မာတိကာ arrow SUU66
Wednesday, 18 January 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
SUU66


Poem for SUU - Than Win Hlaing Print E-mail
User Rating: / 2
SUU66
Tuesday, 23 August 2011

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ - အပိုင်း (၄)
သန်းဝင်းလှိုင်
သြဂုတ် ၂၃၊ ၂၀၁၁



ဒေါင်းကြယ်စင်၏ မြတ်မိခင်ဒေါင်းကဗျာနှင့် ကြည်မောင်သန်း၏ မိခင်မုဆိုးမ ကမ္ဘာစိုးမင်း၏ ဆုံမှတ် ကဗျာတို့သည် ဒေါ်စု၏ မွန်မြတ်သော နိုင်ငံချစ်စိတ်ဓါတ်နှင့် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ တိုက်ပွဲဝင်နေသော အောင်ဆန်းစိတ်ဓာတ်ကိုဖော်ပြနေပေသည်။

မြတ်မိခင်ဒေါင်း
ဒေါင်းကြယ်စင်

အမှောင်မသန်း၊
အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။
မြန်ပြည်ထုရဲ့၊
အန်တီစု ဇာနည်။
ကွေ့မပြေးပါဘူး၊
ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊
တည်ကြည်ဆဲဟေ့ ဘာမထီ၊
ဗမာပြည်ရဲ့ ခေါင်းဆောင်ကောင်း။

အပြည့်အစုံသို့ ...
 
Poem for SUU - Than Win Hlaing Print E-mail
User Rating: / 0
SUU66
Monday, 22 August 2011

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ (၃)

သန်းဝင်းလှိုင်
သြဂုတ် ၁၈၊ ၂၀၁၁



နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၀ ပြည့်နေ့နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် ကဗျာဆရာမောင်ကြူး ရင့်နှင့်စစ်အကျဉ်း ထောင်မှပြန်လည် လွတ်မြောက် လာသော ဇေယျာသော်တို့ကလည်း အောက်ပါအတိုင်း ခံစား ရေးဖွဲ့ပေးခဲ့ကြသည်။ ခံစားကြည့်ကြပါစို့။

မျိုးဆက်ဇာတိသွေး
(မောင်ကြူးရင့်)

ဗိုလ်မင်းရောင်သွေး
အောင်ဆန်းသွေးတို့စုဝေးခဲ့ရာ
ငါ့ခန္ဓာသည် ငါ့တိုင်းပြည်နှင့်
ငါ့ပြည်သူတွက်ဖြစ်ရမည်။ ။

အပြည့်အစုံသို့ ...
 
Poem for SUU - Than Win Hlaing Print E-mail
User Rating: / 1
SUU66
Friday, 19 August 2011

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ (အပိုင်း -၂)

သန်းဝင်းလှိုင်
သြဂုတ် ၁၈၊ ၂၀၁၁


ပန်းချီ - ကိုမျိုး

ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ မှ ယနေ့တိုင်ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရဲဝံ့တက်ကြွစွာ ပြည်သူလူထုကြီးနှင့်အတူ ရုန်းကန်နေမှုကို ကဗျာဆရာ မောင်နွေထက်က အောက်ပါအတိုင်း ခံစားရေးဖွဲ့ထားသည်။

၆၆ ဒါမှမဟုတ် ဒီမိုကရေစီအလင်းပွင့်ထဲက မဟာအာဇာနည်
(မောင်နွေထက်)

 ဒီမိုကရေစီစနစ်ကို ပုံဖော်ရာ၌
တဦးတယောက်ထဲလုပ်ဆောင်လို့မရနိုင်ပါဘူး။
လုပ်သားပြည်သူအားလုံး ပူးပေါင်းလုပ်ကိုင်
ဆောင်ရွက်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်
၆၆….တဲ့
အမှောင်ခေတ်အိုကြီးထဲက
တောက်ပတဲ့အလင်းသက္ကရာဇ်
ရွှေရောင်တွေနဲ့ ၀င်းထိန်
သေခြင်းမဲ့ အလင်းအိမ်ပေါ်ကတေး
ငါ….ဟောဒီမနက်ခင်းသစ်ထဲမှာမွေးလို့…
အပြည့်အစုံသို့ ...
 
Poem for SUU - Than Win Hlaing Print E-mail
User Rating: / 3
SUU66
Thursday, 18 August 2011

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ (အပိုင်း - ၁)

သန်းဝင်းလှိုင်
သြဂုတ် ၁၈၊ ၂၀၁၁



လူသားတိုင်းသည် စည်းစိမ်ချမ်သာကို အလိုရှိ၏။ ဆင်းရဲဒုက္ခမှ ကင်းဝေးလို၏။ ချီးမွမ်း မြှောက်ပင့်မှုကိုခံယူလို၏။ ကဲ့ရဲ့ရှုတ်ချခြင်းခံရခြင်းမှ လွတ်ကင်းလို၏။ သူတစ်ထူးအကျိုးထက် မိမိအကျိုးကိုသာ ပိုမို၍လိုလားပေသည်။ ဤသည်မှာ သာမန်လူသားတိုင်းတွင်ရှိတတ်သော သဘောထားပင်ဖြစ်သည်။

သာမန်လူအဆင့်မှ ကျော်လွန်၍ စည်းစိမ်ချမ်းသာကို မမက်မောသူ ဆင်းရဲဒုက္ခကို မမှုသူ၊ မြှောက်၍လည်းမမြောက် ခြောက်၍လည်း မကြောက်သူ၊ ကိုယ်ကျိုးကိုစွန့်၍ အများအကျိုးအတွက် မိမိယုံကြည်ချက်ကို ရင်ဝယ်ပိုက်၍ သတ္တိရှိရှိဆောင်ရွက်နေသော အကြင်ပုဂ္ဂိုလ်တို့ သည် ဤလောက၌ တကယ်ရှိသည်ဆိုအံ့။ စံတင်ထိုက်သူ မော်ကွန်းတင်ထိုက်သူဖြစ်သည်။ အများ၏ ကြည်ညိုလေးစားထိုက်သော ပုဂ္ဂိုလ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်အစိုးရကို ဖယ်ရှားနေသူသက်သက်သာမဟုတ်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက် ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိပြည်သူလူထုကြီးနှင့်အတူ တိုက်ပွဲဝင်နေသူဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်ကို အထ္ထုပ္ပတ္တိရေးသူများက ရေးကြသည်။ ဆောင်းပါးရေးသူများက ရေးကြသည်။ ဇာတ်လမ်းဆင်ကာ သူ့ဘ၀တစ်စိတ်တပိုင်းကို ဗီဒီယို မှတ်တမ်းရိုက်သူကရိုက်၍ ရုပ်ရှင်ရိုက်သူက ရိုက်ကြသည်။ ထိုနည်း တူစွာ ကဗျာဆရာများကလည်း ကဗျာစပ်၍မှတ်တမ်းတင်ခဲ့ကြသည်။

အပြည့်အစုံသို့ ...
 
SUU 66 - ebook honoring Suu with 66 artists and friends of MoeMaKa Print E-mail
User Rating: / 1
SUU66
Sunday, 19 June 2011

စု ၆၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေအနုပညာမိတ်ဆွေ ၆၆ ဦးနဲ့ မိုးမခရဲ့ အမှတ်တရ စာစုလက်ဆောင် ထွက်ရှိ
မိုးမခ၊ ဇွန် ၂၀၊ ၂၀၁၁
ဇွန်လ ၁၉  ရက်၊ ၂၀၁၁ မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကို ရည်စူးဂုဏ်ပြုတဲ့ စာပေလက်ဆောင်အဖြစ် မိုးမခစာနယ်ဇင်းနဲ့  စာပေအနုပညာမိတ်ဆွေ ၆၆ ဦးရဲ့ အမှတ်တရစာစု အီးဘုတ် ထွက်ရှိပြီ ဖြစ်ပါတယ်။
ကာတွန်း ၄၊ စာစု ၈၊ ကဗျာ ၁၈၊ ဆောင်းပါး ၁၀၊ ဒီဇိုင်း ၆၊ သရုပ်ဖော် ၆ နဲ့ သီချင်း ၃ ခု ပါဝင်ပြီး မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအားဖြည့်ကြတာဖြစ်ပါတယ်။ သည်လိုအနုပညာတင်ဆက်မှုဟာ အဝေးတနေရာစီမှာ ပြန့်ကျဲရောက်ရှိနေကြတဲ့ အနုပညာ၊ စာပေမိတ်ဆွေတွေရဲ့ ကိုယ်ထူကိုယ်ထ စုစည်းပြီး တယောက်တလက် ဖော်ဆောင်တဲ့ အနုပညာလှုပ်ရှားမှု အမှတ်တရဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အပြည့်အစုံသို့ ...
 
Maung Maung One - Suu 66 e-Book is now online Print E-mail
User Rating: / 0
SUU66
Saturday, 18 June 2011

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု စာစု
မောင်မောင်ဝမ်းရဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ”
အမှတ်တရ အီးဘုတ် မိုးမခစာနယ်ဇင်းအဖွဲ့က တင်ဆက်
မိုးမခ၊ ဇွန် ၁၉၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုများကို မိမိကိုယ်တိုင် ကြုံသိခဲ့သမျှဖြင့် အခြေခံပြီး ထုတ်ဖော်ရေးသားထားတဲ့ အင်တာနက်ပေါ်က စာရေးဆရာတဦးဖြစ်သူ မောင်မောင်ဝမ်း၏ ဆောင်းပါးများကို မိုးမခမီဒီယာက စုစည်းပြီး စု ၆၆ မွေးနေ့အမှတ်တရအဖြစ် အီးဘုတ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။
အပြည့်အစုံသို့ ...
 
Suu Message for her own 66 Birthday Print E-mail
User Rating: / 3
SUU66
Saturday, 18 June 2011
ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့စကား
ဒီဗီဘီရုပ်သံ တင်ဆက်မှုက ပြန်လည်ကောက်နုတ်တင်ပြသည်
ဇွန် ၁၉ ၊ ၂၀၁၁
အမှန်ပြောရမယ်ဆိုရင်တော့ ထူးထူးခြားခြား ဘာအနက်အဓိပ္ပါယ်မှ မရှိပါဖူး၊ မွေးနေ့ ဆိုတာ မွေးနေ့ ပါဘဲ၊ တစ်နှစ်နဲ့ တစ်နှစ် ကျော်လွန်သွားရတာပေါ့နော်၊ အဲ့ဒီတော့ တစ်နှစ်ပိုပြီး ကြီးလာလို့ လည်း အခြေအနေတွေက ထူးခြားချင်မှ ထူးခြားမှာ၊ တစ်ခါတစ်လေ တစ်နေ့ ကြီးသွားရုံနဲ့ လည်း ထူးခြားတာတွေ ရှိပါတယ်။ အဲ့ဒါကြောင်မို့  ထူးခြားတယ်ဆိုလို့ မွေးနေ့ ဆိုပြီး သတ်မှတ်ထားတာ တစ်ခုပါဘဲ။
ဘ၀ရဲ့ အောင်မြင်မှုတွေ လွဲချော်မှုတွေဆိုတာ တော်တော်ကြာမှ သုံးသပ်နိုင်တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Pwintphyu Nandar - Suu 66 Print E-mail
User Rating: / 0
SUU66
Saturday, 18 June 2011
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မြောက်မွေးနေ့ အမှတ်တရလက်ဆောင်
ပန်းချီ - ပွင့်ဖြူနန္ဒာ
 
Ashin Kaung - SUU 66 Print E-mail
User Rating: / 1
SUU66
Saturday, 18 June 2011

ပွဲဝင်မည့် အမေ

အရှင်ကောင်း (ရွှေဝါရောင်)
ဇွန် ၁၈၊ ၂၀၁၁

 

နိပါတ်တော်ထဲမှာ
မည်းမည်းကြုတ်ကြုတ်၊ ဝက်တအုပ်လေ
နွံသုတ်ရွှံ့လူး
ပတ္တမြားဂူရောင် မှောင်စေရွယ်စူးသတဲ့။

အပြည့်အစုံသို့ ...
 
ThitkaungEain - SUU 66 Print E-mail
User Rating: / 1
SUU66
Friday, 17 June 2011

ဇွန်ပန်းရုံအနီး နွံထဲ၌ သမိုင်းဘီးကျွံနေဆဲများ

သစ်ကောင်းအိမ်
ဇွန် ၁၈၊ ၂၀၁၁


ဝက်လိုလူးမလား ...
ကြာလိုပွင့်မလား ...
နွံထဲလည်း နွံထဲအလျောက်
စစ်ထဲလည်း စစ်ထဲအလျောက်

အပြည့်အစုံသို့ ...
 
Min Kyaw Khine - SUU66 Print E-mail
User Rating: / 0
SUU66
Friday, 17 June 2011

မင်းကျော်ခိုင်ရဲ့ ဒေါ်စု ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ

ဇွန် ၁၈၊ ၂၀၁၁

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 Next > End >>

Results 1 - 11 of 57
 
Top! Top!