မာတိကာ arrow စာပဒေသာ arrow အတွေးအမြင်
Wednesday, 22 February 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
အတွေးအမြင်
Dhamma Piya - Flowers Diary Print E-mail
User Rating: / 1
အတွေးအမြင်
Wednesday, 28 September 2011
နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ
ဘိက္ခုဓမ္မပိယ(USA)
စက်တင်ဘာ ၂၉၊ ၂၀၁၁
ဒီနေမနက်စောစော ဘုရားရှိမခိုးခင် ဘုရားစဉ်ရှေ့မှာထိုင်နေရင်း တွေးတစ်ခုဝင်လာတယ်။ ပန်းလေးတွေနဲ့စပ်တဲ့အတွေးပါ။ အာရုံမြင်ကွင်းက ဘုရားစဥရှေ့မှာရှိနေတဲ့ ပန်းအိုးရှစ်လုံး။ ပန်းအိုး ထဲမှာရှိနေတဲ့ပန်းတွေက အရောင်စုံ၊ အသွေးစုံ နှင်းဆီပန်းတွေလဲပါတယ်။ သစ်ခွပန်းတွေလဲပါတယ်။ ဒေလီယာပန်းတွေလဲပါတယ်။ အခြားအခြားအမည်မသိတဲ့ပန်းတွေလဲပါတယ်။ အဲဒီပန်းအိုးတွေထဲက ပန်းအိုးလေးလုံးထဲမှာရှိနေတဲ့ပန်းတွေက ညှိုးတတ်တဲ့ပန်းတွေ။ ကျန်တဲ့ပန်းအိုးတွေထဲကပန်းတွေက တော့ မညှိုးပန်းတွေ။ ပန်းတွေရဲ့ကွဲပြားခြားနားမှုကို သတိပြုမိတယ်။ ပန်းတွေကိုအမြဲတန်း လန်းဆန်း စေချင်လို့ မညှိုးပန်းတွေကို လှူထားရော့သလားလို့လဲတွေးမိပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ ဘုရားရှင်စင်ရှေ့ မှာတော့ ပန်းတွေနဲ့ဝေလို့။
အပြည့်အစုံသို့ ...
 
Dhamma Piya - Different Thought & Thinking Print E-mail
User Rating: / 2
အတွေးအမြင်
Tuesday, 13 September 2011
အမြင်မတူတဲ့အတွေးများ
ဘိက္ခုဓမ္မပိယ(USA)
စက်တင်ဘာ ၁၄၊ ၂၀၁၁
လူ့ဘဝနဲ့အတွေး။ လူ့ဘဝကိုရလာသူတိုင်း အတွေးဆိုတာရှိစမြဲပါ။ အတွေးကိုအခြေခံပြီး အထက်တန်းစား ဘဝ များသို့ ရောက်ရှိသွားသူများရှိသလို၊ အတွေးကိုအခြေခံပြီး အောက်တန်းစားဘဝများသို့ ရောက်ရှိသွားသူတွေကလဲဒုနဲ့ဒေး။ လူ့ဘဝမှာအရေးပါလှတဲ့ အတွေးဆိုတဲ့အရေးကိစ္စမှာ မှန်ကန်တဲ့အတွေး၊ မှားယွင်းတဲ့အတွေး၊ ဒီအတွေးနှစ်ခု ဘယ်သင်းကိုအရင်စလို့ ဘယ်သင်းကိုနောက်ချပြီး တွေးသင့်တယ်ဆိုတာ တွေးကြည့်ဖို့ပါ။
အပြည့်အစုံသို့ ...
 
Ashin Nyarnikar bi won tha - Article Print E-mail
User Rating: / 2
အတွေးအမြင်
Thursday, 08 September 2011
အမျှ ဘာကြောင့်ယူရတယ်
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၈၊ ၂၀၁၁

 

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊

ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊

အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်/

ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊

ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ် လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့ တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ် သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့ တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။ မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။

အပြည့်အစုံသို့ ...
 
Nyan Oo Maung - Sound of Bell Print E-mail
User Rating: / 2
အတွေးအမြင်
Friday, 02 September 2011
ခေါင်းလောင်းသံ ငါတို့ကြား
ဉာဏ်ဦးမောင်
စက်တင်ဘာ ၃၊ ၂၀၁၁
ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။
အပြည့်အစုံသို့ ...
 
Dhamma Piya - Flowers Print E-mail
User Rating: / 2
အတွေးအမြင်
Thursday, 01 September 2011
ပန်းမသီနိုင်တဲ့ကြိုး
ဘိက္ခုဓမ္မပိယ (USA)
စက်တင်ဘာ ၂၊ ၂၀၁၁
          စာမရေးဖြစ်တာ အတော်ကြာသွားပြီ။ အကြောင်းကတော့ မယ်မယ်ရရမရှိ။ ရေးချင်စိတ်တွေ မရှိလို့ မရေးဖြစ်တာပါ။ ဒါပေမဲ့ အခုတလော စာရေးချင်စိတ်တွေပြန်ဖြစ်ပေါ်လာတယ်။ ပညာရေးနှင့် ပတ်သက်တဲ့ အတွေး၊  ယုံကြည်မှုနဲ့ပတ်သက်တဲ့ ခံယူချက်တွေကို ပြောပြချင်လို့ပါ။ စာပေပညာရှင်တစ်ဦးမဟုတ်လေတော့ ဘယ်သူကကို ဘယ်လိုပြောမလဲဆိုတဲ့အတွေးက ဆင့်ကဲဖြစ်ပေါ်လာပြန်တယ်။ ဘာပဲဖြစ်ဖြစ် ပြောချင်တာကိုတော့ ပြောပါရစေ။
အပြည့်အစုံသို့ ...
 
Min Kaung Chit - Article Print E-mail
User Rating: / 4
အတွေးအမြင်
Tuesday, 30 August 2011

အဂတိတရားနဲ့ မိုးခါးရေ

မင်းကောင်းချစ်
သြဂုတ် ၃၁၊ ၂၀၁၁

 

အိန္ဒိယနိုင်ငံမှာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က အသက် ၇၄ နှစ်အရွယ် “အဲန်နာဟာဇာရီ”လို့ အမည်ရှိတဲ့ လူမှုရေးလှုပ်ရှားသူတဦးရဲ့ အစာငတ်ခံ ဆန္ဒပြမှုက စတင်တခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုဟာ အခုဆို အရှိန်အဟုတ်အတော်ကြီးမားနေပြီ။ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားတွေနဲ့ ၀ိသမ စီးပွားရေးသမားတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ဗျူရိုကရက်အရာရှိဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလိမ့်ခံစားခဲ့ရတဲ့ အိန္ဒိယပြည်သူတွေဟာ အဲန်နာဟာဇာရီရဲ့ နောက်မှာ တညီတညာထဲ စုရုံးထောက် ခံနေခဲ့ကြပြီ။

အဲ့ဒီလို ဘာကြောင့်ဖြစ်ခဲ့တာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ တိုင်းပြည်တခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစစ်လိုအပ်တဲ့ အခြေခံ ဒေါက်တိုင်ကြီး တွေထဲက စာရိတ္တမဏ္ဍိုင်ကြီး ယိမ်းယိုင်ချိနဲ့လာခဲ့လို့ပါဘဲ။ မျက်လုံးပေါ်မှာ အ၀တ်စီးပြီး ညီမျှတဲ့ချိတ်ခွင်ကိုကိုင်ထားတဲ့ Goddess of Justice အမှန်တရားစောင့် နတ်ဘုရားမပုံတွေကို တွေ့ဘူးလိမ့်မယ် ထင်ပါတယ်။ အမှန်တရားကိုစောင့်ရှောက်ရာမှာ ကျောသား၊ ရင်သားမခွဲခြား၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မျှတစွာ ဆုံးဖြတ်စောင့်ရှောက်မဲ့ အဓိပ္ပါယ်ဆိုလိုရင်းဖြစ်တယ်။ အဂတိတရားဟာ အဲဒီနတ်ဘုရားမနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ပါဠိစားဖြစ်တယ်။ အင်္ဂလိပ်လိုတော့ Partiality (Particularly in the dispensation of Justice) အမှန်တရားနှင့် ဥပဒေကို မျက်ကွယ်ပြုလျှက် မျက်နှာလိုက်ခွဲခြား စီမံဆောင်ရွက်ခြင်းဟု မြန်မာပြန်လို့ရမယ်ထင်ပါတယ်။

အပြည့်အစုံသို့ ...
 
Tu Maung Nyo - Article Print E-mail
User Rating: / 3
အတွေးအမြင်
Saturday, 20 August 2011

“ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” နောက်ကွယ်မှာ ဘာတွေရှိသလဲ

တူမောင်ညို
သြဂုတ် ၂၀၊ ၂၀၁၁



ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို မလွတ်တန်းဆုပ်ကိုင်ထားသည့် အခြေခံပေါ်တွင် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၁/၂၀၁၁) ကို သမ္မတဦးသိန်းစိန် အစိုးရက သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကိုအောက်ပါအတိုင်းတွေ့ရသည်။
၁။ တဖွဲ့ချင်းသာ ဆွေးနွေးမည်။

၂။ ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန်လိုအပ်သောလုပ်ငန်းစဉ်များကို သက်ဆိုင်ရာပြည်နယ်/တိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရမည်။

အပြည့်အစုံသို့ ...
 
Maung Maung One – silent protest Print E-mail
User Rating: / 6
အတွေးအမြင်
Saturday, 20 August 2011

ကြွေးကြော်သံတိတ် ဆန္ဒပြပွဲများ

မောင်မောင်ဝမ်း

သြဂုတ် ၂၀၊ ၂၀၁၁


 

ပဲခူးခရီးစဉ်အတွက် မီဒီယာတွေကတဆင့် ကြည့်လိုက်ရတာ ကြက်သီးတောင်ထမိတယ် .. များပြားလိုက်တဲ့ ပရိတ်သတ် … အန်တီစု မိန့်ခွန်းကလည်း အတွေ့အကြုံတွေ များလာလို့လားမသိဘူး ပိုရင့်ကျက်လာတယ်။ အန်တီစု လွတ်လာကတည်းက .. ပဲခူးခရီးစဉ်အဆုံး .. အန်တီစုကိုဝန်းရံနေကြတဲ့ .. လူပင်လယ်ကြီးကိုကြည့်ပြီး .. (ခင်ဗျားသာ အစိုးရအဖွဲ့ဝင်တဦးဦး ဖြစ်ခဲ့မယ်ဆိုရင် ) ဘယ်လိုမြင်မိမလဲ။

ဒါတွေဟာ တကယ်လား .. ဖန်တီးယူတာတွေလား .. ဖန်တီးထားတာတွေလားဆိုတာ … အားလုံးအသိ ဖြစ်နေပါလိမ့်မယ် … ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာ … ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်တယ်ဆိုတာကို ပြသလိုက်တာနဲ့ အတူတူပါပဲ။ ဒါ .. ကြွေးကြော်သံတိတ် ဆန္ဒပြပွဲ ဖြစ်တယ်…။

အပြည့်အစုံသို့ ...
 
Mudita Moon - Print E-mail
User Rating: / 0
အတွေးအမြင်
Thursday, 07 July 2011
မုဒိတာ လမင်း
(မုဒိတာလမင်း)
ဇူလိုင် ၇၊ ၂၀၁၁
ကြယ်တွေလတွေကို ငေးကြည့်မိဖို့ မေ့နေခဲ့တာ ကြာနေခဲ့ပါပြီ။ ဒီည ၁၂ နာရီကျော်ကျော်မှာ ရှားရှားပါးပါး ဖြစ် တောင့်ဖြစ်ခဲ ကောင်းကင်းမှာ လနှစ်စင်းသဏ္ဌာန် တွေ့ရမယ်ဆိုလို့ အခန်းထဲကထွက်ကာ ကောင်းကင်ကို မော့ ကြည့်ဖြစ်တယ်။ သူတို့ပြောသလို လနှစ်စင်းလိုတော့ မတွေ့ရပါဘူး။ အောက်မှာလည်း အလင်းရောင်က ရှိနေ၊ နောက်ပြီး ကောင်းကင်ကြီးကလည်း ကိုယ်ငယ်ငယ် ကိုယ့်မွေးရပ်မြေက ကောင်းကင်မှာလို ကြယ်တာရာ တွေက မစုံလင်လေတော့ တခုခု လိုနေသလို ခံစားမိတယ်။ အထူးသဖြင့်တော့ ကြယ်တွေလတွေအကြောင်း တခုတ်တရ ပြောပြတတ်တဲ့ အသံတစ်သံ ပျောက်နေသလိုဖြစ်နေလို့ လစ်ဟာနေသလို ထင်မိတယ်။
အပြည့်အစုံသို့ ...
 
Kan Tun Thit - The poisoned kiss and the sweet deaprture Print E-mail
User Rating: / 2
အတွေးအမြင်
Friday, 20 May 2011
ခါးသီးတဲ့ အနမ်းနဲ့ ချိုမြိန်တဲ့ လမ်းခွဲ
ကံထွန်းသစ်
မေ ၂၁၊ ၂၀၁၁
တံခါးဆွဲဖွင့်လိုက်တော့ မှုန်ပြပြ ကြမ်းပြင်ပေါ်မှာ စာရွက်ခေါက်လေးတစ်ခုက ကြိုလင့်နေတယ်၊ ကောက်ယူပြီး မီးရောင်မှာကြည့်မိတော့ အစိမ်းနုရောင်အောက်ခံမှာ အနီရင့်နဲ့ ရိုက်ထားတဲ့ ကွက်ရှင်မှတ်နဲ့စာတစ်ကြောင်း၊
ဖန်ဆင်းရှင်က သင့်အပြစ်ကို ဘယ်လိုဖယ်ရှားပေးတယ်ဆိုတာ သိလိုသလားတဲ့၊
အပြည့်အစုံသို့ ...
 
Nyan Oo Maung - Your Shelter is dying Print E-mail
User Rating: / 1
အတွေးအမြင်
Thursday, 24 March 2011

ရွက်ဖျင်တဲလေး ပြိုလဲလုပြီ

ဉာဏ်ဦးမောင်

မတ် ၂၄၊ ၂၀၁၁

ဇရာလွှမ်းလဲ နွမ်းလို့မကြွေဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖြစ်တယ်။ ဇရာသဘောအရ အရွယ်အိုပေမယ့် အကြင် နာဆိုတာကတော့ မအိုနိုင်တဲ့အကြောင်းလေးတစ်ခုပါ။ ဖတ်ဖြစ်တဲ့သူအချို့က ခံစားမိရကြောင်း ပြောလာတယ်။ ခံစားခြင်းကနေ စာနာနားလည်နိုင်ခြင်း၊ ဒီကမှတဆင့်တက်လို့ အကြင်နာနှစ်လုံးသားကနေ ပေါ်ထွက်လာတဲ့ စာနာခြင်းအလှပုံလွှာတွေ လက်တွေ့ဘဝထဲအထိ အရောက်သယ်ဆောင်နိုင်ပါစေကြောင်းကိုလည်း ဆုတောင်း မိတယ်။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 Next > End >>

Results 1 - 11 of 65
 
Top! Top!