေးသူ။ ။ ကိုလင်းအောင်(အမေရိကန်ပြည်ထောင်စု)

မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော့်နာမည်လင်းအောင်လို့ခေါ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူတဦးပါ။ ခုလောလောဆယ် အမေရိကန်အစိုးရကနေပြီးတော့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ဆိုတာကို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုသဘောရပါသလဲခင်ဗျာ။ ကျွန်တော်တို့ ဗမာပြည်ဒီမိုကရေစီအရေးအတွက် ဘယ်လောက်ထိကို အကျိုးပြုနိုင်မလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ် ခင်ဗျာ။

အပြည့်အစုံသို့ ...
 
Questions for Aung San Suu Kyi - RFA Program - April 8th 2011 Print E-mail
User Rating: / 5
ဒေါ်အောင်ဆန်းစုကြည်
Thursday, 14 April 2011

လူထုနှင့်ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ

ဧပြီလ ၈၊ ၂၀၁၁နေ့ RFA ညပိုင်း အစီအစဉ်

 (Graphic Design - ဂျစ်တူး (မုံရွာ))

အပြည့်အစုံသို့ ...
 
April 1st 2011 - Q & A with Suu Print E-mail
User Rating: / 2
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 06 April 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ

ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ်

ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေး၊ ကိုမျိုးထွန်း(နယူးယောက်)၊ ဦးသန်းဆွေ(ဂျပန်)၊ မမေဘယ်(လ်) (ဂျပန်)၊  မအိအိ(ထိုင်းနိုင်ငံ)၊ မဇင်မာဖြိုး(ထိုင်းနိုင်ငံ)၊ ကိုဂျွန်မိုး (သြစတြေးလျ) တို့၏ အမေးများ

အပြည့်အစုံသို့ ...
 
ှQ & A with Suu - March 25th 2011 Print E-mail
User Rating: / 4
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 29 March 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ

မတ်လ ၂၅၊ ၂၀၁၁ RFA အစီအစဉ်

ကိုလူမော် (ထိုင်း)၊ ကိုကျော်ဆန်း (မလေးရှား)၊ မိုင်ကျော်ဦး (ဂျပန်)၊ နော်စေးလား (ကရင်ပြည်) ၊ မင်းစိုးမြတ်၊ ထွန်းလင်းရွှေ၊ တို့ရဲ့ အမေးများ - ပြည်သူ့ကြောက်စိတ်၊ ဒီမိုကရေစီက ဘာရမှာလဲ၊ ဒီလွှတ်တော်ပြီး နောက်လွှတ်တော်၊ အမျိုးသမီးများ ကဏ္ဍ၊ အာဃာတကြီးတဲ့အမျိုးတွေ၊ စစ်အစိုးရစာချူပ်များ

အပြည့်အစုံသို့ ...
 
ှQ & A with Suu - March 18th 2011 Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Monday, 21 March 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ

မတ်လ ၁၈၊ ၂၀၁၁ RFA အစီအစဉ်

 

အရှင်ဓမ္မသီရိ၊  ဦးအေးခိုင် (ကျောက်ပန်းတောင်း)၊ ကိုကျော်ဇောဝေ(ကနေဒါ)၊ ကိုဖြိုးဝဏ္ဏ (ထိုင်းနိုင်ငံ)၊ နိုင်ကဆော့မွန် (လွတ်လပ်သောမွန်သတင်းအေဂျင်စီအယ်ဒီတာ)၊ ကိုမောင်မောင်မြတ်ညို၊ ကိုထူးချစ်

စက်တင်ဘာအရေးအခင်း၊ စီအာရ်ပီပီ လွှတ်တော်၊ ပြည်ပက မြန်မာတွေ ညီညွတ်ဖို့၊ အာရပ်နဲ့ မြန်မာ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး၊ အကာအကွယ်မဲ့ ထိုင်းက မြန်မာအလုပ်သမား၊ ရွေှ့ပြောင်းအလုပ်သမားမိသားစုများ

အပြည့်အစုံသို့ ...
 
Questions for Aung San Suu Kyi - RFA Program - March 4th 2011 Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Saturday, 12 March 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ

မတ်လ ၄၊ ၂၀၁၁ RFA အစီအစဉ်

မေးသူများ - ကိုဘိုကြီး၊ ကိုတင်ဦး၊ ကိုဖိုးခွား၊ ဦးညွန့်လှ၊ ကိုကျော်ကျော်စိုးကျော်ညွန့်

 မေးသူ။           ။ ကိုဘိုကြီး

မေးခွန်း။          ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ ကျွန်တော့်နာမည် ကိုဘိုကြီးလို့ခေါ်ပါတယ်။ တောင်ငူခရိုင်ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ကပါ။ ၈၈၊၈၉၊၉၀ ခုနှစ်လောက်တုန်းကတော့ အဲဒီဒေသမှာ ဗိုလ်ကြီးစောလှဖြူလို့လူသိများကြပါတယ်။ အခုတော့ အမေရိကန်နိုင်ငံ၊ တက်(စ)ဆပ်ပြည်နယ်။ ဟိုစတွန်မြို့မှာနေပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် NLD အဖွဲ့ကဆို တာနဲ့ တွေ့ကြသူတိုင်းရဲ့ စာနာမှုရလို့ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရိုသေလေးစားစွာ ဦးညွတ်လျက်ပါ။

အပြည့်အစုံသို့ ...
 
Animal Talk (1) Print E-mail
User Rating: / 7
ဒေါ်အောင်ဆန်းစုကြည်
Monday, 07 March 2011
Letter from Burma: Animal Talk (1)
မြန်မာပြည်မှ ပေးစာ -
တိရစ္ဆာန်များအကြောင်း စကားစမြည် (၁)
ဒေါ်အောင်ဆန်းစုကြည် (ဘာသာပြန် - ဇာဝါရီ, မေရီလန်း)
မတ် ၈၊ ၂၀၁၁
 
အပြည့်အစုံသို့ ...
 
Letter from Burma by Suu # 2 Print E-mail
User Rating: / 9
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 01 March 2011
Keepers of Conscience
ယုံကြည်ချက် ထိန်းသိမ်းစောင့်ရှောက်သူများ
ဒေါ်အောင်ဆန်းစုကြည် (ဘာသာပြန်သူ - ဇာဝါရီ, မေရီလန်း)
မတ် ၂၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည် ဂျပန်သတင်းစာ မိုင်နီချီ (Mainichi Newspaper) ကို ပေးပို့ခဲ့တဲ့ မြန်မာပြည်မှ ပေးစာ ရဲ့  ဒုတိယဆောင်းပါး ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိုးမခ စာချစ်သူများအတွက် ဆီလျော်သလို မြန်မာဘာသာ ပြန်ဆိုပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုး မအားလပ်မှုကြောင့် ချက်ချင်းဘာသာပြန် မလုပ်နိုင်ခဲ့ပါ။
Is the story of Pinocchio still popular with children?
ကမ္ဘာကျော် ပိင်နိုကီရို* ပုံပြင်လေးကို ယနေ့အချိန်အထိ ခလေးတွေ နှစ်သက်နေကြတုန်းပဲလား?
အပြည့်အစုံသို့ ...
 
Suu and RFA listeners on Feb 25 Print E-mail
User Rating: / 4
ဒေါ်အောင်ဆန်းစုကြည်
Saturday, 26 February 2011
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
ဘယ်လို ကူရမလဲ၊ ဘယ်နည်းလမ်းနဲ့ သွားမလဲ
RFA
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

ဆလိုင်းထွန်းသန်း၊  စောလားဘွယ် (DKBA)၊  ပဒို စောအောင်မော်အေး (KNU)၊  ကိုသံကွန်း

ကိုညီထွဋ်၊  ကိုဂေါ်ဇီလာ၊ မစုဇင် တို့၏ မေးခွန်းများနှင့်

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ

အပြည့်အစုံသို့ ...
 
Suu and Her Answers - RFA - 11th Feb 2011 Print E-mail
User Rating: / 1
ဒေါ်အောင်ဆန်းစုကြည်
Saturday, 12 February 2011

 “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော

အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၁)

အပြည့်အစုံသို့ ...
 
Suu and RFA listeners on Jan 28 Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Monday, 31 January 2011
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
သွေးမြေ မကျတဲ့ တော်လှန်ရေး၊ တိုင်းရင်းသားတို့နှင့် ညီညွတ်မှု
RFA
ဖေဖော်ဝါရီ ၁၊ ၂၀၁၁
 
သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော ဗီဒီယို မိန့်ခွန်း ဖွင့်နေပုံ (photo: getty images)
 
အရှင်ရာဇိန္ဒာ လင်္ကာရ (သီရိလင်္ကာ)၊ ဦးတင်မောင်ဝင်း (စင်္ကာပူ)
ကိုဇော်နိုင်(ကနေဒါ)၊ ဇော်နိုင် (သင်္ဃန်းကျွန်း – မိကျောင်းကန်)
ကိုမင်းဇော် (USA)၊ ဒေါ်ယာစ်မင်း ဗားညား (USA) တို့၏ မေးခွန်းများ
ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ
 
ဇန်န၀ါရီ ၂၈၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်
အပြည့်အစုံသို့ ...
 
Suu and RFA listeners on Jan 7 Print E-mail
User Rating: / 3
ဒေါ်အောင်ဆန်းစုကြည်
Thursday, 13 January 2011

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

ကမ္ဘာလှည့်ခရီးသည်၊ အခွန် ၂ ထပ်၊ အကြမ်းမဖက် လှုပ်ရှားမှု

RFA

ဇန်န၀ါရီ ၁၄၊ ၂၀၁၁

 

ကိုထွေး (ပြင်သစ်)၊  ကိုထွေးလေး (ရန်ကုန်)၊

ဦးခင်မောင်စိုး (မန္တလေး)၊  မသွယ်သွယ်ဇော် (မလေးရှား)၊

ကိုနောင်နောင် (ဂျပန်)၊ မမြကြေးမုံ (နော်ဝေ) တို့၏ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ

ဇန်န၀ါရီ ၇၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်

အပြည့်အစုံသို့ ...
 
Aung San Suu Kyi - Looking Back, Look Forwards Print E-mail
User Rating: / 5
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 05 January 2011

Looking Back, Looking Forwards

အနောက်ကိုတဲ့ မျှော်ရင်း အရှေ့ကို လျှောက်ပါလို့

ဒေါ်အောင်ဆန်းစုကြည်

(ဘာသာပြန်သူ - ဇာဝါရီ (မယ်ရီလန်း)

ဇန်န၀ါရီ ၆၊ ၂၀၁၁

လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နေအိမ်အကျယ်ချုပ်ကြောင့် ၁၃ နှစ်ကြာ ပျက်ကွက်ခဲ့တဲ့ မြန်မာပြည်မှပေးစာ (Letters from Burma) ဆောင်းပါးအခန်းကဏ္ဍကို မိုင်နချိ (Mainichi) ဂျပန်သတင်းစာ ပေးစာကဏ္ဍမှာ လစဉ်ပုံမှန် ပြန်လည်ရေးပို့သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလက ရေးပို့ခဲ့တဲ့ ပထမဦးဆုံးဆောင်းပါးကို ၂၀၁၁ ဇန်နဝါရီလ ၁ ရက်နေ့မှာ မိုင်နီချိ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ မိုးမခ စာချစ်သူများအတွက် ဆီလျော်သလို မြန်မာဘာသာ ပြန်ဆိုပေးလိုက်ပါတယ်။
အပြည့်အစုံသို့ ...
 
Questions for Suu - RFA Programs Print E-mail
User Rating: / 6
ဒေါ်အောင်ဆန်းစုကြည်
Friday, 24 December 2010

 “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၀)
မေးခွန်းမေးသူ။   ။ မနိုင်ခြူးဝေ (နော်ဝေနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသူတဦး)
Q: အမေစု မင်္ဂလာပါရှင်။ သမီးကနိုင်ငံရေးကို အရမ်းစိတ်ဝင်စားတဲ့ လူတယောက်ပါ။ သမီးရဲ့ အဖိုးတွေ၊ ဦးလေးတွေ၊ မိဘတွေကအစ နိုင်ငံရေးအကျဉ်းသားတွေပါရှင့်။ သမီးတို့ ဒီနော်ဝေးနိုင်ငံမှာ မြန်မာ့အရေးကို စည်းရုံးရေးတွေကို အမြဲတမ်းလုပ်နေကြပါတယ်ရှင့်။ သမီးမေးချင်တာ တခုကတော့ ဒီ နော်ဝေးနိုင်ငံ၊ နိုင်ငံသူ သားတွေကိုပေါ့နော်၊ မြန်မာအရေးကို ပိုမိုစိတ်ဝင်စားလာအောင် သမီးတို့ ဘယ်လိုပုံစံမျိုးနဲ့ အောင်မြင်အောင် လုပ်နိုင်တဲ့ နည်းလမ်းများရှိရင် အမေစု သမီးကို ပြောပြစေချင်ပါတယ်ရှင်။ အမေစုကျန်းမာပါစေလို့ ဆုတောင်း ပါတယ်ရှင်။  
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 Next > End >>

Results 1 - 31 of 156
 
Top! Top!