မာတိကာ arrow မောင်သာရ
Friday, 22 September 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
မောင်သာရ
Maung Thara - It is Burmese Voters' Call for Burma, not anyone else .... Print E-mail
User Rating: / 7
မောင်သာရ
Thursday, 04 November 2010
မဲဆန္ဒရှင်ပြည်သူကိုသာ စိတ်ဝင်စားပါတယ် …
မောင်သာရ
နိုဝင်ဘာ ၅၊ ၂၀၁၀
 (၂၀၀၇၊ စက်တင်ဘာ ၂၃ ဆူးလေဘုရားလမ်းပေါ်က လူထု)
" ... စစ်အစိုးရဘက်က ဘယ်လောက်ပဲ အကွက်စေ့အောင် ကြံဆောင် ပြင်ဆင်ထားသည်ဖြစ်စေ … ကျုပ်တို့ ဗမာပြည်သူလူထုရဲ့ နိုင်ငံရေးအတွေ့အကြုံရင့်ကျက်မှုကိုလဲ လျှော့တွက်လို့တော့ မရပါဘူး ..."
အပြည့်အစုံသို့ ...
 
Maung Thara - Shot Stories Writer Print E-mail
User Rating: / 4
မောင်သာရ
Friday, 16 July 2010

ဗမာဝတ္ထုတိုရေး စာရေးဆရာများကို ဂုဏ်ပြုခြင်း
မောင်သာရ
ဇူလိုင် ၁၆၊ ၂၀၁၀

           လွန်ခဲ့တဲ့ မျိုးဆက်ခေတ်တခေတ် အနှစ် ၃၀ ဝန်းကျင်က ကျုပ်တို့တိုင်းပြည် စာပေဥယျာဉ်မှာ ထူးချွန်ပြောင်မြောက်တဲ့ စာရေးဆရာကလေးတွေ အမြောက်အများ ပေါက်ဖွားလာခဲ့ဖူးတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းကပေါ့။ ကျုပ် မှတ်မိသမျှ ပြောရရင် … တင်မောင်သန်း၊ ဝင်းဝင်းလတ်၊ လူမျိုးနော်၊ ကျော်စွာထက်၊ မြနှောင်းညို၊ ဂျူး၊ ပြေ (ဆေး ၂)၊ ဂျိုဇော်၊ ကိုကို (အမရပူရ)၊ ကြည်ဇော်ဝင်း၊ မောင်သာပို၊ ညိုထွန်းလူ၊ သိုက်ထွန်းသက်၊ ညီပုလေး၊ ဆူးငှက်၊ မေမောင်၊ ဝင်းစည်သူ၊ ကိုချစ်၊ နှင်းဝေငြိမ်း၊ ဝင်းဝင်းမြင့် (နန်းတော်ရှေ့)၊ နုနုရည် (အင်းဝ)၊ စသဖြင့်ပဲ။ တယောက်နဲ့တယောက်က အလွန်ဆုံး တနှစ် နှစ်နှစ်ပဲခြားပြီး မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရာသီပန်းတွေလို အလျှိုလျှို ဖူးပွင်လန်းစွင့်လာခဲ့ကြတယ်။
အပြည့်အစုံသို့ ...
 
Maung Thara – Flower and Women Print E-mail
User Rating: / 1
မောင်သာရ
Tuesday, 13 July 2010
ပန်း နဲ့ မိန်းမ
မောင်သာရ
ဇူလိုင် ၁၃၊ ၂၀၁၀


“ပန်းပန်ရင် နန်းဆန်” သတဲ့။ ဆိုလိုတာက ပန်းပန်ထားရင် ဘဝအဆင့်အတန်း မြင့်တယ်ပေါ့။ အဆင့်အတန်း မြင့်တာ မမြင့်တာတော့ မပြောတတ်ဘူး။ မိန်းမတယောက် ပန်းတွေဘာတွေ ပန်ထားတယ်ဆိုရင် သူ စိတ်ကြည်လင် လန်းဆန်းနေလို့သာပဲ လို့တော့ ပြောလို့ရတယ်။ နောက်တခု … ‘ အိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန်’ တဲ့။
အပြည့်အစုံသို့ ...
 
Maung Thara - Who's behind the fires and the bombs Print E-mail
User Rating: / 3
မောင်သာရ
Monday, 14 June 2010
ကော်လာပေါ်က အနီစက်တရားခံ ဘသူလဲဟေ့
မောင်သာရ
ဇွန် ၁၅၊ ၂၀၁၀
လွန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရန်ကုန်မှာ လက်လီလက်က္ကား အကြီးအကျယ်ရောင်းဝယ်ရာဖြစ်တဲ့ မင်္ဂလာဈေးကြီး မီးလောင်ခဲ့တယ်။ ဆိုင်ခန်းပေါင်း ၁၄၅ ခန်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုတယ်။ မကြာသေးဘူး။ ဖေဖော်ဝါရီလထဲကပဲ ရန်ကုန် သင်္ကန်းကျွန်းဈေးကြီးလည်း မီးလောင်ပြာကျခဲ့ရတယ်။
အပြည့်အစုံသို့ ...
 
Maung Thara – Burmese short stories Print E-mail
User Rating: / 3
မောင်သာရ
Tuesday, 08 June 2010
ဗမာ ဝတ္ထုတိုများ
မောင်သာရ
ဇွန် ၈။ ၂၀၁၀


သည်နှစ် မန္တလေး မိုးမာန် စာပေက ထုတ်လိုက်တဲ့ ‘စိတ်ကြိုက်ဝတ္ထုတိုများ’ စာအုပ်ကို ဖတ်လိုက်ရတယ်။ သတိတရ တကူးတကန့် ပို့ပေးတဲ့လူကို ကျေးဇူးတင်ပါတယ်။ ဘာပဲပြောပြော သည်ကနေ့ မျက်မှောက်ခေတ် ဗမာစာပေ ဗမာ ဝတ္ထုတိုတွေရဲ့ အခြေအနေကို လေ့လာခွင့်ရတာပေါ့။ စာပေစိစစ်ရေးက ပယ်ချ ဖယ်ထုတ်ခံရတဲ့ တခြား ဝတ္ထုတို့တွေ ရှိ မရှိ၊ အခု ပုံနှိပ်ဖော်ပြထားတဲ့ ဝတ္ထုတိုတွေထဲကလည်း မူလ မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခဲ့စဉ်က ဖြတ်တောက် ပယ်ဖျက်ခံခဲ့ရတာတွေ ရှိ မရှိတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် အခုစာအုပ်ထဲက ဝတ္ထုတိုကလေးတွေ ၂၉ ပုဒ်ကို ဖတ်ရရုံမျှနဲ့ပဲ … ကျုပ်ကတော့ အား ပြန်ရှိလာပါတယ်။ စာအုပ်ရဲ့အဖုံးနောက် ဒုတိယစာမျက်နှာမှာ ကမ္ဘာ့စာအုပ်အစဉ်အလာမှာ မရှိတဲ့ ကျက်သရေယုတ်တဲ့၊ မဖော်ပြမနေရတဲ့ စာတွေကလွဲပြီး ကျန်အားလုံးကို ကြိုက်ပါတယ်။ လက်ပန်းပေါင်းခတ်ပြီးတော့လည်း ကြိုဆိုလိုက်ပါတယ်။
အပြည့်အစုံသို့ ...
 
Maung Thara - Asia Cultural Show in Las Vegas Print E-mail
User Rating: / 3
မောင်သာရ
Wednesday, 02 June 2010
 လပ်စ်ဗေးဂတ်စ်က အာရှရိုးရာ ယဉ်ကျေးမှု ပဒေသာကပွဲ မြင်ကွင်း
မောင်သာရ
ဇွန် ၃၊ ၂၀၁၀
           အမေရိကန် ယဉ်ကျေးမှုဆိုတာကိုက Diversity of Culture ယဉ်ကျေးမှုအမျိုးမျိုးကို ပေါင်းရုံးဖွဲ့စည်းထားတာဖြစ်တဲ့ အတွက် အာရှယဉ်ကျေးမှု၊ အာဖရိကယဉ်ကျေးမှု အစရှိသည်ကလည်း အမေရိကန် ယဉ်ကျေးမှု ဖြစ်နေ ဖြစ်ဆဲ ဖြစ်လာလတ္တံတွေပါပဲ … တဲ့။ အခု ကြွရောက်လာကြတဲ့ ပရိဿတ်ကိုကြည်ရင်လည်း အမေရိကန်တွေနဲ့အတူ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဖိလိပိန်၊ လာအို၊ ဗီယက်နမ်၊ တရုတ်စတဲ့ အာရှသားနိုင်ငံသားတွေ တစုတဝေးထဲ ရှိနေကြတာ တွေ့ရပါလိမ့်မယ် … တဲ့။ ဒါက ဘာကိုဖော်ပြသလဲဆိုရင် ဒီမိုကရေစီ လူသားဝါဒရဲ့ အလံတော်အောက်မှာ စုစည်းညီညွတ်တဲ့အင်အားကို ပြသတာပါပဲ … တဲ့။
အပြည့်အစုံသို့ ...
 
Maung Thara - Oil Spill in US Print E-mail
User Rating: / 4
မောင်သာရ
Sunday, 30 May 2010

ကမ်းလွန်ရေနံ ပြဿနာ

မောင်သာရ

မေ ၃၀၊ ၂၀၁၀

သိတယ်နော် …၊ လွန်ခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက America ရဲ့ ကမ်းလွန်ရေနံတွင်းတတွင်းတူးရာက ပေါက်ကွဲမီးလောင်ပြီး နေ့စဉ် ရေနံစိမ်းဂါလံပေါင်း နှစ်သိန်းလေးသောင်း (အခုနောက်ဆုံး ခန့်မှန်းချက်က ငါးးသိန်း တသောင်း) ပင်လယ်ထဲ ယိုဖိတ်ပြန့်နှံ့ မျောပါနေတယ်ဆိုတဲ့ သတင်းလေ။
အပြည့်အစုံသို့ ...
 
Maung Thara - Comparing Rights ... Print E-mail
User Rating: / 5
မောင်သာရ
Wednesday, 24 February 2010

‘လူ့အခွင့်အရေး နှိုင်းယှဉ်ချက် …’

မောင်သာရ

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀

         ပြောရအုံးမယ်။ တနေ့ ရန်ကုန်မင်္ဂလာဒုံအလွန် စော်ဘွားကြီးကုန်းအတက်နား ကားလမ်းအကွေ့မှာ ကျုပ်တို့အဖွဲ့က ရုပ်ရှင်ရိုက်နေတယ်။ ဇာတ်ကားနာမည်တော့ မပြောတော့ပါဘူး။ မတော် မီးခိုးကြွက်လျှောက်လိုက်ပြီး လူတွေကို ဒုက္ခပေးနေမှဖြင့် ခက်ရချည်ရဲ့။ ဇာတ်လမ်းအရ မင်းသမီးက မင်းသားနောက် ခိုးရာလိုက်ပြီး ပဲခူးဘက် ထွက်ပြေးကြတာပေါ့နော်။
အပြည့်အစုံသို့ ...
 
Maung Thara - A Man and A Pig Print E-mail
User Rating: / 4
မောင်သာရ
Friday, 05 February 2010

လူတယောက်နဲ့ ဝက်တကောင်

မောင်သာရ

ဖေဖော်ဝါရီ ၆၊ ၂၀၁၀
အပြည့်အစုံသို့ ...
 
Maung Thara - The Light House in the Ocean Print E-mail
User Rating: / 3
မောင်သာရ
Tuesday, 05 January 2010

ပင်လယ်ပြင်ထဲက မီးပြတိုက်
မောင်သာရ
ဇန်နဝါရီ ၆၊ ၂ဝ၁ဝ
စာပေမိတ်ဆွေများခင်ဗျား…။ နည်းနည်းနောက်ကျသွားတာကိုတော့ ခွင့်လွှတ်ပါနော်။ နတ္တော် သည်လ စာဆိုတော်ရာသီဆိုတာ ကျုပ်မမေ့ပါဘူး။ ဒါပေမယ့် သည်နှစ်ကျခါမှ တခြားဘယ်နယ်စာပေဟောပြောပွဲမှလဲ မရောက်ဖြစ်၊ ကျန်းမာရေးကလဲ အသင့်အတင့်ကောင်းနေပါရက်ကယ်မို့ စာပေကိစ္စ ပြောဖို့ကို အချိန်မရလိုက်ဘူး။ ပြဿနာက ဘယ်သူမှမဟုတ်ဘူး။ ကျုပ်ပဲ။
အပြည့်အစုံသို့ ...
 
Maung Thara's story 02 Print E-mail
User Rating: / 4
မောင်သာရ
Thursday, 26 November 2009
ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး
မောင်သာရ
နိုဝင်ဘာ ၂၇၊ ၂ဝဝ၉
အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 Next > End >>

Results 1 - 11 of 13
 
Top! Top!