မာတိကာ arrow စာပေဒသာ arrow ကဗဵာ
Wednesday, 26 July 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
ကဗဵာ
Maung Lwan Ni - Poem Print E-mail
User Rating: / 0
ကဗ်ာ
Wednesday, 28 September 2011
ညီအစ်ကို မသိတသိ မဟုတ်တဲ့ အချိန်
မောင်လွမ်းဏီ
စက်တင်ဘာ ၂၉၊ ၂၀၁၁
 
တစ တစ နဲ့ 
အဖေ့ အထင်ပြောရရင်
လေလုံးကွဲချင်လာတယ် ငါ့သား။
လူထု က ထုလူ ဖြစ်
ဓမ္မက အဓမ္မ ဖြစ်
သူရဲကောင်းက သစ္စာဖောက်ဖြစ်
သမိုင်းထဲကလူက လူရာမ၀င်တဲ့ သမိုင်းထဲရောက်
လွတ်မြောက်လာတဲ့ အကျဉ်းသားက အကျဉ်းသားပြန်ဖြစ်
သမိုင်းဖြစ်ထွန်းမှုတွေက ဖြစ်ထွန်းမှုသမိုင်းမဟုတ်။
အပြည့်အစုံသို့ ...
 
Ni Lwin Thwe - Peace Poem Print E-mail
User Rating: / 0
ကဗျာ
Tuesday, 27 September 2011

ငြိမ်းချမ်းရေး

နီလွင်သွေး(ဒဿနိက)

စက်တင်ဘာ ၂၇၊ ၂၀၁၁

ငြိမ်းချမ်းရေးဆိုတာ

လက်တဖက်ထဲနဲ့လက်ခုပ်တီးသလိုမျိုး

မဟုတ်ဘူး ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက

သူမသေခင် ငြိမ်းချမ်းရေး ရသွားတာမြင်ချင်တယ်တဲ့

ဆရာဒဂုံတာရာလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုလုပ်ရမယ်လို့ ပြောပြီ ။

လူထုခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု

ပြည်သူ့အကျိုးစီးပွါးကို ရှေးရှု့မျှော်မှန်း

ငြိမ်းချမ်းရေးခရီးရှည်လမ်းကို

ခက်ခက်ခဲခဲဖြတ်သန်းလို့ ။

အပြည့်အစုံသို့ ...
 
Maung Swan Yi - Poems Print E-mail
User Rating: / 1
ကဗျာ
Wednesday, 21 September 2011
သူငယ်ချင်း မောင်မိုးသူ
(မောင်မိုးသူ အသက် ၆၀ ပြည့် မွေးနေ့တုန်းက အပယ်ခံကဗျာ)
မောင်စွမ်းရည်
စက်တင်ဘာ ၂၂၊ ၂၀၁၁


သူ့မွေးနေ့
၆၀ ပြည့်မှာ
တေ့တေ့ဆိုင်ဆိုင်
မရှောင်နိုင်တဲ့ အမြှောင်ကြား
ဘွားကနဲ့ တွေ့ကြတယ်။

“ဟိတ် ... သူငယ်ချင်း
မင်းရဲ့မွေးနေ့ ဒီကနေ့လေ
မင်းမေ့နေရော့သလား
ဒို့များ ဘာစားရမလဲ” လို့
မိုးသူကို ငါကမေးတော့
မေးသူကို မိုးသူပြောပုံက
အရောတ၀င် အရေးတယူ
အလေးတမူနဲ့ ရှေးမူအတိုင်းပါပဲ
လူသာကိုင်းပြီး “ဘူဒါ” တပိုင်းပေမဲ့
အမူအရာက၊ ပျူပျူငှာငှာ မထိုင်းမမှိုင်း
သူဟာ သူပါပဲ၊ ပျူငှာမြဲ အတိုင်း။
အပြည့်အစုံသို့ ...
 
D Let Myo - Personal Poems Print E-mail
User Rating: / 0
ကဗျာ
Wednesday, 21 September 2011
နင့်ကျည်ဆံက ငါ့ကိုတည့်တည့်မှန်တယ် နန်းခမ်းကူ
ဒီလက်မျိုး၊ စက်တင်ဘာ ၂၁၊ ၂၀၁၁
ပစ်ချလိုက်တဲ့သေနတ်က
ချိုမြိန်လိုက်လေကွယ်
ဘ၀ကိုပြန်တွေးကြည့်တော့ ၃၈နှစ်ရှိပြီ။
လွမ်းစရာကောင်းတဲ့ ညများ
ပျော်စရာကောင်းတဲ့ ညများ
ကောင်းကင်က ယုန်ဆန်ဖွတ်တဲ့ အဖိုးအို
မေမေရေ …
သား ဒီဘ၀ကြီးမှာနေလို့ကောင်းသေးရဲ့လား
ဧရာဝတီမြစ်ကြီးရေခမ်းနေပြီ
တိုင်းပြည်က မွဲပြာကြနေပြီ
လူတွေက ချွတ်ခြုံကြနေပြီ
ပျော်ပါးခွင့်ရှိသော ဘ၀များကတော့
ပျော်ပါးသောညများမှာ ပျော်ပါ ကိုကို။
မင်း အိုကေလား
မီးရောင်လင်းလက်သော ပါးရိုက်သံက
နားထဲကိုချိုသာစွာ စီးဝင်ပါရဲ့။
ဟေ့ …
ပြောဖို့မေ့သွားလို့
နန်းခမ်းကူပစ်တဲ့ကျည်ဆံက ကျနော့်ကို တည့်တည့် မှန်တယ်ဆရာ။
 
Ant Maung - Poem Print E-mail
User Rating: / 0
ကဗျာ
Tuesday, 20 September 2011
အကြောင်းအရင်းကို ရှင်းကြ
အံမောင် (ရန်ကုန်)
စက်တင်ဘာ ၂၀၊ ၂၀၁၁


မနက်လင်းမှာ
အသံမိုးရွာ
စားစရာတလုပ်
ဝတ်စရာ တစုတ်အတွက်
မိဘမြကြုတ် သက်ရည်
ကုမ္မာရီ မိန်းကလေးများ
တစ်ရပ် တစ်ကျေးသွား
တစ်ရေ တစ်မြေသွား
မတရားအလုပ်တွေ လုပ်ရ
မတရား အဖိနှိပ်တွေခံရ
ခန္ဓာကိုယ် ပျက်ရ
ဘ၀ ပျက်ရ
တချို့ အသက်ပျက်ရ
ကြားရမသက်သာ။
အပြည့်အစုံသို့ ...
 
Saung Yun La - Home Comming Poem Print E-mail
User Rating: / 0
ကဗျာ
Monday, 19 September 2011
နောင်အနှစ်၂၀အကြာ အိမ်အပြန်ခရီးတရက်မှာ
ဆောင်းယွန်းလ
စက်တင်ဘာ ၂၀၊ ၂၀၁၁

အရောင်လွင့်အနားဖွာ ဂျင်းဘောင်းဘီတထည်လို ကောင်းကင်နဲ့
အရင်လိုမဟုတ်တော့တဲ့ ဝေလီဝေလင်းမနက်ခင်းတခုက
အရင်လိုလက်ဖက်ရည်တခွက်နဲ့ ဧည့်ခံဖို့ကိုလည်း ပျက်ကွက်ခဲ့လေပြီ။

ချွေးတဒီးဒီးကျအောင် ဈေးစကားပြောနေကြတဲ့ လမ်းမတွေပေါ်မှာ
ရွေ့လျားမှုမှန်သမျှဟာ သုတ်သီးသုတ်ပျာနဲ့
ခေတ်နဲ့လိုက်လျောညီထွေ ရာသီဥတုတွေကလည်း သုတ်သီးသုတ်ပျာနဲ့
လှုပ်ရှားနေတဲ့လူတွေကိုကြည့်ရင်း ရင်ထဲမှာ မြစ်တစင်းခမ်းခြောက်သွားခဲ့ရတယ်။
အပြည့်အစုံသို့ ...
 
Tun Wai - Poem Print E-mail
User Rating: / 0
ကဗျာ
Saturday, 17 September 2011
ဧရာဝတီရဲ့ အတိတ်လှိုင်း
ထွန်းဝေ (တိုကျို)
စက်တင်ဘာ ၁၈၊ ၂၀၁၁


နွေခေါင်ခေါင် နေပူထဲမှာ
စစ်တုရင် မကစားဖူးတဲ့ တရုတ်စုတ်တွေရဲ့ဒဏ်
ပွဲပြီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ ငါ့ကံကြမ္မာက
မင်းလက်ထဲက မှောက်ဖဲတစ်ချပ်တဲ့လား။

လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့စွာ စီးဆင်းနေတဲ့
မိခင်ဧရာမြစ်ကြီးကို ခြစားခံရတော့မတဲ့
တရုတ်ကြီးရဲ့ အပြုံးက
သိန်းစိန်အမုန်းထက် ကြောက်ဖို့ကောင်းတယ်။
အပြည့်အစုံသို့ ...
 
K Min Htin -Poem Print E-mail
User Rating: / 0
ကဗျာ
Friday, 16 September 2011
ယန်စီမြစ်မှာ ရေနစ်ခြင်း
ကေမင်းထင်
စက်တင်ဘာ ၁၆၊ ၂၀၁၁


ပုံအား ဤနေရာမှ ယူပါသည်။

ကိစ္စမရှိဘူး
ဧရာဝတီမရှိလည်း
နွားခြေရာခွက်တွေထဲမှာ
ရေတွေရှိသေးသတဲ့ … …

အဲဒီခြေရာခွက်ထဲ
ရေတွေခမ်းသွားတော့ရော
ဘာအရေးလဲ

မထူးဇာတ်နဲ့
မေရီအင်တွိုင်းနက်စကတ်နဲ့
ကြပ်ပြေးဆိုတဲ့အရပ်မှာ
မြန်မာပြည်ရဲ့သမိုင်းကိုရေဆေးဖို့
လည်ချောင်းသွေးတွေရှိတယ်။ ။

 
Kamar Pale - Poem Print E-mail
User Rating: / 0
ကဗျာ
Sunday, 11 September 2011

သမိုင်းသစ်ရေး ... စက်တင်ဘာ
ကမာပုလဲ
စက်တင်ဘာ ၁၂၊ ၂၀၁၁


စက်တင်ဘာဟာ ... အိပ်မက်မဟုတ်ဘူး
စက်တင်ဘာဟာ ... တကယ့်အဖြစ်အပျက်ဖြစ်တယ်။

စက်တင်ဘာဟာ ... စိတ်ကူးယဉ်တောလား မဟုတ်ဘူး
စက်တင်ဘာဟာ ... လက်တွေ့ဘ၀တွေရဲ့ တိုက်ပွဲစစ်စစ်ဖြစ်တယ်။

စက်တင်ဘာဟာ ... ခါတော်မီ ပန်းခင်း မဟုတ်ဘူး
စက်တင်ဘာဟာ ... ကန္တာရ မြို့ပျက်ကြီးထဲ
ရာဇ၀င်ကို ခြောက်ခြားတုန်လှုပ်စေမယ့်
ဒူးမထောက် လက်မမြောက် နှင်းဆီခင်းတွေ ဖြစ်တယ်။
အပြည့်အစုံသို့ ...
 
Saung Luu - Poem Print E-mail
User Rating: / 0
ကဗျာ
Thursday, 08 September 2011

ကျွန်သေတွေနေတဲ့ မြို့

ဆောင်းလူ
စက်တင်ဘာ ၈၊ ၂၀၁၁


တိမ်တွေခမျာမှာ
ထင်ရာမြင်ရာ … ရောယောင်ပြီး ခလုတ်တိုက်ချလိုက်တာ
ကမ္ဘာတခြမ်းလုံး ဖူးယောင်သွားသတဲ့ ..။

ငြိမ်းချမ်းရေးစကားများ
တဖောဖော တသောသောနဲ့ ခရားထဲကပြုတ်ကျ
ဝတ်လစ်စလစ် အခင်းအကျင်းအောက်မှာ
မညှာမတာ ညှီနံ့လှိုင်လှိုင်ပေး
သံချေးရောင်တောက်ပလွန်းသော ငါးမျှားချိတ်တွေနဲ့
ကုန်းတတန် ရေတတန်နဲ့
နယ်သစ် ပယ်သစ်ရှာဖို့ တက်ကြွနေလေရဲ့ …။
အပြည့်အစုံသို့ ...
 
Kamar Pale - Poem Print E-mail
User Rating: / 0
ကဗျာ
Tuesday, 06 September 2011

အတ္တဗိုင်းရပ်စ် ပိုးမွှားတွေ မင်းမူနေတဲ့အရပ်မှာ

ကမာပုလဲ
စက်တင်ဘာ ၇၊ ၂၀၁၁


ပုံအား ဤနေရာမှယူပါသည်။

ဘ၀ရဲ့
ယုံကြည်ချက် အိပ်မက်ငါးကလေးတကောင်
လောက ရေခမ်းချောင်းထဲ
အကျဉ်းကျ ပိတ်မိနေစဉ်ကပေါ့ …။

ထက်ရပ်ဝန်းကျင် တခုလုံး
နှင်းတွေ …
လင်းအရုဏ်ဦးရဲ့ နေခြည်ထဲ
အဆန်းတကြယ်တောက်ပနေပုံများ
ကျနော့်မှာ ခံစားခွင့် မရရှိနိုင်ခဲ့ဘူးမေမေ …။
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 603
 
Top! Top!