မာတိကာ arrow မျက်မှောက်ရေးရာ arrow သတင်းဆောင်းပါး
Wednesday, 26 July 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
သတင်းဆောင်းပါး
Burmese in Rangoon marked 4th Anniversary of Saffron Revolution Print E-mail
User Rating: / 2
သတင်းဆောင်းပါး
Monday, 26 September 2011
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ လှုပ်ရှားမှုများ
တာရာဝေယံ၊ စက်တင်ဘာ ၂၇၊ ၂၀၁၁
ယမန်နေ့ စက်တင်ဘာ ၂၆ မနက်ပိုင်းက ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုအလှူဒါနများနဲ့ ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်၊ မိခင်ဧရာဝတီကို ကာကွယ်စောင့်ရှောက်ကြသူများ ကွယ်ယက်နဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နေကြသူများက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...
 
Maung Maung one - Articles Print E-mail
User Rating: / 1
သတင်းဆောင်းပါး
Sunday, 25 September 2011
လေမှာဝဲပျံ ခွပ်ဒေါင်းအလံ
မောင်မောင်ဝမ်း
စက်တင်ဘာ ၂၆၊ ၂၀၁၁

မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ အာဏာရှင်ဆန့်ကျင်ရေးသမိုင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကြိုး ပမ်းမှုသမိုင်းများတွင် ကျောင်းသားထု၏ကိုယ်စားပြု တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ အား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် ဒေသ ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင်လွင့်ထူခွင့်ပေးခဲ့သည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။

မူလက ခွပ်ဒေါင်းအလံတော်သည် ကျောင်းသားထု၏ကိုယ်စားပြု အထွတ်အမြတ်ထားရာ သင်္ကေတဖြစ် ခဲ့သော်လည်း သမိုင်း၏တောင်း ဆိုချက်အရ ပြည်သူလူထုတရပ်လုံး၏ နှလုံးသည်းပွတ်၊ တိုက်ပွဲဝင် နိမိတ်ပုံ အားမာန်ဖြစ်ခဲ့ပါသည်။

အပြည့်အစုံသို့ ...
 
The Geek - Gadafi Days are Over Print E-mail
User Rating: / 7
သတင်းဆောင်းပါး
Tuesday, 30 August 2011
ကဒါဖီ နေ၀င်ပြီ
နိုင်ငံတကာသာဂိ၊ သြဂုတ် ၃၁၊ ၂၀၁၁
၂၀၁၁ နှစ်ဆန်းက အာရပ်နွေဦး လှုပ်ရှားမှုမှာ ရှေ့တန်းရောက်လာတဲ့ လစ်ဗျားပြည်သူတွေရဲ့ ကဒါဖီအာဏာရှင်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုဟာ ၆ လ ကျော်ကြာမှ တော်လှန်ရေးသမားတွေအတွက် နေရောင်မြင်ရတယ်။ အာဏာရှင်ကဒါဖီအတွက် နေ၀င်ချိန် အခုမှ စတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်မှာ သူပုန်တပ်တွေက မြို့တော် ထရီပိုလီကို သိမ်းနိုင်တယ်။ ကဒါဖီနဲ့ စစ်အာဏာရှင်နောက်လိုက်များဟာ သူတို့ရဲ့ နောက်ဆုံး ခံတုတ် ဆာဖ်မြို့မှာ ချောင်ပိတ်မိနေပြီး၊ သူ့မိသားစုက အာဏာရှင်မိတ်ဆွေ အယ်ဂျီရီးယားနိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားပြီလို့ ဆိုတယ်။
အပြည့်အစုံသို့ ...
 
SF Bay Burmese met with White House Asian Initiatives Print E-mail
User Rating: / 5
သတင်းဆောင်းပါး
Friday, 19 August 2011
  အိမ်ဖြူတော်က အာရှပစိဖိတ်ရေးရာတာဝန်ခံနှင့် ဘေးဧရိယာမြန်မာတို့ တွေ့ဆုံပွဲမြင်ကွင်း
မိုးမခ၊ သြဂုတ် ၂၁၊ ၂၀၁၁
သြဂုတ် ၁၈၊ ညနေခင်း ၇နာရီက ၈ နာရီခွဲအထိ ဥက္ကလံမြို့ Oalkand Digital Arts & Literacy Center (www.odalc.org ) မှာ အိမ်ဖြူတော်က အာရှနဲ့ပစိဖိတ် အမေရိကန်သားများရေးရာ ဦးဆောင်သူ Daphne Kwok  နဲ့ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားများအနက် လူမှုကူညီရေး ဒုက္ခသည်စောင့်ရှောက်ရေး လုပ်ငန်း လုပ်ကိုင်နေသူများ၊ မြန်မာအရေးစိတ်ဝင်စားသူများ တွေ့ဆုံပွဲ ကျင်းပဖြစ်ခဲ့တာကို တွေ့ရပါတယ်။
အပြည့်အစုံသို့ ...
 
News Features Print E-mail
User Rating: / 1
သတင်းဆောင်းပါး
Monday, 08 August 2011

၈ လေးလုံး (၂၃) နှစ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲနဲ့  အမှတ်တရတွေ့ ဆုံကြတဲ့အခမ်းအနား
အောင်မျိုးထွန်း
သြဂုတ် ၈၊ ၂၀၁၁

အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေစတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ရတဲ့အခါ စိတ်ထဲမှာဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်း ကိုရဲလွင်နဲ့အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ်ငြိမ်သက်ခြင်း အစီအစဉ်ကို ဦး ဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့ ပထမပိုင်းကတော့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးတို့အတွက်ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေး ကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော်ရဲဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Int'l TheGeek - News Headlines beyond Burma - End July Print E-mail
User Rating: / 5
သတင်းဆောင်းပါး
Thursday, 28 July 2011
အငြင်းပွားချင်စရာ မျက်မှောက်အရေးအခင်းကိစ္စများ၊ ဇူလိုင် လကုန်
နိုင်ငံတကာသာဂိ
ဇူလိုင် ၂၉  ၊ ၂၀၁၁
အမေရိကန်မှာ အကြွေးမျက်နှာကျက်ကို မြှင့်ကြဖို့ ငြင်းခုန်နေဆဲ
       အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်သတ်မှတ်ကာလတိုင်းမှာ လက်ရှိဝင်ငွေထက် ပိုပြီး သုံးငွေတွေ လျာထားမိတယ် ဆိုရင် ချေးငှားသုံးစွဲခွင့်ကို တိုးမြှင့်ဖို့ လွှတ်တော်မှာ ဆန္ဒမဲယူပြီးတော့ စီမံကိန်းများ အကြံပြုချက်များ တွဲပြီး ဆွေးနွေး ဆုံးဖြတ်လေ့ရှိတယ်။ အကြွေးထားပြီး သုံးစွဲခွင့်ကို တိုးမြှင့်တာဖြစ်လို့ အိမ်ရဲ့ မျက်နှာကျက်ကို မြှင့်သလိုမျိုး အကြွေးမျက်နှာကျက်မြှင့်တင်တယ်လို့ (Debt Ceiling Rasie) လို့ ခေါ်ပါတယ်။
အပြည့်အစုံသို့ ...
 
Burma Martyrs Day marked openly by Burmese public and Suu Print E-mail
User Rating: / 2
သတင်းဆောင်းပါး
Tuesday, 19 July 2011
အင်န်အယ်ဒီ ဌာနချူပ်ရှေ့က လူထု၏ အာဇာနည်နေ့မြင်ကွင်း
မိုးယံမခ၊ ဇူလိုင် ၂၀၊ ၂၀၁၁
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စု နီးပါးလောက်က ပျောက်ကွယ်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ ကျင်းပတဲ့ အလေ့အထကို တနိုင်ငံလုံးမှာ ပြန်လည်နိုးထလာအောင် ယမန်နေ့မနက်က ကျင်းပခဲ့တဲ့ အင်န်အယ်ဒီ အဖွဲ့ချုပ်ရုံးရဲ့ အာဇာနည်နေ့ပွဲက လှုပ်နှိုးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အပြည့်အစုံသို့ ...
 
Int'l TheGeek - News Headlines beyond Burma - End June Print E-mail
User Rating: / 4
သတင်းဆောင်းပါး
Monday, 27 June 2011
အငြင်းပွားချင်စရာ မျက်မှောက်အရေးအခင်းကိစ္စများ၊ ဇွန် လကုန်
နိုင်ငံတကာသာဂိ
ဇွန် ၂၈ ၊ ၂၀၁၁
အမေရိကန်သမ္မတလောင်းတွေ လာပြီ
            လာမည့် ၂၀၁၂ မှာ သမ္မတရွေးကောက်ပွဲ တပတ်လည်လာပြီဆိုတော့ အခုကတည်းက အမေရိကန်မှာ သမ္မတလောင်းတွေက လူထုကြားထဲထွက်ပြီး အားစမ်းကြပြီ။ မိခင်ပါတီကိုလည်း မဲဆွယ်နေကြပြီပေါ့။ အာဏာရသမ္မတ အိုဘားမားရဲ့ ဒီမိုကရက်ပါတီကတော့ လူသစ်တင်မှာ မဟုတ်ဘူး။ အိုဘားမားကပဲ ဒုတိယသက်တမ်း ၀င်အရွေးခံမှာ ဖြစ်တယ်။
အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီကတော့ သမ္မတလောင်းတွေက မှိုလိုပေါက်နေပြီ။ တလောက ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းများ စကားရည်လုပွဲမှာ သူတို့ပါတီက ၀င်ပြိုင်ချင်သူ ၇ ဦး ၀င်နွှဲတယ်။ အချင်းချင်း အပြိုင်အဆိုင်စကားနိုင်လုတာမျိုး မဖြစ်လာဘဲနဲ့ အာဏာရသမ္မတကြီး အိုဘားမားကို အားလုံးက ၀ိုင်းပြီးတော့ ပြစ်တင်ဝေဖန်တဲ့ ပွဲကြီးအဖြစ်နဲ့ ဇာတ်သိမ်းသွားတယ်။ သူတို့က ဘုံရန်သူကို ၀ိုင်းတိုက်နေလိုက်ကြတာ နောက်တခါ သမ္မတရွေးရင် ရီပတ်ဘလစ်ကန်ပါတီက သမ္မတကို တပြိုင်နက်တည်း ၇ ယောက်များ ခန့်ထားကြမယ်လား မသိဘူးလို့ ဝေဖန်သူတွေက ဟားကြလေရဲ့။
အပြည့်အစုံသို့ ...
 
Social Networks become Political Theater for Burmese Youths Print E-mail
User Rating: / 3
သတင်းဆောင်းပါး
Sunday, 19 June 2011
ဆိုရှယ်နက်ဝေါ့ ၀က်ဆိုက်များမှာ မိမိ၏ နိုင်ငံရေးအမြင်ကို ထုတ်ဖေါ်နိုင်သည့် နေရာဖြစ်လာ

ရွက်လှ၊ ရန်ကုန်

ဇွန်လ ၁၉၊ ၂၀၁၁

အွန်လိုင်းပေါ်ကပြည်တွင်းစစ်၏ အသံ

” ကချင်ဒုက္ခသည်တွေအတွက် လက်တလောမှာ အရမ်းကို စိတ်ပူစရာကောင်းနေပါတယ် ကျတော်တို့ အားလုံးလည်း ၀န်းရံပံ့ပိုးပေးသင့်တယ်မဟုတ်လား အမြန်ဆုံးငြိမ်းချမ်းပါစေ ”

အပြည့်အစုံသို့ ...
 
Ashin Pyinnyar Nanda - Unity Print E-mail
User Rating: / 1
သတင်းဆောင်းပါး
Wednesday, 15 June 2011
ညီညွတ်မှ အောင်ပွဲခံနိုင်မည်

အရှင်ပညာနန္ဒ

ဇွန် ၁၆၊ ၂၀၁၁

 

 

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီး ၃ တိုက်တို့၏ အဓိပတိနှင့် မဟာနာယကချုပ် ဖြစ်တော်မူသော ဆရာတော်ကြီး ဘဒ္ဒနရာဇဓမ္မာဘိဝံသဟာ အမေရိကန်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဓမ္မဒူတခရီး ကြွရောက်တော်မူလာပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ နယူးယောက်ပြည်နယ် Rensselaer မြို့၊ ဓမ္မဝါဒီ အောင်မြေ မင်္ဂလာကျောင်းဆရာတော် ဦဿးရိယနှင့်စေတနာရှင်ဒကာ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် တရားဓမ္မများချီးမြှင့်ရန် နောက်ပါသံဃာနှစ်ပါးနှင့်အတူ ကြွရောက်တော်မူလာပါတယ်။

အပြည့်အစုံသို့ ...
 
meeting of the political prisoners' families Print E-mail
User Rating: / 2
သတင်းဆောင်းပါး
Monday, 13 June 2011

  ရင်ဆိုင်ရမယ့် လမ်း

ခင်နှင်းလွင်

ဇွန် ၁၃၊၂၀၁

သုမိတ္တာ ၄ လမ်း ဘယ်ဘက်မှာလဲလို့ မေးလိုက်တဲ့အခါမှာ ဆိုက်ကားဆရာက ဟိုဘက်က ရပ်ကွက်ပဲလို့ ညွှန်ပြပါတယ်။ သူညွှန်တဲ့ဘက်ကို ကြည့်လိုက်တော့ မီးရထားလမ်းရဲ့ တဖက်မှာရှိတဲ့ အိမ်တန်း ခပ်နိမ့်နိမ့်တွေကို မြင်လိုက်ရပါတယ်။ ကားလမ်းကိုကူး မီးရထားလမ်းကို ဖြတ်ပြီး အ၀င်လမ်းမှာ လဘက်ရည်ဆိုင် ခပ်ကြီးကြီး နှစ်ဆိုင်ကို ကျော်ဖြတ်ပြီးနောက် လက်ဝဲဘက်ကို ချိုးဝင်လိုက်ကာ လမ်းနံပါတ်တွေကို ကြည့်သွားပါတယ်။
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 257
 
Top! Top!