မာတိကာ arrow ၂၀၀၇ သံဃာ့အရေးတော်ပုံ
Wednesday, 22 November 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
၂၀၀၇ သံဃာ့အရေးတော်ပုံ
Interview with U Eithara - Saffron 4 Years On Print E-mail
User Rating: / 2
၂၀၀၇ သံဃာ့အရေးတော်ပုံ
Thursday, 15 September 2011
ဦးဣဿရိယ နဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ် မေးခွန်းများ
ကချင်လေး၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
၂၀၀၇ ရွှေဝါရောင် သံဃာတော်လှန်းရေး နှစ်ပြည့် အထိမ်အမှတ်အနေဖြင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်လူပ်ရှားခဲ့သူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ နိုင်ငံခြားရေးတာဝန်ခံ ဦးဇင်း ဦးဣဿရိယ နှင့် တွေဆုံးမေးမြန်ထားပါသည်။

မေး။ ။ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာရခြင်းရဲ့ အဓိက အချက်တွေက ဘာတွေပါလဲ။
ဖြေ။ ။ ဦးဇင်တို့ ရွှေဝါရောင်တော်လှန်ရေးက ချက်ပေါ့နော် ပထမ တစ်ချက်က ပခုက္ကူ က သံဃာ အပါး ၅၀၀ကျော် က မြန်မာနိုင်ငံမှာ ကုန်ဈေးနူန်းတွေလဲ အစမတန်း ကြီးမားပြီးတော့ လူတွေက ကြာလေကြာလေ ပိုပိုပြီး ဆင်းရဲ မွမ်းကြပ်မူတွေက များလာတယ်။ လူတွေရဲ့ စားဝတ်နေရေး ပြေလည်ပါစေဆိုပြီးတော့ သံဃာတော်တွေက မေတ္တာပို့လမ်းလျောက်ပွဲတွေလုပ်တယ်
အပြည့်အစုံသို့ ...
 
Min Thu Nya - Saffron Revolution 4 Years On Print E-mail
User Rating: / 1
၂၀၀၇ သံဃာ့အရေးတော်ပုံ
Wednesday, 14 September 2011

ရွှေဝါရောင်တော်လှန်ရေးနှင့် အကျဉ်းကျသာသနာ့အာဇာနည်များ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ဘလောက်ကကူးယူဖော်ပြပါတယ်
စက်တင်ဘာ ၁၅၊ ၂၀၁၁
ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့်ပြီလို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်လိုက်လဲဆိုရင် အော် ငါနဲ့အတူတူသွား      အတူတူစား အတူတူအစည်းအဝေးပွဲထိုင် အတူတူ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွေ ဆင်နွဲခဲ့ကြတဲ့သူငယ်ချင်းရဟန်းသံဃာတွေ  ကြံ့ဖွတ်စစ်  အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက်ခံ အကျဉ်းကျခံနေရတာ (၄) နှစ်ကြီးများတောင်ရှိသွားပါပြီလားလို့ ပြေးမြင်မိပါတယ်။
အပြည့်အစုံသို့ ...
 
U Nemainda - Saffron 4 Years On Print E-mail
User Rating: / 1
၂၀၀၇ သံဃာ့အရေးတော်ပုံ
Tuesday, 13 September 2011
လေးနှစ်ပြည့်တမ်းချင်း
စက်တင်ဘာ နေမိန္ဒ
စက်တင်ဘာ ၁၄၊ ၂၀၁၁
အိပ်ရချမ်းသာ၊ ချမ်းသာစွာနိုး
အိပ်မက်ဆိုးပျောက်၊ စောင့်ရှောက်နတ်များ
ရင်ဝယ်သားတို့ ၊ လူများလည်းခင်
နတ်လည်းခင်၏၊ မီးလျှင်မပူ
အဆိပ်ဟူလည်း၊ ထို့တူပြေပျောက်
လက်နက်ရောက်လည်း၊ မပေါက်မဝင်
ပြီးသလျှင် တည်း၊ အစဉ်စိတ်တည်
မျက်နှာတည်၍၊ သေသည့်ကာလ
မတွေရနှင့်၊ လောက ဗြဟ္မာ
ပြည်သို့သာလျှင်၊ လားရာ ဆယ့်တစ်မျိုး
မေတ္တာအကျိုးတည်း။
အပြည့်အစုံသို့ ...
 
U Ganbira - Potrait of Saffron Monk Print E-mail
User Rating: / 1
၂၀၀၇ သံဃာ့အရေးတော်ပုံ
Tuesday, 13 September 2011
ဦးဂမ္ဘီရ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော် ရုပ်ပုံလွှာ
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ၀က်ဆိုက်က ကူးယူတင်ပြသည်။
ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ (ခ) ညီညီလွင် ဖြစ်ပါသည်။
ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ ဦးမင်းလွင်+ဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း(၇)ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက်ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်းတွင် စတင်ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊ အတန်းစဉ်ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။
အပြည့်အစုံသို့ ...
 
Ashin Pyinnar Nanda - Prisoner Monk -4 Print E-mail
User Rating: / 0
၂၀၀၇ သံဃာ့အရေးတော်ပုံ
Thursday, 01 September 2011

အညတရအကျဉ်းသားရဟန်းတော်များ (၄) ဆရာတော် အရှင်ဇ၀န
အရှင်ပညာနန္ဒ
စက်တင်ဘာ ၂၊ ၂၀၁၁

အသားညိုညို ဒေါင်ကောင်းကောင်း စကားပြောရင် အသံကျယ်ကျယ်နဲ့အားရပါးရပြောလေ့ရှိတဲ့ ဆရာတော်အရှင်ဇ၀နကို ၂၀၀၉ ခုနှစ်လောက်က ထိုင်းနယ်စပ်တနေရာမှာ မမျှော်လင့်ဘဲဆုံတွေ့ခဲ့ရတာပါ။ သူထောင်ကလွတ်တဲ့အချိန်က RFA အင်တာဗျူးတခုမှာ ရဟန်းပြန်ဝတ်ဘို့နဲ့ နေထိုင်စရာအခက် အခဲဖြစ်နေကြောင်းကြားရလို့ ကူညီနိုင်ဘို့ ကြိုးစားဘူးတယ်။ အကြောင်းကြောင်းကြောင့် ကူညီခွင့်မရခဲ့ဘဲနယ် စပ်တနေရာမှာ ပြန်ဆုံခွင့်ရလို့ အရမ်းဝမ်းသာမိတယ်။ အဲဒီအချိန်က သူ နယ်စပ်မှာနေထိုင် တယ်ဆိုပေမဲ့ နေရာထိုင်ခင်း အသားမကျသေးဘဲ ရုံးတရုံးမှာ ခေတ္တသီတင်းသုံး နေရတဲ့အချိန်ပါ။
အပြည့်အစုံသို့ ...
 
Ashin Pyinnar Nanda - Prisoner Monk -3 Print E-mail
User Rating: / 0
၂၀၀၇ သံဃာ့အရေးတော်ပုံ
Tuesday, 16 August 2011

အညတရအကျဉ်းသားရဟန်းတော်များ (၃) - ဦးသောဘိတ

အရှင်ပညာနန္ဒ
သြဂုတ် ၁၇၊ ၂၀၁၁

မိုင်းကွင်းရှိတဲ့နေရာတွေရောက်ပြီဆိုရင် ဦးဇင်းတို့ပေါ်တာတွေကိုရှေ့ကနေသွားခိုင်းတာဘဲ မသွားလို့လည်းမရဘူး လေ သူတို့လက်ထဲမှာ သေနတ်ရှိတယ် မသွားရင်ပစ်သတ်မယ်ပြောတော့ကြောက်ကြောက်နဲ့ သွားရတာပေါ့လို့ပြောတဲ့ အကျဉ်းသားဦးဇင်းလေးကတော့ ရှေ့တန်း ပေါ်တာအထမ်းသမားအဖြစ်နဲ့ သုံးကြိမ်ပါသွားတဲ့ ခင်ဦးနယ်ဘက်က စာသင်သားဦးဇင်းလေး ဦးသောဘိတပါ။


ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် (----) ကျောင်းတိုက်မှာစာသင်နေတုန်း ရပ်ကွက်ထဲက ဒကာဒကာမတွေကို ပိတ်ပင်ထားတဲ့ ဆရာတော်ဦး ဉာဏိဿရရဲ့မင်းကျင့်တရား (၁၀) ပါး၊ ဝေရသူဆရာတော်ရဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ဘို့ ဟောထားတဲ့တရားခွေတွေ မင်းကွန်းဆရာတော်နဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးတွေရဲ့ တရားကောက်နှုတ်ချက်တွေကို ဖြန့်ဝေမှုနဲ့ အဖမ်းခံရတာပါ။ ဆရာ တော်တွေဟောကြားရေးသားထားတာတွေအားလုံးက ဗုဒ္ဓအလိုကျဟောကြားထားတဲ့တရာတော်တွေဖြစ်ပေမဲ့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကိုစောင့်ရှောက်ဘို့ ဟောကြားရေးသားထားတာတွေဟာ စစ်အာဏာရှင်တွေလက်ထက်မှာ အစိုးရကိုဆန့်ကျင်တဲ့ ပြစ်မှုကို ကျူးလွန်တာဖြစ်နေပါတယ်။

အပြည့်အစုံသို့ ...
 
Nonentity Monk Prisoner (2) - Ashin Panna Siri Print E-mail
User Rating: / 0
၂၀၀၇ သံဃာ့အရေးတော်ပုံ
Saturday, 30 July 2011
အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ
အရှင်ပညာနန္ဒ
ဇူလိုင် ၃၁၊ ၂၀၁၁
 ခုအချိန်မှာ မင်းဟာ ငါတို့လက်ခုပ်ထဲကရေဖြစ်နေပြီ။ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ် အဖြစ်မှန်ကိုမပြောဘူးဆိုရင် ရာထူးပြုတ်ချင် ပြုတ်ပစေ။ ဒဏ်ရာမပေါ်ဘဲနဲ့ သတ်တဲ့နည်းတွေ ငါတို့မှာအများကြီးရှိတယ်လို့ပြောပြီး စစ်ကြောရေးစခန်းမှာ ခြိမ်းခြောက်ခံရတဲ့ ဦးပညာသီရီဟာ ချင်းပြည်နယ် လင်တန် ရဲဘက်အလုပ်ကြမ်းစခန်းကနေ သက်စွန့်ဆံဖျား ထွက်ပြေးလွတ်မြောက်လာတဲ့ ရဟန်း တော်တပါးဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
Ashin Pyinnyar Nanda - Sasanagonyi Sayadaw U Zawana (1939 - 2011) - Last Tribute Print E-mail
User Rating: / 0
၂၀၀၇ သံဃာ့အရေးတော်ပုံ
Wednesday, 13 July 2011

အာဇာနည်သံဃာအရှင်မြတ် သာသနာ့ဂုဏ်ရည်ဆရာတော် ဦးဇ၀န (၁၉၃၉ -၂၀၁၁) သို့ ဦးညွှတ်ခြင်း

အရှင်ပညာနန္ဒ၊ ဇူလိုင် ၁၃၊ ၂၀၁၁

၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ပထမဆုံး စစ်တပ်၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တွေ ၀င်ရောက် စီးနင်းဖမ်းဆီးခံရတဲ့ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော် ဘဒ္ဒန္တဇ၀နမထေရ်မြတ်ကြီးဟာ ဇူလိုင် ၇ ရက် ၂၀၁၁ ည ၈ နာရိအချိန်မှာ ဘ၀နတ်ထံပျံလွန်တော်မူကြောင်း သိရလို့ များစွာနှမြောတသကြေကွဲရပါတယ်။

ဒီဆရာတော်ကြီးဟာ ၁၉၈၈အရေးအခင်းကာလက စလို့ ပျံလွန်တော်မူတဲ့အထိ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် ဒူးမထောက်၊ လက်မမြှောက်ဘဲ တိုက်ပွဲဝင်သွားတဲ့ ဆရာတော်ကြီးပါ။ ဆရာတော်ကြီးဟာ အေးဆေးတည်ငြိမ်စွာ နေလေ့ရှိပေမဲ့အလွန်သတ္တိကောင်းတဲ့ ဆရာတော်တပါးလည်းဖြစ်ပါတယ်။

အပြည့်အစုံသို့ ...
 
Ashin Pyinnyar Nanda - Monks under the repressive regime Print E-mail
User Rating: / 3
၂၀၀၇ သံဃာ့အရေးတော်ပုံ
Tuesday, 14 June 2011
အာဏာရှင်စနစ်အောက်က သံဃာတော်များ
အရှင်ပညာနန္ဒ
ဇွန် ၁၅၊ ၂၀၁၁

အင်းစိန်ထောင်မှာ အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် (၉) နှစ်ကျခံနေရတဲ့ ဦးဇင်း ဦးရေ၀ တ ကို လူသတ်မှုနဲ့ ထောင် ကျနေတဲ့ ထောင်ကျအကျဉ်းသားတယောက် က ထောင်အဏာပိုင်တွေေ ရှ့မှာ ဦးခေါင်းကို တုတ်နဲ့ ရိုက်တာခံရပေမယ့် ရိုက်သူအကျဉ်းသားကိုအရေးယူခြင်းမရှိသလို၊ အရိုက်ခံရတဲ့ ဦးဇင်း ကိုလဲ ဆေးကုသပေးခြင်းမရှိကြောင်း ဘီဘီစီကထုတ်လွင့်သွားတဲ့သတင်းတပုဒ် ကိုနား ထောင်လိုက်ရပါ တယ်။
အပြည့်အစုံသို့ ...
 
Ashin Pyinna Nanda - Regime's Buddhism Print E-mail
User Rating: / 0
၂၀၀၇ သံဃာ့အရေးတော်ပုံ
Friday, 03 June 2011

 ဘုရားသာသနာလား … စစ်တပ်သာသနာလား …

အရှင်ပညာနန္ဒ

ဇွန် ၃၊ ၂၀၁၁

(၁)

အရှင်ဘုရား အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ဘူးတဲ့ဘုရား။

အထက်ပါ စကားကို အမော တကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင်တွေကိုထောင်ဝင်စာတွေ့နေသူ ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆု ရှင် ဒေါ်ရှုပါ။ ဘယ်လိုများဖြစ် လို့ပါလိမ့်လို့ဆက်မေးကြည့်တော့ …။

''မှန်ပါ … စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင်လိုက်အပ်ပေးတာလေ … အဲဒါ ဒီနေ့တပည့်တော်ပုံကို ဂြိုဟ်တုစလောင်းကနေ တွေ့လို့တဲ့။ တပည့်တော်အပ်တာဆို လက်မခံရဲတော့ဘူးဆိုပြီး ပိုင်ရှင်ကနှင်ထုတ်လိုက်တာပါဘုရား''

အပြည့်အစုံသို့ ...
 
Saffron Revolution One Year Later - Photos in Memories Print E-mail
User Rating: / 0
၂၀၀၇ သံဃာ့အရေးတော်ပုံ
Friday, 26 September 2008
From Remebering Saffrn Revolution - One Year Later
Saffron Revolution One Year Later - Photos in Memories
September 27th 2008
 
<< Start < Prev 1 2 3 4 5 6 7 Next > End >>

Results 1 - 11 of 74
 
Top! Top!