မာတိကာ arrow မျက်မှောက်ရေးရာ arrow သတင်းဖတ်စာ
Friday, 22 September 2017
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မောင်လွမ်းဏီ
သန်းဝင်းလှိုင်
ဖြူဖြူသင်း
ကျော်သူ
မိုးမခ အထူး
နိုင်ငံရေးအကျဉ်းသားများ နဲ့ ...
ဒေါ်အောင်ဆန်းစုကြည်
ဟံသာဝတီဦးဝင်းတင်
HIV/ AIDS နှင့်အတူ ရှင်သန်ခြင်း
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
SUU66
Who's Online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
သတင်းဖတ်စာ
Dagon Taryar asks for Peace & Irrawaddy Print E-mail
User Rating: / 3
သတင်းဖတ်စာ
Tuesday, 27 September 2011
ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ထုတ်ပြန်
တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁
          "ထလော့ မြစ်မင်းဧရာ" အစချီထားတဲ့ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ကြောင်း ကြားသိရပါတယ်။
          ထိုပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးသည် လူတို့၏ ပယောဂများကြောင့် အမျိုးမျိုးပျက်စီးနေရာမှ မြစ်ဆုံရေကာတာတည်ဆောက်ရေးလုပ်ငန်း၏ အန္တရာယ်ကို ပညာရှင်များ၊ ပြည်သူများက ကန့်ကွက်နေသည်ကို ကြားရသောအခါ ထိုကိစ္စသည် မြန်မာ့အလှ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘ၀ကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသငြိမ်းချမ်းရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း၊ ဧရာဝတီမြစ်ဆုံရေတွေ စီးပါစေ၊ ကျည်ဆံတွေ မစီးပါစေနှင့် …" ဟု ဖော်ပြထားကြောင်း ဖတ်ရှုရပါတယ်။
အပြည့်အစုံသို့ ...
 
Burma promises prisoner amnesty ‎ Print E-mail
User Rating: / 1
သတင်းဖတ်စာ
Tuesday, 27 September 2011

အကျဉ်းသားများထပ်လွှတ်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို

AFP သတင်းဌာန

စက်တင်ဘာ ၂၈၊ ၂၀၁၁

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အကျဉ်းသားများကိုထပ်လွှတ်ပေးဦးမည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်၊ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိကို ရှင်းလင်းခြင်း မရှိပါ။

အရပ်သားအစိုးရ အာဏာရပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဦးဆုံး ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရန်လည်း ပန်ကြားလိုက်သည်။ 

နိုင်ငံတကာတွင် မျက်နှာကောင်း ရစေရန်အတွက် ဆက်လက် ပြောကြားသည်မှာ - စစ်တပ်ကထောက်ခံသည့် သမ္မတဦးသိန်းစိန်ထုတ်ပြန်သော ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသည်။

အပြည့်အစုံသို့ ...
 
Saffron Anniversary Protesters Arrested Print E-mail
User Rating: / 3
သတင်းဖတ်စာ
Monday, 26 September 2011
ရွှေဝါရောင်နှစ်ပတ်လည် ၀တ်ပြုဆုတောင်းပွဲ ဦးဆောင်သူ အချို့ဖမ်းဆီးခံရ
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ (ည ၁နာရီ)
၎နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ အချို့ကို ညပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။  ဆူးလေ ဘုရားတွင် ၀တ်ပြုသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့သော အင်္ဂါ ၀တ်ပြုဆုတောင်းသူများ အဖွဲ့မှ  ဒေါ်နော်အုန်းလှနှင့် တွံတေးမှ မစန္ဒာတို့ကို အာဏာပိုင်များက ယနေ့ ညတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
“ မစန္ဒာကို သူ့နေအိမ်မှာပဲ ညဘက်လာခေါ်သွားတယ်လို့သိရတယ်“ဟု နီးစပ်သူတစ်ဥိးက ပြောပြသည်။
ဆုတောင်းပွဲတွင် ပါဝင်သူများအနက် မစန္ဒာနှင့် ဒေါ်နော်အုန်းလှ တို့ကိုသာ ခေါ်ဆောင်သွားသည် ဟု လည်း ယနေ့ည သန်းခေါင်ချိန်အထိ ရရှိသည့် သတင်းများအရ သိရသည်။
အပြည့်အစုံသို့ ...
 
demonstration at Rangoon Print E-mail
User Rating: / 1
သတင်းဖတ်စာ
Monday, 26 September 2011

 
 
 
ရွှေဝါရောင် လေးနှစ်ပြည့်နေ့ ဆန္ဒပြပွဲ ငြိမ်းချမ်းစွာပြီးဆုံး
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ ၂၀၁၁
  ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဆုတောင်းပွဲ နှင့် လွတ်လပ်စွာ သတင်းယူနေသူများ (ဓာတ်ပုံများ - မိုးမခ)
အပြည့်အစုံသို့ ...
 
U Sein Kyi's funeral in Chiang Mai Print E-mail
User Rating: / 0
သတင်းဖတ်စာ
Friday, 23 September 2011

သျှမ်းသံတော်ဆင့် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်/ ဆခဟ ဈာပနအခမ်းအနား လူထောင်ချီ တက်ရောက်
သျှမ်းသံတော်ဆင့်သတင်း
စက်တင်ဘာ ၂၄၊ ၂၀၁၁

ဦးစိန်ကြည် ခေါ် ဦးဆဲန့်ဇင့်၏ ဈာပနအခမ်းအနားမြင်ကွင်း (ဓာတ်ပုံ-S.H.A.N.)
အပြည့်အစုံသို့ ...
 
Burmese Monks in US, UK & Canada urged Burmese Presider to stop dam on Irrawaddy Print E-mail
User Rating: / 4
သတင်းဖတ်စာ
Thursday, 22 September 2011

ဧရာဝတီအရေး ပြည်ပရောက် မြန်မာသံဃာတော်များက သမ္မတကြီးထံ မေတ္တာရပ်ခံ
မိုးမခ၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
စက်တင်ဘာ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်သော အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်ရောက် ဆရာတော်၊ သံဃာတော်များ၏ မေတ္တာရပ်ခံစာတွင် အမေရိကန်ရှိ ၀ါရှင်တန်ဒီစီသံရုံးမှတဆင့် သမ္မတကြီး ဦးသိန်းစိန်အား ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ရပ်တန့်ရန်၊ ဖျက်သိမ်းပေးပါရန် ပန်ကြားတောင်းပန်ထားသည်ကို တွေ့ရသည်။ ဆရာတော်သံဃာတော်များ၏ မေတ္တာရပ်ခံ ပန်ကြားစာကို သည်နေရာမှာ ရယူနိုင်ပါသည်။
အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်ရောက် မြန်မာရဟန်းတော်၊ သံဃာတော်များ၏ မေတ္တာရပ်ခံစာတွင် မြန်မာပြည်သူတရပ်လုံး၏ စားဝတ်နေရေး၊ ပတ်ဝန်းကျင် ရေမြေသဘာဝနှင့် မိုးလေ၀သ မျှတထိန်းသိမ်းရေး နှင့် ပြည်ထောင်စု၏ အမွေအနှစ်ကို စောင့်ရှောက်ရေးတို့အတွက် လက်ရှိနိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က အလေးအနက်စဉ်းစားပြီး အများပြည်သူတရပ်လုံး၏ သဘောထားနှင့် ထပ်တူ ဧရာဝတီမြစ်ဆုံစီမံကိန်းများကို ရပ်တန့် ဖျက်သိမ်းပေးပါရန် ပန်ကြားကြောင်း ရေးသားထားသည်။
အပြည့်အစုံသို့ ...
 
Daw Suu on Skype Print E-mail
User Rating: / 3
သတင်းဖတ်စာ
Wednesday, 21 September 2011

ဒေါ်အောင်ဆန်းစုကြည်က Skype မှတဆင့် အစည်းအဝေးတက်ရောက်
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၂၂၊ ၂၀၁၁

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် Skype အသုံးပြုပြီး နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များတက်ရောက်သည့် နယူးယောက်မြို့ အစည်းအဝေးတွင် တိုက်ရိုက် စကားပြောခဲ့သည်။
အပြည့်အစုံသို့ ...
 
Burma arrests anti-dam activist in rare protest ‎ Print E-mail
User Rating: / 0
သတင်းဖတ်စာ
Tuesday, 20 September 2011
 မြစ်ဆုံဆည်စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူတဦး ရန်ကုန်တွင် အဖမ်းခံရ
AFP
သတင်းဌာန
စက်တင်ဘာ ၂၁၊ ၂၀၁၁

အငြင်းပွားဖွယ်ဖြစ်နေသော တရုတ်ရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင် ဆန္ဒပြသူ အမျိုးသားတဦးကို အင်္ဂါနေ့တွင် ထိန်းသိမ်းလိုက်ကြောင်း အရာရှိတဦးက ပြောသည်။
 
"သူ့အသက်က ၄၆ နှစ်၊  နေ့လယ်ပိုင်းတုန်းက တရုတ်ယဉ်ကျေးမှုဌာနရုံးနားမှာ တကိုယ်တော် ဆန္ဒပြဖို့ လုပ်နေတုန်း ဖမ်းလိုက်တာပါ" ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတဦးက ပြောသည်။

ယဉ်ကျေးမှုဌာနသည် ရန်ကုန်မြို့ တရုတ် သံရုံး၏  အစိတ်အပိုင်းတခု ဖြစ်သည်။

ဆန္ဒပြသူက ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ရန် တောင်းဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ဟု သိရသည်။ မြစ်ဆုံစီမံကိန်းမှ ရမည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ပို့မည် ဖြစ်သည်။

(AFP သတင်းတပုဒ်ကို မိုးမခက ကောက်နှုတ်ပြီး ဘာသာပြန်သည်)

 
Burmese man in love triangle stabbed Print E-mail
User Rating: / 4
သတင်းဖတ်စာ
Monday, 19 September 2011
မလေးရှားရောက် မြန်မာတဦး ဓားထိုးခံရ
thestar.com.my
စက်တင်ဘာ ၂၀၊ ၂၀၁၁

တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ Relau မြို့ ရန်ပွဲတခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦး၏ ဓားချက် ၄ ချက် ထိသွားသော မြန်မာပြည်သားတဦးသည် ဆေးရုံသို့ ရောက်သွားသည်။
အမျိုးသမီးတဦးအတွက် ရန်ဖြစ်ကြခြင်း ဖြစ်သည်။

နှစ်ယောက်စလုံး အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး အင်ဒိုနီးရှားအမျိုးသမီးတဦးအတွက် ကတောက်ကဆ ဖြစ်ကြသည်ဟု သိရသည်။
အပြည့်အစုံသို့ ...
 
ex Deputy FM talked about the meeting in 1994 Print E-mail
User Rating: / 1
သတင်းဖတ်စာ
Friday, 16 September 2011

၉၄ ခုနှစ် တွေ့ဆုံမှုအကြောင်းကို ဒုဝန်ကြီးဟောင်း ပြန်လည် ဖွင့်ချ
မိုးမခအထောက်တော် အမှတ် ၀၀၁
စက်တင်ဘာ ၁၇၊ ၂၀၁၁

 ၂၀၀၄ စက်တင်ဘာတွင် ဗိုလ်ချုပ်ကြီးတို့က သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့စဉ် ၎င်းတို့၏ အထူးကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာသို့ သွားရောက်ပြီး မြန်မာပြည်ဖြစ်ထွန်းမှုအခြေအနေများကို ပြောပြကြသည် (ဓာတ်ပုံ-slorc)
အပြည့်အစုံသို့ ...
 
Burmese Internet opens its blocked sites again Print E-mail
User Rating: / 1
သတင်းဖတ်စာ
Thursday, 15 September 2011

မြန်မာအင်တာနက် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေပြန်

ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁

 မြန်မာဆက်သွယ်ရေး၏ MPT အင်တာနက်ဝန်ဆောင်မှုက ၎င်းပိတ်ဆို့ထားသော ပြည်ပ၀က်ဆိုက်များကို ပြန်လည် ဖွင့်ပေးထားပြန်ကြောင်း ပြည်တွင်းအင်တာနက်နှင့် ဖေ့ဘွတ်သုံးစွဲသူများက ပြောကြားလိုက်သည်။ စက်တင်ဘာ ၁၂က စတင်ပြီး ယခင်ပိတ်ထားသော Blogspot, YouTube ဒိုမိန်းများ၊ ပြည်ပသတင်းဌာနများ၏ အင်တာနက်စာမျက်နှာများမှာ အတားအဆီးကျော်ခွာစရာမလို ပွင့်နေကြောင်း စာဖတ်သူအချို့က သတင်းပေးလာသည်ကို တွေ့ရသည်။

 “မဇ္ဖျိမ ၊ ဧရာဝတီနှင့် အခြား စီအင်အင်တို့လို သတင်းဝက်ဆိုဒ်မျိုးတွေ ပွင့်နေတယ်။ ကျနော်လဲ ညနေကမှ ဖေ့စ်ဘွတ်တက်ကြည့်တော့ သူငယ်ချင်းတယောက် တင်ထားတာ တွေ့လို့ ဖွင့်ကြည့်တာ။ ” ဟု ရန်ကုန်မြို့မှ မြန်မာ့ ဆက်သွယ်ရေး MPT အွန်လိုင်းသုံးစွဲသူ တစ်ဥိးက ပြောပြသည်။

အပြည့်အစုံသို့ ...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 1884
 
Top! Top!