မာတိကာ arrow မျက်မှောက်ရေးရာ arrow သူတို့အာဘော်
Wednesday, 18 January 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
သူတို့အာဘော်
review on insider's writing Print E-mail
User Rating: / 1
သူတို့အာဘော်
Wednesday, 28 September 2011



အစိုးရ ထဲ ၂ ပိုင်းကွဲနေ၊ ပိတ်ဆို့မှုကြောင့် တရုတ်အစိုးရကို ပိုမို မှီခိုရမည်ဟုဆို
မာစတာစီဒို
စက်တင်ဘာ ၂၈၊ ၂၀၁၁

 အကျဉ်းသားလွှတ်ပေးမည်၊ ဒဏ်ခတ်မှု ရပ်ပါ ဟု ယမန်နေ့ ပြောနေသာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ - Getty Images)

အပြည့်အစုံသို့ ...
 
Myo Myint Maung - Irrawaddy Forward Print E-mail
User Rating: / 4
သူတို့အာဘော်
Monday, 26 September 2011
ရှေ့တဆင့်တိုးကြရတော့မည့် ဧရာဝတီအရေး
မျိုးမြင့်မောင်
စက်တင်ဘာ ၂၇၊ ၂၀၁၁
သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်သူများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသိပညာရှင်၊ အတတ်ပညာရှင်များ၊ စာပေအနုပညာရှင်များ စသည့် ဧရာဝတီကိုချစ်မြတ်နိုးသူများ၊ ဧရာဝတီ၏ ပစ္စုပ္ပန်နဲ့အနာဂတ်အရေး ရတက်မအေးကြသူများက စတင် ဆော်သြလိုက်သော “ဧရာဝတီအရေး” သည် အဆင့်တစ်ခုသို့ ဆိုက်ရောက်ခဲ့ပါပြီဖြစ်ပါသည်။ ရှေ့သို့ဆက်ကြရဦးမည်။ ရှေ့တဆင့် တိုး ကြရတော့မည်။ ရပ်တန့်နေ၍ မရတော့ပါ။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - Answer by Kyaw Son Print E-mail
User Rating: / 4
သူတို့အာဘော်
Saturday, 24 September 2011
ဦးကျော်ဆန်း နဲ့ သူ၏ အဖြေ
တူမောင်ညို
စက်တင်ဘာ ၂၅၊ ၂၀၁၁
သမ္မတဦးသိန်းစိန်က ပြောတဲ့အခါ ကြိုက်တဲ့ဘက်ကဆွဲယူတွေးလို့ရမယ့် အဓိပ္ပါယ်နှစ်ခွ၊ သုံးခွ မကထွက်တဲ့ စကားလုံးမျိုးတွေ ကို ရည်ရွယ်ချက်ရှိရှိသုံးပြီးပြောလေ့ရှိတယ်။ အဲဒီစကားလုံးတွေရဲ့ တကယ့်ဆိုလိုချက်အဓိပ္ပါယ်ကို ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက နောက်ကလိုက်ပြီး ပုံဖော်တဲ့ ပုံစံ ကျင့်သုံးနေပုံရပါတယ်။
 အများအမြင်မှာတော့ သမ္မတကြီးက စိတ်သဘောထား နူးညံ့ပျော့ပျောင်းပြီး ပြည်ထောင်စုဝန်ကြီးက သဘောထားတင်းမာ သယောင်ယောင်၊ထင်ယောင်ထင်မှားဖြစ်ကုန်ကြပါတယ်။တကယ်တော့ သူတို့အစိုးရအာဘော်ကို အချိတ်အဆက်မိမိ၊ ကိုယ့်နေရာကိုယ့် တာကနေ လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Maung Yit - Hand Written Notes by the editor Print E-mail
User Rating: / 8
သူတို့အာဘော်
Wednesday, 21 September 2011
အယ်ဒီတာ့လက်ရေး စက်တင်ဘာ ၂၂၊ ၂၀၁၁
မောင်ရစ်
မိုးမခက ဒီတပတ်မှာ စာတွေရေးစရာတွေ၊ အကြွေးတွေ ပိမြဲ ပိနေဆဲပါပဲ။ တယောက်တလက် ၀ိုင်းကူကြတာကို ကျေးဇူးတင်ကြောင်း စကားဆိုလိုက်ပါတယ်။ ရေးစရာ ကြုံရ ဆုံရတာလေးတွေကို မှတ်စုထုတ်ထားသမျှကို သည်နေရာကနေ ပရိသတ်ကြီးကို အသိပေးလိုက်တယ်ပဲ ဆိုကြပါစို့။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - Unconditional Release of all PP Print E-mail
User Rating: / 2
သူတို့အာဘော်
Tuesday, 20 September 2011
အာမခံချက် မလိုဘူး၊ ချွင်းချက်မရှိလွှတ်ပေးရမယ်
တူမောင်ညို
စက်တင်ဘာ ၂၁၊ ၂၀၁၁
            အခုတလောကြားနေရတဲ့သတင်းတစ်ခုပေါ့။ “နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်မယ်’’
သတင်းက ဒီမှာတင်ရပ်မနေပါဘူး။
“လွှတ်ပေးလိုက်မယ့်နိုင်ငံရေးအကျဉ်းသားတွေ ဆူဆူပူပူမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် က အာမခံရမယ်’’  ဆိုတဲ့ အစိုးရရဲ့အာဘော်ဖန်တီးချက်ကနောက်ဆက်တွဲ ပါလာတယ်။
စိတ်ထဲ ဖြောင်းကနဲပေါ်လာတဲ့ မေးခွန်းက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးစဉ်က ဒေါ်အောင်ဆန်းစုကြည် သဘောတူ ညီချက်နဲ့ဖမ်းတာလား။
ဒါဟာ ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ရေးကို လက်မခံတာဘဲ။ငြင်းပယ်တာပဲ။ ဈေးဆစ်တာပဲဖြစ်တယ်။
 ထောင်ကနေ လွှတ်လာတဲ့အခါ မိမိစိတ်ဝင်စားရာနယ်ပယ်မှာ (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ပညာရေး၊ သဘာဝပတ်ဝန်းကျင် အရေးစသဖြင့်) လွတ်လပ်စွာပါဝင်လှုပ်ရှားမှုကို ကြိုတင်ပိတ်ပင် ကန့်သတ်ထားချက်လည်း ဖြစ်တယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် က အာမခံချက်ပေးရမှာလဲ။
အပြည့်အစုံသို့ ...
 
dams on irrawaddy and U Thein Sein government Print E-mail
User Rating: / 1
သူတို့အာဘော်
Monday, 19 September 2011

ဧရာဝတီအရေးနဲ့ ဒီမိုကရေစီ စမ်းသပ်မှု
နိုင်လင်းအောင်
စက်တင်ဘာ ၂၀၊ ၂၀၁၁
 သြဂုတ် ၂၂ ရက်နေ့က တွေ့ရတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - getty images)

အပြည့်အစုံသို့ ...
 
Maung Ko Oo - Prepare first before taking on China Print E-mail
User Rating: / 10
သူတို့အာဘော်
Monday, 19 September 2011
ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ
မောင်ကိုဦး
စက်တင်ဘာ ၁၉၊ ၂၀၁၁
ဧရာဝတီ ပြသနာဟာ တစစ ကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ အမျိုးသားရေး ပြန်လည်နိုးကြားလာပြီ လို့တောင် ပြောလို့ရတဲ့ အခြေ အနေ ဖြစ်လာပါတယ်။ ကောင်းသောလက္ခဏာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ကြီးမားတဲ့ ရလဒ် လို့လည်း ကောက်ချက်ချနိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ တနွယ်ငင် တစင်ပါ ဆိုသလို နောက်ထပ် နိုးကြားဆောင်ရွက်လာမယ့် အမျိုးသားရေး လှုပ်ရှားမှုကြီးကတော့ “တရုတ် ကျူးကျော်မှု” ဖြစ်လာမယ့်အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပ ရန်စွယ်ကို စေ့ငုကြည့်ရင် ဆွေမျိုးယောင်ဆောင်နေတဲ့ ပေါက်ဖေါ် ဟာ အဓိကပဲဖြစ်ပါတယ်။ တရုတ်ဟာ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက အကွက်ကျကျ ချယ်လှယ် ကိုလိုနီပြုနေတာကို စနစ်တကျ လေ့လာလေလေ ပိုပြီး ထင်ထင်ရှားရှား မြင်သာလေလေပဲဖြစ်ပါတယ်။ ခေါင်းမြီးခြုံပြီး သိုသိုသိပ်သိပ်တလမ်း၊ သိသိသာသာတဖုံ၊ ရောရောယောင်ယောင်တသွယ်၊ မလိမ့်တပတ် တနည်း၊ စော်စော်ကားကား တမျိုး ပြုချင်သလိုပြု နုချင်သလို နု နေတာ အထင်အရှားဖြစ်ပါ တယ်။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - Doubts when neeed and necessary Print E-mail
User Rating: / 6
သူတို့အာဘော်
Saturday, 17 September 2011
ဖြစ်သင့် ဖြစ်ထိုက်သော သံသယ၊ မယုံကြည်မှုနှင့် စိုးရိမ်မှုများ
တူမောင်ညို
စက်တင်ဘာလ ၁၈၊ ၂၀၁၁
လက်ရှိပေါ်ပေါက်နေသော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ပြည်သူများကစိတ်ဝင်တစားရှိနေကြသည်။ မြက်ခြေမပြတ် စောင့်ကြည့် လေ့လာနေကြသည်။ အထူးသဖြင့် လက်ရှိအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေကြသည့် ဖြစ်ရပ်သည် ပြည်သူ အားလုံး စိတ်ဝင်စားမှု၏ ဗဟိုချက်မဖြစ်နေသည်။
ပြည်သူများက လက်ရှိအစိုးရအပေါ် သံသယနှင့် မယုံကြည်မှုများရှိနေပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်နေကြပါသည်။
အပြည့်အစုံသို့ ...
 
Nyein Wai - Articles Print E-mail
User Rating: / 0
သူတို့အာဘော်
Thursday, 15 September 2011
ရွာခရိုးက ရွှေချိုးကူသံ
ငြိမ်းဝေ
စက်တင်ဘာ ၁၅၊ ၂၀၁၁


အခုတလော ငြိမ်းချမ်းရေးအကြောင်းပြောတဲ့အသံတွေ တော်တော်လေးကြားလာရတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးစကားသံနဲ့ ဝေးနေ ခဲ့တော့ ငြိမ်းချမ်းရေး လို့ဆိုလိုက်တာနဲ့ လူတွေ လန်းလန်းဆန်းဆန်း ဖြစ်သွားစေတယ်။

ငြိမ်းချမ်းရေးနဲ့ အချိန်အကြာကြီး ကင်းကွာခဲ့တော့ အခု ငြိမ်းချမ်းရေးလေသံကြားတယ်ဆိုရင်ပဲ ငြိမ်းချမ်းရေးဟာ ချိုနဲ့လားလို့ ပြောသူကပြော၊ ငြိမ်း ချမ်းရေးတောင်း ဆိုလှုပ်ရှားမှုဆိုတာ မတရားတဲ့အုပ်စိုးသူကို အလျှော့ပေးတဲ့နည်းလို့ ပြောသူကပြော၊ တခါ ငြိမ်းချမ်းရေးတောင်းဆိုလှုပ် ရှားတဲ့နည်း ဟာ တော်လှန်ရေးကိုစွန့်ခွာသွားတာ စသည်ဖြင့် … ပြောတဲ့သူက ပြောလာကြတာလည်း ကြားရပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးနဲ့ ပြုပြင်ရေး မတူဘူးဆို တာ သိဖို့လိုသလို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ပြုပြင်ရေးကိုလည်း ခွဲပြီးမြင်ဖို့ လိုအပ်တယ်။

တခုတော့ ရှိပါတယ်။ ငြိမ်းချမ်းရေးအမြင် တယောက်နဲ့ တယောက် မတူတာဟာကောင်းပါတယ်။ လူတွေ ဘက်ပေါင်းစုံစဉ်းစားလို့ ရတာ ပေါ့။ ဘယ်အတွေးအခေါ်မဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ ပြောပါစေ။ လိုအပ်တဲ့အခါ အများသဘောတူတဲ့လမ်းကို ကျနော်တို့ လျှောက်ဖို့ပဲ လိုတာပါ။ ကျနော်တို့က ဒီလိုတွေ ဟိုလိုတွေပြောနေပေမယ့် လူထုကလည်း သူနဲ့သင့်တော်တဲ့အယူအဆကို ရွေးမှာပဲ။ သူနဲ့မသင့်တော်ဘူးထင်တဲ့ အယူအဆဆိုရင် မြောင်းထဲ လွှင့်ပစ်လိုက်မှာပဲ။ လူထုဟာ ခြောက်တိုင်းမကြောက်တဲ့ အချိန်အခါမျိုး ရှိသလို မြှောက်တိုင်းလည်း လိုက်မလုပ်တတ်တာ ကျနော်တို့သိရမယ်။ ခြောက်တဲ့မြှောက်တဲ့လူရဲ့အခြေအနေနဲ့ ခြောက်လုံး မြှောက်လုံး တွေရဲ့ အတိမ်အနက်ကို လူထုက သိတယ်။ လူထုက ဘဝနဲ့ ရင်းပြီး ဒါတွေ ကို နောကျေနေပြီ။ ဒါကြောင့်မို့ အုပ်စိုးသူ ခြောက်တိုင်းမကြောက်တဲ့ အဖြစ်အပျက်တွေ မြှောက်ပေးတိုင်း လိုက်မလုပ်တဲ့အဖြစ်အပျက်တွေ ကျနော်တို့ လက်တွေ့ပဲမဟုတ်လား။ ဒါကြောင့်မို့ လူထုကို အကြံပြုတဲ့အခါ ကျနော်တို့ကိုယ်တိုင်က လက်တွေ့ကျဖို့ လိုအပ်တယ်။

အပြည့်အစုံသို့ ...
 
Free Burma from China's Colonialim Print E-mail
User Rating: / 8
သူတို့အာဘော်
Wednesday, 14 September 2011

“ဧရာဝတီတော်လှန်ရေး၊ ဧရာဝတီကယ်ဆယ်ရေး …
တရုတ်ပြည်ပ ကျူးကျော်မှုက မြန်မာတမျိုးသားလုံး ဆန့်ကျင်ကန့်ကွက်ကြ”
ကိုမိုက်ခဲစိန်။ မိုးမခ၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
ပြည်ပက မြန်မာတွေ တရုတ်သံရုံးတွေမှာ ကန့်ကွက်ဆန္ဒြ့ပကြမယ်ဆိုရင် …
လာမယ့် စက်တင်ဘာ ၁၉ ၊ တနင်္လာနေ့၊ နေခင်း ၁၂ နာရီလောက်မှာ၊ ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာတွေက ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ကြမယ်။ မြန်မာပြည်တွင်း ၈၈ မျိုးဆက်တွေရဲ့ တိုက်တွန်းချက်အပြင် ပြည်တွင်းက ပညာရှင်၊ စာနယ်ဇင်းသမား၊ မြန်မာပြည်ချစ်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟတ်နေတယ်လို့ ဆိုပါတယ်။ 
အပြည့်အစုံသို့ ...
 
Tun Maung Nyo - Op-Ed Print E-mail
User Rating: / 4
သူတို့အာဘော်
Tuesday, 13 September 2011

ကြမ်းတဲ့ ရမ်းတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း

တူမောင်ညို
စက်တင်ဘာ ၁၃၊ ၂၀၁၁

လျှပ်စစ်ဝန်ကြီးတဖြစ်လဲ ဗိုလ်ဇော်မင်း၊ မြစ်ဆုံစီမံကိန်းတွင် တွေ့ရပုံ

တင်စားပြီး အပြောများနေတဲ့ “မတူကွဲပြားတာတွေ ဘေးဖယ်ထားပြီး -- ပူးပေါင်းဆောင်ရွက်ကြဖို့” ဆိုတဲ့ မာတိကာထဲကို နောက်ဆုံး ဝင်ရောက်လာတာကတော့ “ဧရာဝတီမြစ်ကယ်တင်ရေးကိစ္စ” ဖြစ်လိမ့်မယ်လို့ ထင်ပါ တယ်ခင်ဗျ။

ဒီတစ်ခါဘေးဖယ်ပုံဖယ်နည်းကတော့ ကြမ်းလှ၊ ရမ်းလှသဗျာ။ ကြမ်းတဲ့ရမ်းတဲ့ပြောဆိုမှုထဲမှာ မောက်မာ ထောင်လွှားမှုနဲ့ ငါသိ ငါတတ်မှု ကလည်း “သတိ” ဆွဲထားတဲ့စစ်သားတစ်ယောက်လို တောင့်တောင့်တင်း တင်းပဲခင်ဗျ။

“ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှနောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေ လို့ နောက်ဆုတ်မှာ လားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်” တဲ့။

စစ်အာဏာရှင်စနစ်ရဲ့လုပ်နည်းလုပ်ဟန်တွေထဲမှာ အထင်ရှားဆုံးဖော်ပြချက်က “ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို လုံးဝအလေး မထားတာနဲ့ သူတို့ စိတ်ကြိုက်လုပ်ချင်တာလုပ်တဲ့လုပ်ဟန်” ပဲဖြစ်ပါတယ်။

“ဘမျိုးဘိုးတူ” လို့ ပြောရမှာပဲ။ သွားလေသူ သူတို့ “အဘ” ကလည်း “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ် ထောက်ဖောက်တာ မပါဘူး။ တည့်တည့် ပစ်တယ်”လို့ ဒေါသတကြီးပြောဆိုသွားတာပဲ။ ဒီတော့ နောက်နွား တစ်သိုက် ဖြောင့်ဖြောင့်လိုက်ကြတာ ဘာဆန်းမှာလဲ။ “ပျော့” လာတယ် ထင်သူတွေအတွက်တော့ ကိုယ်ရှိန်သပ်စရာ တစ်ခုဖြစ်လေမလားမသိပါ။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 283
 
Top! Top!