မာတိကာ arrow HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
Wednesday, 22 February 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း


Shwe Chinthe Articles on PLHA - When my son cries hungry Print E-mail
User Rating: / 2
Tuesday, 30 August 2011
ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်
မစိမ့်၊ သြဂုတ် ၃၀၊ ၂၁၁
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကျွန်မ စစခြင်းတုန်းက ကျွန်မဒီရောဂါ ဖြစ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိခဲ့ပါဘူး။ ကျွန်မ ချောင်းတွေ အရမ်းဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကနေပြီး ရွှေခြင်္သေ့ကို လိုက်ပို့ပေးဖို့ ကျွန်မသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်။ သူက အဲဒီကိုသွားနေတဲ့ ရောဂါသည်ပါ၊   ဒါပေမယ့် လိုက်မပို့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီး သွေးစစ်လိုက်တော့ ကျွန်မမှာ ကူးစက်ရောဂါ ရှိတယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။ ကူးစက်ရောဂါ ရှိတယ်လို့ ပြောလိုက်တော့ ကျွန်မ အရမ်းကိုပဲ တုန်လှုပ်ခြောက်ချားသွားခဲ့တယ်။ ဆရာဝန်ကြီးက နင်ဒီရောဂါ ရှိလို့ တုန်လှုပ်သွားသလား၊ စိတ်ဓာတ်ကျသွားသလားလို့ မေးတော့ ကျွန်မစိတ်ဓာတ်မကျဘူးလို့ ပြောလိုက်ပါ တယ်။ အဲဒီ အချိန်မှာ ကျွန်မ ဆရာဝန်နဲ့ တိုင်ပင်ပါတယ်။ နောက်ပြီး ဓာတ်မှန်ရိုက်ကြည့်လိုက်တော့ တီဘီ ရောဂါရှိမှန်း သိလိုက်ရပြန်တယ်။ ကျွန်မမှာ ရောဂါ (၂) မျိုးပေါ့နော်။
အပြည့်အစုံသို့ ...
 
Shwe Chinthe Volunteers' Diary Print E-mail
User Rating: / 3
Friday, 24 June 2011

အိမ်တိုင်ယာရောက် အားပေးကူညီသူလုပ်အားပေးတို့၏ နေ့စဉ်မှတ်တမ်းများ

ရွှေခြင်္သေအဖွဲ့၊ ရွှေဘိုမြို့ မှတ်စုများက ကောက်နုတ်ဖော်ပြပါသည်

မိုးမခ၊ ဇွန် ၂၅၊ ၂၀၁၁

ကို…….အိမ်သို့ ကိုသော်ဦးနှင့်အတူ FAသွားပေးခဲ့ပါသည်။ ကို……သည် မြေပေါ်တွင်လူးလှိမ့်၍ ကြာင်ကလေးများနှင့်အတူ ကစားနေပါသည်။ ကျွန်တော်တို့ ရောက်သွားသောအခါ ချိုင်းထောက်ကို ထောက်၍ ထလာပါသည်။ ကြောင်များကို ညွှန်ပြ၍ ကျွန်တော်အဖော်က ဒါတွေဘဲဗျာဟု ပြောပါသည်။ မိခင်ကသာ အရေးတယူပြုစုသည်။ ကျန်မိသားစုအားလုံးက သူ့ကို ခွဲခြားဆက်ဆံကြသည်။

အပြည့်အစုံသို့ ...
 
Shwe Chinthe Articles on PLHA - The Blood Relative Print E-mail
User Rating: / 2
Friday, 03 June 2011
သွေး
အမည်မဖော်လိုသူတဦး
ဇွန် ၄၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
          ကိုယ့်မှာ HIV ရှိတယ်ဆိုတာ မသိခင်ကတည်းက တရပ်ထဲနေ သူငယ်ချင်းတစ်ယောက်ဖြစ်တာ တွေ့ဖူးတယ်။အတူစား၊ အတူသွား၊ အတူလာပဲ။ သူ့အမေက ဖာခေါင်း။ သူ့အိမ်ကဟာတွေဆီကကူးတာပဲလို့ ထင်ခဲ့တာ။ သူ့ကို ခွဲခြားပြီးမဆက်ဆံခဲ့ဘူး။ အတူသွား၊ အတူလာတာနဲ့ မကူးနိုင်ဘူးဆိုတာကိုသိတယ်လေ။
အပြည့်အစုံသို့ ...
 
Living With HIV/ AIDS - Lives with Challenges - Shwe Chin The Articles Print E-mail
User Rating: / 6
Tuesday, 24 May 2011
သူ့ကို ဘယ်လိုပြောရပါ့
မိမိခိုင်
မေ ၂၅၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
 အစ်ကိုဆေးရုံတက်တော့ AIDS လို့ သိရတယ်၊ အဲဒီတုန်းက ၂၀၀၆ ခုနှစ်။  ဆရာဝန်ကြီးက ကျွန်မ တို့သားအမိသုံးယောက်ကိုလည်း သွေးစစ်ပေးတယ်၊ ကျွန်မမှာလဲ HIV ပိုးရှိတယ်လို့သိလိုက်ရတယ်၊ အရမ်းကို ၀မ်းနည်းသွားတယ်၊ ရှက်လည်း ရှက်တယ်၊ ဘယ်သူ့ကိုမှလည်း မပြောရဲဘူး၊ နောက်မကြာဘူး၊ အစ်ကိုဆုံး သွားတယ် ။ အစ်ကိုနဲ့ ဂ-နှစ်ကျော်ကျော်လောက် ပေါင်းလိုက်ရတယ်။
အပြည့်အစုံသို့ ...
 
Living With HIV/ AIDS - Lives with Challenges - Shwe Chin The Articles Print E-mail
User Rating: / 3
Friday, 13 May 2011
ဒီတစ်နှစ်ပြီးရင် နောက်တစ်နှစ်
မသက် (ပစ်တိုင်းထောင်)
မိုးမခ၊ မေ ၁၄၊ ၂၀၁၁
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
         HIVဆိုတာ ဟိုးလွန်ခဲ့တဲ့ (၂၀၀၀)ခုနှစ်လောက်တုံးက ဘာမှန်းမသိခဲ့ပါဘူး။ တခါတလေ သူများတွေပြောသံ ကြားရင်လဲ ဘာကိုပြောတာလဲ၊  ဘာဖြစ်လာမှာမို့လဲဆိုတဲ့ အပေါ်ယံအတွေးနဲ့ သတိမထားမိခဲ့ဘူး။ နောင်တ ချိန်မှာ ဒီ HIV ဆိုတာ ကိုယ်က မသိလိုက်ဘဲ ကိုယ်က မဖိတ်ခေါ်ဘဲနဲ့ ကိုယ်ဆီမှာအမြစ်တွယ်နေတဲ့ဟာ ဖြစ်နေတယ်။
အပြည့်အစုံသို့ ...
 
Shwechinthe - Living with HIV/AIDS articles Print E-mail
User Rating: / 0
Saturday, 07 May 2011
သားသားလေး ကျောင်းဆင်းရင် တော်ပါပြီ
ကိုသားကြီး
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
မိုးမခ၊ မေ၇၊ ၂၀၁၁
အပြည့်အစုံသို့ ...
 
Myo Myo May - Today is a new day Print E-mail
User Rating: / 4
Thursday, 28 April 2011
ဒီနေ့ဟာ အစဖြစ်တယ်
မျိုးမျိုးမေ
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
မိုးမခ၊ ဧပြီ ၂၉၊ ၂၀၁၁
         ကျမဘဝကို ပြောပြရရင် နည်းနည်းရှည်ပါလိမ့်မယ်။ သည်းခံပြီး ဖတ်ပေးပါလို့ အနူးအညွတ် တောင်းပန် ပါရစေရှင်။ ကျမနာမည် မျိုးမျိုးပါ၊ အသက် ၃၃နှစ် ရှိပါပြီ… ကျမအမျိုးသားနာမည်က ကိုစောထွန်းပါ… ကျမက …….သူ၊ သူက …….သားပါ၊ သူ့အကိုဆီမှာနေပြီး ပန်းတိမ်လုပ်ငန်းလုပ်ပါတယ်။ ကျမက ကွမ်းယာရောင်း တယ်၊ ကွမ်းယာလာစားရင်းတွေ့ပြီး ကျမတို့ယူလိုက်ကြပါတယ်…
အပြည့်အစုံသို့ ...
 
Tin Myant Htwe - We won't forgot this moment Print E-mail
User Rating: / 3
Friday, 22 April 2011
 ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး ကို မမေ့ဘူး
တင်မြတ်ထွေး
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
မိုးမခ၊ ဧပြီ ၂၃၊ ၂၀၁၁
          ကျွန်မ နာမည်မတင်မြတ်ထွေးဖြစ်ပါတယ်။ မွေးပေါက်ဖော် ခုနှစ်ယောက်ရှိတဲ့အနက်မှာ ကျွန်မအကြီး ဆုံးဖြစ်ပြီး HIV ပိုးနဲ့ အသက်ရှင်နေထိုင်တာ ၇ နှစ်လောက်တော့ရှိပါပြီ။
အပြည့်အစုံသို့ ...
 
The Diary of PLHA - part 2 Print E-mail
User Rating: / 3
Thursday, 14 April 2011
PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း ၂
ဧပြီ ၁၅၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
   သူ့နာမည်က နေသွေးအောင်
   မန္တလေး ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင် ၂ ဆိုတော့ ကျွန်တော် ဒုတိယအကြိမ် တက်ခဲ့တဲ့နေရာပေါ့။ မေ့ပျောက်လုနီးပါးဖြစ်နေတဲ့အားငယ်မှုကို ပြန်ခံစားမိတယ်။ သူလဲ ငါ့လိုဘဲနေမှာဆိုတဲ့အတွေး ဝင်လာတယ်။ သူ့တစ်ကိုယ်လုံး ဖောရောင်နေတယ်။ သူ့ကို ကျွန်တော် မမှတ်မိဘူး။ သူ့အစ်မကိုတွေ့မှ ခုတင်ပေါ်ကလူနာဟာ သူမှန်းသိတယ်။ ကျွန်တော်တုန်းကလိုပဲ အပြင်တန်းမှာဘဲ ထားတယ်။ အတွင်း Hall ထဲမှာ ခုတင်လွတ်တွေ အများကြီးရှိနေတယ်။
အပြည့်အစုံသို့ ...
 
The Diary of PLHA - part 1 Print E-mail
User Rating: / 4
Wednesday, 06 April 2011
PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း ၁
ဧပြီ ၇၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
မိုးကုတ်က သူငယ်ချင်း
   ၁၉၈၉ ခုနှစ်လောက်ကပေါ့ "လေးလုံး" တဲ့၊ "AIDS" တဲ့၊ ကြားနေရတယ်။ ဘာရယ်လို့တော့ တိတိကျကျ မသိဘူး။ လူတယောက် ပိန်လာရင် ပြောကြတာများတယ်။ ဒီရောဂါအကြောင်း စိတ်လည်းမဝင်စားဘူး။ "ကုရာနတ္ထိဆေးမရှိ" ဆိုတာလဲ ခဏခဏ ကြားနေရတယ်။ ရေဒီယိုကပေါ့။
အပြည့်အစုံသို့ ...
 
Thet Htar Lwin - Almost Dead Print E-mail
User Rating: / 2
Thursday, 24 March 2011
သေမလိုလို ဖြစ်လိုက်
သက်ထားလွင်
မတ် ၂၅၊ ၂၀၁၁
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
   ကျမနာမည် သက်ထားလွင်ပါ၊ အသက်လား ၃၉ နှစ် ရှိပြီ။
   ကျမ ၁၀ နှစ်သမီးအရွယ်မှာ အဖေဆုံးသွားတယ်။ အမေက ဈေးရောင်းကျွေးတယ်။ ကျမတို့မှာ  မောင်နှမသုံး ယောက်ရှိတယ်။ အကိုက မြစ်ကြီးနားမှာ၊ သူတို့မိသားစုက ကိုယ့်ထမင်းဆိုင်လေးနဲ့ကိုယ်တောင် ဖြစ်နေကြပြီ  လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြစ်ကြီးနားရောက်သွားတယ်။ ၁၀နှစ်မှ တစ်ခါ တွေ့ရသလိုမျိုးပေါ့၊ ဒါတောင် ကျမတို့က သွားလည်လို့။
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 Next > End >>

Results 1 - 11 of 19
 
Top! Top!