မာတိကာ arrow မောင်စွမ်းရည်
Tuesday, 28 March 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
မောင်စွမ်းရည်
Daw Yin Yin Myint Print E-mail
User Rating: / 1
Maung Swan Yi
Thursday, 08 September 2011


သတ္တိရှိတဲ့ ဆရာမလေး ဒေါ်ရင်ရင်မြင့်
မောင်စွမ်းရည်
စက်တင်ဘာ ၈၊ ၂၀၁၁
၂၀၀၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်စွဲဖြင့် http://www.burmanet.org/burmese/?p=1136 တွင် ဖော်ပြထားသော ဆောင်းပါးကို ကူးယူ ဖော်ပြသည်
အပြည့်အစုံသို့ ...
 
Maung Swam Yee – For Tin Moe Poem Book Print E-mail
User Rating: / 5
Maung Swan Yi
Sunday, 28 August 2011
ဆရာ မောင်စွမ်းရည်ရဲ့ အမှာစာ

သြဂုတ် ၂၉၊ ၂၀၁၁

မကြာမီ မိုးမခ က အီးဘုတ်အဖြစ် ဖြန့်ချိမယ့် ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်း စာအုပ်အတွက် ဆရာ မောင်စွမ်းရည်ရဲ့ အမှာစာကို အမြည်းအဖြစ် ဖော်ပြပေးတာပါ။ (မိုးမခ)

သူငယ်ချင်း ကဗျာဆရာ တင်မိုး ပြုစုရေးသားတဲ့ ‘မြန်မာကဗျာဖွဲ့နည်း’ အမည်ရှိစာအုပ်ကလေးကို ၁၉၈၅၊ ဒီဇင်ဘာက ပထမအကြိမ် ပုံနှိပ်ခဲ့ဖူးတယ်။  အုပ်ရေ တသိန်း (၁ဝဝ,ဝဝဝ) တိတိ ရိုက်တယ်။ ဒါပေမယ့် လုံးဝ မဖြန့်ချိလိုက်ရဘဲ ဖျက်ဆီးပစ်ခဲ့ရတယ်။ နှမျောစရာပါပဲ။ ဝမ်းနည်းစရာပါပဲ။

ဖြစ်ပုံက ဒီလိုပါ။ ဒီစာအုပ်ကလေးကို အခြေခံပညာအထက်တန်း စိတ်ကြိုက် မြန်မာစာ ယူတဲ့ ကျောင်းသားများ အသုံးပြုဖို့ ရေးသားပြုစုခဲ့တာပါ။ ကျောင်းသုံးစာအုပ်ဖြစ်ပေမယ့် ကျောင်းမှာ မသုံးလိုက်ရဘူး။ ကျောင်းပြင်ပမှာလည်း မသုံးလိုက်ရတော့ပါဘူး။ ဖျက်ဆီးပစ်ခဲ့တာကိုး။

အပြည့်အစုံသို့ ...
 
Notes behind the iron post - Maung Swan Yi Print E-mail
User Rating: / 4
Maung Swan Yi
Thursday, 28 July 2011

သံတိုင်များနောက်က သံဃာများ

မောင်စွမ်းရည်
ဇူလိုင် ၂၈၊ ၂၀၁၁


‘‘ဗမာနိုင်ငံဟာ တနိုင်ငံလုံး ထောင်ကျနေတဲ့ နိုင်ငံပါ’’ လို့ စစ်အာဏာရှင် စစ်သံခွာအောက်က ဗမာပြည်သူတွေရဲ့ဘ၀ကို ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က အတိုဆုံး သရုပ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဗမာပြည်မှာက တပြည်လုံးထောင်ကျနေတဲ့ အပြင်၊ ထောင်ထဲက အကျဉ်း၊ အကျဉ်းထဲက အကျပ်၊ အကျပ်ထဲက အကြုံ့ဆိုသလို ကျပ်သထက်ကျပ်၊ ကျုံ့သထက်ကျုံ့တဲ့နေရာတွေ တိုးလာနေပါတယ်။ တိုင်းတပါး ဘာသာခြား အင်္ဂလိပ်အစိုးရလက်ထက်ကဆိုရင် ဦးဝိစာရနဲ့ ဦးဥတ္တမ ဆရာတော်ကြီးနှစ်ပါးပဲ ထောင်ချခံခဲ့ ရတာ အထင်အရှားရှိခဲ့ဖူးပါတယ်။ ဗမာစစ်အစိုးရလက်ထက်မှာတော့ ရဟန်းသံဃာဟူသမျှ ထောင်မကျတာ မရှိဖူးသလောက်ပါပဲ။ မဟာ ဘွဲ့တံဆိပ်တော်ရ သံဃာ့မဟာနာယကများက လွဲလို့ပေါ့လေ။ စစ်အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာဝင်အစိုးရဆိုတာ ဟုတ်မှ ဟုတ်ပါလေစ။ ဘီလူးသဘက်၊ ငရဲသားတွေများအုပ်စိုးနေသလား အောက်မေ့ရပါတယ်။ သံဃာတွေကို ဖမ်းဆီးပြီး ထောင်ချရုံမက သင်္ကန် ချွတ်၊ ဆံဆိုကြိမ်းမောင်း ရိုက်နှက်ကန်ကျောက်၊ သတ်ဖြတ်တာတွေကို မကြားဝံ့မနာ လုပ်နေလိုက်ကြပါတယ်။ ဒီကြားထဲ သာသနာ့ဒါယကာမင်းလို့ နာမည်ခံချင်လို့ ကြိုးစားသေးတဲ့အခါ ယမမင်းအဖြစ်နဲ့သာ ကမ္ဘာကျော်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...
 
Maung Swan Yi - Happy Birthday Mar Mar Aye Print E-mail
User Rating: / 1
Maung Swan Yi
Monday, 25 July 2011

မာမာအေးမွေးနေ့ ဆုမွန်
မောင်စွမ်းရည်
ဇူလိုင် ၂၅၊ ၂၀၁၁
ပြည်သူကို ချစ်၊ ပြည်သူချစ်တဲ့
စစ်ဆန့်ကျင်သူ
ချိုးဖြူမလေး၊ မာမာအေး -
အေးချမ်းပါစေ၊ ဆုမွန်ချွေသည်
ရေလို အေးပါစေသတည်း။
ပန်းလို မွှေးပါစေ သတည်း။
အပြည့်အစုံသို့ ...
 
Maung Swan Yi - Poem Print E-mail
User Rating: / 1
Maung Swan Yi
Friday, 22 July 2011

သူငယ်ချင်းမောင်ညို ၇၂ နှစ်ပြည့်မွေးနေ့သို့

မောင်စွမ်းရည်

ဇူလိုင် ၂၃၊ ၂၀၁၁

 

ငယ်စဉ်ကလဲ

တက်ကြွမြူးရွှင် ရေးချင်ဖတ်ချင်

ငြိုငြင်မရှိ၊ မျက်စိလွဲပွင့်

ရယ်သံလွှင့်၊

စာအုပ်ကိုဖွင့် အပြုံးနှင့်။

ကြီးလာတော့လဲ

တဟဲဟဲနဲ့ ရယ်ဆဲရယ်တုန်း

ရယ်မဆုံးသူ ‘သူ့လိုလူ’ကို

ဘယ်သူမလွမ်း နေမလဲ။

မလွမ်းဘယ်သူ သွေမလဲ။

အပြည့်အစုံသို့ ...
 
Maung Swan Yi - Article Print E-mail
User Rating: / 5
Maung Swan Yi
Wednesday, 13 July 2011
မုံရွာ ဦးလေးခန့်

မောင်စွမ်းရည်

ဇူလိုင် ၁၄၊ ၂၀၁၁

'မုံရွာဦးလေးခန့်'' လို့ ခေါင်းစီတပ်လိုက်ရာကို သိပ်အားမရ။ ဆွဲဆောင်မှုရှိအောင် ''မုံရွာ ဦးခန့်၊ ရွှေမန်းတင်မောင်နဲ့ ၀င်းဦး''လို့ ခေါင်းစီးတပ်လိုက်ချင်တာပါ။ ခေါင်းစီရှည်တာကို မကြိုက်လို့ မုံရွာဦးလေးခန့် လို့ပဲ တပ်လိုက်ရပါတယ်။ ဒါပေမယ့် တချို့လူငယ်တွေက ဘာမှန်းမသိလို့ စိတ်မ၀င်စားနာနဲ့ မဖတ်ဘဲနေမှာတော့ စိုးမိပါတယ်။ သူကွယ်လွန်တာကိုက နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီလေ။ သူ့အသက် ၅၀ လောက် ရှိပါသေးတယ်။ ရှစ်လေးလုံးအရေးတော်ပုံ ကာလ လောက်ကပါပဲ။ နှလုံးရောဂါလား၊ ဘာလား စဉ်းစားမရတော့ပါ။ ကျနော်စာသင်ပေးခဲ့ရတဲ့ သူ့သားငယ်လေးကိုပဲ ကွယ်လွန်ခဲ့ရှာတာ ကြပါပကော။ သင်္ဘောလိုက်ရင် ဆုံးရှာဆို ထင်ပါရဲ့။

အပြည့်အစုံသို့ ...
 
Maung Swan Yi - Suu 66 Words Print E-mail
User Rating: / 6
Maung Swan Yi
Wednesday, 22 June 2011
ပြည်သူတွေအောင်ပန်း မြဲဆင်းမြန်းသူ
မောင်စွမ်းရည်
ဇွန် ၂၂၊ ၂၀၁၁
 လေးစားအပ်သော မိတ်ဆွေများခင်ဗျား ...
ကျနော်ဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို ထောက်ခံလိုလားသူ ကဗျာဆရာ တဦးဖြစ်ပါတယ်။ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကဗျာဆရာကြီးများဖြစ်ကြတဲ့ ဆရာမင်းသုဝဏ်၊ ဆရာ ဒဂုန်တာရာအစ၊ တင်မိုး၊ ကြည်အောင် အလယ်၊ အောင်ဝေး၊ အောင်ပွင့်အဆုံး အားလုံးကဗျာ ဆရာတွေ က ထောက်ခံပါဝင်ခဲ့ကြပါတယ်။ စာရေးဆရာ၊ ကဗျာဆရာအားလုံးဟာ အမြဲတမ်း ဒီမိုကရေစီဘက်မှာ စွဲစွဲမြဲမြဲ ရပ်တည်နေကြပါတယ်။ ဒါကြောင့် စာရေးဆရာ၊ ကဗျာဆရာအားလုံးဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်လျှက်ရှိကြပါတယ်။ ဒါကြောင့် ဒီနေ့ မိတ်ဆွေတို့နဲ့အတူ ဒေါ်စု ၆၆ နှစ်မြောက်မွေးနေ့ပွဲမှာ အတူနွှဲခွင့်ရတာ ကျေးဇူးတင်ပါတယ်။
အပြည့်အစုံသို့ ...
 
Maung Swan Yi - Mya Than Tint Print E-mail
User Rating: / 0
Maung Swan Yi
Saturday, 04 June 2011
ဆရာမြသန်းတင့်အမှတ်တရ
မောင်စွမ်းရည်
ဇွန် ၅၊ ၂၀၁၁
ကျနော် ဒီတပတ်ပြောမှာကတော့ စာရေးဆရာမြသန်းတင့်အမှတ်တရ ဂါရ၀စကားဖြစ်ပါတယ်။ ဒီလ ဟာ မေ လပါ။ ဆရာမြသန်းတင့်ဟာ ၁၉၂၉၊ မေ ၂၃ မှာ မွေးဖွားပါတယ်။ အမည်ရင်း ‘မြသန်း’ နဲ့ စာစရေးခဲ့ပေ မယ့် မြသန်း နှစ်ယောက်ဖြစ်နေလို့ သူ့ဖခင် ဦးပေါတင့် နာမည်က ‘တင့်’ ကို ယူပြီး မြသန်း တင့်လို့ပြောင်း ခဲ့ပါတယ်။
အပြည့်အစုံသို့ ...
 
Maung Swan Yi - Daw Khin Hnin Yu Print E-mail
User Rating: / 1
Maung Swan Yi
Monday, 30 May 2011

ဒေါ်ခင်နှင်းယု (ခင်မင်ရပါတဲ့ မမစု)
မောင်စွမ်းရည်
မေ ၃၀၊ ၂၀၁၁

 

ခုတလော ၀တ္ထုတွေဖတ်ရတာ အားမရလှပါဘူး။ ၀တ္တုအသစ်တွေလဲ သိပ်မထွက်လှပါဘူး။ ထွက်သမျှကလဲ သိပ်ပြီးခံတွင်းမတွေ့လှပါဘူး။ စာပေဆုရ၀တ္တုတွေကလဲ သိပ်မဟန်ဘူး။ တချို့ကလဲ စာပေလွတ်လပ်ခွင့်မရှိတာကိုပဲ ဆင်ခြေပေးလား ပေးကြရဲ့။ ဒါပေမယ့် ‘‘မစွမ်းရင်းကလဲရှိ ကန်းစွန်းခင်းကလည်းငြိ’’ ဆိုတဲ့စကားလိုပဲ ကိုယ်စွမ်းကိုယ်စနည်းတာလဲ ပါမှာပေါ့။

ပြည်ပမှာ လွတ်လပ်နေတဲ့လူက ကိုယ်ချင်းမစာပြောတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကဗျာဆရာတွေက တော်တော်လေး ပရိယာယ်ကြွယ်တာကို သတိပြုမိပါတယ်။ ပရိယာယ်ကြွယ် လွန်းတော့ ပဟေဠိဖက်ပြီး စကားထာဝှက်သလို ဖြစ်နေတာတွေလဲ ရှိရဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့ နည်းရှာကြရမှာပေါ့။ မနှစ်တုန်းကတော့ ခင်ခင်ထူးရဲ့ ‘‘မအိမ်ကံ’’ ၀တ္တုကို ဖတ်လိုက်ရတော့ အတော်လေး သဘောကျမိလိုက်ရဲ့။ သူ့ဘ၀ သူထင်ဟပ်တာဖြစ်မယ် ထင်ပါတယ်။ အညာကျေးလက် အထက်တန်းလွှာရဲ့ဘ၀ကို ထပ်ဟပ်ထားတာပါ။ အထူးသဖြင့်တော့ ဝေါဟာရကြွယ်တာကို သတိထားလိုက်မိပါတယ်။

အပြည့်အစုံသို့ ...
 
Maung Swan Yi - Suu and her Flowers Print E-mail
User Rating: / 3
Maung Swan Yi
Wednesday, 25 May 2011

 ပန်းပန်လျက်သာ မဗေဒါ

မောင်စွမ်းရည်

မေ ၂၆၊ ၂၀၁၁
အပြည့်အစုံသို့ ...
 
Maung Swan Yi - Depeyin Masscare Anniversary Print E-mail
User Rating: / 2
Maung Swan Yi
Wednesday, 25 May 2011

ဒီပဲယင်းလုပ်ကြံမှုကြီး

မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၁

မိတ်ဆွေများခင်ဗျာ ...

ဒီတပတ်ကျနော် ပြောချင်တာကတော့ မေလသမိုင်းတကွက်ပဲ ဖြစ်ပါတယ်။ အရင်တပတ်က ပြောခဲ့တာ ကတော့ မေဒေးခေါ် အလုပ်သမားနေ့အကြောင်းတခုပဲဖြစ်ပါတယ်။ ခု ကျနော်ပြော မယ့် မေလသမိုင်း တကွက် ကတော့ မေလုပ်ကြံမှုကြီးတစ် ခုအကြောင်းဖြစ်ပါတယ်။ ၁၉ ဇူလိုင် မမေ့နိုင်ဆိုသလို၊ ၃၀ မေလ မေ့မရ။ မေလ ၃၀ မမေ့ဖွယ်ဆိုတဲ့ မေသမိုင်းတကွက်ပါ။ ၂၀၀၃ မေ ၃၀ က သွေးသံရဲရဲ လုပ်ကြံပွဲကြီးတခုကို ဗိုလ်ချုပ် မှူးကြီးသန်းရွှေကိုယ်တိုင်ဦးဆောင် စီစဉ်ညွန်ကြားခဲ့ပါတယ်။ ဒဗယင်းလုပ်ကြံမှုကြီးလို့ ရာဇ၀င်တွင်ပါလိမ့်မယ်။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 176
 
Top! Top!