မာတိကာ arrow သန်းဝင်းလှိုင်
Wednesday, 18 January 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
သန်းဝင်းလှိုင်
Than Win Hlaing - Article Print E-mail
User Rating: / 5
Than Win Hlaing
Wednesday, 21 September 2011

ဧရာဝတီကိုဖျက်ဆီးမည့် ကြပ်ပြေးနေပြည်တော်မှ ကျပ်မပြည့်သော အစိုးရသစ်ဝန်ကြီးများ

သန်းဝင်းလှိုင်
စက်တင်ဘာ ၂၁၊ ၂၀၁၁


တကယ်တော့ ဧရာဝတီဟာ ကျနော်တို့နိုင်ငံရဲ့ မိခင်မြစ်ကြီး၊ ကျနော်တို့နိုင်ငံရဲ့အလှတရား၊ ကျနော်တို့နိုင်ငံရဲ့ သဘာဝအမွေတစ်ခုပါ။ ဧရာဝတီရဲ့သမိုင်းကြောင်းဟာ လွန်ခဲ့သောနှစ်ပေါင်း (၄၅) သန်းကျော်ကတည်းကရှိခဲ့တယ်လို့ ဘူမိဗေဒပညာရှင်များက ခန့်မှန်းခဲ့ကြပါ တယ်။ မိခင်ဧရာဝတီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက် မြောက်လတ္တီကျု့ (၂၅) ဒီဂရီ (၄၅) မိနစ်၌ ရေခဲတောင်တန်းများ ကို မြစ်ဖျားခံ၍ မေခမလိခမြစ်နှစ်သွယ်ပေါင်းဆုံရာမှဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ဖွားဘက်တော် သဘာဝမြစ်ကြီးပါ။

အပြည့်အစုံသို့ ...
 
Than Win Hlain - Maung Su Shin Print E-mail
User Rating: / 1
Than Win Hlaing
Monday, 12 September 2011

မောင်ဆုရှင် (သို့မဟုတ်) စာပေပန်းမြိုင်လယ်မှ ဥယျာဉ်မှူး

သန်းဝင်းလှိုင်

စက်တင်ဘာ ၁၂၊ ၂၀၁၁

 ဆရာမောင်ဆုရှင်ကို လူချင်းစသိသည်ကား ၁၉၇၃ ခုနှစ်လောက်ကဖြစ်သည်။ ယခုပြန်တွက်လျှင်လျှင် ၃၈ နှစ် သို့ တိုင်ခဲ့ပြီဖြစ်သည်။ စတင် သိကျွမ်းခဲ့သည့်နေရာကား မြန်မာ့အသံအဆောက်အဦအတွင်းရှိ စတူဒီယိုခန်းမ ၌ ဖြစ်သည်။

ကျနော်သည် အထက (၂) လှိုင်မြို့နယ်မှ အထက်တန်းကျောင်းသားများကိုယ်စား မြန်မာ့အသံမှ စီစဉ်တင် ဆက်ခဲ့သော ‘သုတပဟေဠိ’ ရေဒီယိုအသံလွင့်ကဏ္ဍ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ကျနော်နှင့်အတူ ရန်ကုန်တိုင်းအတွင်းရှိ အခြားကျောင်းသားကျောင်းသူ (၄) ဦးလည်း ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ကျနော်တို့ အားလုံး ဆရာမောင်ဆုရှင်လစဉ်ရေးသားခဲ့သော ‘ဒို့ကျောင်းသား’ စာစောင်မှ ‘သိပ္ပံလောက’ ကဏ္ဍကို ဆရာမောင်ဆုရှင်ကိုယ်တိုင်မေးမြန်းသည့် သုတပဟေဠိအဖြေညှိကြသည့် အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ဆရာ့ကို ခင်မင်ရင်းနှီးသွားခဲ့သည်။ ဆရာသည် ထိုစဉ်ကစာပေဗိမာန်၌ စာတည်းအဖြစ် အမှုထမ်းနေသည်။ အားလပ်သည့်အချိန်တိုင်း ဆရာ့ထံဝင်ရောက်လည်ပတ်ရင်း စာပေဗဟုသုတများ ဆည်းပူးခွင့်ရခဲ့သည်။ ဆရာသည် စာပေဗိမာန်အပေါ်ဆုံးအထပ်ရှိ ၀န်ထမ်း အိမ်ယာ၌ပင် နေသည်။ လူချင်းဆုံတိုင်း စာပေဗိမာန်ထုတ်စာအုပ်အသစ်များနှင့် ဆရာဖတ်ပြီးသည့် စာအုပ်အဟောင်း ကောင်း နိုး ရာရာများကို လက်ဆောင်အဖြစ် ပေးလေ့ရှိသည်။ ဆရာနှင့် နွယ်ငင်ဆက်စပ်၍ ဆရာမိသားစုနှင့်ပါ ရင်းနှီးခင်မင်သွားသည်။

အပြည့်အစုံသို့ ...
 
ွှThan Win Hlaing Print E-mail
User Rating: / 1
Than Win Hlaing
Tuesday, 06 September 2011

သမိုင်းတကွေ့မှ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို

သန်းဝင်းလှိုင်
စက်တင်ဘာ ၆၊ ၂၀၁၁



ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းကာလတို့၌ ထင်ရှားခဲ့သောပုဂ္ဂိုလ်မှာ နောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်လာသည့် ဒီးဒုတ်ဦးဘချိုပင်ဖြစ်သည်။ ဆရာချိုသည် မြန်မာ့နိုင်ငံရေး၊ စာပေလောက၊ ဂီတလောကတို့တွင် ရှေ့ဆောင်တဦးဖြစ်သလို လောကီပညာ အင်းအိုင်စမဗေဒင်နက္ခတ်နှင့် ဆေးပညာတို့တွင် ထဲထဲဝင်ဝင် တတ်သိနားလည်သည့်စွယ်စုံရပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။


ထို့ကြောင့် ဦးသန့် (နောင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) က ဆရာဒီးဒုတ်ဦးဘချိုအား “အင်္ဂလိပ်လူမျိုးထဲမှာတော့ အဲလ်ဒစ် ဟတ်စ်လေဆိုတဲ့ ပုဂ္ဂိုလ်တယောက်ရှိပါတယ်။ ဘယ်လက်ကစမ်းစမ်း ရတဲ့ပုဂ္ဂိုလ်ပါပဲ။ ဒါပေမယ့်… ဦးဘချိုလောက်တော့ စုံမယ်မထင်ပါဘူး” ဟု ကြီးပွားရေးမဂ္ဂဇင်း (နိုဝင်ဘာ၊ ၁၉၃၇) ၌ မှတ်တမ်းတင်ခဲ့လေသည်။

အပြည့်အစုံသို့ ...
 
Than Win Hlaing - Hmaine & San Print E-mail
User Rating: / 3
Than Win Hlaing
Saturday, 03 September 2011

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း

သန်းဝင်းလှိုင်
စက်တင်ဘာ ၃၊ ၂၀၁၁



ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့မှ ရန်ကုန်သို့ ပြန်ရောက်လာသောအခါတွင် ‘အောင်ဆန်းအက် တလီစာချုပ်’ ကို အတည်ပြုရန် ခက်ခက်ခဲခဲကြိုးစားရလေသည်။ ဗြိတိန်၏လိုက်လျော်ချက်မှာ ဖဆပလ အဖွဲ့ချုပ်၏ မူလတောင်းဆိုချက် များထက် များစွာလျော့နေလေသည်။ ဤအချိန်တွင် ကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော်တို့မှာ အကြီးအကျယ်အုံကြွနေပြီဖြစ်၍ ၎င်းတို့က တိုက် ပွဲကို လွယ်လွယ်နှင့်မစွန့်လွှတ်လိုကြပေ။


ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွားဆွေးနွေးသည့်ကိစ္စကို မူလကလည်းသဘောမကျခဲ့ပေ။ ဂျီစီဘီအေ ခေတ်ကလိုဖြစ်ဦးမှာပဲဟု စိတ်ထဲတွင်စွဲနေလေသည်။ တစ်ခါတစ်ရံတွင် ဆရာကြီးက တစ်စုံတစ်ဦးအားမကျေနပ်တာတစ်ချက် ထုတ်ပြော လိုက်လျှင် ထိုအချိန်က သတင်းစာများတွင် ဆရာကြီးနာမည်နှင့် ဖဆပလကို တိုက်ခိုက်သောစကားများပါလာတတ်လေသည်။


ဗိုလ်ချုပ်အောင်ဆန်းသည် ဘိလပ်မှပြန်လာခါစ တစ်နေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်သို့ ရုတ်တရက်ရောက်လာလေသည်။ ဆရာတပည့် အာလာပသလ္လာပ စကားများပြောဆိုပြီးနောက် ဗိုလ်ချုပ်က ဆရာကြီးအား ဖဆပလကို တိုက်ခိုက်သောစကားများ မပြောရန် တောင်းပန်လေသည်။

အပြည့်အစုံသို့ ...
 
Than Win Hlaing - Daw Khin Kyi Print E-mail
User Rating: / 4
Than Win Hlaing
Sunday, 28 August 2011

ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်

သန်းဝင်းလှိုင်
သြဂုတ် ၂၈၊ ၂၀၁၁



မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်ကတော် မဟာ သီရိသုဓမ္မ ဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သော တိုင်း ပြုပြည်ပြု လုပ်ငန်း များ အမျိုးသားရေးရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

သို့ကလို ၎င်း၏ဘ၀တလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထားအရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်း ၀န်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်အဂါင်္နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ဦးအနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည်မွေးချင်းမောင်နှမများမှာ ...

အပြည့်အစုံသို့ ...
 
Than Win Hlaing – Suu Timeline Print E-mail
User Rating: / 1
Than Win Hlaing
Thursday, 04 August 2011
ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ

သန်းဝင်းလှိုင်

သြဂုတ် ၅၊ ၂၀၁၁

၁၉၄၂၊ စက်တင်ဘာလ ၆၊  နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။

စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။

၁၉၄၃ ဇွန် ၁၃၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သားဦး အောင်ဆန်းဦးကို ဖွားမြင်သည်။

၁၉၄၄ မေ ၁၀၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ဒုတိယသား အောင်ဆန်းလင်းကို ဖွားမြင်သည်။

၁၉၄၅ ဇွန် ၁၉၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏     တတိယမြောက် သမီး အောင်ဆန်းစုကြည်ကို ဖွားမြင်သည်။

အပြည့်အစုံသို့ ...
 
Than Win Hlaing – Thein Pe Myint Print E-mail
User Rating: / 2
Than Win Hlaing
Wednesday, 20 July 2011
သမိုင်းတကွေ့မှ သိန်းဖေမြင့်

သန်းဝင်းလှိုင်

ဇူလိုင် ၂၁၊ ၂၀၁၁

ဆရာသိန်းဖေမြင့်သည် မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သလို၊ စာပေလောက၊ သတင်းစာလောကတို့တွင်လည်း အကျော်ဇေယျ ပုဂ္ဂိုလ်တဦးဖြစ်သည်။

         သူသည် ဖက်ဆစ်တော်လှန်ရေးတွင် မဟာမိတ်တပ်များနှင့် မြန်မာ့တော်လှန်ရေး အင်အားစု၏ ဆက်သွယ်ရေးတာဝန်ခံ၊ စစ်ပြီးစတွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး တာဝန်များကို ထမ်းရွက်ခဲ့သည်။

အပြည့်အစုံသို့ ...
 
Than Win Hlaing - Dialogue Print E-mail
User Rating: / 1
Than Win Hlaing
Monday, 04 July 2011
အရပ်သားအရေခြုံ အစိုးရသစ်နှင့် ဒိုင်ယာလော့

သန်းဝင်းလှိုင်

ဇူလိုင် ၅၊ ၂၀၁၁


      ယနေ့မြန်မာနိုင်ငံတော်ကို ပေါက်ကွဲတော့မယ့် ဗုံးတလုံးလို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။ မှန်ပါတယ်။ တိုင်းပြည်ရဲ့ အဘက်ဘက်က ယိုယွင်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ပြောခဲ့တာဖြစ်ပါတယ်ဗျာ။

မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ရောဂါ၊ ပြည်သူတွေ ကုန်းကောက်စရာမရှိအောင် မွဲပြာကျမှု၊ ကလေးစစ်သားပြဿနာ၊ လူကုန်ကူးခံရမှု၊ မူးယစ်ဆေးဝါး အဆမတန် ထုတ်လုပ်နေမှု၊ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေမှု၊ ရွှေ့ပြောင်း အလုပ်သမားများအရေး၊ အမျိုးသမီးများ အတင်းအဓမ္မကျင့်ကြံခံရမှု၊ ပြည်ပသို့ရောင်းစားခံရမှု၊ လယ်သမားများရဲ့ လယ်ယာမြေများ မတရားအသိမ်းခံရမှု၊ ရွာသူရွာသားများ အဓမ္မပေါ်တာဆွဲခံရမှု စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် အချက်တွေဟာ မြန်မာနိုင်ငံမှာ ရုတ်တရက် ထပေါက်ကွဲတော့မယ့် အခြေအနေတွေပါပဲ ခင်ဗျ။

အပြည့်အစုံသို့ ...
 
Than Win Hlaing – Thakhin Than Tun Print E-mail
User Rating: / 2
Than Win Hlaing
Friday, 03 June 2011

သမိုင်းတကွေ့မှ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း

သန်းဝင်းလှိုင်

ဇွန် ၄၊ ၂၀၁၁

 သခင်သန်းထွန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် လွန်ခဲ့သော ၆၃ နှစ် အတွင်းက ထင်ရှားခဲ့သော နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် လွန်ခဲ့သော ၅၄ နှစ်အတွင်းတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီးတဦး အဖြစ် ထင်ပေါ်ကျော်ကြားခဲ့လေသည်။ သခင်သန်းထွန်း၏နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင်သာမက ကမ္ဘာ့ကွန်မြူနစ်လောကတွင်လည်း ထင်ရှားခဲ့သည်။

 သခင်သန်းထွန်းသည် နိုင်ငံရေးအစဉ်အလာ ကြီးမားခဲ့သူဖြစ်သည်။ မြန်မာ့တော်လှန်ရေး သမိုင်းအဆက်ဆက်တွင်လည်း သခင်သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။ တို့ဗမာအစည်းအရုံးခေါင်းဆောင်အဖြစ် ၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးနှင့် ကျောင်းသားအရေးတော်ပုံတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သလို တောင်သူလယ်သမားတို့၏ အရေးကိုလည်း ရှေ့ဆောင်လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေးတိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင်ခဲ့သလို ဖက်ဆစ်ဂျပန် တော်လှန်ရေး ပျောက်ကျားစစ်တွင်လည်း ဦးစီးခဲ့သူတဦး ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားမှုတွင်လည်းကောင်း ကွန်မြူနစ်အင်အားစုကြီးကို စည်းရုံး၍ ဦးစီး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။

အပြည့်အစုံသို့ ...
 
Than Win Hlaing - Daw Daw Su Print E-mail
User Rating: / 0
Than Win Hlaing
Saturday, 28 May 2011
သမိုင်းတကွေ့မှ မြန်မာဝံသာနုအမျိုးသမီးများ

ဒေါ်ဒေါ်စု (မြန်မာအမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ)

သန်းဝင်းလှိုင်

မေ ၂၉၊ ၂၀၁၁

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မြန်မာဝံသာနုအမျိုးသမီး၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို ချန်လှပ်ထား၍ မဖြစ်နိုင်ပါ။ အမျိုး၊ ဘာသာ၊ သာသနာ ပညာပြန့်ပွားရေးအတွက် မြန်မာအမျိုးသမီးများသည် ကိုလိုနီကျွန်ဘဝကပင် ယနေ့တိုင်အောင် အသင်းအဖွဲ့များတည်ထောင်၍ စည်းရုံးလှုပ်ရှားခဲ့ပုံများမှာ မြန်မာ့သမိုင်းစာမျက်နှာ၌ အထင်အရှား တွေ့နိုင်ပေသည်။

ရှေးဦးတည်ထောင်ဖွဲ့စည်း၍ လှုပ်ရှားခဲ့သော မြန်မာအမျိုးသမီးအသင်းအဖွဲ့များ၌ မြန်မာကုမ္မာရီအသင်း ခေါ် မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) မြန်မာအမျိုးသမီး ဝံသာနုကုမ္မာရီအသင်း (Young Women Buddhist Association – YWBA) ဗြဟ္မာစရိကုမ္မာရီအသင်း၊ မိန်းမကုမ္မာရီအသင်း၊ သုဓမ္မစာရီအသင်း၊ ဓမ္မစာရီအသင်းတို့မှာ ထင်ရှားခဲ့သည်။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 Next > End >>

Results 1 - 10 of 23
 
Top! Top!