မာတိကာ arrow မိုးမခ ၁၀၀ - စာမူ ၁၀၀
Friday, 22 September 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
မိုးမခ ၁၀၀ - စာမူ ၁၀၀


မိုးမခ ၁၀၀ ဖိတ်ကြားစာ
မိုးမခ
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
          မိုးမခ ၀ိုင်းတော်သားများနဲ့ ဆွေးနွေးဖြစ်တာက ကျနော်တို့က စာရေးသူတဦး၊ ပုဂ္ဂိုလ်တဦးဦးကို ရည်ရွယ်ပြီး စာအုပ် သို့မဟုတ် အီးဘုတ်တွေ ထုတ်ဖြစ်တယ်။ စာအုပ်တွေက ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ သို့သော် မှတ်စု မှတ်တမ်းအတွက်ပါ။ အဲသည်အချိန်မှာ မိုးမခမှာ ၀ိုင်းတော်သားတွေ၊ ကလောင်ရှင်တွေက မေတ္တာရှေ့ထားပြီး ၀ိုင်းဝန်းရေးသားခဲ့ကြလို့ စာဖတ်ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရခဲ့ပြီ ဖြစ်ပါတယ်။
          ၂၀၀၈ မှာ စာမူပေါင်း ၁၆၀၀ ကျော်၊ ၂၀၀၉ မှာ စာမူပေါင်း ၁၇၀၀ ကျော် တင်ဆက်ခဲ့ပါတယ်။ သည်တော့ စာမူရှင်တွေရဲ့ စာမူတွေကို ကောက်နုတ်ပြီး စုပေါင်းထားတဲ့ စာအုပ်တအုပ် အမှတ်တရ ထုတ်ရင် မကောင်းဘူးလား။ ကလောင်ရှင်တွေကို အမှတ်တရ ဘာမှ မပေးနိုင်ခဲ့ဘူး။ စေတနာ့ဝန်ထမ်းခဲ့ကြတယ်။ မိုးမခ ၁၀၀ ဆိုပြီး အမှတ်တရ စာကောက်နုတ်ချက် စာအုပ်လေး တအုပ် ထုတ်ကြရအောင်လို့ စဉ်းစားမိတယ်။
          သူတို့တွေ စိတ်ကြိုက်တဲ့ စာမူ သူတို့ဖာသာ ရွေးကြ၊ ကျနော်တို့ကလည်း ၀ိုင်းစဉ်းစားမယ်။ ကိုယ့်ရေးလို့ ကိုယ်ကြိုက်တာက တပုဒ်၊ သူများရေးတာ ကိုယ်ကြိုက်တာက တပုဒ် - တိုက်ဆိုင်တာလဲ ရှိမယ်။ တူတာ မတူတာတွေလည်း တွေ့ရမယ်။ သို့သော် မိုးမခမှာ စာရေးခဲ့သူ လူ ၅၀ ရှိခဲ့ရင် သူတို့အားလုံးဆီက စာမူ ၁၀၀ ရမယ်။ ဒီထက်လည်း ပိုနိုင်တယ်။ အဲဒါကို ၀ိုင်းပြီး လက်စသတ်လိုက်နိုင်ရင် ၂၀၁၀ နှစ်ဆန်းပိုင်း ကျော်ကျော်လောက်မှာ မိုးမခမိတ်ဆွေတွေရဲ့ အမှတ်တရ ကလောင်စုံ၊ စာမူစုံ - မိုးမခ ၁၀၀ စာအုပ်လေး တခုတော့ ဖြစ်လာမယ် ထင်ပါတယ်။

          အခုလောလောဆယ် ဒီနေရာမှာ မိုးမခမှာ ပုံမှန်ရေးနေကျ ကလောင်ရှင်တွေကို အမည်လိုက် စုပြီး သူတို့ စာမူတွေ စုပေးထားပါတယ်။ ပြီးတော့ မပြီးသေးပါ။ သို့သော် အဲသည်ကနေပြီး စာမူရှင်ကော စာဖတ်သူပါ သူတို့ အာရုံကျတဲ့ စာရေးသူရဲ့ စာမူတွေကို ရွေးချယ် ဖတ်နိုင်မယ် ထင်ပါတယ်။
          စာရေးသူတွေကော စာဖတ်သူတွေကပါ မိုးမခရဲ့ ကလောင်အမည်လိုက် စုစည်းပေးတဲ့ကဏ္ဍမှာ ကျန်သွားတဲ့ လိုသေးတဲ့ စာရေးသူတွေ၊ စာမူတွေကို အကြံပေး ထောက်ပြကြပါဦးလို့ တောင်းပန်လိုက်ပါတယ်။
          ကျေးဇူးတင်ပါတယ်။

Aung Din - Burmese Poet in Columbus Country Print E-mail
User Rating: / 3
မိုးမခ ၁၀၀ - စာမူ ၁၀၀
Monday, 08 March 2010
ကိုလံဘတ်တိုင်းပြည်ရောက် မြန်မာကဗျာဆရာ
အောင်ဒင်
မတ် ၈၊ ၂၀၁၀
၁။
ကိုလံဘတ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး
၅၀၉ နှစ်အကြာမှာ
ကျနော် အမေရိကားကို ရောက်ရှိခဲ့တယ်၊ 
ကိုလံဘတ် ကတော့
အင်အားသုံး၊ အကြမ်းဖက်
ဒေသခံ အင်ဒီးယန်းတွေကို ရက်စက်ပြီး
အမေရိကတိုက်ကို သိမ်းယူလိုက်တာပါပဲ။
အပြည့်အစုံသို့ ...
 
Law Eh Soe - Remembering Thamanya Sayadaw Print E-mail
User Rating: / 0
မိုးမခ ၁၀၀ - စာမူ ၁၀၀
Wednesday, 23 September 2009

မြတ်သောမေတ္တာရှင်နှင့် တဒင်္ဂ

လောအယ်စိုး

စက်တင်ဘာ ၂၃၊ ၂၀၀၉

#fullpost {display:none;}

၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလ၏ တခုသောနံနက်ခင်း။ ဝေ့ ဝဲကာ မြောက်ပြန်ဆောင်းလေ တွေတိုက်နေဆဲ။ ကျနော့်ရှေ့မှာ မားကပ်လည်း မပါ ဘရိတ်ကလည်း မကောင်း ချိန်းအဖုံးလည်း မရှိသည့် ဆေးရောင်မှိန် မောင်ဗမာစက်ဘီးဟောင်းတစီးက အရံသင့် ၀ါးတဲငယ်အိမ်ကလေးကို မှီလို့ သူ့ခမျာပိုင်ရှင်က အမှီဒေါက်ကိုတောင်မှ ၀ယ်မတပ်နိုင်ရှာတော့ တွေ့ရာကြုံသလို အမှီရှာရတယ်။ တခါတရံမှာလည်း သရက်ပင် မာလကာပင် အုန်းပင်တွေရဲ့ အရင်းမှာ အဆင်ပြေသလိုမှီလို့။
အပြည့်အစုံသို့ ...
 
Law Eh Soe - Remembering U Min Thu Print E-mail
User Rating: / 0
မိုးမခ ၁၀၀ - စာမူ ၁၀၀
Saturday, 01 August 2009

#fullpost {display:none;}

အန်ကယ်ဦးမင်းသူ (သို့) နှုတ်ခမ်းမွှေးကြီး

လောအယ်စိုး
သြဂုတ် ၁၊ ၂၀၀၉

          အတော့်ကို ပေါင်းရသင်းရခက်မယ့် ပုဂ္ဂိုလ်မှန်း ကျနော် ချက်ချင်းကြီးကို သိလိုက်ရပါတယ်။ သတင်းစာပညာနဲ့ ပတ်သက်လို့သော်၎င်း၊ မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော ၎င်းဖြတ်သန်းခဲ့သည့် အတွေ့အကြုံ၊ သုံးသပ်ချက်များကို ဆည်းပူးမှတ်သားလိုခြင်း၊ ထို့ထက်မက ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးလိုသောကြောင့် မိတ်ဆွေဆရာတဦးမှ တဆင့် မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။
အပြည့်အစုံသို့ ...
 
Aung Din - About My Father Print E-mail
User Rating: / 1
မိုးမခ ၁၀၀ - စာမူ ၁၀၀
Tuesday, 05 May 2009

#fullpost {display:none;}

ဖေဖေ့ အကြောင်း
အောင်ဒင်
မေ ၆၊ ၂၀၀၉
 

 - တစ် -

              မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းကြီး ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ တနှစ်ပြည့်တဲ့နေ့၊ ၂၀၀၉ ခုနှစ် မေလ ၂ ရက်နေ့၊ နေ့လယ် ၁ နာရီ ၅ မိနစ်မှာ ကျနော့်ဖေဖေ ဦးကျော်ရှိန် ကွယ်လွန်သွားခဲ့ပါတယ်။

အပြည့်အစုံသို့ ...
 
 
Top! Top!