” The Guy Who Says He Is From The White House ” (Aung Maw Oo)


Photo- SBS
” The Guy Who Says He Is From The White House ”

When we jumped one place to another on the White House lawn,
the guy was like a slinking dog not dare to bark.

When we pissed off on the White House lawn,
the guy was peeping out from the window .

When we shouted on the White House lawn,
the guy was hiding like a guinea pig in the underground bunker.

When we marched on the White House lawn,
the guy called the soldiers and ordered to shoot us.

When we shocked on the White House lawn,
the guy was reading the Bible non-stop with the mouth almost sparkling.

Until the guy falls out from above our heads,
We can't stop stepping, let’s move forward!

Until the guy disappear before us,
We can't stop marching, keep on marching!

Until the guy returns to its own place
We can’t kill our voices, keep on shouting!

Yes, 
The guy is the one disgusted by everyone,
And he says, I am the guy from the White House.

Yes,
He is the guy who treats people as the enemies,
And he says, I am the guy from the White House.

Aung Maw Oo
(06/03/2020)
+ + + 
Notes:
(1) Many thanks to "Na Yi Min" (Burmese Poet) who edited this poem.
(2) I wrote this poem for a society where I have been living.

===========

“သူ့ကိုယ်သူ အိမ်ဖြူတော်ကလို့ ပြောနေတဲ့ကောင်"

ငါတို့ အိမ်ဖြူတော် မြက်ခင်းပေါ် ခုန်ပေါက်ခဲ့ကြတုန်းက
အဲဒီကောင် မဟောင်ရဲတဲ့ ခွေးတကောင်လို အမြီးကုပ်နေခဲ့တယ်ဆို

ငါတို့ အိမ်ဖြူတော် မြက်ခင်းပေါ် သေးကော့ပန်းခဲ့ကြတုန်းက
အဲဒီကောင် ပြတင်းပေါက်ကြားကနေ ချောင်းကြည့်နေခဲ့တယ်ဆို

ငါတို့ အိမ်ဖြူတော် မြက်ခင်းပေါ် အော်ဟစ်ခဲ့ကြတုန်းက
အဲဒီကောင် ပွေးတကောင်လိုမျိုး ဗုံးခိုကျင်းထဲ ဝင်ပုန်းနေခဲ့တယ်ဆို

ငါတို့ အိမ်ဖြူတော် မြက်ခင်းပေါ် ချီတက်ခဲ့ကြတုန်းက
အဲဒီကောင် စစ်သားတွေခေါ်ပြီး သေနတ်နဲ့ပစ်ဖို့ အမိန့်ပေးခဲ့တယ်ဆို

ငါတို့ အိမ်ဖြူတော် မြက်ခင်းပေါ် တော်လဲတုန်ဟီးခဲ့ကြတုန်းက
အဲဒီကောင် သမ္မာကျမ်းစာကို အမြှုပ်ထွက်မတတ် ရွတ်ဖတ်နေခဲ့တယ်ဆို

အဲဒီကောင် ငါတို့ခေါင်းပေါ်ကနေ ပြုတ်ကျမသွားမချင်း
ငါတို့ ခြေလှမ်းတွေကို ရပ်ပစ်လို့မဖြစ်ဘူး … ရှေ့တက်ကြ

အဲဒီကောင် ငါတို့ရှေ့ကနေ ပျောက်ကွယ်မသွားမချင်း
ငါတို့ ခြေလှမ်းတွေကို ရပ်ပစ်လို့မဖြစ်ဘူး … ချီတက်ကြ

အဲဒီကောင် သူ့နေရာသူ ပြန်ရောက်မသွားမချင်း
ငါတို့ အသံတွေကို တိတ်ပစ်လို့မဖြစ်ဘူး … ကြုံးဝါးကြ

အေး … 
အဲဒီကောင်ဟာ 
လူတကာ မျက်မုန်းကျိုးနေတဲ့ 
သူ့ကိုယ်သူ အိမ်ဖြူတော်ကလို့ ပြောနေတဲ့အကောင္ပဲ

အေး …
အဲဒီကောင်ဟာ
ပြည်သူကို ရန်သူလိုသေဘာထားတဲ့
သူ့ကိုယ်သူ အိမ်ဖြူတော်ကလို့ ပြောနေတဲ့အကောင်ပဲ။

အောင်မော်ဦး
ဇွန်၊ ၃၊ ၂၀၂၀။

+ + + 
၁။ ဒီကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို ကဗျာဆရာ နရီမင်းက ပိုကောင်းအောင် တည်းဖြတ်ပေးပါတယ်။
၂။ ကျနော် ရောက်ရှိနေတဲ့ လူ့အဖွဲ့အစည်းအတွက် ဒီကဗျာကို ရေးပါတယ်