မာတိကာ arrow ဖြူဖြူသင်း
Wednesday, 18 January 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
ဖြူဖြူသင်း
One Day of Phyu Phyu Thin with HIV/AIDS Shelter Print E-mail
User Rating: / 4
Phyu Phyu Thinn
Tuesday, 30 August 2011
 မဖြူဖြူသင်းရဲ့ တနေ့တာ (ဖေ့စ်ဘွတ်အယ်လဘန်)
မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၁
[[ မနက်မိုးလင်းလို့ ရောင်နီသမ်းပြီဆိုတာနဲ့ သူမဟာ ဖုန်းတစ်လုံးနဲ့ အလုပ် စတင်လုပ်ရပါတော့တယ်။ ဒီနောက်မှာတော့ သူ့ဆီလာရောက်ဆက်သွယ်ကြတဲ့ လူနာများကို လုပ်ငန်းစဉ်အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ စီစဉ်ညွှန်ကြားရပါတယ်။ ကျွန်တော် သူမကို တွေ့လိုက်ချိန်မှာ သူမမျက်နှာမှာ အမြဲတန်းအပြုံးပန်းလေးကို ပန်ဆင်ထားတာကိုတွေ့ရပါတယ်။ သူမဟာ လူနာတွေနဲ့ တွေ့ တဲ့အချိန်မှာ ဆိုရင် ပို ပြီးတော့ ကျက်သရေရှိလှပါတယ်။ ]]
အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (34) Print E-mail
User Rating: / 0
Phyu Phyu Thinn
Saturday, 27 August 2011
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၄)

ဖြူဖြူသင်း

သြဂုတ်၂၈၊ ၂၀၁၁


ကျမတို့တိုင်းပြည်ဟာ သာယာလှပတယ်။ သဘာဝ သယံဇာတ အရင်းနှီး များတယ်။ နွေးသမပိုင်းဇုံဖြစ်နေလို့ သစ်တောတွေတိုင်းမှာရှိတတ်တဲ့ အဖိုးတန်သစ်တွေ အကုန်ရှိတယ်လို့ပြောရင် ရပါတယ်။ ဒီကြားထဲက ခု ပင်လယ်ပိုင်းဘက်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်နေတာဖြစ်လို့ အတိုင်းထက်အလွန်ဆိုသလို ချမ်းသာနေကြမယ်တောင် ထင်ရပါတယ်။

ဒါပေမယ့် ဘာပြောပြော ကျမတို့ ရှောင်မရလွှဲမရ ဝန်ခံရမယ့်ကိစ္စကြီးတခုကတော့ ဧရာဝတီ မြစ်ကြီးပါပဲ။ တကယ့်ကို ကျမတို့ရဲ့ သွေးရင်းသားရင်း မြစ်ကြီးလို့ဆိုရမလို ကျမတို့ တိုင်းပြည်အတွက် ပြယုဂ်၊ ကျမတို့တိုင်းပြည်ရဲ့ အသက်သွေးကြော ကျမတို့တမ်းတစရာဟာ ဧရာဝတီမြစ်ကြီးပါပဲ။ ဒီမြစ်ကြီးဟာ ကျမတို့ရဲ့ ရာဇဝင်၊ ကျမတို့တိုင်းပြည်နဲ့ လူမျိုးရဲ့သမိုင်း၊ ကျမတို့ကို ဂုဏ်ဆောင်နေတဲ့ သက်ရှိတခုလို့ ထပ်ပြောရင် ရပါတယ်။

အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (33) Print E-mail
User Rating: / 1
Phyu Phyu Thinn
Saturday, 23 July 2011
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၃)

ဖြူဖြူသင်း

ဇူလိုင် ၂၄၊ ၂၀၁၁


ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်းအား ၈.၉ ရှိတဲ့ ဆူနာမီငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေကျေပျက်စီးရပြီး သိန်းသန်းနဲ့ချီပြီး အိမ်ခြေယာခြေမဲ့ ဖြစ်ခဲ့ရပါတယ်။ ဂျပန်အစိုးရကလည်း ကယ်ဆယ်ရေးတွေကို နေ့ညမနားလုပ်ဆောင်နေတာပါ။ ကမ္ဘာ့အခြားနိုင်ငံများကလည်း အကူညီတွေပေးကြ၊ ဝမ်းနည်းစကားဆိုကြ အဆိုးကြားထဲက အကောင်းလေးကို မြင်လိုက်ရပါတယ်။

အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (30) Print E-mail
User Rating: / 1
Phyu Phyu Thinn
Tuesday, 07 June 2011
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၀)

ဖြူဖြူသင်း

ဇွန် ၈၊ ၂၀၁၁


တလောတုန်းက နိုင်ငံရေးသမားဟောင်းများတဖြစ်လဲ စာရေးဆရာများ၊ လက်ရှိလွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ပုဂ္ဂိုလ်များက လွှတ်တော်တွင်းနိုင်ငံရေး ဆိုတဲ့အသံတွေ အတော်လေးညံအောင် ပြောကြ ဆိုကြတာတွေ နားမဆန့်အောင် ကြားခဲ့ရသေးပါတယ်။

ခုထက်ထိတော့ မီဒီယာအမည်ခံ အစိုးရအလုပ်ကျွေးပြု စာစောင်တွေလောက်မှာသာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အတွေ့ကြုံတွေ၊ မေးမြန်းခန်းလောက်သာ ဖတ်ရပါသေးတယ်။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ပေါ်ပြူလာဖြစ်လုဆဲ ပေါ်ပြူလာဖြစ်လောက်တယ် ဆိုတဲ့ တက်သစ်စ အဆိုတော်၊ သရုပ်ဆောင်တွေကို အင်တာဗျူးပေးတာမျိုး ဖြစ်နေတာတော့ ရင်မောစရာပါ။

အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (25) Print E-mail
User Rating: / 1
Phyu Phyu Thinn
Friday, 03 June 2011
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၅)

ဖြူဖြူသင်း

ဇွန် ၄၊ ၂၀၁၁

 

ခုတလောတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီက လူတွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ ဗမာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်နေချင်သူ ဥရောပဘက်က စီပွားရေးကုမ္ပဏီတွေက ထွက်ပေါ်လာတဲ့လေသံကတော့ စီပွားရေးပိတ်ဆို့ အရေးယူမှု ဖြုတ်သိမ်းရေးဆိုတဲ့ အသံပဲဖြစ်ပါတယ်။

ပြည်တွင်းမှာ ပကတိဖြစ်နေတဲ့ စီးပွားရေးအကျပ်တည်းဟာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုကြောင့် ကျပ်တည်းဆင်းရဲနေရတာ မဟုတ်ဘဲ လက်ရှိ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်အစိုးရနဲ့ အပေါင်းပါများရဲ့ တိုင်းပြည် စီးပွားရေးအပေါ် စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ဖြစ်တယ်လို့ ပြောရင်ရပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ကျမအနေနဲ့ နားလည်နေတာကတော့ ဒီမိုကရေစီနိုင်ငံတွေက အာဏာရှင် နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ချိုးဖောက်တဲ့အတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူတာ ဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (23) Print E-mail
User Rating: / 0
Phyu Phyu Thinn
Friday, 27 May 2011

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၃)

ဖြူဖြူသင်း

မေ ၂၈၊ ၂၀၁၁

 

လူထုခေါင်းဆောင် လွတ်မြောက်လာပြီးနောက် အတွင်ကျယ်ဆုံး စကားလုံးကတော့ ‘ကွန်ယက်’ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ ‘ကွန်ယက်’ဆိုတာက လူ့အဖွဲ့စည်းမှာက အထူးဆန်းမဟုတ်ပေမယ့် ‘ကွန်ယက်’ကို ဘယ်လိုဖွဲ့တည်မလဲဆိုတာကတော့ အနည်းငယ်ပြောစရာလို ဖြစ်နေတာပါ။

တူရာတူရာ အုပ်စုတွေ အလုပ်တူရာတူရာတွေ ပေါင်းစပ်မှုကို ‘ကွန်ယက်’လို့ အလွယ်ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့် မတူရာတွေပေါင်းစပ်ဖို့ ကြိုးစားလာကြတာကလည်း ‘ကွန်ယက် ဖွဲ့တယ်’ ဆိုကြပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ လူအများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ်လို့ ထင်မှတ်နေကြတာ ဖြစ်ပါတယ်။ အမှန်တကယ်တမ်းကတော့ လူထုခေါင်းဆောင် မျှော်လင့်ထားတာက ဦးဆောင်သူရယ် မထားရှိဘဲနဲ့ လုပ်နိုင်စွမ်းရှိသူတွေ၊ လက်တွဲသင့်တယ်ထင်တဲ့လူတွေကို ပူးပေါင်း ဆောင်ရွက်ခိုင်းတာသာ ဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (16) Print E-mail
User Rating: / 1
Phyu Phyu Thinn
Saturday, 21 May 2011
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၁၆)

ဖြူဖြူသင်း

မေ ၂၂၊ ၂၀၁၁

ဆယ့်သုံးရက်နေ့က တကမ္ဘာလုံးက မျှော်လင့်စောင့်စားနေတဲ့ အထူးသဖြင့် မြန်မာပြည်သူ တိုင်းရင်းသားပေါင်းစုံက မျှော်လင့်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တယောက် ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။

ဒီတော့ ကမ္ဘာအနှံ့အပြားက တိုင်းပြည်ခေါင်းဆောင်တွေက ချီးကျူးထောပနာပြုကြ၊ ဂုဏ်ပြုကြိုဆိုကြနဲ့ အသံတွေ ဆူညံခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့လူငယ်ထုအနေနဲ့ကတော့ ကျမတို့ လူထုခေါင်းဆောင်ကို အားပါးတရ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုကြပေမယ့် အခြားတဖက်မှာတော့ စစ်အစိုးရရဲ့လုပ်ရပ်ကိုတော့ ပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။

အပြည့်အစုံသို့ ...
 
MoeMaKa Interview with Phyu Phyu Thin - I will vote for NLD Social Support Group for COBA Award Print E-mail
User Rating: / 0
Phyu Phyu Thinn
Tuesday, 10 May 2011
ကျမကိုယ်တိုင်က အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ကို မဲပေးပါတယ်
ဖြူဖြူသင်းနဲ့ မိုးမခအင်တာဗျူး
မေ ၁၁၊ ၂၀၁၁
မေလ ၁၅ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မှာ ဖြစ်တယ်။ အင်တာနက်ကတဆင့် အများပြည်သူထံက အင်တာနက်မဲဆန္ဒကို ခံယူနေတယ်။ ပထမနှစ်ကထက် ပိုပြီး အင်တာနက်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဒီနှစ်ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲက ရရှိနေပါတယ်။
အပြည့်အစုံသို့ ...
 
Phyu Phuy Thin – Contemporary politics from youth perspective (12) Print E-mail
User Rating: / 3
Phyu Phyu Thinn
Tuesday, 10 May 2011
လူငယ်တို့ရဲ့ နိုင်ငံရေးကောင်းကင်သစ် (၁၂)

ဖြူဖြူသင်း

မေ ၁၁၊ ၂၀၁၁

ဒီရက်ပိုင်း ကျမဆီကို နိုင်ငံရေးကို အနည်းငယ်စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်မသိကြတဲ့ လူငယ်တွေ အတော်များများ ရောက်လာကြပါတယ်။ ရောက်လာတော့လည်း မဲဆွယ်စာရွက်ကလေးတွေ ကိုယ်စီကိုင်ပြီး ရောက်လာတာပါ။ သူတို့က ခွပ်ဒေါင်းစာရွက်တရွက်နဲ့ ခမောက်စာရွက်တရွက် ယူလာပြီးတော့ ခမောက် ပေးရမလား၊ ခွပ်ဒေါင်း ပေးရမလား လို့ ကျမကိုမေးတော့ ကျမလည်း အတန်သင့်ရှင်းပြတော့ သူတို့လည်း အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွားကြပါတယ်။

ကျမ ရှင်းပြတာက ခမောက်ဟာ အန်အယ်လ်ဒီမဟုတ်ဘူး။ ခွပ်ဒေါင်းဟာလည်း မင်းကိုနိုင်တို့အဖွဲ့ မဟုတ်ဘူးဆိုတာလောက်သာ ပြောပြတာပါ။ ကျန်တဲ့ဟာတွေကိုတော့ ကျမ မရှင်းပြတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးကို စိတ်ဝင်စားစပြုနေတဲ့ လူငယ်တွေ နိုင်ငံရေးကို စိတ်ကုန်သွားမှာစိုးလို့ပါ။ ဒါနဲ့တဆက်စပ်တည်း စဉ်းစားမိတာက ကျမသာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးလုပ်မယ်ဆိုရင် အမှီခိုကင်းကင်း လွတ်လွတ်လပ်လပ် လုပ်မှာပါ။ ပါတီနာမည် ရွေးတာကအစ နောက် ပါတီအမှတ်တံဆိပ်တွေကိုပါ အသစ်လုပ်မှာပါ။ မိမိယုံကြည်ရာကိုလုပ်ရာမှာ အမှီခိုကင်းဖို့ လိုအပ်တယ်လည်း ယူဆပါတယ်။ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်စေမယ့်ဟာမျိုး မလုပ်သင့်ဘူး လို့လည်း ထင်ပါတယ်။

အပြည့်အစုံသို့ ...
 
Phyu Phyu Thin - World AIDS Day Print E-mail
User Rating: / 0
Phyu Phyu Thinn
Monday, 02 May 2011
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၀)

ဖြူဖြူသင်း

မေ ၃၊ ၂၀၁၁

ဒီနေ့ ဒီဇင်ဘာလတရက်နေ့ဟာ world aids day လို့ခေါ်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုဆိုင်ရာနေ့ ဖြစ်ပါတယ်။ ကျမလည်း ဒီနေ့ ဒီရက်ရောက်လာတော့မှ ကျမကို လူထုခေါင်းဆောင် လမ်းညွှန်ပြီး ဒီ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး၊ ကာကွယ်တာဆီးရေး၊ ပြုစုစောင့်ရှောက်ရေး၊ ကုသမှုပေးရေးလုပ်ငန်း လုပ်လာတာ ၈ နှစ်တိုင်ခဲ့ပြီဆိုတာ သတိထားမိပါတော့တယ်။

၈ နှစ်တာကာလကို နောက်ကြောင်း ပြန်ကြည့်တော့ စိတ်မောလူပန်း ကာလကြီးတခုလို့ ပြန်မြင်မိပါတယ်။ ဝမ်းသာရ၊ ဝမ်းနည်းဒေါသဖြစ်ရ၊ စိတ်ထိခိုက်ရ၊ ပီတီဖြစ်ရ ဆိုတဲ့ ရသစုံဇာတ်လမ်းကြီး တခုလို ကျမ ပြန်မြင်နေမိတာပါ။ ဒီအထဲမှာမှ ဘယ်အပိုင်းက ပိုဒုက္ခများခဲ့သလဲ ပြန်ဆန်းစစ်ကြည့်မိတော့ အာဏာပိုင်တွေဘက်က နှောင့်ယှက်မှုဟာ အများဆုံးနဲ့ လူနာတွေကိုကော၊ ကျမတို့အဖွဲ့ကလူငယ်တွေပါ တော်တော်လေး ဒုက္ခပေးခဲ့ကြ၊ ပေးနေဆဲလည်း ဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
phyu phyu thin article Print E-mail
User Rating: / 0
Phyu Phyu Thinn
Sunday, 26 September 2010

တွန်းအားများ ...

ဖြူဖြူသင်း

စက်တင်ဘာ ၂၇၊ ၂၀၁၀

[ဆောင်းပါး မူရင်းစာမျက်နှာများ- http://irrawaddy.org/bur နှင့် phyuphyuthin.blogspot.com]

photo: moemaka

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 Next > End >>

Results 1 - 11 of 16
 
Top! Top!