မာတိကာ arrow လူမှုရှုခင်း arrow ပေးစာများ
Friday, 22 September 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
ပေးစာများ
May Lay Lwin - Save Irrawaddy Print E-mail
User Rating: / 2
မိုးမခထံ ပေးစာများ
Wednesday, 28 September 2011
 
ဧရာဝတီ မြစ်ဆုံဆည် ဆက်မဖြစ်တည်ရ

မေလေးလွင်၊ စက်တင်ဘာ ၂၉၊ ၂၀၁၁

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းတာဝန်ရှိလူကြီးမင်းများထံသို့ …

ကျမက တိုင်းတပါးရောက်နေတဲ့ မြန်မာပြည်သူဖြစ်ပါတယ်။ ဘာမှ မတတ်တာမို့ တတ်တာ သိတာလေးနဲ့ပဲ ပန်ကြားပါတယ်။ မြန်မာပြည်သူ ဖြစ်တဲ့အားလျော်စွာနဲ့ မြစ်ဧရာအကြောင်း တစေ့တစောင်းမက ကြားနေခဲ့ သိနေခဲ့ရတာကိုပဲ ဆန္ဒပြုပါတယ်။ ဒီလိုပြောလို့ ငါတို့သာ သိတာမို့ပါ ဆိုရင်တော့ ကျမတို့ သုံးလူ့လောကမှာ မြတ်စွာဘုရားရှင်သာလျှင် အတုမရှိ အနှိုင်းမဲ့ အလုံးစုံ သိတော်မူသော အရှင် ဖြစ်တယ်ဆိုတာ အရင် ပြောပါရစေ။ ငါသာလျှင် အသိဆုံးဆိုရင်ဖြင့် ဘုရားရှင်နဲ့ ကိုယ့်ကို နှိုင်းယှဉ်နေမိတာမျိုး ဖြစ်သွားနိင်တာမို့ ဒီလို နှိုင်းယှဉ်မိရင်ဖြင့် အပယ်ရောက်မယ့်အရေးကို တင်ကြို သတိပေးပါရစေ။ ဘယ်သူမှ အသိဆုံး မရှိပါဘူး။ ကိုယ်တွေအသိဆုံးဆိုရင် ဒါ ကိုယ်ကျိုးတခုတည်း ဖြစ်မှာပါပဲ။
အပြည့်အစုံသို့ ...
 
Tu Maung Nyo - The voice of People in the grip of Burmese Luttaw Print E-mail
User Rating: / 0
မိုးမခထံ ပေးစာများ
Thursday, 22 September 2011
လွှတ်တော်လက်ခုတ်ထဲက ပြည်သူ့အသံနဲ့ ဆန္ဒ
တူမောင်ညို၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
ရေဘေးဒုက္ခကြုံရတဲ့ပြည်သူနဲ့ ပြည်ထောင်စုဝန်ကြီး ဆက်ဆံပုံတစ်ခု
ဤပုံကိုကြည့်ပါ။ ပြည်သူတွေနဲ့ သူတို့တတွေ တစ်သားတည်း၊ ကြမ်းတစ်ပြေးတည်းမထိုင်ကြဘူး။
 ဒီတော့ ပြည်သူ့ ခံစားချက်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ သူတို့မသိတာ ဘာမျှမဆန်းပါဘူး။

“ပြည်သူ့အသံ- လွှတ်တော်အသံ”
“ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ”
“ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” 
ဆိုသည့် လွှတ်တော်ဆောင်ပုဒ် ကို မေးခွန်းထုတ်ရမယ်။

တကယ့်လက်တွေ့မှာတော့ပြောင်းပြန်ဖြစ်နေပါတယ်။

“လွှတ်တော်အသံ - ပြည်သူ့အသံ”
“လွှတ်တော်ဆန္ဒ - ပြည်သူ့ဆန္ဒ”
“လွှတ်တော်ဆုံးဖြတ်ချက် -   ပြည်သူများ က ဖော်ဆောင်ရွက်”
 
Irrawaddy dams are explosive devices Print E-mail
User Rating: / 5
မိုးမခထံ ပေးစာများ
Saturday, 17 September 2011

""လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံး ထောင်ထားသလို လုပ်ထားတာ"
ကချင်ခေါင်းဆောင် ပြောပြသည့် မြစ်ဆုံရေကာတာ စီမံကိန်း အကြောင်း
စက်တင်ဘာ ၁၇၊ ၂၀၁၁

သမ္မတအကြံပေးအရာရှိတဦးဖြစ်သူ ဦးမြင့်က စာနယ်ဇင်းဌာန တချို့ကို စက်တင်ဘာ ၁၆ တွင် ပေးပို့သည်။

 ၂ဝ၁ဝ ဇူလိုင် ၂၂ နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် တွေ့ရသည့် ဦးမြင့်၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်
အပြည့်အစုံသို့ ...
 
Regime pays salary with small notes currency Print E-mail
User Rating: / 1
မိုးမခထံ ပေးစာများ
Friday, 29 July 2011

ဝန်ထမ်းလစာမှာ အရွက်သေးတွေ ထည့်ပေးပြီ
မောင်ကြွေးပူ၊ ဇူလိုင် ၃၀၊ ၂၀၁၁
ဒီနေ့ မြန်မာမှာ လခထုတ်ရက်။
ငွေအကြွေ (ငွေအကြွေဆိုလို့ အကြွေစေ့တွေ မထင်နဲ့ဦး။ ၂၀၀တန်၊ ၁၀၀ တန်၊ ၅၀ တန်ကို ဆိုလိုတာ)။ ၂၀၀တန်၊ ၁၀၀ တန်၊၅၀ တန် တအုပ်စီ လခငွေပေးတဲ့ထဲ ထည့်ပေးပါသတဲ့။ ပလပ်စတစ်အိတ်တွေနဲ့ထည့် ဆေးလိပ်မီးနဲ့ ပိတ်ပြီး သုံးနေရတဲ့ မသတီစရာ ငွေစက္ကူတွေအစား အခုလို အသစ်လေးတွေ ထုတ်ပေးတာတော့ ကောင်းတယ်လို့ ဆိုရမှာပေါ့လေ။ သကြားလုံး၊ တစ်သျှူးစက္ကူထုပ်တွေ အစားထိုး ပေးတဲ့စနစ်လည်း လျော့ပါး သွားမယ် ထင်ရဲ့။ တလတည်း ပေးမှာလား၊ လိုသလောက်ဘဏ်မှာသွားလဲလှယ်လို့ရသလားဆိုတာတော့ မသိရသေးဘူး။
မေးလ်ထဲဝင်လာတဲ့ ပုံလေးကိုလည်း မျှဝေထည့်ပေးလိုက်ပါကြောင်း။

အပြည့်အစုံသို့ ...
 
Burmese in Singapore in this weekend Print E-mail
User Rating: / 0
မိုးမခထံ ပေးစာများ
Friday, 13 May 2011
စင်္ကာပူမှာ မြန်မာကွန်မြူနီတီ လှုပ်ရှားမှု နဲ့သတင်းတိုထွာများ
မိုးမခမိတ်ဆွေ စင်္ကာပူ
မေ ၁၄၊ ၂၀၁၁
           လွန်ခဲ့တဲ့ ရက်အနည်းငယ် စင်္ကာပူအစိုးရနဲ့ အလုပ်သမားဌာနက ကြေညာချက် ထုတ်ပြန်ရာမှာ စင်္ကာပူမှာ အိမ်တွင်းမှုအလုပ်သမားအတွက် လစာသတ်မှတ်လိုက်ပြီ လို့ ဆိုပါတယ်။ အနိမ့်ဆုံးလစာကို စင်္ကာပူဒေါ်လာ ၃၈၀ က ၄၅၀ အတွင်း ဖြစ်မယ်လို့ ဆိုပါတယ်။ တီဗီမှာ သတင်းကြေညာသွားပေမယ့် အင်တာနက်သတင်း ထွက်မလာသေးဘူး။
ယနေ့ နဲ့ နက်ဖြန် မေ ၁၄ နဲ့ ၁၅၊ ပင်နီဆူလာပလာဇာ ကုန်တိုက်၊ ချယ်ရီမြေဘားမှာ ညနေ ၃ နာရီက ၅ နာရီ ပန်းချီပြပွဲနဲ့ အနုပညာပြသပွဲ ရှိပါတယ်။ ပန်းချီဆရာကတော့ ကဗျာဆရာ စောဝေ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းကို ခုမှ ရလို့ တင်လိုက်ပါတယ်။ Saw Wai’s Performance and Art Show လို့ ခေါ်တယ်လို့ ပြောပါတယ်။
ဒီနေ့ ၁၄၊ မေ ၂၀၁၁ ၊ စင်္ကာပူ ဓာတ်တော်တိုက်မှာ ညနေ ၄ နာရီက ၆ နာရီ စာရေးဆရာကြီး ဦးအောင်သင်း (၈၄ နှစ်) ကို စာပေ တပည့်သားမြေးများက သြ၀ါဒခံယူခြင်းနဲ့ ကန်တော့ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
 
America Suck Print E-mail
User Rating: / 5
မိုးမခထံ ပေးစာများ
Tuesday, 10 May 2011

အပြစ်က အမေရိကားမဟုတ်ဘူး

မိုးမခစာဖတ်သူတဦး (ဆန်ဖရန်ဘေးဧရိယာ)

မေ ၁၁၊ ၂၀၁၁

ဒီလက်မျိုးကဗျာကို ဖတ်ပြီး မိုးမခက ဆရာတွေဆီ စာရေးလိုက်တယ်။ သူက မဲဆောက်က အဖြစ်အပျက်တွေကို ထင်ဟတ်ပြီး ရေးတာ၊ မဲဆောက်ကြီးခင်မျာ ရစရာမရှိတော့ဘူး ဖြစ်နေတယ်။ ဟိုတခါ အောင်သာငယ်ကလည်း သူ့ကဗျာထဲမှာ အမေရိကန်မြို့တမြိုကို ဝေဖန်လိုက်တော့ စာဖတ်သူတဦးက ပြန်ရေးတဲ့ ကွန်မင့်ကို ဖတ်လိုက်ရတယ်။ သူတို့မြို့ကို မထိပါနဲ့ တဲ့။ ဒါကြောင့် အမြန်ရေးလိုက်တယ်။

အပြည့်အစုံသို့ ...
 
Burmese Migrant Workers in Jordan needs help from Burmese Embassy Print E-mail
User Rating: / 0
မိုးမခထံ ပေးစာများ
Friday, 06 May 2011

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများက မြန်မာကြံ့ဖွံ့သံရုံးကို စာရေးအကူအညီတောင်း

ပေးစာကို တဆင့်မျှဝေသူ ကိုမျိုမြင့်ချို

မိုးမခ၊ မေ ၇၊ ၂၀၁၁

လက်ခံရရှိသော စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 သို့/

ဒေါ်ခင်နီလာစိုး

သံအမတ်ကြီး

အီဂျစ်နိုင်ငံဆိုင်ရာမြန်မာသံရုံး                                                                                       

၅/၅/၂၀၁၁

အပြည့်အစုံသို့ ...
 
US Embassy post advisory on DV lottery announcement Print E-mail
User Rating: / 0
မိုးမခထံ ပေးစာများ
Saturday, 30 April 2011
ရန်ကုန်ရှိမေရိကန်သံရုံးက ဒီဗီမဲစနစ်အကြောင်း ပြန်ကြားစာထုတ်ပြန်
မိုးမခထံပေးစာ၊
ဧပြီ ၃၀၊ ၂၀၁၁
မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်သို့ ပြောင်းရွှေခွင့် မဲလျှောက်ထားသူများအထဲက မဲပေါက်သူများ ကြေငြာမည်ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး လိမ်ညာမှုများ၊ မသမာမှုများ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် သံရုံးက ပြန်ကြားစာထုတ်ပြန်လိုက်သည်။ အဆိုပါ ဘာသာပြန်ကို လက်ခံရရှိသည့်အတိုင်း တင်ပြလိုက်ပါသည်။
အပြည့်အစုံသို့ ...
 
Reader from Rangoon - Signature Campaign of Burma by the People for the People Print E-mail
User Rating: / 5
မိုးမခထံ ပေးစာများ
Wednesday, 27 April 2011
ပြည်သူလူထုကို ကိုယ်စားပြုသော လက်မှတ်ထိုးပန်ကြားလွှာ
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
ဧပြီ ၂၈၊ ၂၀၁၁
မြန်မာပြည်က ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့ ရွာတွေမှာ အထက်ပါလှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယခု သတင်းကြားသိသလောက်က စင်္ကာပူက မြန်မာတွေစုရပ် ပလာဇာမှာ၊ မလေးရှားက မြန်မာတွေအချင်းချင်းကြားထဲမှာ လက်မှတ်ထိုးပန်ကြားလွှာ လှုပ်ရှားမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။ အခုမိုးမခသတင်းအရ အမေရိကန်ပြည်ထောင်စုက မြို့နယ်တွေကလည်း နီးစပ်ရာ စတင်လုပ်ဆောင်နေတယ်၊ တိုင်ပင်နေကြပြီ ဆိုတော့ အလွန်ဝမ်းသာမိပါတယ်။
ဆရာကြီး ဦးဝင်းတင်နဲ့ ဒီနေ့မနက် စကားပြောဖြစ်တော့ ဆရာက ၀မ်းသာကြောင်း ပြောပါတယ်။ နှစ်ဆန်းတရက်နေ့က လက်မှတ်ထိုးထားတဲ့ စာရင်းမိတ္တူတွေ အင်တာနက်ပေါ်ရောက်နေပြီဆိုတော့ သူ အံ့သြသွားပါတယ်။ ဖေ့စ်ဘွတ်တွေ ဘာတွေက တဆင့် ရောက်တာနဲ့ တူတယ်လို့ သူက မှတ်ချက်ပေးပါတယ်။ မြန်မာပြည်သူတွေ အားလုံးက ၀ိုင်းပြီး အများကြီး တက်တက်ကြွကြွ ၀ိုင်းကြရမယ်၊ သူတို့တွေကိုယ်တိုင်လည်း အားပေး ထောက်ခံကြတဲ့ လှုပ်ရှားမှုပဲလို့ သူက ပြောပါတယ်။
အပြည့်အစုံသို့ ...
 
U Win Pe translated Inge Sargent's Book back in 1995 Print E-mail
User Rating: / 2
မိုးမခထံ ပေးစာများ
Friday, 08 April 2011
Twilight over Burma by Inge Sargent ကို မှုန်ရီဆိုင်း တိုင်းမြန်မာ အမည်ဖြင့်  ဒါရိုက်တာဦးဝင်းဖေ ဘာသာပြန်ခဲ့ဖူး
မိုးမခစာဖတ်သူတဦး (အရှေ့ဖက်ကမ်းခြေ)
ဧပြီ ၉ ၊ ၂၀၁၁
မိုးမခ၀ိုင်းတော်သားများ ခင်ဗျား
မိုးမခရဲ့  အခန်းဆက်အစီအစဉ် မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး ကို ကျနော်တို့ ဖတ်ရတာ အလွန်ကြိုက်နှစ်သက်မိပါတယ်။ ဘာသာပြန်သူ စာရေးဆရာ မေခကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။ အဲသည်မှာ တခုဖြည့်ပြောချင်တာက အဲသည် သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ကိုယ်တွေ့ဇာတ်လမ်းကို ရေးသားခဲ့သူ Inge Sarget ရဲ့ စာအုပ်ကို ၁၉၉၅ ခုနှစ် ၀န်းကျင်က အမေရိကန်ရောက် ဒါရိုက်တာဦးဝင်းဖေက အမည်မခံဘဲ တိုက်ရိုက်ဘာသာပြန်ခဲ့ဖူးပါတယ်။
အပြည့်အစုံသို့ ...
 
Ashin Pyinnyar Zawta - Burmese are not that stupid ... Print E-mail
User Rating: / 2
မိုးမခထံ ပေးစာများ
Friday, 25 March 2011
မြန်မာတွေ ငတုံး၊ ငအ မဟုတ်ပါ
အရှင်ပညာဇောတ (ဒေလီ)  - ၅၊ ၃၊ ၂၀၁၁
မတ် ၂၆၊ ၂၀၁၁
(ရဲရင့်ငယ် ဘလော့ဂ်မှာ တင်ထားတာနဲ့ နေ့သစ်ဝက်ဆိုက်ကစာhttp://www.naytthit.net/?p=111 ကို ပြန်လည် တင်ဆက်ပါတယ်)
တလောက မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ ပွဲပါ။
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 118
 
Top! Top!